လူတစ်ယောက်ဟာ ခါတိုင်းလိုပဲ အလုပ်များတဲ့အတွက်အိမ်ပြန်နောက်ကျပြန်ပါတယ်။
စိတ်ဖိစီးမှုများပြီး ပင်ပန်းလာတဲ့အတွက် အိမ်တံခါးဝမှာစောင့်နေတဲ့ ၅နှစ်အရွယ် သားကိုတောင် ကောင်းကောင်းနှုတ်မဆက်နိုင်ပဲ အိမ်ထဲကိုဝင်ခဲ့တယ်။
သားဖြစ်သူက နောက်ကလိုက်လာပြီး မေးလိုက်တယ်။
"ဖေဖေ သားတစ်ခုလောက်မေးလို့ရမလား"
"ရတာပေါ့ သားရဲ့"
"ဖေဖေတစ်နာရီ အလုပ်လုပ်ရင် ငွေဘယ်လောက်ရလဲ သိချင်လို့"
အဖေဖြစ်သူက ငွေအကြောင်းမေးတဲ့သားရဲ့စကားကြောင့် ထောင်းကနဲဒေါသ ဖြစ်သွားပြီး
"ဒါ ကလေးမေးစရာ ကိစ္စလား"
"သားကို ဘယ်သူမေးခိုင်းတာလဲ" ဆိုပြီး အဖေဖြစ်သူက အော်ငေါက် လိုက်ပါတယ်။
"သားသိချင်လို့ပါ ဖေဖေရယ် သားကို ပြောပြပါ" ကလေးဟာ တောင်းပန်ပြီးမေးရှာတယ်။
"တစ်နာရီကို ဒေါ်လာ၂၀ရတယ်"
"သားဘာလုပ်ဖို့လဲ"
"အိုး ဟန်ကျလိုက်တာ"
ကလေးဟာ ခါလေးကိုညွတ်ပြီး
"သားကို (၁၀)ဒေါ်လာလောက်ချေးပါလား ဖေဖေ"
"နောက်ဆုံးကျတော့ ငါ့ကို မင်းလိုချင်တဲ့အရုပ်ဝယ်ပေးဖို့ ပြောနေတဲ့ စကားတွေပါပဲလား"
"ဒီကလေးဟာ အလိုက်ကိုမသိဘူး"
"အဖေက အလုပ်မှာ ပင်ပန်းလို့ စိတ်ရှုပ်နေတာကို"
"သွားသွား ကိုယ့်ဟာကိုယ် သွားအိပ်တော့"
အဖေဖြစ်သူဟာ ကလေးကို ဆူပြီး အိပ်ခိုင်းလိုက်ပါတော့တယ်။
သားဖြစ်သူဟာ တိတ်ဆိတ်စွာနဲ့ အိပ်ယာဝင်သွားခဲ့တယ်။
အလုပ်တွေလုပ်ပြီးတဲ့အခါ ဖခင်ဖြစ်သူဟာ သူ သားကို ပြောလိုက်တာ လွန်သွားပြီဆိုတာသိတဲ့အတွက် ပြန်ချော့ဖို့အတွက် သူ့သားရဲ့ အခန်းထဲဝင်ပြီး
"အိပ်နေပြီလား သား" အဖေက မေးလိုက်တယ်။
"မအိပ်သေးပါဘူး ဖေဖေ" သားဖြစ်သူကလဲပြန်ဖြေတယ်။
"ဖေဖေသေချာစဉ်းစားနေတာ"
" စောစောက သားမေးတာကို ဖေဖေပြန်ဖြေတုန်းက စကားပြောတာ နည်းနည်းမာသွားတယ်"
"ဖေဖေလဲ ဒီရက်ပိုင်း အလုပ်တွေများတယ် သားရယ်"
"ဒီမှာ သားချေးတဲ့ ဒေါ်လာ (၁၀)"
"အိုး အရမ်းကျေးဇူးတင်ပါတယ် ဖေဖေ"
သားဖြစ်သူဟာ သူ့ခေါင်းအုံးအောက်က ဒေါ်လာတစ်ဆယ်တန်တရွက်ကို ထုတ်လိုက်တယ်။
"ဟင် သားမှာ သုံးစရာပိုက်ဆံရှိရက်သားနဲ့ ဘာလို့ဖေဖေ့ဆီက ချေးရတာလဲ သား"
"သားလိုချင်တာဝယ်ဖို့ သားမှာရှိတာနဲ့ မလောက်လို့ ဖေဖေရ"
"ခုတော့လောက်သွားပါပြီ"
"သားကို ဖေဖေ့အချိန်ထဲက တစ်နာရီလောက်ရောင်းပါဖေဖေ"
"ဒီမှာ ဒေါ်လာ ၂၀"
"မနက်ဖြန်သားမွေးနေ့မှာ ဖေဖေနဲ့အတူ ညစာစားချင်လို့ တစ်နာရီလောက်စောပြီး ပြန်ခဲ့ပေးပါလား ဖေဖေ"
source: academic tips
- မှတ်စုကြမ်း #nayaung
အရှုံး ဟူသည် မိမိကသာ ဆုံးဖြတ်တဲ့အရာ
*****************************
မင်္ဂလာပါ ဗျာ့ ကျနော်နာမည် ဒဲရစ်ရက်ဒ်မွန် ( Derek Redmond ) ပါ။
ကျနော်ဟာ အင်္ဂလန်နိုင်ငံသား အပြေးသမား
တစ်ဦး ဖြစ်ပါတယ်။ ကျနော့် ဘဝရဲ့ မမေ့နိုင်
တဲ့ အဖြစ်အပျက်တစ်ခု ကို ပြောပြချင်ပါတယ်
ဒီအကြောင်းကို ဂျက်ခ်လက်တာ ( Jack Later ) ဆိုသူ က ခံစားရေးဖွဲ့ပြီး အင်တာနက်
ပေါ် တင်ခဲ့ဘူးပါတယ်။ သူက စာရေးဆရာ ဆိုတော့ အရေးအသား ကောင်းပြီး နာမည် ကျော် ခဲ့ပါတယ် ။ အခုလည်း သူရေးသား ထားတဲ့ အတိုင်း ဖတ်ကြည့်ပေးပါ ဗျာ။
၁၉၉၂ ခုနှစ် အိုလံပစ်ပွဲ ကို စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ ကျင်းပခဲ့ ပါတယ်။ ဒီ အိုလံပစ်ပွဲတော် ကြီး မှာ အမျိုးမျိုးသော အားကစား ပြိုင်ပွဲ များ အနက် မီတာ ၄၀၀ အပြေးပြိုင်ပွဲ မှ အပြေးသမား တစ်ဦး အကြောင်းကတော့ ပြောစမှတ် တွင်ခဲ့ပါတယ်
သူ့ နာမည်က ဒဲရစ် ရက်ဒ်မွန် ပါ ။ ဒဲရစ်ဟာ
ပြိုင်ပွဲ စမခင် ကတည်းက အိုလံပစ်ရွှေတံဆိပ်
ကျိန်းသေ ရမယ် လို့ တစ်ပေးထားခြင်း ခံရ သူဖြစ်ပါတယ်။
တစ်ကယ့် ပြိုင်ပွဲ နေ့မှာလည်း အားလုံးက မျှော်လင့်ချက် ကြီးစွာဖြင့် သူ့ ကို စောင့်ကြည့်
နေခဲ့ ကြပါတယ်။
ပြိုင်ပွဲ က တာထွက်ပါပြီ။ ဒဲရစ် က ရှေ့က ဦးဆောင်လျက့့် မီတာ ၄၀၀ တစ်ဝက်ကျိုး
ခါနီး မီတာ ၁၅၀ လောက်မှာ ဒဲရစ် ရဲ့ ခြေထောက်က စူးစူးဝါးဝါး နာကျင်မှု ကို ခံစား
လိုက်ရပြီး နာကျင်မှု မျက်ရည် များနှင့် အတူ
ပြေးလမ်း ပေါ်ကို လဲကျ ခဲ့ပါတယ်။
သူ သိလိုက်ပါပြီး သူ့ရဲ့ ဒူးကောက်ကြောက
ကြွက်သားတွေ စုတ်ပြတ်ပြီး ပျက်စီး သွားကြောင်း ကို့
ဒါပေမယ့် သူ ဟာ လက်လျော့ဖို့ စိတ်ကူးမရှိ ပဲ ပန်းတိုင်ရောက်အောင် ပြေးဖို့ ဆုံးဖြတ်ချက် ချ ကာ ခြေထောက်တစ်ဖက်
