### သေတိုက်ထဲက အလောင်း ###
မန္တလေးတိုင်း ၊
အညာနွေသည် ပူပြင်းလှသည်။ ထန်းတောရှိ
အရိပ်ကောင်း တစ်ခုအောက်တွင် လူလေးယောက်သည်
ဝိုင်းဖွဲ့ကာ အေးအေးလူလူ ထန်းရည်သောက်
ရန် ပြင်ဆင်နေကြသည်။
" ငါးခြောက်အမြည်းက နည်းသွားမလား ကျော်လင်းရာ.."
" ဟာ ထန်းရည်သောက်တာပဲ အမြည်းဒါလောက်တော်ပြီပေါ့
အရက်သောက်တာမှ မဟုတ်တာ
ကဲ ဒိုင်ဘယ်သူလုပ်မလည်းကွာ"
" ကိုမှုံကြီးပဲ လုပ်ခိုင်းလိုက်လေ..."
" ဟာ အသက်ကြီးသူကို လုပ်ခိုင်းစရာလား သန်း
ဝင်းအောင်မင်းပဲ လုပ်လိုက်တော့ ကွာ"
"အေးပါကွာ ပေး ပေး ထန်းရည်အိုး.."
ဒီလိုနဲ့ စကားကောင်းကောင်းနဲ့ သောက်လိုက်ကြ
တာ အချိန်ကုန်လာတာနဲ့အမျှ အားလုံးလည်း
နှုတ်သွက် လျှာသွက်ဖြစ်လာကြတယ်။
"ကိုမှုံကြီးရေ...သေတိုက်မှာ ကိုမှုံကြီး အလုပ်
လုပ်ရင်းလူသေတွေကို ကိုင်တွယ်နေရတာ
မကြောက်ဘူးလားဗျာ.."
"မြင်ပါများတော့ မကြောက်တော့ပါဘူး ကျော်လင်းရေ..
တခါတလေ မူးလာရင် အဲဒီသေတိုက် အပေါ်ထပ် မှာ
ငါတစ်ယောက်ထဲ သွားအိပ်ပလိုက်တာပဲကွ...ဟေးဟေး"
"ဟာ..ဘာမှမဖြစ်ဘူးလား သရဲမခြောက်ဘူးလားဗျာ"
"မကြောက်ပါဘူး တခါတလေ နောက်နေ့မှ ချမဲ့
အသုဘထားတဲ့ ခုတင်အောက်ဘေးမှာဆိုလည်း
အိပ်ပလိုက်တာပဲ ဟားဟား..."
"အောင်မယ်လေးဗျာ..ကြောက်ဖို့ကောင်းလိုက်တာ"
"လူဆိုတာ သေမျိုးပါကွာ တစ်နေ့သေရမှာချည့်ပါပဲ
ကျော်လင်းရာ ဒါကို တွေးပြီးကြောက်နေရတယ်လို့."
"အောင်မာ..ဝင်းသူ မင်းက သောက်ကြီး
သောက်ကျယ် ဒါဆိုမင်း ကိုမှုံကြီး နေရာမှာဆို
ဘယ်လိုလုပ်မလည်း သောက်ပိုတွေမပြောနဲ့"
"ဘယ်လိုမှ မနေဘူးကွာ...ဟိုကသေနေပြီ ကြောက်
စရာလား မင်းလိုငကြောက် ထင်မနေနဲ့..."
" အေး...ကိုမှုံကြီးရေ...အသုဘ ရှိတဲ့နေ့
ဒီကောင်ကို တစ်ညလောက် ပေးအိပ်ခိုင်းစမ်းလိုက်ပါဗျာ..
လောင်းကြေးစားကြေးတောင် လုပ်လိုက်ချင်တယ်"
"လုပ်လိုက်လေ ကြာသလားလို့...ကျော်
လင်းရေ ..ထန်းရည်အမြည်းကောင်းကောင်းနဲ့
တစ်ဝိုင်းစာကွာ..ရှုံးတဲ့သူ ဒကာခံကြေး ဘယ်လိုလဲ
ကွာ ကဲဟားဟား.."
"အေး..ပြောရအုံးမယ် ဒီနေ့သေတိုက်မှာ
အသုဘအလောင်းရှိတယ် မင်းတကယ်
အိပ်ရဲသလား ဝင်းသူ
မင်းတို့နှစ်ယောက်လောင်းကြေးစားကြေး ဖြစ်ရင်
ငါနဲ့သန်းဝင်းအောင်လည်း အမြည်းကောင်းနဲ့
သောက်ရအုံးမယ် ဆိုတော့ ငါစိတ်ဝင်စားလို့ပါကွ
မဟုတ်ဘူးလား သန်းဝင်းအောင် .."
"ဟုတ်တယ် ကိုမှုံကြီးရေ..ဒီကောင်တွေ
ပွဲဖြစ်အောင်သာ တေ့ပေးလိုက်တော့ဗျာ..."
"ကဲ ဘယ်လိုလည်း ဝင်းသူ ဖြစ်မလား လုပ်နိုင်မှ
ပြောနော် သေချာစဉ်းစား .."
"စဉ်းစားစရာကို မလိုတာ ဝင်သူဆိုတဲ့ကောင်ကငယ်က
တည်းက သရဲတွေ့ချင်နေတဲ့ ကောင်ပါကွ..ဟဟား"
"ကြိုက်ပြီကွာ.."
"ဟေ့..ဟေ့ ဝင်းသူ ဖြစ်ပါ့မလား သေချာစဉ်းစားအုံးနော်.."
" ကိုမှုံကြီးကလည်းဗျာ ကျနော့်ကို
အထင်သေးလှချေလား ဘယ်အချိန်သွားရမလည်း
သာပြောလိုက်ဗျာ"
"အေး ဒါဆိုဒီည (၈)နာရီလောက် ငါကိုယ်တိုင်
သေတိုက်သွားပို့ပေးမယ်ကွာ.. မင်းရဲမယ်
ဆိုရင်တော့ ည(၇)နာရီခွဲလောက် မင်း
ကုက္ကိုပင်အောက်မှာ စောင့်နေကွာ
ငါလာခေါ်မယ်ကွာ ဖြစ်မလား"
"ကောင်းပြီလေလာခဲ့မယ် ဟေ့ကောင်ကျော်လင်း
ကတိနော် အမြည်းကောင်းကောင်းနဲ့ ဒကာခံဖို့
သာပြင်ထား"
"အေးပါကွာ မင်းတိုက်ရမှာလား ငါတိုက်ရမှာလား
ဆိုတာ နောက်နေ့ သိရတာပေါ့ကွာ ဟားဟား...ဒါနဲ့
ကိုမှုံကြီးရေ..အသုဘက ဘယ်ကလည်း"
"ထနောင်းကုန်းရွာကကွာ..ပိုးထိလို့ ဆေးရုံထမ်း
လာတာ ဒီရောက်တော့ လူနာက သေနေပြီကွာ
မနက်ဖြန်မှ လူနာဆွေမျိုးတွေ လိုက်လာကြမယ်
ဆိုတော့ မနက်ဖြန်မှ အသုဘ ချရမှာပေါ့"
"ဪ..."
********************
သေတိုက်တံခါးကို ဖွင့်လိုက်တော့ အောက်သိုးသိုး
အနံ့က လှိုင်ထွက်လာသည်။ လက်နှိပ်ဓာတ်မီးနဲ့
အထဲကို ထိုးကြည့်လိုက်တော့ အဝတ်ဖြူရှည်နဲ့ အုပ်
ထားတဲ့ အသုဘက ကုတင်ပေါ်မှာ စင်းစင့်းကြီး။
" ကဲ ဘယ်လိုလည်း ဝင်းသူ ...ပြန်စဉ်းစားနော်
ဒီအချိန် အရှုံးပေးပြီး ထန်းရည် တိုက်လိုက်လို့
ရတယ်နော်..မင်းမအိပ်ထိအောင်"
"ဟားဟား...ကိုမှုံကြီးရာ ကျနော့်ကို ကြောက်
နေတယ် ထင်နေပြီလား မသိဘူးဗျါ စိတ်ချပါ ဒီညအပြင်
နောက်ညပါ ထပ်ရှိသေးရင် လာအိပ်ပေးအုံးမယ် ဟုတ်
ပြီလား..ဟဟား..ကျနော် ထန်းရည်မတိုက်ချင်ဘူး
ဆိုတာထက် သရဲမကြောက်ဘူး ဆိုတာကို အားလုံးကို
သိစေချင်တာပါ"
"မဟုတ်ပါဘူးကွာ ဖြစ်ပါ့မလားဆိုပြီး စိတ်ပူလို့ပါကွာ
ကဲဒါဆိုလည်း အထဲဝင်ကွာ"
ကိုမှုံကြီးက အလောင်းကောင်၏ ကုတင်တွင်
ဖယောင်းတိုင် အတိုင်ကြီးကို ထွန်းလိုက်တော့
အလင်းရောင်က တစ်ခန်းလုံးကို ပျံ့သွားသည်။
"လေတိုက်ပြီး မီးငြိမ်းသွားမှာစိုးလို့ ဖယောင်းတိုင်
အတိုင်သေးမယူလာဘူး ရော့ဒီမှာ နောက်ထပ်
အတိုင်ကြီးလေးတိုင် ကျန်သေးတယ်
တညလုံးထွန်းထားပေါ့ကွာ...
အပေါ်ထပ်မှာ မင်းအိပ်ချင်သလား"
"ရတယ် ကိုမှုံကြီး ဒီမှာပဲ အိပ်တော့မယ်..အိပ်ဖြစ်
မှာတောင် မဟုတ်ပါဘူးဗျာ..ဒီမှာဖတ်ဖို့ စာအုပ်တွေ
ယူလာခဲ့တယ် ဖယောင်းတိုင် တစ်ထုပ်လည်း ယူ
လာခဲ့တယ်"
"အေး မအိပ်လည်း ရတယ်ကွာ မိုးလင်းထိ ဒီမှာ
နေရဲတယ်ဆိုရင် ရပြီကွာ ဟုတ်ပြီလား..ကဲကဲ..ငါပြန်
ပြီနော်..တံခါးလာပိတ်လိုက်အုံး.."
"ဟုတ်ကဲ့..ဟုတ်ကဲ့"
တံခါးပိတ်လိုက်တော့ အခန်းထဲမှာ တရော်ကင်ပွန်း
နဲ့စနွင်းမှုန့်နံ့လိုလို အပေါစားပေါင်ဒါမှုန့်နံ့လိုလို
မသတီစရာ အနံ့က နှခေါင်းမှာ
စူးခနဲတိုးဝင်လာတယ်။ နှာခေါင်းကို
ပွတ်လိုက်ရင်း အသုဘကုတင်အောက်နားတွင်
နောက်ထပ်ဖယောင်းတိုင် တစ်တိုင်
ထွန်းလိုက်ပြီး စာဖတ်လိုက်သည်။
စာဖတ်နေရင်းည (၁၂) နာရီတိတိ အချိန်လောက်တွင်
အပေါ်ထပ်ဘက်မှာ တစ်ယောက်ယောက်က
လမ်းလျှောက်နေသလို ကြားလိုက် ရသည်
။သေချာနားစွင့်ထောင်လိုက်တော့
အသံကတိတ်သွားပြန်သွားပြန်သည်။
မိမိစိတ်ထင်ပြီးကြားမှားတာ ထင်ပါရဲ့။ထိုစဉ်
"ဒေါက်..ဒေါက်"
အပြင်ဘက်မှ တံခါးခေါက်သံကြောင့်
ဘယ်သူဘာလိမ့်ဆိုပြီး ဓာတ်မီးယူပြီး တံခါးသွားဖွင့်ကြည့်
လိုက်တော့ ဘယ်သူမှရှိမနေဘူး..ဓာတ်မီးနဲ့အဝေးကို
ထိုးကြည့်လိုက်တော့ သေတိုက်နားက သင်္ချိုင်းက
ချုံပုတ်တွေ သစ်ပင်တွေ မြေစာပုံနဲ့အုတ်ဂူဖြူဖြူတွေက
စိတ်ခြောက်ခြားစရာ။ဝင်းသူလည်း အမြန်တံခါးပိတ်
လိုက်ကာ စာပြန်ဖတ်နေလိုက်တယ်။
အဲချိန်မှာ အပြင်ဘက်မှာ မိုးတဖွဲဖွဲကျသံ
တဖြောက်ဖြောက်လည်း ကြားရပြန်တယ်။
သင်္ကြန်ရောက်ဖို့ ဆယ်ရက်လောက်ပဲ လိုတော့တယ်ဆိုတော့ သင်္ကြန်မိုး
ရွာတယ် ထင်ပါရဲ့။အဝေးဆီမှ အူအထဲက ဆွဲဆွဲငင်ငင်
အူလိုက်နေတဲ့ ခွေးအူသံကလည်း တစ္ဆေ သရဲ တခုခု
ကို တွေ့လိုက်လို့ အူနေသည့်အလား...ဝင်းသူကိုယ်
မှာ မိုးကြောင့်လားမသိ ချမ်းစိမ့်စိမ့်လေး ဖြစ်လာ
တယ်။ဝင်းသူစိတ်ထဲမှာလည်း အလိုလို အားငယ်လာတယ်။
"ရှပ်...ရှပ်...ရှပ်.."
ဟော! အပေါ်ထပ်မှာ ဒီတခါတော့လမ်းလျှောက်သံ
အတိုင်းသားကြားရပြန်ပြီ။ ဝင်းသူစာ ဆက်ဖတ်မနေ
တော့ပဲ အပေါ်ဘက်ကို ရင်တထိတ်ထိတ်နဲ့
အာရုံစိုက်လိုက်တော့ ခြေသံမကြားရတော့ပြန်ပါ။
" ဒေါက်..ဒေါက်..ဒေါက်"
အပြင်ဘက်မှာ တံခါးထပ်ခေါက်သံ...ကျိန်းသေပြီ
ဝင်းသူသိလိုက်ပြီ..မိမိကို သရဲခြောက်နေပြီဆိုတာ ...
ဒုန်းဆိုတဲ့ အပေါ်ထပ်မှ ထပ်မံရုတ်တရက် တစ်စုံတစ်
ခု ပြုတ်ကျတဲ့ အသံကြောင့် ဝင်းသူကိုယ်မှာ
တွန့်ခနဲ ဖြစ်ကာ ထိတ်လန့်သွားသည်။ထိုစဉ် ဝင်းသူ
အမှတ်မထင် မိမိအနားရှိ ကုတင်ပေါ်က အလောင်းကို
လှမ်းကြည့်လိုက်တော့ ပေါင်ဒါမှုန့်လိမ်းထားတဲ့
အလောင်းကောင်က ရုတ်တရက်ထထိုင်နေပြီး မိမိကို
လှမ်းကြည့်နေတာ မြင်ရတော့
ဝင်းသူကိုယ်မှာကြက်တိန်းတဖြန်းဖြန်းထ
သွားခဲ့သည်။အဲဒီအချိန်မှာပဲ အလောင်းကောင်က
ဝင်းသူ ကိုပြုံးပြလိုက်ပြီးဝင်းသူကိုယ်ပေါ်သို့ ခုန်အုပ်
လာပါတော့သည်။
" ဂါး..."
" အောင်မယ်လေး "
အလောင်းကောင် ဝင်းသူကိုယ်ပေါ်မှာ ကျလာချိန်
မှာတော့ ထိတ်လန့်လွန်းသဖြင့် ဝင်းသူကိုယ်မှာ
ပျော့ခွေလဲကျသွားလေတော့သည်။
" ဟာ..ဝင်းသူ..ဝင်းသူ ဟေ့ကောင်..ဝင်းသူ
ဟာလုပ်ကြပါအုံး ကိုမှုံကြီး..သန်းဝင်းအောင်.."
ကျော်လင်းသည် ဝင်းသူကို ဖက်ထားရင်း
မျက်နှာကို ပုတ်နှိုးနေလေတော့သည်။အပေါ်ထပ်မှ
သန်းဝင်းအောင်အမြန်ပြေးဆင်းလာပြီး တံခါးပြေးဖွင့်
လိုက်ရာ အပြင်ဘက် သေတိုက်ဘေးမှာ တံခါး
ခေါက်ပြီး ပုန်းနေတဲ့ကိုမှုံကြီးလည်း အမြန်ပြေးဝင်
လာတော့သည်။
********************
စာကြွင်း။ ။ဘယ်လောက်ပဲ သရဲမကြောက်သူ ဖြစ်
နေပါစေ...ဒီလိုပုံစံနဲ့ အခြောက်ခံရမယ်ဆိုရင်ဖြင့်....
Credit by Nyi Pite
ADMIN @_# TH!t P!N
### အရိုးကောက်စားတဲ့ သရဲ ###
( Member Khon Naung Soe ပို့ပေးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ၊
ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် ၊ ကဲ အားပေးကြပါဦးဗျာ )
ကျွန်တော် 2012က ကြုံခဲ့တဲ့ အဖြစ်ပျက်လေးပါ
ရေဦးမြို့ နယ် ကပါ
ကျွန်တော် ၁၀တန်းပထမ ကြတဲ့နှစ်ပေါ့ဗျာ
စိတ်တွေလေပီး အရက်စသောက်တပ်ခါစလေးပါ
အမေဈေးဆိုင်းလေ မနက်ခင်းဝိုင်းလုပ်ပီး
နေလည်ခင်းကျွန်တော်လဲ အိပ်နေတယ် ကျွန်တော်သူငယ်ချင်း မျိုးမင်း ရောက်လာပီး နိုးတယ် ညသူတို့ တော ကောက်လှိုင်းဆောင့်အိပ်
ရမှာတဲ့အဖော်မရှိလို့ တဲ့ခေါ်တယ်
ကျွန်တော်က ငယ်ငယ်ကတဲ့က
ကြောက်တက်သူမို့  မလိုက်ချင်ဘူးပြော
တယ် မရပါဘူး အမေကလဲ လိုက်သွား
လိုက်ပါဆိုတာနဲ့ လိုက်ခဲ့မယ်ပြောလိုက်တယ်
ညနေ 6:00နာရီလောက် ထော်လာဂျီနဲ့လာခေါ်တယ် သူဦးလေး ကိုမျိုးဦး လဲပါလာတယ်ကျွန်တော်လဲ
လေးခွ(ဘတ်ခွ) လွယ်အိပ်လေး လွယ်ပီး ထော်လာဂျီခေါင်းခန်းထဲကနေ
လိုက်သွားတယ် မျိုးမင်းက လက်တို့ ပီးပြတယ် ပျော်ပီလေ Grand တစ်ထောင့်လွယ်အိပ်ထဲထည့်လာတယ် ရွာအနောက်ဘက် နွေခါဆိုတော့
စပါးပင်းတွေရိပ်ထားလို့  လယ်ကြားကနေ
ဖျက်ပီး 45မိနစ်လောက်မောင်းရပါတယ်
သူတို့ ခေါ်တာကတော့ ထန်းရှစ်ပင်တော့တဲ့
ထန်းပင်းက ရှစ်ပင်မကပါဘူး အပင်၂၀တောင်
ကျော်ပါတယ် ထန်းပင်တွေကလဲ သုံးပင်း
ပူးတေ နှစ်ပင်းပူးတွေက များပါတယ်
စကားတစ်ပြောပြောနဲ့ မျိုးမင်း တို့ တော ကို
ရောက်လာပါတယ် ကောက်လှိုင်းတွေလဲ အပုံလိုက်
ထပ်ထားပါတယ် ထန်းပင်းတွေက လဲ ကတုံး
ဖြစ်လို့ ထန်းရွက်တွေ ခုတ်ပီး မျိုးမင်းတို့  လယ်ကွင်း
ထဲတွင် အပုံလိုက်ထပ်ထားပါတယ် လ ကလဲသာ
နေတော့ လယ်ကွင်း သုံးကွက် ခြာလောက်က
နက်စင်ဖြူဖြူလေးကလဲ မြင်နေရတယ်
လေးကလဲ တိုက်လိုက်တာ တစ်ဟူးဟူးနဲ
ပါလာတဲ့ အရက်နဲ့ အမြည်းက လယ်ကြွက်
ကြော်နဲ့ စကားပြောလိုက် သောက်လိုက်နဲ့
ထျော်လာဂျီပေါ် ဇိမ်ရှိနေတာပေါ့
လေးလဲ အရမ်းမတိုက်ဘဲနဲ့
ထန်းပင်းသုးံပင်းပူးကြီးက
"ကျွိးးး ကျွိးးးး " အသံတွေထွက်လာတယ်
ကျွန်တော်လဲ ဘာပြောကောင်းမလဲ
သူငယ်ချင်းဘေးပြေးကတ် လိုက်တယ်
နာရီကြည့်တော့ 11ကျော်နေပီ
သူငယ်ချင်းဦးလေးက လေးခွ ပေးဆိုပီး
အဲ့ဒီထန်းပင်ကို ပြစ်တော့တာပဲ
"ဖုန်းးး ဖုနါးးး ဖုန်းးးး" သုံးလေး ချက်လောက်ဆက်ပြစ်တော့
ညိမ်သွားတယ် သောက်လက်စခွက်လေးတွေ
အပျက်ဖျက်ပီး ထမင်းစား သောက် အရိုးတွေကိုတော့
ဒီအတိုင်းပဲ ပြစ်လိုက်ပါတယ် ထမင်းလေးစားပီး
အိပ်ဖို့ နေယာလေးယူနေတုန်း
ထန်းပင်းပေါ်ကနေ "ဖလန်းး ဖလန်းး" ပျံပီး
ကျွန်တော်တို့အပေါ်ဝဲပီး "ဂီးးးး ဂီးးးး"
နဲ့အော်တဲ့အသံကလဲ လူတစ်ကိုလုံး လန်းပီးတော့တောင်တုန်သွားတယ်
သူငယ်ချင်းဦးလေးကတော့သိလို့ နေမှာပေါ့
ထော်လာဂျီ ခေါင်းခန်းထဲ ဝင်ကြတဲ့ ဒီနေ့ တော့
ဖြစ်သလိုအိပ်ကြတော့တဲ့ ကျွန်တော်ဲနဲနဲ တော့
သဘောပေါက်သွားပီ ဦးမျိုးဦး ပဲ အစောက
အပေါ်မှာ အိပ်ဖို့  ဖျာတွေတောင်းခင်းppလေ
သူငယ်ချင်းကလဲအိပ်လိုက်ပါကွာတဲ့
နောက်ပီး အပေါ်က လေတိုက်တယ်ဟ
တဲ့ ကျွန်တော်ကို ဖာတာလေ စကားလေးပြောလိုက်
သီချင်းလေးတစ် စာ စာအော်လိုက်
ဘာမှမကြာ သောက်ထားတယ်အရှိန် လေးနဲ့
သူငယ်ချင်းကျောမှီးပီးအိပ်ပျော်သွယ်တယ်
သူငယ်ချင်းဦးလေ ဟောက်တဲ့ အသံနဲ့ 
ကျွန်တော်နိုးလာပါတယ် မျက်လုံးလေးပြူးပြဲဖွင့်ပီးကြည့်တော့သူငယ်ချင်းကလဲ
ပွစိ ပွစိနဲ့ မျိုးမင်း ဘာလုပ်နေတာလဲ
လို့မေးတော့ ထန်းပင်တွေဖက် မေးငေါ့ ပြောတော့
တစ်ခါမှ သရဲ မခြောက်ခံရဘူးတဲ့ ကျွန်တော်
အသက်မထွက်တာ တစ်မယ်ပဲ လ ကလဲသာ
ကြယ်လေးတွေကလဲမှိတ်တုတ် မှိတ်တုတ်နဲ့
ဆံပင်စုပ်ဖွားကြီးနဲ့  ထန်းပင်းပေါ်ငုတ်တုပ်ထိုင်နေတယ်
လေးနှစ်သားလောက်အရွယ်လေးကလဲ
ရယ်နေတဲ့အသံလဲ ကြားနေရတယ် ထန်းပင်းတွေပေါ်
ခုန်းနေတာဗျာ ခဏနေတော့ ကလေးက ထန်းပင်းပေါ်ကနေဆင်းလာတယ်
ဆံပင်စုပ်ဖွားကြီးနဲ့ မိန်းမကြီးကလဲ ဇောက်ထိုးကြီးဆင်း
လာတယ်ဗျာ လမ်းရှောက်နေတာကလဲ
ကျွန်တော်တို့ထော်လာဂျီဆီဗျာ
ကျွန်တော် ကြောက်လန့်ပီး
ဦးမျိုးဦးကို နိုးပါတယ် သူကလဲ သေနေလိုင်တာ
တော်တော်နဲ့မထဘူး ဦးမျိးဦး ကျွန်တော်တို့သက်တော့
မှာလားမသိဘူး လုပ်ပါဦးဗျာ လို့ ပြောတယ်
သူငယ်ချင်းကလဲ ငိုတဲ့အသံနဲ့ ဦးလေ လုပ်ပါဦး
ဦးလေးလုပ်ပါဦးနဲ့ အော်နေတယ်
ဦးမျိုးဦးက မင်းတို့ မှန်တွေတင်လိုက်တဲ့
အသံလုံးဝ မထွက်နဲ့တဲ့ ဘာမှမဖြစ်ဘူးတဲ့
အဲ့လိုစကားပြောပီ ပြန်ကြည့်လိုက်တော့
မရှိတော့ဘူးဗျာ သူငယ်ချင်း လက်လေးကိုင်ပီသက်ပြင်းလေး ချကာရှိသေး
ထောက်လာဂျီ အနောက်က အသံကြားရတယ်
လမ်းရှောက်နေတဲ့အသံ နောက်ပီး "ကျွတ်းးးကျွတ်းးး"
အသံတွေကြရတယ် ကျွန်တော်ထင်တာက
အရိုးတွေ လိုက်ကောက်စားနေတယ်ထင်တာပဲ
ဦးမျိုးဦးကလဲ ကြောက်လန့်ပီး ထအော်လိုက်ပါတယ်
ငါ့ယိုးမှ မသာမ ကိုဟာကိုမနေပဲနဲ့ ငါ့တို့ လာ
ဒုက္ခလာပေးနေတယ် အော်ဆဲတယ်ဗျာ
ပိုဆိုးပါလေးရောဗျာ ထော်လာဂျီ နောက်မှီးကို
လက်နဲ့ ရိုက်လိုက်တယ် "ဗျောင်းးး "ဆိုတဲ့
အသံကြားပီး ကျွန်တော် ကိုကျွန်တော် အားတင်းပီး
ဘုရားစာတွေ ဖင်ထောင်အော်ဆိုတော့တာပဲ
ကျွန်တော်သူငယ်ချင်းဘေးက တံခါး အပေါက်ပေါ့ မှန်တင်ထားတဲ့အပေါက်ပေါ့ဗျာ မြင်လိုက်ရတဲ့
အခိုက်တန့်မှ ပါးစပ် အဟောင်းသားဖြစ်သွားခဲ့ရပါတယ်
ဆံပင်စုပ်ဖွား မိန်မကြီးက ဘယ်ဘက် နဖူး ကနေ
အရေခွန်ကြီးက မေးစေ့ထိ တွဲကြနေပါတယ်
မျက်လုံးတစ်ဖက်ကလဲမပါတော့ဘူး ကလေးကချီထားသေးတယ် ကျွန်တော်တို့ ကိုစိုက်ကြည့်နေပါတယ်
ကလေးကလဲ ဦးခေါင်းငယ်ထိတ် ကနေ
ညာဘက် နားရွက်နားထိ ခေါင်းကပိန့်နေပါတယ်
သွေးတွေကလဲ ဖျာထွက်ပီ အကျီ တွေပါ ပေးကျန်
နေပါတယ် ကလေးက လဲ ကျွန်တော်ပြုံပြနေသလိုမျိုးပဲဗျာ အဲ့ဒါမြင်ပီး ကျွန်တော်လောကကြီးနဲ့ အဆက်သွယ် ပျက်သွား
ပါတယ် ကျွန်တော်ပြန်သတိရလာတော့
ရွာဦးကျောင်းဘုန်းကြီးရယ် အဖေရယ် အမေရယ်
မျက်နာငယ်လေးတွေနဲ့ ကြည့်နေကြတယ်
ကျွန်တော်လဲ လည်ချောင်းတွေလဲနာနေတယ်
သားဘယ်လိုလုပ် အိပ်ရောက်နေတာလဲ
မေးတော့ ခုချိန်ထိ ပြောမပြသေးပါ
အဖေက မေးတယ် ငါ့သား အဖေတို့ အမေတို့ မှတ်မိလား
တဲ့ ကျွန်တော်ခေါင်ပဲညိမ့်ပြတယ် အဖေက ကျွန်တော်စကားမပြော
တော့ သိပ့်ဝမ်းသာပုံမရ သူငယ်ချင်းက
သားကြီးငါ့မှတ်မိလားတဲ့ ကျွန်တော်
အားယူပီးတော့ "နောက်တစ်ခါ တောထဲသွား
ရအောင်ပြောရင် မင်းအရင်သက်မယ်လို့ပြောတော့"
အဖေ အမေ ရွာဦးကျောင်းဘုန်ကြီး သူငယ်ချင်းရော
ဝိုင်းရယ်ကြပါတယ် ။။
(နောက်သတင်းရတာတော့
သူငယ်ချင်းတို့ မပိုင်ခင် အရင်တုန်းက
လင်မယားသုံးယောက် ထန်းသီးချိုင် ကြတာတဲ့
လင်လုပ်သူက ထန်းသီးခိုင်ခုတ်ချလိုက်တာ
မိန်းမနဲ့ကလေးပေါ် ကြပီး သေသွားတာတဲ့
လင်ကလဲ ထောင်ထဲတင်ရူးပီး
သေသွားတာတဲ့) !!!!!!!!!!!!!!!!!
ADMIN @_# TH!t P!N
### ထွက်သွားစမ်းပါ ###
ထက် တစ်ယောက် အင်တာဗျူး ဝင်ရ မည့် အဆောက်အဦးကို တချက် မော့ကြည့်လိုက်မိ သည်။ အင်း အလုပ်ရတာ မရတာ ပြသာနာမရှိ အဓိက က ဒီအလုပ်ကို လျှောက်ရဲဖို့ သာ အဓိက လို့ ထက်ရဲ့ခင်ပွန်းသည် ကိုဦး စကားကိုသာ ကြားယောင်ရင် အင်တာဗျူး ရမည့် အခန်းဆီသို့ တစ်လှမ်းချင်းးးးးးး
တကယ်တော့ ထက်က အသက်ဆယ့်ရှစ်နှစ်အရွယ်မှာပဲ ကိုဦးလက်ကိုဆွဲပြီးဘဝ တစ်ခု တည်ဆောက်ခဲ့သူပါ။ ကိုဦးက လည်း နိုင်ငံခြား သဘောင်္ လိုက်နေသူ သဘောင်္သားတစ်ယောက်ပါ။ ဘဝ သစ်တစ်ခုကိုတည်ထောငိပြီးသာယာတဲ့မိသားစု တစ်စုကို ပိုင်ဆိုင်ထားသူပါ။သား သမီး နှစ်ယောက်ရှိတဲ့ ထက်ကို အားလုံးက ကလေးအမေဆိုတာ ကျိန်ပြောမှ သာယုံကြတာပါ။ ဖြူဖွေးဝင်းစိုနေတဲ့ အသားအရည်နဲ့ မနိမ့်မမြင့် အရပ်အမောင်း။ မျက်ခုံးကောင်းကောင်း မျက်လုံးဝိုင်းဝိုင်း ကြည့်ကောင်းလှတဲ့ မျက်နှာကျ ကိုပိုင်ဆိုင်ထားတဲ့ ထက်ကို မည်သူက ကလေးနှစ်ယောက်အမေလို့  ထင်အံ့။သားကြီးက တက္ကသိုလ် ပထမ နှစ် အသက်၁၈ နဲ့ သမီးငယ် ကကိုးတန်းကျောင်းသူ။ အမေနဲ့သားသမီးသုံးယောက်အတူ လျှောက်လည်ကြ ရင် မောင်နှမ တွေလို့သာ အားလုံးကထင်မြင်ကြတာပါ။ထက် ရဲ့အသက်က ၃၈နှစ်။
အများစု ခန့်မှန်းကြတဲ့ အသက်က ၂၆/၂၇ နှစ်ပေါ့။အသက်ငယ်သူလို့ ထင်ရအောင်လည်းဟော့ဟော့ရမ်းရမ်းပြင်ဆင်မှုမျိုးကို ထက် ဆီ ၌ တွေ့ ရမည်မဟုတ်။ ကျောလယ်သာသာ ရှိတဲ့ဆံပင်ကို မစည်းမနှောင် ခပ်ဖွဖွချပြီး လွတ်လပ်တဲ့ ရှုပ်အင်္ကျီမျိုးကိုသာဝတ်ဆင်သူပါ။ ခင်ပွန်းဖြစ်သူ နိုင်ငံခြားသဘောင်္ တက်ချိန် ၊ သား နှင့်သမီးကျောင်းသွားချိန်မှာ ပျင်းလှ ပါတယ်။ အလုပ်တခုလုပ်ပါရစေလို့ ချစ်ခင်ပွန်းကို ခွငိ့တောင်းပြီး ယခု အလုပ်ခေါ်ဆိုသည့် ကုမ္ပဏီကို အလုပ်လာလျှောက်ခြင်းသာ။
ပြီပြည့်စုံတဲ့ဘဝ မှ လာသူဖြစ်ပြီးလုပ်ငန်းခွင် အတွေ့အကြုံလည်း ရှိသူမဟုတ်။ ဒါပေမဲံ့  ဘွဲ့ရ ပညာတတ် ၊ English ကို အမိဘာသာစကားတစ်ခုလို ကျင်လည်စွာ ပြောနိုင်သူ တယောက်ပါ။ အခု ထက်လျှောက်မည့်ကုမ္ပဏီက ခရီးသွားလာရေး လုပ်ငန်း တစ်ခု။ လျှောက်ရမဲ့ Post က sales and marketing Manager. လုပ်ရမည့် ဌာန က အသစ် တိုးချဲ့ မည့် လုပ်ငန်းသစ်။ လက်ရှိ bossက အောင်မြင်သော လုပ်ငန်းရှင် တယောက်။ အသစ်တိုးချဲ့မည့် branch အတွက်လူ ထပ်မံ ခေါ်ဆိုခြင်းသာ။ သူ့ ၌ လက်ရှိအောင်မြင်နေသော လုပ်ငန်းကို ထပ်မံ တိုးချဲ့သည့်အတွက် မန်နေဂျာ သစ်ခေါ်ယူခြင်းသာ။
ထက် အနည်းငယ် တော့ အားငယ်မိသား။ အတွေ့အကြုံမရှိ။ အသက်ကလည်းသုံးဆယ်ကျော် ကလေးအမေ တယောက် ၊ အလုပ်တခုကို ရနိုင်ပါ့မလား။ ခင်ပွန်းဖြစ်သူရဲ့ အားပေးစကားကြောင့်သာလာလျှောက်ရဲခြင်း ဖြစ်သည်။ အလုပ်ရုံးကလည်း ထက် တို့တိုက်ခန်း နှင့် ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရမည့် နေရာ။ လခ က ထက်အတွက်အဓိကမကျ။ အဓိက ကျသည့်အရာက အိမ်မှာ အိမ်ထောင်သည်အမျိုး သမီး တစ်ယောက်အနေနဲ့အိမ်ထောင်ထိန်းနေရာတစ်ခုနဲ့ပဲဘဝကိုမဖြတ်သန်းလို။
ဒါနဲ့ပဲ ထက် အင်တာဗျူးး ခဲ့ပါတယ်။ ထက်ရဲ့ CV form ကိုကြည့်ပြီး boss က သဘောကျကာ အလုပ် ခန့်ခဲ့တယ်။ ဒါပေမဲ့ ထက် လျှောက်ခဲ့တဲ့ Sales Manager ရာထူး ကိုတော့တိုက်ရိုက် မပေးသေးပဲ လက်ထောက် sales manager နေရာ တော့ ရခဲ့တယ်။ Assit. Sales mangear သုံးလ လုပ်ပြီးသဘောကျရင် မန်နေဂျာ ရမှာပေါ့။
လောလောဆယ် လက်ရှိအောင်မြင်နေတဲ့ လုပ်ငန်း တခုရဲ့ လက်ထောက်မန်နေဂျာ ရာထူးတော့ရတယ်။
မဆိုးပါဘူး။ လခ ရော နေရာ ရော။ ဒါပေမဲ့ခက်တာက အရင့်အရင်လုပ်နေတဲ့ မန်နေဂျာ မမ ရဲ့လက်ထောက်ဘဝ။အဲ့မန်နေဂျာ က လက်ရှိအောင်မြင်နေတဲ့လုပ်ငန်းမှာအတွေ့အကြုံ ၁၅ နှစ်ရှိသူ။ သူမ ရဲ့လုပ်ငန်းမှာအောင်မြင်လှတဲ့ Sales Manager ။ အရပ်မြင့်မြင့်ဒေါင်ကောင်းကောင်း အသားဖြူဖြူ စမတ်ကျ လှတဲ့ မမ က တော်ရုံတန်ရုံသူ ဆို လျှင် အထင်သေးလွန်းလှတယ် လေး။တရုံးလုံးမှာသူမ ရဲ့ မွေးစား သမီး လေးယောက်နဲ့  တစ်မင်းတစ်ချင်း တည်ထောင်နေသူ ။
ခက်တာက ထက် ထက်။ ကံကောင်းတာက အလုပ်တခုကို လွယ်လွယ်ကူကူနဲ့ ရ ခဲ့တယ်။ ကံဆိုးတာက လုပ်ငန်းသစ်တစ်ခု ဆီ သို့ မန်နေဂျာတယောက်အနေနဲ့ မသွားရခင် ဘယ်သူ့မှ သူ့လောက်တော်တယ်လို့ မထင်တဲ့ မန်နေဂျာ မမရဲ့ လက်ထောက်ဘဝ။မန်နေဂျာ မမနဲ့ သူမ ရဲ့ မွေးစား သမီးတွေ နေတဲ့ ရုံးခန်းမှာ စ ဆင်းပြီး lesson အပေးခံရတော့တာပဲ။
အလုပ်စ ဝင်တဲ့ နေ့မှာပဲ မမ တို့ အနာပေါ် တုတ်ကျပြီ။ မမရဲ့ အလှက ဖြူဖြူဖွေးဖွေးနဲ့ ရွှေဘိုမင်းကြိုက် တလုံတခဲအလှ။ မယ်ဗမာ ဝင်ရောက်ယှဉ်ပြိုင်ရင်တောင် ဆုရ နိုင်မည့် သူ။ သူမရဲ့ အလှဂုဏ် မှာ ကျေနပ်ယစ်မောနေသူ မမ တစ်ယောက် ၊ အလုပ်ဝင်ဝင်ချင်းမှာ ငွေစာရင်း ကိုင်အမကြီးက "သားသမီး နှစ်ယောက်အမေ တဲ့လား။ မထင်ရဘူး။ အပျိုရှုံးလောက်အောင် ချစ်စရာ ကောင်းတယ်"လို့ ထက်ကို့ ချီးကျူး ချိန်မှာ မမ တစ်ယောက် ဒိုင်းကနဲ မျက်စောင်းတချက်ကို ချီးကျူ သူ အမကြီးပေါ် ပစ်လွှတ်တော့တာပဲ။ အမကြီးလည်း ပြင်းထန်လှတဲ့မျက်စောင်းကိုတော့ကြောက်ပုံရတယ် ၊ပုခုံး တချက်တွန့်ပြီး သူမရဲ့ စာရင်းကိုင် ဌာန ကိုအမြန်လစ်ပါလေရော။
ဇာတ်လမ်းက စပြီး။ လုပ်ငန်းသစ်တခုရဲ့ မန်နေဂျာဖြစ်လာမဲ့ ထက်ကို မမ စ နိုပ်ကွတ်ပြီလေး။ တကယ့်သင်ပေးရမဲ့ အလုပ်တွေ မသင်ပေးပဲ မိတ္တူ စက်မှာ မိတ္တူ ကူးခိုင်းတာမျိုး ၊ ဟိုပြေး ဒီပြေးတောက်တို အလုပ်တွေ ကို တရစပ် ခိုင်းတော့တာပဲ။
အိမ်မှာ အိမ်အကူ နှစ်ယောက်နဲ့ နေခဲ့တဲ့ ထက် ကတော Assi: Sales Manager ဆိုတဲ့ post တခု အောက်မှာ ပဲ မမ ရဲ့ တောက်တို ဘဝ အောက်တို ရောက်လို့သွားတော့တယ်။"ထက် ရေ မမ မောလာလို့ ရေအေးအေးတခွက်လောက်ပါ" ဆိုတာက တမျိုး ဒိထက်ပိုလာပြီး" ထက်ရေ မမအတွက် Coffe တခွက် လောကိ' ဆိုပြီး ရိုးရိုးဝန်ထမ်းဖြစ်တဲ့ မွေးစားသမီးလေးယောက်ကို မခိုင်းဘဲ လက်ထောက်မန်နေဂျာ ဖြစ်သူ ထက် ကိုခေါ်ခေါ် ခိုင်းပြီး ဒေါက်ဖြုတ်တော့တာပဲ။ ဘယ်လိုပဲ ဒေါက်ဖြုတ်ဖြုတ် ၊ ထက်ရဲ့ ရုပ်ရည် လက္ခဏာ၊ လုပ်ရည်ကိုင်ရည်၊ Customer တွေနဲ့ပေါင်းသင်းဆက်ဆံရေးအရည်အချင်း ကို ကြည့်ပြီးယုံကြည်သူက boss။ မမ ကသာ အနိင်ကျင့်ပြီးပညာတရစပ်ပြနေပေမဲ့ အရေးကြီးတဲ့ငွေ သိမ်းငွေထုတ်တွေအပြင် လုပ်ငန်းသစ်အတွက်အစစ အရာရာ ထက်တယောက်ကို သာ Boss က တာဝန်ပေး ။ ရုံးခန်းခေါ် လုပ်ငန်းသစ် တွေအတွက်တိုင်ပင်။
ကြိတ်မနိုင်ခဲမရ မစ္ဆိယ စိတ်တွေနဲ့မမ တို့တဖွဲ့လုံးပူလောင်နေပြီ။ သူမ သောက်မဲ့ coffe ဖော်ခိုင်းပြီးရုံးခန်းထဲ မွေးစားသမီးတွေနဲ့ ခနဲ့ပြုံး လှောင်ပြုံးတွေ ပြုံးနေတဲ့ မမ။ ဘာမှ မတတ်ပါဘူး အလကားပါ ဆို ပြီး customer တွေ ရှေ့ မှာ ဖွင့်မပြောရုံ တမယ် ဒေါက်ဖြုတ်နေတဲ့ မမ ရဲ့ အပြုအမူတွေကို ဥပက္ခာ ပြု အလုပ်ကြိုးစားသူ ထက်တယောက် bossရဲ့ ယုံကြည်မှုတွေ ရလာတော့ ကိုယ်သင်ပေးမှ တတ်မဲ့သူလို့ မထင်တော့ပဲ သူမရဲ့ယှဉ်ပြိုင်သူလို၊ ပြိုင်ဘက်လို မမ စ သဘောထားလာပြီလေး။ သူမ ကိုယ်တိုင် ထက်ကို ပညာပြနေရာမှ မွေးစားသမီးတွေကိုပါ ပမာမခန့် လုပ်ဖို့ မြှောက်ထိုးပင့်ကော် စကားတွေ ထွက်လာပြီ။ မွေးစားသမီးတွေကလည်း အကြီးဖြစ်သူအတွက် ထက်ကို မလေးမစား ပမာမခန်တွေပြုမူလာပြီဲး့ သူမ တို့တွေရဲ့အဆင့်လောက်နဲ့အားမနာ မချေမအံ ရိုင်းပြမှု တွေ နဲ့စိတ်ဓာတ်စစ်ဆင်ရေးတွေ တရစပ်လုပ်ကြတော့တာပါပဲ။ရုံးခန်းထဲမှာ စောင်းမြောင်ထစ်ငေါ့ ပြောဆိုသံတွေ ကိုမကြားယောင်ပြုပြီးထက်တစ်ယောက်ကြိတ်မှိတ်သည်းခံနေခဲ့ရတယ်။
ဒီတော့ ထက်တယောက် တရွာလုံးနဲ့ ငါ့ ဘကြီး ဖြစ်ပြီပေါ့။ဘာပဲဖြစ်ဖြစ် တနေ့ကျ လုပ်ငန်းသစ်ကို ကိုယ့်စိတ်တိုင်းကျဦးစီးရမယ်။ ဒီရုံးခန်းမှာနေရ ခဏ ပါဆိုပြီး ထက်အားတင်းခဲ့တယ်။
ရုံးပိတ်ရက်မတိုင်ခင် တနေ့ "မမ ရေ သော်တာတော့ မနက်ဖြန် ခရီးစဉ်အတွက် သိပ်ပြီးပျော်တာပဲ။ သော်တာတို့ လေးယောက် မမ နဲ့ အပန်းဖြေထွက်ရမှာစဉ်းစားမိပြီး အိပ်လို့တောင် မပျော်ဘူး သိလား" ဆိုတဲ့ မမ ရဲ့ မွေးစားသမီးသော်တာရဲ့အသံကိုကြားရတော့ ထက်တယောက် မမနဲ့ သူ့ မွေးစားသမီးလေးယောက် အပျော်ခရီး ထွက်မှာကိုကြားမိတာပေါ့။ အများပြည်သူ ရုံးပိတ်ရက် ဆယ်ရက်မှာ မမ တို့တွေ ခရီးထွက်ကြမယ်ပေါ့။ ကြည့်ပါဦး ငါးယောက်လုံးသွားကြမဲ့ဟာ ထက်ကိုတောင် အားနားပါးနား ဟန်ဆောင်ခေါ်ဖော်တောင်ရဘူး။ ခေါ်လည်းထက်က မလိုက်နိုင်ပါဘူးလေ။မခေါ်တော့လည်းကောင်းတာပေါ့လို့ တွေးမိပြီး ကိုယ့်အလုပ်သာကိုယ် ဖိလုပ်နေမိတယ်။
နားရက်ဆယ်ရက်ပြည့်လို့ ရုံးစ တက်တဲ့နေ့မှာ ထက် စိတ်ပင်ပန်းထိခိုက်စွာနဲ့ အလုပ် ဆင်းခဲ့တယ်။
မမ တယောက် ထက်အရှေ့က သူ စားပွဲမှာထိုင်ပြီး ထက်ကို မကျေမချမ်းကြည့်နေတယ်။ သူ့ မျက်လုံးတွေက ထက်ကို "ထွက်သွားစမ်း ဒီအလုပ်က" လို့ပါးစပ်က မပြောရုံတမယ်။မွေးစား သမီးတွေ ကလည်း သူတို့ထိုင်ခုံက နေထ တာတောင်ရိုးရိုးမထပဲ ထိုင်ခုံသံ အကျယ်ကြီးပေးပြီး ပေါ် တင် ချဲလင့် လုပ်တော့တာပဲ။ ထက် တို့နေတဲ့ ရုံးခန်းတခန်းလုံး စာအုပ်ပစ်ချသံ၊ ထိုင်ခုံတွန်းသံ၊ မိတ္တူစက်အဖုံးကို ဆောင့်ချသံ ဆူညံသံ တွေနဲ့ အပြည့်။ အရင်က ဒီလောက် မဖြစ်ခဲ့ပေမဲ့ အခု နားရက်က အပြန်မှာ မမ တို့ အုပ်စု မကျေနပ်ပေါက်ကွဲသံတွေက ပိုမို ကျယ်လောင်လာပြီလေး။
ရုံးခန်း အပေါက်ဝ ကနေ ဆူညံသံတွေ ကြားလို့လာကြည့်တဲ့ စာရင်းကိုင်မမအေး က ထက်တယောက် အံကြိတ်ပြီအလုပ်ငုံ့လုပ်နေတာကိုတချက် ကြည့်ပြီး သုတ်သုတ် သုတ်သုတ်နဲ့ သူမရဲ့ ရုံးခန်းလစ်ပါလေရော။နေ့ လည် ထမင်းစားချိန်ရောက်လို့ ထက်တယောက် ထမင်းစားခန်းအဝင် မမ တို့ငါးယောက်က ခုံလွတ် တွေကို ဟိုဆွဲဒီဆွဲနဲ့ မျက်နှာတွေက ထက်ကို့ မထိုင်ခိုင်းစေလို့တဲ့အကြည့်တွေနဲ့။ ထမင်းစားချိန် ပြီလို့ အိမ်သာ ဝင်မယ်ဆိုတော့လည်း မမတို့တွေ က တယောက်ပြီးတယောက်အလှည့်ကျ ဖွင့်ဝင်လိုက်ပိတ်လိုက်နဲ့။ ထက်က စိတ်မရှည်။
