အေဗရာဟင်လင်ကွန်း(Abraham Lincoln)
အေဗရာကို အဖ သောမတ်စ်လင်ကွန်း၊အမိ
နန်စီတို့မှ ၁၈၀၉ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။
အေဗရာမှာ ဆာရာလို့ခေါ်တဲ့ အမအရင်းတစ်ယောက်ရှိပါတယ်။
ကျန်မောင်နှမတွေကတော့.. အေဗရာ၈နှစ်သားအရွယ်မှာ သူ့အမေရင်းဆုံးသွားပြီး အမေရင်းနေရာရောက်လာတဲ့ အမျိုးသမီးနဲ့ပါလာတဲ့ကလေးတွေပါ။(အမေအရင်းမဟုတ်ပေမယ့် အရမ်းစိတ်ထားကောင်းတဲ့အမျိုးသမီးတစ်ဦးပါ)
ဆင်းရဲလွန်းတဲ့သစ်လုံးအိမ်လေးထဲမှာနေရတဲ့
လင်ကွန်းဟာ ငယ်ငယ်လေးကတည်းက ကစားစရာဆိုတာ ဘာလဲတောင်မသိခဲ့ပါဘူး။ဒါပေမယ့် စာဖတ်နိုင်တဲ့ သူ့အမေကတော့ သမ္မာကျမ်းစာထဲက ပုံပြင်တွေဖတ်ပြပြီး၊စာဖတ်တတ်အောင် သင်ပေးခဲ့တာပါ။
အဲ့ဒီ့အချိန်ကာလမှာ စာဖတ်သူတွေရှားပါးပြီး စာဖတ်တတ်လို့ အကျိုးရှိတယ်ဆိုတာ မတွေးခဲ့ကြပါဘူး။
လင်ကွန်းဟာ ငယ်ငယ်ကတည်းက ဇွဲကြီးသည်။အလုပ်လုပ်တာသွက်လက်ပြီး လျှင်မြန်တယ်။ဖခင်ကိုအမြဲကူညီပြီး၊ မိခင်မှာကြားခဲ့တဲ့ ဆုံးမစကားတွေကို အမြဲနားထောင်တတ်တယ်။အသက်၁၅နှစ်အရွယ်မှာ ကျောင်းပြီးခဲ့ပါတယ်။
အေဗရာဟင်လင်ကွန်းဟာ သူ့အဖေလို လယ်သမားမဖြစ်ချင်ပါဘူး။ဒါကြောင့် အသက်၂၁အရွယ်မှာ အိမ်ကထွက်လာခဲ့ပါတယ်။
နယူးဆလမ်းမြို့ငယ်လေးမှာအရောင်းစာရေးအနေနဲ့ အလုပ်ဝင်လုပ်ပြီး မြို့တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး စကားရည်လုပွဲအဖွဲ့တွေမှာလည်းပါဝင်ခဲ့ပါတယ်။မြို့နယ်တရားရုံးတွေ့ဆုံမှုတွေကိုလည်းသွားရောက်ခဲ့ပါတယ်။လင်ကွန်းဟာကောင်းမွန်တဲ့ကိုယ်စားလှယ်ဖြစ်အောင်ဥပဒေကို ပိုပြီးလေ့လာခဲ့ပါတယ်။ဥပဒေလိုင်စင်ရရှိတဲ့အထိ ကိုယ်တိုင်သင်ယူနိုင်တဲ့လူငယ်တစ်ယောက်ပါ။
အဲ့ဒီ့ခေတ်အချိန်အခါတုန်းက ကျွန်စနစ်ဆိုတာရှိသေးတယ်။လင်ကွန်းဟာ လူမည်းတွေကို ကျွန်ဖြစ်သင့်တယ်လို့ မထင်ခဲ့သလို လူမည်းအများစုဟာ နိုင်ငံအသစ်ကို မရွှေ့ပြောင်းချင်ဘဲ သူတို့ကိုယ်ပိုင်နိုင်ငံမှာပဲ အခွင့်အရေးရချင်တာကို အစောကတည်းက နားလည်သဘောပေါက်ခဲ့ပါတယ်။လင်ကွန်းကို ပြည်သူကတင်မြှောက်တဲ့ ပြည်သူ့အစိုးရပါ။
လင်ကွန်းသမ္မတဖြစ်လာပြီးနောက် တိုက်ပွဲတွေရပ်ဆဲစေလိုပြီး ကျွန်တွေဘက်က ရပ်တည်ခဲ့ပြီး ၁၈၆၃၊ဇန်နဝါရီလ ၁ရက်နေ့မှာ ကျွန်တွေလွတ်မြောက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
လူမည်းသုံးသန်းကျော်ဟာ သူတို့ရဲ့ လွတ်လပ်ခွင့်ကိုပြန်ရခဲ့ပါပြီ။
ပထမအကြိမ်သမ္မတသက်တမ်းကုန်ဆုံးပြီး ဒုတိယသမ္မတသက်တမ်းလည်း ထမ်းဆောင်သွားပါတယ်။
၅၆နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
-၁၈၀၉-၁၈၆၅
Crd-op
Credit : ကျောင်းလွယ်အိတ်
Saturday, July 16, 2016
အေဗရာဟင်မ် လင်ကွန်း အကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment