*** ကမ္ဘာကျော် သိပ္ပံပညာရှင် Thomas Edison ***
သောမတ်စ်အယ်လ်ဗာအက်ဒီဆင်ကို ၁၈၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အမရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ မီလန်မြို့
၌ မွေးဖွားခဲ့သည်။ အက်ဒီဆင်သည် ဖခင်ဆမ်မြုရယ်အက်ဒီဆင်ဂျုနီယာ နှင့် မိခင်နန်စီအီလိယက်အက်ဒီဆင်တို့၏ သတ္တမမြောက် ရင်သွေး ဖြစ်ပြီး မောင်နှမများအနက် အငယ်ဆုံးလည်း ဖြစ်သည်။ သူ၏မိဘများမှာ လူလတ်တန်းစား ပညာတတ်များဖြစ်ကြသည်။ အက်ဒီဆင် (၇) နှစ်သား အရွယ်ရောက်သော် ဖခင်မှာ Fort Gratiot စစ်တပ်စာတိုက်တွင် သွားရောက်တာဝန်ထမ်းဆောင်ရသောကြောင့် မိသားစုတစ်ခုလုံး မစ်ရှီဂန်ပြည်နယ်၊ ဟူရွန်ဆိပ်ကမ်း Port Huron သို့ပြောင်းရွှေ့ခဲ့ရလေသည်။
Port Huron တွင် အက်ဒီဆင် ကျောင်းစတက်ခဲ့သည်။ စာသင်ခန်းထဲတွင် အရွယ်အမျိုးမျိုးသော ကျောင်းသား (၃၈) ယောက်နှင့်အတူ ပညာသင်ကြား ရလေသည်။ သူ၏ ဆရာ၊ ဆရာမများက အက်ဒီဆင်အား ဉာဏ်အထိုင်းဆုံးကျောင်းသားအဖြစ် သတ်မှတ်ကြသည်။ နားအကြားအာရုံ ချွတ်ယွင်းမှုကြောင့်အက်ဒီဆင်သည် ကျောင်းသင်ခန်းစာများကို လေ့လာဆည်းပူးရာ၌ အခက်အခဲဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အက်ဒီဆင်ကို ငယ်စဉ်၌ စာသင်ကျောင်းသို့ပို့ရာ အဆင်မပြေသဖြင့် မိခင်ဖြစ်သူက သူ့ကို နေအိမ်မှာပင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ပါတယ်။ သူဖတ်ဖို့စာအုပ်တွေကို သူ၏ မိခင်က ရှာဖွေပေးခဲ့တယ်။ သူ၏မိခင်က ကျမ်းစာသင်ပေးခဲ့သလို ဖခင်ဖြစ်သူက ဂန္ဓဝင်စာပေများကို ဖတ်ရှုရန်တိုက်တွန်းခဲ့ပါတယ်။
သူသည် အသက်(၁၂) နှစ်အရွယ်တွင် Gibbon's Rise And Fall Of The Roman Empire, Sears' History Of The World, and Burton's Anatomy Of Melancholy, The World Dictionary of Science , Esifh Practical Chemistry စာအုပ်တို့ကိုဖတ်ရှုလေ့လာပြီးဖြစ်တယ်။ သူသည် နယူတန်၏ရူပဗေဒနိယာမများ၊ သင်္ချာနှင့် ဓါတုဗေဒ ဘာသာရပ်များကိုလည်း အထူးစိတ်ဝင်စားခဲ့တယ်။ အသက် (၁၄)နှစ်အရွယ် မီးရထားဘူတာရုံ၌ အလုပ်လုပ်နေစဉ် အက်ဒီဆင်၏ဘဝ တစ်မျိုးတစ်မည်ပြောင်းလဲ ရန် အကြောင်းဖန်လာခဲ့တယ်။ မီးရထားလာနေစဉ် ပြေးလွှားကစားရင်း မီးရထားလမ်းပေါ်သို့ ပြုတ်ကျသော မီးရထားရုံပိုင်ကြီး၏ ရင်သွေးတစ်ဦးအား အက်ဒီဆင် ကယ်တင်ခဲ့ရာမှ ရုံပိုင်ကြီးကကျေးဇူးဆပ်သော အားဖြင့် ကြေးနန်းရိုက်နည်းပညာကိုသင်ပေးခဲ့တယ်။ ကြေးနန်းရိုက်နည်း ပညာ တတ်မြောက်ပြီးနောက် ၁၈၆၂ မှ ၁၈၆၈ အတွင်း အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်း၊ တောင်ပိုင်း၊ ကနေဒါနိုင်ငံတို့ နှင့် နယူးအင်္ဂလန် နိုင်ငံများသို့ ကြေးနန်းရိုက်သူအဖြစ် လှည့်လည်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့တယ်။
အက်ဒီဆင်သည် သတင်းပို့သောစာသားများကို အလိုအလျောက် ရိုက်နှိပ်ပေးသည့် ကြေးနန်းရိုက်ကိရိယာကို တီထွင်ခဲ့တယ်။ ၁၈၆၉ တွင် သူ၏တီထွင်မှုဖြစ်သော ကြေးနန်းရိုက်ခြင်းနှင့် စာသားများကို ပုံနှိပ်ပေးခြင်း နှစ်မျိုးစလုံး အသုံးပြုနိုင်သော စက်ကိရိယာမှာ တိုးတက်ကောင်း မွန်လာပြီး အမြောက်အများ တီထွင်ထုတ်လုပ်လာရသောကြောင့် အက်ဒီဆင် သည်အလုပ်မှထွက်ကာ စီးပွားဖြစ်တီထွင်ခြင်း ကို အချိန်ပြည့်လုပ်ကိုင်ခဲ့ ပါတယ်။ တစ်နှစ်အတွင်းမှာပင် နယူးယောက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နယူးဂျာစီရှိ နယူးဝပ်ခ်တွင် သူ၏အလုပ်ရုံကို ထပ်ဖွင့်နိုင်ခဲ့တယ်။ Edison Universal Stock Printer, the automatic telegraph တို့အပြင် အခြားပုံနှိပ်ကြေးနန်းစက်များကိုလည်း နယူးဝပ်ခ်တွင် တီထွင်ထုတ်လုပ် နိင်ခဲ့တယ်။ ထိုအချိန်ကာလတွင်ပင် အက်ဒီဆင်သည် Mary Stilwell နှင့် လက်ထပ်ခဲ့တယ်။ ၁၈၇၅တွင် အက်ဒီဆင်သည် စီးပွားရေးအကျပ် အတည်းကို စတင်ရင်ဆိုင်စပြုလာရပြီး ဓါတ်ခွဲခန်းအသစ်တစ်ခုနှင့် စက်ပစ္စည်းအလုပ်ရုံတစ်ခု တည်ဆောက်ပေးရန် သူ၏ဖခင်အား အကူအညီတောင်းခံခဲ့ပါတယ်။
၁၈၇၆ ခုနှစ် မတ်လတွင် အလုပ်ရုံ အသစ်သို့ပြောင်းရွှေ့ခဲ့ပြီး သူ၏လုပ်ငန်း စပ်တူရှယ်ယာများဖြစ်သော Charles Batchelor နှင် John Kruesi တို့နှင့်အတူ အလုပ်လုပ်ခဲ့ပါတယ်။ ထိုဓါတ်ခွဲခန်းတွင် အက်ဒီဆင်သည် အကြီးမားဆုံးသော အောင်မြင်မှု ကိုရရှိခဲ့ပြီး Wizard of Menlo Park ဟူသော ဘွဲ့ထူး၊ ဂုဏ်ထူးကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၈၇၇ တွင် အက်ဒီဆင်သည် တယ်လီဖုန်းစကားပြောခွက်နှင့် စပီကာတို့တွင် ယခုလက်ရှိ အချိန်ထိတိုင်အောင် အသုံးပြုနေဆဲဖြစ်သော carbon-button transmitter ကို တီထွင်ခဲ့ပါတယ်။ ထိုနှစ်ဒီဇင်ဘာလတွင်ပင် သံဖြူသတ္တုပြား ဓါတ်စက်ကိုလည်းတီထွင်နိုင်ခဲ့ပါတယ်။