ရုံးဖွင့်ပြီး သုံးရက်မြောက်နေ့မှာ ထက်ရဲ့ သည်းခံနိုင်မှု တွေ ကုန်ခန်းသွားပြီ။ ရိုက်လက်စ ကွန်ပြူတာပေါ် က စာကို ခဏ ရပ်ပြီး အရှေ့ခုံမှာထိုင်ပြီး စူးစူးရဲရဲ နဲ့ကြည့်နေတဲ့မမကို "မမ ထက် ကို တဖွဲ့လုံးက ဒီလောက်တောင် မုန်းနေတာလားလို့လည်း ပြောလိုက်ရော မမ အပါအဝင် မွေးစားသမီးလေးယောက်က ထက်ကို ဝိုင်းကြည့်ပြီး ဆက်ပြောမဲ့စကားကို တိတ်ဆိတ်စွာ နားစွင့်နေကြတယ်။ဒါနဲ့ ဆက်ပြောလိုက်တယ် ထက် ဒီအလုပ်က ထွက်မယ်ဆို မမတို့ ကျေနပ်မယ်ပေါ့၊ ဟုတ်လား။ စူးစူးရဲရဲကြည့်နေတဲ့မမရဲ့ နှုတ်ခမ်းကျေနပ်စွာပြုံးသွားတယ်။ ကျန် လေးယောက်ရဲ့ မျက်လုံးတွေလည်း ကျေနပ်မှု အရိပ်အယောင်တွေ ပြိုဆင်း သွားတာကို ထက်တွေ့လိုက်တယ်။ ဟုတ်ပြီလေ ဆိုပြီး ထက် ကွန်ပြူတာဆီက ရိုက်လက်စာကို အဆုံးသတ်ရိုက်ပြီး Print ထုတ်လိုက်တယ်။ မမ စားပွဲပေါ်မှာ အဲ့ရိုက်ပြီးစာရွက်ကို တင်ပေးလိုက်တယ်။
ကျေနပ်ပါတော့ မမ။ မမတို့ကို ထက်အရှုံးပေးလိုက်ပြီ။နောင် ထက်နေရာကို တာဝန်ယူမဲ့တယောက် ရောက်လာဦးမှာပါ။ အဲ့တယောက်ကိုတော့ ဒီလို ဆက်ပြီး ပညာ မပြ ပါနဲ့တော့။ မမ တယောက်တော့ စားပွဲပေါ် လာတင်တဲ့ ထက်ရဲ့ နှုတ်ထွက်စာကိုကြည့်ပြီး ပီတိတွေဖြာနေတာကို မြင်ပြီး စီးကျလာတဲ့မျက်ရည်တွေ ကို လက်ခုံးနဲ့ တချက်သုတ်ကာ ထက် ရုံးခန်းကိုကျောခိုင် ထွက်လာခဲ့တယ်။
" ထွက်သွားလို့" ပါးစပ်က မောင်းမထုတ်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေး အမျိုးမျိုးလုပ်ခဲ့ တဲ့ မမတို့အဖွဲ့၊ ရုံးပိတ်ရက်ပြန်အဖွင့် ဒီမြန်မာ နှစ်သစ်ကူး အပြီးမှာ ထက်ကို ရုံးခန်းကနေ အပြီးမောင်းထုတ်နိုင်ခဲ့ကြတယ်နော်။
( အကယ်၍သာ မမတို့ တဖွဲ့လုံး ရုံးပိတ်ရက် အလည်ခရီးမှာ အက်ဆီဒင့်မဖြစ်ပဲသက်ရှိ ထင်ရှားရှိခဲ့ဦးမယ်ဆိုရင် ထက် အရှုံးပေးပြီးအလုပ်က ထွက်မှာမဟုတ်ဘူးနော်မမ။ အခု တော့ ဒီ ဝိညဉ် ငါးကောင် နဲ့ ဆက်ပြီးပြိုင်ဆိုင်လိုစိတ်မရှိတော့ဘူးလေ။ အရှုံး ပေးနှလုံးအေး နေလိုက်တော့မယ်။ "ထွက်သွားစမ်းပါလို့"ထပ်ပြီး မနှင်ပါနဲ့တော့။
ကျေနပ်ပါတော့ မမ ရယ်)
Credit to Khin Ya Min Tun
ADMIN @_# TH!t P!N
### ကမ္ဘာ့သရဲအခြောက်ဆုံး သဘောင်္ကြီး ( The Queen Mary Haunted Ship ) ###
အမေရိကန် နိုင်ငံမှာ ရှိတဲ့ ခြောက်ခြား စရာနေရာ ၁၀ခုထဲက ထိပ်တန်ဝင် တစ်ခုဖြစ်တဲ့ သရဲပေါင်း ၁၅၀ကျော် ကျက်စား နေတဲ့ သဘောင်္ကြီး The Queen Mary အကြောင်း ဖတ်ကြည့်ပါဦး။
The Queen Mary သင်္ဘော ကြီးဟာ ဒုတိယ ကမ္ဘာစစ် တုန်းက ပို့ဆောင်ရေး သင်္ဘော အနေနဲ့ရော၊ ဇိမ်ခံ သင်္ဘော အဖြစ်နဲ့ပါ ဆယ်စုနှစ် ပေါင်း များစွာ တိုင်အောင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ စစ်ပွဲ ကာလ ရေပြင်မှာ တိတ်တဆိတ် သွားလာ နိုင်ဖို့ မီးခိုးရောင် သုတ်ထားတဲ့ အတွက် မရည်ရွယ် ဘဲနဲ့ သူမဟာ "The Grey Ghost" ဆိုတဲ့ နာမည်ကို ရခဲ့ပါတယ်။ အဲ့အချိန်က The Queen Mary သင်္ဘောဟာ လှိုင်းမူး နေတဲ့ သင်္ဘော သားတွေ၊ စားရမဲ့ သောက်ရမဲ့ ဘ၀ရောက် နေတဲ့ သင်္ဘော ခိုးစီးသူ တွေနဲ့ ချမ်းသာ ကြွယ်ဝတဲ့ အပန်းဖြေ လည်ပတ်သူ တွေကို သယ်ဆောင် ခဲ့ပါတယ်။ ဒီလို သမိုင်း ကြောင်းတွေ ရှိခဲ့တဲ့ အတွက် သင်္ဘောပေါ်မှာ သေဆုံး မှုတွေ (အယောက် ၅၀ လောက်) ဖြစ်ပျက် ခဲ့တာ အံ့သြဖို့ မလိုတော့ ပါဘူး။ တကယ် တော့ သင်္ဘောရဲ့ အစိတ် အပိုင်း တချို့ကို ပြည်သူ လူထု တွေကို ချမပြဘဲ ဖုံးကွယ် ထားရ လောက်အောင်ကို ခြောက်ချား စရာတွေ အများကြီး ရှိနေခဲ့ တာပါ။ သို့ပေမယ့်လည်း သဘာဝလွန် ဖြစ်ရပ်တွေကို စူးစမ်း လေ့လာဖို့ အတွက် အသေ ကောင်တွေ ရှိနေတဲ့ ခန်းမ တွေနဲ့ သင်္ဘော အခန်းငယ် တွေကို ခြောက်ချား ဖွယ် သွားရောက် မှုတွေ ရှိနေဆဲပါ။ ကိုယ်တိုင် လည်း The Queen Mary မှာ တစ်ည လောက် သွား လေ့လာ နိုင်ပါတယ်။ ဒါပေမယ့် ဒီစာကို ဆုံးအောင် ဖတ်ပြီး ရင်တော့ အတွေး တွေ ပြောင်း လောက်မယ် ထင်ပါရဲ့။
သေဆုံးမှု များစွာ ထဲကမှ ပထမဆုံး တစ်ခု ကတော့ The Queen Mary မှာအလုပ် တစ်နေရာ ရဖို့ အသက် လိမ်ခဲ့တဲ့ John Henry ဆိုတဲ့ သင်္ဘောသား ငယ်လေးဟာ မကြာခင်မှာပဲ သင်္ဘော မီးလောင်မှု တစ်ခုကနေ ထွက်ပြေးဖို့ ကြိုးစားရင်း တစ်စုံတစ်ခုနဲ့ ဖိမိပြီး သေဆုံးခဲ့ ရပါတယ်။ အဲနေ့မှာ ဒီလူငယ်လေး အကြွေ စောခဲ့ရတဲ့ အင်ဂျင်ခန်း၁၃ တစ်ဝိုက်မှာ အလင်းရောင် တောက်တောက် တွေနဲ့ တံခါး ခေါက်သံ တွေကို ကြားရပါတယ်။ အင်ဂျင်ခန်း တံခါးကို ကိုင်မိရင် ပူလောင် နေပြီး အလင်းလုံး တွေနဲ့ မီးခိုးတန်း တွေကိုပါ ရောပြီး တွေ့ရတယ် လို့တောင် မှတ်တမ်း တွေထဲမှာ တွေ့ရ ပါတယ်။ The Shinning ဇာတ်ကားထဲက ဇာတ်ကောင် တွေလိုမျိုး ကြောက် စရာ မိန်းမ ငယ်လေး တွေကိုမှ သင်က ကြောက် တတ်တယ် ဆိုရင်တော့ ရေကူးကန် အနီး အနားကို ရှောင်ရှားချင် မိပါလိမ့်မယ်။ တတိယ တန်းက ကလေး မလေး တစ်ယောက် ဟာ လှေကား လက်ရန်း တွေပေါ်ကို လျှောစီး ကစားရင် ပျော်ရွှင်ရ လိမ့်မယ်လို့ ထင်မိဟန် တူပါတယ်။ ဒါပေမယ့် ရုတ်တရက် အားလှိုင်း တစ်ခုက ရိုက် ခတ်လိုက် တဲ့နောက် လမ်းချော်၊ ပြုတ်ကျပြီး ဇတ်ကျိုး ကာ သေဆုံးခဲ့ ရပါတယ်။ အခုတော့ သူမဟာ ကလေး ကစား ခန်းနဲ့ ရေကန် အနီးတ၀ိုက်မှာ သူမအမေ ဒါမှမဟုတ် အရုပ်ကို ရှာရင်း စူးစမ်း သွားလာ နေတယ်လို့ ဆိုရ ပါမယ်။ သူမ တစ်ယောက် တည်း တော့ မဟုတ်ဘူး ပေါ့လေ။ ၃၀ နဲ့ ၆၀ ခုနှစ်တွေမှာ ရေကန်နား ကံဆိုးစွာ သေဆုံး ခဲ့ကြတဲ့ မိန်းမကြီး နှစ်ယောက် ဟာလည်း ရေကန် ပတ်ပတ် လည်မှာ ပုံမှန် တွေ့နေရ တတ်ပါ တယ်တဲ့။
စစ်ပွဲ ဆိုတာ ကြမ်းကြုတ် ရက်စက်မှု တွေကို ယူဆောင်လာ စမြဲပါ။ ဒါပေမယ့် သင်္ဘောပေါ် ပါလာတဲ့ စစ်တပ်က သူ ချက်တာကို မကြိုက်လို့ ဟင်းအိုးထဲ ထည့်ချက် ခံရတဲ့ စားဖိုမှူး တစ်ယောက် အကြောင်း ကြားရ ရင် ဘယ်လို နေမှာပါလိမ့်။ သူတို့က စားဖိုမှူးကို ဟင်းအိုးထဲ သိပ်ထည့်ပြီး အရှင် လတ်လတ် မီးမြိုက် ကြပါတယ်။ သူတို့အတွက် ဟင်း ကောင်းကောင်း မချက် ပေးတဲ့ အပြစ်အတွက် သင်ခန်းစာ ပေးတဲ့ သဘောပါ။ အဲ့ စားဖို မှူးရဲ့ အော်သံ တွေဟာ ဒီနေ့ အချိန်ထိ သူရဲ့ ထိတ်လန့်ဖွယ် သေဆုံး မှုကို ပဲ့တင်ထပ် ဖော်ပြနေ ဆဲပါပဲ။ The Queen Mary ပေါ်မှာ တစ်ည လောက် အိပ်ဖို့ ခုချိန်ထိ သတ္တိရှိ သေးတယ် ဆိုရင်တော့ သင်္ဘော စားပွဲထိုး တစ်ယောက် ကို ငွေပေးပြီး သူနဲ့ ညအတူ အိပ်ဖို့ အမျိုးသမီး ခရီးသည် တစ်ယောက် ရှာခိုင်းတဲ့ လူ တစ်ယောက် အကြောင်း မှတ်တမ်း ရှိပါ သေးတယ်။ သူ့အထုပ် အပိုး တွေကို နေရာချ ပြီးချိန်မှာပဲ အမျိုးသမီး အဖော်ကို တွေ့ပါတယ်။ ဒါနဲ့ပဲ သူတို့ တစ်ညလုံး အတူတူ အပန်းဖြေ လိုက်ကြ ပါတယ်။ မိုးလင်းတော့ ထမင်း စားခန်း ထဲမှာအဲဒီ အမျိုးသားကို မတွေ့ တာနဲ့ သင်္ဘော စားပွဲထိုး တွေက သူ့ကို သွားရှာ ကြရော။ သူတို့ တွေ့လိုက် တာက အမျိုးသမီးရဲ့ အလောင်း ကြီးပါ။ အမျိုးသား ခရီးသည် ကိုတော့ ဘယ်လိုမှ ရှာမတွေ့ ခဲ့ပါဘူး။ သူ့ရဲ့ မှတ်တမ်း မှတ်ရာ တွေရော အထုပ် အပိုး တွေရော မရှိတော့ တာပါ။ သင်္ဘော ပေါ်က လူတွေ ကတော့ ဒီလူနဲ့ ပတ်သက်တဲ့ အထုပ်အပိုး တွေကို သူတို့ သေချာ နေရာ ချခဲ့ပြီး မှတ်တမ်း ကိုလည်း သေချာ ရေးမှတ် ခဲ့တယ်လို့ ကျိန်ပြောခဲ့ ကြပါတယ်။ အဲဒီလူဟာ သွေးတွေနဲ့ ကောလ ဟာလ တွေကို ချန်ထားခဲ့ပြီး ရိုးရိုး လေးပဲ ပျောက်ကွယ် သွားခဲ့ ပါတယ်။
The Queen Mary ဟာလူသေ ၄၉လောင်းရဲ့ အိမ်ဖြစ် ပေမယ့် ပတ်ပတ်လည် မှာလည်း လူသေတွေနဲ့ ၀န်းရံထား တာပါပဲ။ ရန်သူ သင်္ဘော တွေကို ရှောင်ရှားဖို့ ကြိုးစား ရာမှာ သူမဟာ ဘေးက သင်္ဘောရဲ့ လမ်းကြောင်းထဲကို ကွေ့ကောက် ၀င်သွားပြီး နှစ်ပိုင်း ကျိုးလုနီးပါး ဖြစ်စေခဲ့ ပါတယ်။ ဒီဖြစ်ရပ်က လူ၃၀၀ လောက်ကို ရေနစ် သေစေ၊ ဒါမှမဟုတ် ငါးမန်းစာ ဖြစ်စေ ခဲ့ပါတယ်။ The Queen Mary ရဲ့ဘေးဘောင် တွေကို ပဟေဠိ ဆန်ဆန် တဒုံးဒုံး ထုနေတဲ့ အသံတွေဟာ သင်္ဘောပေါ် ပြန်တက်ဖို့ ကြိုးစားနေ သူတွေရဲ့ အချက်ပေး သံတွေလို့ မှတ်တမ်း တွေက ဆိုပါတယ်။ ကိုယ်တွင်း ၀ိညာဉ် ဆက်သွယ်သူ Peter James ကတော့ သင်္ဘော ပေါ်မှာ အမျိုး မတူတဲ့ တစ္ဆေသရဲ ၁၅၀ကျော် လောက်နဲ့ ဆက်သွယ် ဖူးတယ်လို့ ပြောပါတယ်။ သူက နှစ်လကို တစ်ခါ လောက် သင်္ဘော ပေါ် သွားပြီး မကောင်း ဆိုးဝါး တွေနဲ့ ထိတွေ့ ဆက်သွယ် မှုတွေ လုပ်ဖို့ တောင်းဆို ထားပါ တယ်။ အပေါ်က သရဲတွေ အပါအ၀င် ပေါ့လေ။ သေဆုံးမှု ပုံစံ အများအပြား၊ သေဆုံးသူ အများ အပြားကို လေ့လာမှာ ဆိုတော့ သူ့တောင်း ဆိုမှုက ဖြစ်နိုင် ပါတယ်။ ဒီတော့ The Queen Mary သင်္ဘောကြီးဟာ လက်ရှိခေတ် အမေရိကရဲ့ ကြောက်မက် ဖွယ် အကောင်း ဆုံး နေရာ တွေထဲက တစ်ခု ဖြစ်တယ် ဆိုတာ အသေ အချာပါပဲ။
Credit to MYMC
ADMIN @_# TH!t P!N
Sunday, July 31, 2016
သရဲအကြောင်းစုစည်းမှု့ ၎
Subscribe to:
Posts (Atom)