🌿 ပေးဆပ်ရတာကို နှစ်သက်ရင်…
🌿 အကျိုးကျေးဇူးတွေ များသည်ထက် များလာပါသတဲ့။
🌿 ကျေးဇူးသိတတ်ခြင်းကို နှစ်သက်ရင်...
🌿 အဆင်ပြေမှုတွေ များသည်ထက် များလာပါသတဲ့။
🌿 သူတစ်ပါးကို ကူညီရတာကို နှစ်သက်ရင်...
🌿 ဖေးမစောင့်ရှောက်မှုတွေ များသည်ထက် များလာပါသတဲ့။
🌿 မကျေမနပ် ညည်းတွားပြောဆိုရတာကို နှစ်သက်ရင်...
🌿 ဦးနှောက်ခြောက်စရာတွေ များသည်ထက် များလာပါသတဲ့။
🌿 ရောင့်ရဲတင်းတိမ်တာကို နှစ်သက်ရင်...
🌿 ပျော်ရွှင်ခြင်းတွေ များသည်ထက် များလာပါသတဲ့။
🌿 ရှောင်ပုန်း ရှောင်လွှဲတာကို နှစ်သက်ရင်...
🌿 ကျရှုံးခြင်းတွေ များသည်ထက် များလာပါသတဲ့။
🌿 မျှဝေတာကို နှစ်သက်ရင်...
🌿အပေါင်းအသင်းမိတ်ဆွေတွေ များသည်ထက် များလာပါသတဲ့။
🌿 စိတ်တိုဒေါသထွက်ရတာကို နှစ်သက်ရင်...
🌿 အနာရောဂါတွေ များသည်ထက် များလာပါသတဲ့။
🌿 အချောင်ရလိုစိတ်ကို နှစ်သက်ရင်...
🌿 ဆင်းရဲခြင်းတွေ များသည်ထက် များလာပါသတဲ့။
🌿 တပ်မက်တွယ်တာမှုတွေကို နှစ်သက်ရင်...
🌿 နာကျင်ခြင်းတွေ များသည်ထက် များလာပါသတဲ့။
🌿 ဥစ္စာပစ္စည်းပေးကမ်းရတာကို နှစ်သက်ရင်...
🌿 ချမ်းသာခြင်းတွေ များသည်ထက် များလာပါသတဲ့။
🌿 သင်ယူရတာကို နှစ်သက်ရင်...
🌿 အသိဥာဏ်ပညာတွေ များသည်ထက် များလာပါသတဲ့။
Thi Ha🇲🇲
Credit
No comments:
Post a Comment