Thursday, July 7, 2016

Telenor One Week Free Funny

Telenor က တစ်ပတ် Free ပေးမယ်ပြောပြီး
အပြည့်မပေးခြင်း အပေါ် ကျော်ကြားသူ များရဲ့သုံးသပ်ချက်။

အကြည်တော်
===========
Free တစ်ပတ်ပေးမယ်ဆိုကတည်းက
ရင်မခုန်တတ်တော့ဘူး။
နောက်ဆုံး ရည်းစားဟောင်းတွေလိုပဲ
မျှော်မှန်းတဲ့ အချိန်မတိုင်ခင် ထားခဲ့မှာ သိတယ်။

ဂျူး
===
ကျမတို့မိန်းမသားတွေဟာ Telenor က တစ်ပတ် Free
ပေးတိုင်း ရှင်တို့အထင် သုံးမည်ဟု ထင်ကောင်းထင်နိုင်ပါရဲ့။
သို့သော် နောက်ကွယ်က သစ္စာတရားက အချိန်မတိုင်ခင်
ပျောက်ကွယ်သွားမည်ဟု သံသယဝင်မိခဲ့သောကြောင့် မသုံးဖြစ်ခဲ့ပါ။

တက္ကသိုလ်ဘုန်းနိုင်
==============
တယ်လီနော၏ free ပေးခြင်းသည် အသုံးဝင်၏
အင်တာနက်အဝိုင်းကလေးများသည်လဲ
ပန်းရနံ့လို လျှင်မြန်ခြင်း နှင့် အံ့သြဖွယ်..
လေးရက်တာ အသုံးဝင်မှုတော့ ရှိခဲ့လေ၏ ။
သြော် ... လုပ်ရက်ပါပေ့ တယ်လီနောရယ်။

တာရာမင်းဝေ
==========
မဟုတ်ပဲ တစ်ပတ် free မပေးပါနဲ့
မဟုတ်ပဲ ပေးရင်
User အတွက် နစ်နာတယ်။

ပုညခင်
======
တယ်လီနောက Free က တစ်ပတ်မဟုတ်ပါဘူး...မောင်...။

ခင်လှိုင်
======
အပြည့်မပေးမှန်းသိတယ်
ဒါမဲ့ကျနော်မပြောပါဘူး
လေးရက်လောက် Free သုံးခဲ့ရလို့... ။

ကောင်းထက်ဇော် (မိသားစုပြိုင်ပွဲ)
=======================
တစ်ပတ် Free လို့ပြောပါတယ်..
ပရိတ်သတ်အယောက်တစ်ရာရဲ့..အဖြေ......က
လေးရက်ထဲပါတဲ့ ခင်ဗျာ ... ။

လွှမ်းပိုင်
======
မင်းလဲ အိုကေ ငါလဲ အိုကေ ...
တယ်လီနောက message ထဲ စာဝင်လာပြီ ပြေး..ပြေး..ပြေး.
(အမလေး တစ်ပတ်မဟုတ်တော့ဘူးတဲ့ ရှင်....)

ပေါ်ပင်သမားများ
============
တယ်လီနောက တစ်ပတ်ဆိုပေမဲ့
လေးရက်ထဲ ပေးသွားတာကို ညေးးး
နားလည်အောင်ရှင်းပြလို့မရဘူး။

Meme လုပ်သူများ
==============
Free ကို တစ်ပတ်ပေးတာ မင်းအပြစ်မဟုတ်သေးဘူး။
တစ်ပတ်မဟုတ်ပဲ လေးရက်ထဲပေးရင်တော့
မင်းအပြစ်ဖြစ်သွားပြီ။

Celeများးး
========
ဖတ် ... ဖတ် ...ဖတ်
တစ်ပတ်ပေးမယ်ပြောပြီး လေးရက်ပဲ ပေးတဲ့ telenor ကို
(စွန်း မုန်းတာပဲ သက်လား)

ဖိုးတစ်ခေတ်
=========
အိမ်းးး
သာဝကထီးတို့ သာဝကမတို့
Telenor ကို အဘက တစ်ပတ် free မပေးခိုင်းပဲ
လေးရက်ပဲ ပေးရန် မိန့်ကြားလိုက်တာကွဲ့
#အာရုံဖြင့်မိန့်သည်။

#ကျနော် (အရက်သမား)
=================
တစ်ပတ် free ဆိုတော့ အရက်သောက်ဖို့အတွက်
ပိုက်ဆံ ပိုထွက်တာပေါ့။အခုအပြည့်မဟုတ်ဘူးဆိုတော့
နောက်နေ့ သောက်ရင် အမြည်းမစားတော့ဘူးနော်

:-P :-P :-P #copy


No comments:

Post a Comment