ထော့နင်းထော့နင်း နဲ့ ဆက်ပြေးခဲ့ပါတယ်။
အဲဒီ အချိန်မှာပဲ လုံခြုံရေး အတားအဆီးများ
ကို ကျော်ဖြတ်ပြီး သူ့ ပြေးလမ်းနား ရောက် လာပါတယ် ။ ထိုသူ ကတော့ သူ့ အဖေ ပါပဲ။
" သား မင်းဆက်ပြေးလို့ မဖြစ်တော့ဘူးလေ"
လို့ သူ့ အဖေက ပြောတော့
" ကျနော် ဆက်ပြေးမှ ဖြစ်မယ် အဖေ " လို့
နာကျင်မှု ကြားက ပြန်ပြော ခဲ့ပါတယ်
" အေး ကောင်းပြီ့ ဒါဆို အဖေ ကူညီတွဲ ပြီး
သား အဖ နှစ်ယောက် အတူတူ ပြေးကြမယ်"
ဆိုကာ ဆက်ပြေး ခဲ့ကြပါတယ်။ ပွဲကြည့်သူ
ပရိဿတ်အပေါင်းက လည်း စူးစမ်းတဲ့ အကြည့်များစွာ နဲ့ ပေါ့
ပန်းတိုင် အနားနီး လာတော့ သူ့ အဖေက သူ့ သားတစ်ဦး တည်း ပန်းဝင်ပါစေ ဆိုပြီး ပြေးလမ်းမှဖယ်ခွာသွားသလိုဒဲရစ်
တစ်ယောက် လည်း ပြိုင်ပွဲ မှ အသိအမှတ် မပြုပေမယ့် ပန်းဝင် အောင် ပြေးခဲ့ပါတယ်။
ပြိုင်ပွဲ ကို လာရောက်ကြည့်ရူ အားပေးတဲ့
ပရိဿတ် ပေါင်း ၆၅၀၀၀ ကျော်က လည်း
အားလုံး မတ်တတ်ရပ်ပြီး ဒဲရစ် ကို ဂုဏ်ပြု
လက်ခုပ်သံများ နဲ့ ချီးမြှင့် ခဲ့ကြပါတယ်။
" မင်းသာ အရှုံးမပေး ဘူးဆိုရင့့် မင်းဘယ်တော့ မရှုံး ဘူ့း့ ဟေ့ "
တစ်ကယ်တော့ ကျနော်တို့ တစ်တွေ ဟာလည်း အရှုံးဆိုတာ မိမိ ကိုယ်တိုင် ရှုံးပါ
ပြီ ဟု ခံယူ လိုက်မှသာအရှုံးလို့ ဖြစ်လာတာပါ
အများအမြင် က ဘယ်လိုပဲ နေနေ မိမိစိတ်ထဲ
မှာ တော့ ဘယ်တော့မရှုံး ဘူး ဆိုသော အသိ
တစ်ခု ရရှိ လိုက်မိပါတယ် ဗျာ။
#kazaw
မှ တ် စု ကြ မ်း
Ref : When you don't give up ,
You cannot Fail ! by Jack Later.
❆ အတွေးများနှင့်စပ်၍ ❆
__________________
ဒီနေ့မှတ်စုကြမ်းမှာ
#Kazaw က……
"မှန်ကန်သော စကားများဟု ဆိုဖွယ်ရှိသော"
ဆိုတဲ့ Post လေးကိုရေးထားတာ
ဖတ်မိတဲ့အစမှာဘဲ
သင် ၏ အတွေးများကို ထိန်းချုပ် ဖို့
မသင်ကြားခဲ့ လျှင့့်
သင် ၏ အပြုအမူ များကို ထိန်းချုပ်ဖို့
သင်ယူ ရန် ခက်ခဲ ပါလိမ့် မည်……
ဆိုတာလေးကိုတွေ့မိတော့
အတွေးဆိုတာဘာလည်း…?
ဘယ်နှစ်မျိုးရှိသလည်း…?
အတွေးကိုဘယ်လိုထိန်းချုပ်မလည်း…?
အတွေးကိုမထိန်းချုပ်ရင်ဘာဖြစ်မလည်း…?
ဆိုပြီးအမေးတွေပေါ်လာတဲ့နောက်
အဖြေကိုစဉ်စားနေမိတယ်
အတွေးဆိုတာက ကြံစည်ခြင်းဘဲ
ကြံစည်ခြင်းဆိုတာကို ပါဠိစာပေမှာ
"ဝိတက်"လို့သုံးတယ် ဝိတက်ဆိုတာ
ကျယ်ပြန်လွန်းတဲ့အဓိပ္ပါယ်တွေရှိတာမို့
မနိုင်တော့တဲ့အခါစာအုပ်တွေပုံပြီး
ရှာတာပေါ့
အနုဋီကာစာ(261)မှာ
ကောင်းစွာကြံစည်ခြင်း
မှားယွင်းစွာကြံစည်ခြင်း …ဆိုပြီး
နှစ်မျိုးတွေ့ပေမယ့်အကျယ်ကိုသိလိုလို့
ရှာဖွေတဲ့အခါ
မဟာနိဒ္ဒေသပါဠိတော်(402)မှာ
ကြံစည်ခြင်း(၉)မျိုးလို့ရှိနေတဲ့အတွက်
ဗဟုသုတအလို့ငှာရေးပေးပါမယ်
နှစ်သက်ရင်ယူပေါ့ဗျာ
1-ကာမဝိတက်
ကာမဂုဏ်နှင့်စပ်၍ကြံစည်ခြင်း
(ဝတ္ထုကာမ ကိလေသာကာမချဲ့တွေးဗျာ)
2-ဗျာပါဒဝိတက်
ဖျက်ဆီးခြင်း၌ကြံစည်ခြင်း
3-ဝိဟိံသာဝိတက်
ညှင်းဆဲခြင်း၌ကြံစည်ခြင်း
4-ဉာတိဝိတက်
ဆွေမျိုးဉာတိတို့နှင်းစပ်၍ကြံစည်ခြင်း
5-ဇနပစ္စဝိတက်
ဇနပုဒ်နှင့်စပ်၍ကြံစည်ခြင်း
6-အမရာဝိတက်
အမရာမည်သောငါးကဲ့သို့ အတည်တကျမရှိဘဲ ကြံမိကြံရာကြံစည်ခြင်း
7-ပရာနုဒယတာပဋိသံယုတ္တဝိတက်
သူတစ်ပါးတို့အားသနားကြင်နာခြင်းနှင့်
ယှဉ်စပ်သောကြံစည်ခြင်း
8-လာဘသက္ကာယသိလောက
ပဋိသံယုတ္တဝိတက်
လာဘ်ပူဇော်သက္ကာယအကျော်စောနှင့်
ယှဉ်စပ်သောကြံစည်ခြင်း
9-အနဝညတ္တိပဋိသံယုတ္တဝိတက်
မထီမဲ့မြင်မအောက်မေ့စေခြင်းနှင့်
စပ်သောကြံစည်ခြင်း
စတဲ့(၉)မျိုးကိုတွေ့မိပါတယ်
တစ်ခုချင်းစီရှင်းမယ်ဆိုအတော်များပြား
နေမှာမို့
အမရာဝိတက်နဲ့ပါတ်သက်တဲ့
မှတ်သားဘူးတဲ့ပုံပြင်တစ်ပုဒ်ကို
ပြောပြပါမယ်
တခါက
တောရွာတစ်ခုမှချမ်းသာတဲ့
တောသူဋ္ဌေးတစ်ယောက်ရှိတယ်
သူမှာကလှပတဲ့သမီးတစ်ယောက်
ရှိပါတယ်
အဲသည်သမီးအရွယ်ရောက်တဲ့အခါ
ရွာက ကာလသားတွေက
ပိုးပန်းကြတာပေါ့ဗျာ
ဒါပေမယ့်အဲဒီကာလသားတွေကို
သူကသဘောမကျပါဘူး
ဘာဖြစ်လို့သဘောမကျသလည်းဆို
ရွာကကာလသားတွေဟာ
အလုပ်နဲ့လက်နဲ့မပြတ်လုပ်ကြပေမယ်
စဉ်းစားတွေးခေါ်ကြတာနည်းကြတယ်လို့
ထင်လို့ပါ
ဟုတ်တော့ဟုတ်ပါတယ်
တောသူတောင်သားဆိုတာက
မိုးကိုမျှော်ပြီး ပျိုးထောင် ပျိုးနှုတ် ကောက်စိုက် ရိပ်သိမ်း စတာတွေနဲ့
မအားကြသလို လယ်ယာနားပြန်တော့
ထင်းခွေ ရေခပ် နွားကျောင်းနဲ့
နောက်တစ်ရာသီရောက်တဲ့အခါ
လယ်ယာခွင်ကိုပြန်ဝင်နဲ့
အလုပ်ကဇယ်စပ်နေတော့စဉ်းစားစရာ
အချိန်မရှိသလို စဉ်းစားဖို့မလိုတဲ့
သမားရိုးကျအလုပ်တွေဆိုတော့
မစဉ်းစားကြဘူးပေါ့ဗျာ
ဒါတွေမကြိုက်တဲ့တောသူဋ္ဌေးက
စဉ်းစားတွေးတော့ကြံစည်ပါတယ်
အင်းး
ဒီအတိုင်းတော့မဖြစ်ဖူး
ဘာမှအစဉ်းစားအဆင်ခြင်မရှိတဲ့
ရွာသားတွေနဲ့ငါ့သမီးညားတော့မယ်
မညားအောင်စဉ်းစားတတ်တဲ့
သားမက်တော့ငါရှာမှဖြစ်မယ်လို့စဉ်းစားပြီး
သားမက်အရှာထွက်ပါတယ်
ရွာတစ်ရွာအရောက်မှာ
အိမ်ရှေ့ခါးပြင်မှာထွက်ပြီးစဉ်းစားနေပုံရတဲ့
လူငယ်တစ်ယောက်ကိုတွေ့ပါတယ်
စဉ်းစားနေပုံဆိုတာက
Post ပါပုံကမျောက်လိုမေးစေ့လေး
ကိုင်ပြီးစဉ်းစားနေတာပေါ့ဗျာ
တောသူဋ္ဌေးလည်းနေရာကျပြီဆိုပြီး
စဉ်းစားနေတဲ့လူငယ်ကိုအကဲခတ်တာ
တစ်လလောက်အကြာမှာမဆိုးဘူးဆိုပြီး
အိမ်ကိုခေါ်သမီးနဲ့ပေးစားလိုက်တာ
သမီးနဲ့ပေးစားပြီးလည်းလူငယ်ဟာ
အိမ်ရှေ့ထွက်ပြီးစဉ်းစားမြဲ
သူဋ္ဌေးကလည်း
အေး…ငါ့သမက်စဉ်းစားကွလို့
အားပေးမြဲနဲ့
နှစ်တွေကြာလာတော့
အိုမင်းမစွမ်းဖြစ်လာတဲ့ တောသူဋ္ဌေးက သူ့သားမက်ဘာတွေဘယ်လောက်
စဉ်းစားနေလို့သူ့စဉ်းစားချက်ကို အကောင်အထည်မဖေါ်သေးတာလည်းလို့
သိချင်လာတာနဲ့
ငါ့သားမက်မင်းဘာစဉ်းစားနေတာလည်း
တော်တော်ခက်ခဲနေပုံရတယ်ငါ့ကိုပြောပါ
ငါလည်းကူစဉ်းစားမယ်လို့ပြောတော့
သားမက်ဖြစ်သူက
ကျနော်စဉ်းစားနေတာက
ကျနော်ရဲ့မုတ်ဆိပ်တွေဟာ
ကျနော်ဆံပင်တွေရဲ့အမြစ်တွေလားလို့
စဉ်းစားနေတာ ဒီနေ့ထိအဖြေမရလိုပါတဲ့
အေးရောဗျာ
တောသူဋ္ဌေးဟာ
အတွေးကိုထိန်းချုပ်ဖို့မကြိုးစားတဲ့အတွက်
အတည်တကျမရှိကြံမိကြံရာကြံတတ်တဲ့
အမရာဝိတက်သားမက်နဲ့
နှစ်ပါးသွားလိုက်ရခြင်းပါ
(မှတ်စုကြမ်းကသမီးရှင် Admin တွေ
သတိထားပေါ့ဗျာ……)
ကျနော်ကတော့
ဒီ Post ကိုအဆုံးသတ်ဖို့
တွေးမရသေးလို့တွေးလိုက်ပါဦးမယ်
မိတ်ဆွေတို့လိုတာရှိယူသွားပါ
မနှစ်သက်ရင်ကျော်သွားပါ
ဖတ်ပေးတာတော့
ကျေးဇူးပါဗျာ
-မှတ်စုကြမ်း #AungOo
Saturday, July 30, 2016
ရသစုံ 3
Subscribe to:
Post Comments (Atom)
No comments:
Post a Comment