၁၈၇ဝ နှစ်များနှောင်းပိုင်းကာလများတွင် J.P Morgan, the Vanderbilts နှင့် အက်ဒီဆင်တို့သည် အက်ဒီဆင်လျှပ်စစ်မီးကုမ္ပဏီ (Edison Electric Light Company) ကိုတည်ထောင်ခဲ့ကြပါတယ်။ ၁၈၇၉ တွင် အက်ဒီဆင် တီထွင်သောလျှပ်စစ်မီးသီးကို ပြည်သူလူထုထဲတွင် ဖြန့်ချိနိုင်ခဲ့ပါတယ်။ ၁၈၈၂ တွင် မက်ဟက်တန် central power system ကို ကြီးကြပ်ပေး ရတယ်။ ၁၈၈၃တွင် အက်ဒီဆင်၏ အင်ဂျီနီယာ တစ်ဦးဖြစ်သော William J.Hammer က electron tube ကိုစူးစမ်းရှာဖွေတွေ့ရှိခဲ့လေတယ်။ ထိုရှာဖွေတွေ့ရှိမှု ကို Edison effect ဟူ မူပိုင်ခွင့်ပြုလုပ်ခဲ့သည်။ အက်ဒီဆင်သည် စီးပွားရေးဈေးကွက်အတွက် ဓါတ်စက်များ၊ Kinetoscope , batteries, electric pen, mimeograph , microtasimeter တို့ကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၁၃ တွင် အက်ဒီဆင်သည် ပထမဦးဆုံး အသံထွက်ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်နိုင်ခဲ့တယ်။ ၁၉၁၅ တွင် US Navy Consulting Board ၏ ဥက္ကဋ္ဌ အဖြစ်ရာထူးခန့်အပ်ခြင်းခံခဲ့ရတယ်။ အက်ဒီဆင်သည် တီထွင်မှုပေါင်း(၁၀၀ဝ)ကျော်ကို မူပိုင်ခွင့် ရခဲ့လေသည်။
အက်ဒီဆင်၏တီထွင်မှုများသည် လိုအပ်ချက်အရ နည်းပညာအသစ်များဖြင့် တီထွင်မှုများ ဖြစ်သကဲ့သို့ ရှာဖွေစမ်းသပ်ရင်း မတော်တဆတွေ့ရှိမိသော တီထွင်မှုများလည်း ပါဝင်ပေသည်။ သောမတ်စ်အယ်လ်ဗာအက်ဒီဆင်သည် နယူးဂျာစီ ပြည်နယ် West Orange ၌ ၁၉၃၁ ခုနှစ်၊ အောက်တိုဘာလ (၁၈ )ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ အက်ဒီဆင်၏တီထွင်မှုများသည် ယနေ့ခေတ် မျက်မှောက်ကာလ လူ့အဖွဲ့အစည်းအတွက် အလွန် အကျိုးကျေးဇူးများလှပေသည်။
[REFERENCE & CREDITS]
Article Translated & Adjusted By,
Myo Ko
Digital Social Media Team
EMG Marketing Group
Reference: Internet
Copy from :
https://m.facebook.com/story.php?story_fbid=143493596053486&id=100011785380281
Credit : ကျောင်းလွယ်အိတ်
Myo Ko 14/4/2016
Saturday, July 16, 2016
သောမက်အကါဒီဆင် အကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment