Wednesday, July 6, 2016

ဟာသအပိုင်း ၃

ဟာသများ

အပျိုကြီး

ဟာသများ / 3 months ago

အပျိုကြီး 
-

အပျိုတုန်းက ချေခဲ့သမျှ 
ခုချိန်မှာ တိုင်ပတ်တာပဲ
လေးဆယ်ကျော်မှ ဘဝက စ'တာ မဟုတ်ဘူး 
သုံးဆယ်ကျော်တာနဲ့ ဖူးစာကဆုံးတာ

မြားနတ်မောင်က Unfriend လုပ်ပြီးပြီ 
အောင်သွယ်တော် Page က Block ခံရပြီ 
ဗေဒင်ဆရာတွေတောင် 
အပျိုကြီး အချစ်ရေးမဟောပါ ဆိုင်းဘုတ်ထောင်ရပြီ

မခူးပဲ ကြွေမကျရဲ 
ခူးတော့လည်း ပဲပေးနေပြီး 
လှည့်ထွက်သွားမှ မှည့်နေပါပြီ အော်လည်း မရတော့ဘူး

ခက်တယ် ခက်တယ် 
အပျိုကြီးဆိုတာ 
တိုင်မပေါ်တဲ့ Sim Card လို ( Hello တစ်ခွန်းနဲ့လိုရာမရောက် )
Promotion ကာလနဲ့လည်း မရ 
Discount နဲ့လည်း မဖြစ်

မိဘကို တစ်သက်လုံး ဒုက္ခပေးမယ့်အထာနဲ့ 
အပျိုကြီးပဲ လုပ်မှာလို့ 
( အငိုမျက်လုံး အပြုံးမျက်နှာနဲ့ပြောသေးတာ )

မရတာပဲ ဖြစ်ဖြစ် 
မယူတာပဲ ဖြစ်ဖြစ် 
ဆွဲဖဲပဲ သေသေ 
ဒေါင်းဖဲပဲ မတက်မတက် 
ဘဝ တစ်သက်မှာ
ယောက်ျားတစ်ယောက်ကို မစည်းရုံးနိုင်ခဲ့သူ

တံခွန်လည်း မရှိ 
တက်လည်း မပိုင်နဲ့ 
ဘဝကို အရည်မပါပဲ ထမင်းစားရသလို ခြောက်ကပ်ကပ်

ဟန်းဆက် ဘယ်လောက်မြင့်မြင့် ... 
ချစ်ဆုံး / အာဘွား / ဘာညာ ကွိကွတွေ 
ဖုန်းထဲက အသံမထွက်ဖူးတာ 
အပျိုကြီးကိုင်တဲ့ဖုန်း

Facebook တာင် 
Like နေရာမှာ Love သာပိုအသုံးပြုလို့ရအောင်ပြောင်းလာတယ် 
အပျိုကြီးတွေက တစ်ယောက်တည်းပုံတင်လိုက်
သူငယ်ချင်းတွေနဲ့ပုံတင်လိုက် 
ကြောင်လေး ခွေးလေးတွေနဲ့ပုံတင်လိုက်အဆင့်က ... 
မတိုးတက် မပြောင်းလဲလာဘူး

တကယ်တော့ ... 
အပျိုကြီးတွေဆိုတာ 
ဘဝကို ကျေနပ်ချင်ယောင်ဆောင်နေတဲ့ 
အချစ်တခြမ်းလေဖြတ်ထားတဲ့ နှလုံးသားဒုက္ခိတတွေပါ ။

:P

Credit to Original

Visit website




ဟာသများ

သို့ / ပိုက်ဆံ

ဟာသများ / 4 months ago

သို့ / 
ပိုက်ဆံ

သတိရခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာစွာရှိသည့်အကြောင်းကိုလည်းကြားသိရသဖြင့်အလွန်ပင်ဝမ်းမြောက်မိပါသည်။ ဤစာကို ရေးသားရသည့် အကြောင်းမှာ ကျွန်တော်နှင့်ပိုက်ဆံ၏ဆက်ဆံရေးအတွက်
ဖြစ်ပါသည်။ ကျွန်တော်ဘက်မှပိုက်ဆံကိုထာဝဇဉ် လိုလိုလားလားရှိသည်ဖြစ်သော်လည်း ယခုနောက်ပိုင်းသင်၏ဘက်မှဆက်ဆံရေး ကျဲလာသည်ကို သတိထားမိပါသည်။ ယခင်ကအတူတွဲခဲ့သည့်အချိန်များတွင် ကျွန်တော်ဘက်မှဘာများမှားသွားခဲ့သလဲ ဆိုတာကိုလည်းစဉ်းစားမရနိုင်ပါ။ ယခုဆိုလျှင်တစ်လလုံးနေမှသင့်ကိုတွေ့တယ် ဆိုရုံလေးတွေ့ရတတ်ပြီး မကြာခင်မှာပင် ပျောကိဆုံးသွားပြန်သောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။ အတူတူပျော်ခဲ့ဖူးသောအချိန်များကိုပြန်စဉ်းစားမိတိုင်းပို၍ဝမ်းနည်းမိပါသည်။

ကျွန်တော့အား စိတ်ဆိုး စိတ်ခုနေသည်ဆိုလျှင် ပွင့်ပွင့်လင်းလင်းပြောပြပေးစေလိုပါသည်။ သင်မရှိသည့်အခါ ကျွန်တော့မှာ စားလည်းမစားနိုင် ၊ သွားလည်းမသွားနိုင် ၊ phone တောင်မပြောနိုင်ဖြစ်၍လာပါသည်။ သင့်ကို တစ်ခါတလေသူများတွေနှင့်တွဲ၍ ပျော်ရွှင်စွာ တွေ့မြင်ရသည့်အခါ ကျွန်တော်သည်မျက်ရည်များပင် ဝဲလာသည်ထိထိခိုက်နာကျဉ်ခံစားရပါသည်။

ကျွန်တော့အပေါင်းအသင်းများကအစကျွန်တော့်ထက် သင့်ကိုပို၍လိုလားကြသည်ဟုထင်ပါသည်။ သင်မရှိတော့ သူတို့လည်း ကျွန်တော်ဆီ အရောက်အပေါက် နည်းလာသောကြောင့်ဖြစ်သည်။ ကျွန်တော် ၏ ချစ်သူပင်လျှင်ကျွန်တော့ကိုဘေးမှာထားပြီး သင်ဘယ်ရောက်နေသည် ဆိုတာကိုအမြဲတမ်းနားစွင့်နေတတ်သည်ကိုမြင်ရတိုင်း ကျွန်တော်စိတ်မကောင်းဖြစ်သော်ငြား အပြစ်လို့လဲ သတ်မှတ်ရခက်ပြန်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော့ထံ များများ
မြန်မြန် ပြန်လာဖို့သာဖြစ်တော့သည်။

မူရင်းရေးသားသူအား credit ပေးပါသည်။

Visit website




ဟာသများ

အိမ်သာထဲမှာ အရူးတစ်ကောင်

ဟာသများ / 5 months ago

အိမ်သာထဲမှာ အရူးတစ်ကောင်
--------------------

စားသောက်ဆိုင်မှာ အိမ်သာတက်နေတုန်း ဘေးအခန်းက လှမ်းမေးသည်။

သူစိမ်း - အဆင်ပြေလား။
ကျွန်တော် - ပြေပါတယ်။ ဒီလိုပါပဲ။ (စိတ်ထဲကတော့ ဘာလားဟ... အူကြောင်ကြားပေါ့ ဒီကောင်...)

သူစိမ်း - အခုဘာလုပ်နေသလဲ။ တအိအိ နဲ့။
ကျွန်တော် - ဟာဗျာ... ဝမ်းချုပ်လို့ ညှစ်နေတာဗျ။ (မလုံမလဲဖြင့်)

သူစိမ်း - တစ်ရှုးရှိလား... အနားမှာ။
ကျွန်တော် (အိမ်သာတစ်ရှုးအား လှမ်းဖြတ်ယူ၍) - ရှိတယ်။ ရှိတယ်။ တစ်ရှုးတောင်းချင်တာ များဗျာ.. စောစောပြောရောပေါ့။

ပြောလဲပြောရင်း ဘေးဘောင်အောက်မှ လက်လျှိုကာ တစ်ရှုး လှမ်းပေးလိုက်သည်။

သူစိမ်း - ကိုယ်အဲ့ဒီလာခဲ့မယ်လေ...။

ကြက်သီးတွေ ဘာတွေထသွားသည်။ သွားပြီပေါ့။

ကျွန်တော် - ဟေ့လူ! မလာနဲ့လေ။ ဒီမှာ အောက်မှာ ကျုပ် တစ်ရှုးလှမ်းပေးနေတယ်လေ!

ငါးစက္ကန့်လောက် တိတ်သွားပြီးနောက်...

သူစိမ်း - ချစ်... ကိုယ်ပြီးမှ ဖုန်းပြန်ဆက်လိုက်တော့မယ်။ ဘေးခန်းက အရူးက ကိုယ်ပြောသမျှ တခွန်း မကျန်လိုက်ပြောနေတယ်။ တစ်ရှုးနဲ့ မျက်ရည်တွေ သုတ်လိုက်ဦး။

credit : (ကြားဖူးနားဝ ဟာသကလေး)

Visit website





ဟာသများ

Message Reply ပြန်​မလာ​သောအခါ

ဟာသများ / 5 months ago

မိန်းကလေးတွေရဲ့ အတွေးဟာ ဆန်းကျယ်ပါတယ်။ ယောင်္ကျားလေးတွေနဲ့လည်း တွေးပုံတွေးနည်းခြင်း
အရမ်းကွာခြားပါတယ်။ ဒါ့ကြောင့်လည်း ယောင်္ကျားလေးတွေက မိန်းမတွေဟာ နားလည်ရခက်တယ်ဆို
ပြီးပြောလေ့ရှိတာဖြစ်ပါတယ်။ မိန်းကလေးတွေဟာ အတွေးထဲမှာတင် စစ်ပွဲတစ်ရာလောက် တစ်ခါတစ်
လေ တိုက်နေတတ်ပါတယ်။ အပြင်ဘက်မှာတော့ တစ်ခါတစ်လေ အပြုံးတောင် မပျက်လောက်အောင်
ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ တစ်ခါတစ်လေ လိုချင်တာကို ဆန့်ကျင်ဘက်ပြောတတ်ပြီး တစ်ခါ
တစ်လေကျတော့လည်း ဒဲ့တိုးပြောတတ်ပြန်ပါတယ်။ အင်း….စဉ်းစားရတော့ ခက်သားနော်။ ခန့်မှန်းရလွယ်
ရင်လည်း Relationship ဆိုတာပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ အောက်မှာတော့ မိန်းကလေး
တွေ သူတို့ ချစ်သူဆီက Message ပြန်မလာရင်တွေးတတ်တဲ့ အတွေး(၃၀)ကို ဖော်ပြလိုက်ပါတယ်။
(1) ဘာလို့ ဒီလောက်ကြာတာတောင် စာမပြန်တာပါလိမ့်။
(2) ဟော ဆယ့်နှစ်မိနစ်တောင် ရှိပြီ … ဒါ ဖြစ်သင့်လို့လား၊
(3) ငါ့ဖုန်းနာရီကများ မမှန်လို့လား၊
(4) သူ့ ငါ့မက်ဆေ့ကို မဖတ်မိသေးတာများ ဖြစ်နေမလား၊ အင်း ဟုတ်လောက်ပါတယ်၊
(5) ဒါလည်း မဖြစ်နိုင်ဘူး လူတိုင်း ကိုယ့်ဖုန်းကို မကြာမကြာ ကြည့်တတ်ကြတာပဲ၊ ဟွန်း
(6) ကြည့်ရတာ သူ ဖုန်းကျပျောက်နေခဲ့တာများလား၊
(7) အင်း ဒါမှမဟုတ် သူ့ ကားထဲမှာ မေ့ကျန်ခဲ့တာလား အဲဒီလိုမဟုတ်ဖူးဆိုရင် မက်ဆေ့ Ring ကို 
ပိတ်ထားတာများလား၊
(8) ဟာ သေများ သေနေပလား မသိဘူး၊ ဒီလိုဆို ငယ်ငယ်လေးနဲ့ သနားစရာပဲ (မျက်နှာကို ရွဲ့လျှက်)
(9) ဟုတ်ပြီ တစ်မိနစ်ပဲ ထပ်စောင့်မယ် … စာမပြန်လို့ကတော့ ပြတ်ပြီ၊
(10) အို ဘုရားရေ … သူ အခုလေးတင်ပဲ FB မှာ ကွန်မန့်တစ်ခု ရေးသွားတယ်၊ ဟာ ပေါက်ပြီ၊
(11) ဟုတ်ပြီ နောက်ထပ် တစ်မိနစ်ပဲ ထပ်စောင့်မယ်၊ ဒီတစ်ခါ တစ်ကယ် အပြတ်၊
(12) အား …. ငါးမိနစ်တောင် ကျော်သွားပြီ ဘာတွေ အလေလိုက်နေတာလဲ၊ (ခြေထောက်ကို
နှစ်ခါလောက် ဆောင့်လျှက်)
(13) ဘုရားရှင်ဆီကို ကျိန်ဆိုပါ့မယ်၊ တစ်ဆယ်အထိ ရေလို့မှ သူ စာမပြန်ရင် ဒီတစ်ခါ အပြတ်ဆိုပြီး
(14) တစ် … နှစ် … သုံး …. တစ်ဆယ်
(15) အင်း ဟုတ်သားပဲ ငါရေတာ တော်တော်တော် မြန်သွားတယ် ထင်တယ်၊ နေပါဦးလေ မက်ဆေ့
လေးတစ်စောင်တော့ ထပ်ပို့ဦးမှပါ၊
(16) ဟာ ဘယ်လိုလည်း နောက်စာတစ်စောင်ပို့ထားတာတောင် နေနိုင်တယ်လား၊ ကြည့်ရတာ 
ငါ့ကို ကလိနေတာ ထင်တယ်၊
(17) သူ ငါ့ကို တကယ် လေးလေးနက်နက် ချစ်တာကော ဟုတ်ရဲ့လား၊
(18) အင်း သူ့ပုံစံက လေးလေးနက်နက်ပုံစံပါ၊
(19) သြော် ငါ့ကို စိတ်ကုန်သွားတယ်ထင်ပါ့၊ ငါ ၀ိတ်ကျသွားအောင် gym သွားကစားရဦးမယ်၊
(20) ငါ သိပ်ဝမ်းနည်းတာပဲ၊ (မျက်ရည်လေး ကလည်ကလည်ပုံစံဖြင့်)
(21) ငါ့ကို အခုတော့ ချစ်မယ့်သူ မရှိတော့ဘူးပေါ့၊
(22) ငါက တစ်ခါတလေ ရူးကြောင်ကြောင် နိုင်တာကလွဲရင် နင့်ကို ဘာတွေများ နှိပ်စက်ခဲ့လို့လဲ၊
(23) ဟာ မိနစ်(30)ရှိပြီ ဒါ ဖြစ်သင့်လို့လား၊
(24) အင်း ဒီတစ်ခါတော့ တကယ်ပြတ်ပြီထင်တယ် … အေးလေ လွတ်လပ်သွားတာပေါ့ဟာ
(25) သေလိုက် အဲဒီမှာပဲ လဲသေလိုက်တော့ ( အသံက မဆိုစလောက်ကျယ်သွားတော့ အနီးအနား
က လူတွေက အူကြောင်ကြောင်ဝိုင်းကြည့်တယ်- ဒါလည်း မရှက်နိုင်အား)
(26) မသာကြီး သေနာကြီး နင်နဲ့ငါ အဟုတ် ပြတ်ပြီ၊ (ဒီတစ်ခါတော့ အသံကို အုပ်ပြီး ပြောတာ)
(27) ဟော (35)မိနစ်တောင် ကျော်သွားပြီ ကိစ္စတုံးပြီပေါ့ဟာ၊
(28) အင်း ဘာ ပြဿနာပေါ်နေမှန်းမှ မသိတာ၊
ထိုစဉ်- ကောင်လေးထံမှ ဖုန်းမက်ဆေ့တစ်စောင်ဝင်လာသည်။
(29) ဆောရီး ချစ်ရေ မြန်မာ fonts ပျောက်နေလို့ ဒီမှာ သူငယ်ချင်းဆီက Zapya နဲ့ ပြန်ကူးနေတာ 
…. အဲဒါနဲ့ ချစ်တယ် အာဘွား၊
(30) ဟုဟု ကိုကြီး … အဇမ်းချစ်ရယ် …. အာဘွား အာဘွား (သူမ ပျော်သွားပြန်လေသည်။
Credit to Original

Visit website





ဟာသများ

ဟာသများ / 6 months ago

ချစ်သူ မဖြစ်ခင်က


မနက်၇နာရီလောက်ဆို
😊

( morning ညီမ ပျော်ရွှင်စရာနေ့သစ်လေးကို

ပိုင်ဆိုင်နိုင်ပါစေနော်)😀

မနက်၉နာရီလောက်ဆို


(ညီမလေး မနက်စာစားပြီးပြီလား ဘာစားထားလဲ)😀

မနက်၁၀နာရီလောက်ဆို


(ညီမ ဘာတွေလုပ်နေလဲ ညီမကို သတိရလို့ပါ)
😁

မနက် ၁၁နာရီလောက်ဆို


(ညီမ နေ့လည်စာ စားပြီးပြီလား )
😃

ညဆို


(goodnight နော် ညီမလေး နွေးနွေးထွေးထွေးအိပ်နော်

စောင်သေချာခြုံ အအေးမိမယ် အိပ်မက်လှလှမက်ပါစေဗျာ

အိပ်မက်ထဲ အကို့ကို ထည့်မက်နော်)
😃

တစ်နေကုန် sms တွေက တောက်လျှောက်ဝင်နေတာ

နေမကောင်းတဲ့ အချိန်ဆို


(ညီမ သက်သာလား ဘယ်လိုနေသေးလဲ

အကိုစိုးရိမ်လိုက်တာကွာ သေချာဂရုစိုက်နော်

မြန်မြန်နေကောင်းပါစေနော်)
😄

ချစ်သူဖြစ်ပြီးနောက်
😂

(morning ခင်) #အတိုချုံးလာပီလေ😯

(နေ့လည်စာစားပီးပီလား) #ပီးပီးရောဖြစ်လာပီ😐

(goodnight sweet dream) #မကောင်းတတ်လို့ပို့သလိုလို😑

သုံးစောင်ထက် မပိုတော့ဘူး ပုံမှန်ပဲ😕

နေမကောင်းတဲ့ အချိန်တွေဆို
😞

(ဂရုစိုက်လေ မောင်ပြောထားတယ်မဟုတ်ဘူးလား

ဆေးခန်းသွားဆိုလည်း သွားမှမသွားတာ )
😒

#လေသံတွေတဖြည်းဖြည်းမာလာပြီ
😨

ချစ်သူဖြစ်ပြီး ၁နှစ်ခွဲလောက်ကြာတော့
😔

ကိုယ့်ဘက်က
😔

(မောင် morning နော် လွမ်းလိုက်တာ မောင်ရယ်)
😍

(မောင် နေ့လည်စာရော စားပြီးပြီလား ဘာနဲ့စားလဲဟင်)😙

(မောင် တနေကုန် smsလည်း ပြန်မပို့ပါလား အလုပ်မအား
လို့လားဟင်)
😘

(မောင် ခင်နေမကောင်းဘူး goodnightနော် မောင်
အိပ်မက်လှလှမက်ပါစေ သေချာနွေးနွေးထွေးထွေးအိပ်နော်)😗

သူ့ဘက်က တစ်နေ့ တစ်စောင် sms လာရင်ပဲ ကိုယ့်

ဘက် က သေပျော်ရတော့ မလို ဖြစ်နေပြီ😧

သူ စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ကိုယ့်ဘက်က ပြန်ပြော

စရာ တစ်ခွန်းမှ မရှိတော့ဘူးလေ
😷

(မောင် အလုပ်ရှုပ်နေလို့ပါကွာ ထမင်းတောင် မနဲလုစားနေရတာ)😟

#ကိုယ်ကဘဲ_အလိုက်မသိတဲ့_မိန်းမဂျီးဖြစ်လို့
😞

နေမကောင်းဖြစ်တဲ့အချိန်ဆို
😢

(ကဲ ဘာဖြစ်ပြန်တာတုန်း ခေါင်းကိုက် ဖျင်နာ ခေါင်းနာ

ဗိုက်အောင့် သက်သာလား ဘာဖြစ်လဲ ပြော)
😲

#ကိုယ်ကနာတာရှည်ရောဂါသည်ဂျီးပေါ့
😳

အဲ့ဒါတွေ များလာတော့လဲ တစ်ခါတစ်လေ အချစ်ဆိုတာ

ကြည့်နေတဲ့ ကာတွန်းကားလောက်တောင်

ပျော်စရာမကောင်းတော့ဘူးလေ
😠
😠
😠
😠
😈😈

Credit------- Pinky

Visit website




ဟာသများ

အီးပေါက်ခြင်း အနုပညာ

ဟာသများ / 6 months ago

"အီးပေါက်ခြင်း အနုပညာ "(မရယ်ဘဲနဲ့ပြုံးနိုင်ပါစေ။)
-------------------------------------------

လူနှင့် အီးပေါက်ခြင်း
~~~~~~~~~~~~

ယဉ်ကျေးသူ
အီမပေါက်ခင် ခွင့်ပြုပါနော် ဟုပြောပြီး အီးပေါက်ပြီးသောအခါ ဆောရီးဟုပြောတတ်သူ…

မရိုးသားသောသူ
ကိုယ်က အီးပေါက်သော်လည်း ၀န်မခံပဲ တခြားသူအပေါ်လွှဲချတတ်သူ…

မိုက်မဲသူ
အီးပေါက်ချင်သော်လည်း မပေါက်ပဲ အတင်းအောင့်ထားသောသူ…

ဗဟုသုတကြွယ်ဝသူ
ဘယ်အချိန်ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသောသူ…

ဒုက္ခရောက်နေသူ
အီးအလွန်ပေါက်ချင်သော်လည်း အီးပေါက်ရန် ဘယ်လိုမှကြိုးစား၍ မရသူ…

လျှို့ဝှက်တတ်သူ 
လက်သည်မပေါ်အောင် (၀ါ) သူ့လက်ချက်မှန်း ဘယ်သူမှမသိအောင် အီးပေါက်သူ…

ဝါကြွားသူ
အီးပေါက်နိုင်ခြင်းနှင့်ပတ်သတ်၍ အလွန်ဂုဏ်ယူတတ်သူ…

နှိပ်စက်တတ်သူ 
လူများသောနေရာကိုမှရွေးပြီး အီးပေါက်သူ…

သိပ္မံပညာရှင်
အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမည်ကို စိုးရိမ်တတ်သူ…

ရှက်တတ်သူ 
အီးပေါက်ပြီး မျက်နှာတစ်ခုလုံးနီရဲလာသူ…

အကြံပိုင်သူ 
အီးပေါက်သော်လည်း သူ၏ အီးပေါက်သံကိုမကြားအောင် အသံကျယ်ကြီးနှင့် ရယ်မောသူ…

အလွန်တုံးပြီးအသုံးမကျသူ 
အီးပေါက်လိုက်တာ ကိုယ့်ထဲကလေတွေ လျော့သွားပြီ ထင်သဖြင့် balance ဖြစ်အောင် အသက်ပြင်းပြင်းရှုသွင်းမှဟုဆိုကာ လေကိုတစ်ဝကြီးရှုသူ…

ကပ်စေနဲသူ
အီးကို ကုန်အောင်မပေါက်ပဲစုထားသူ…

အတ္တကြီးသူ
ကိုယ့်အီးပေါက်တာထက် သူများ အီးပေါက်တာ ပိုနံတယ်ဟု တထစ်ချယုံကြည်သူ…

အပေါင်းအဖော်မက်သူ
သူတစ်ပါးတို့ အီးပေါက်ခြင်းကိုနှစ်သက်သောသူ…

သီးသန့်ဆန်သူ
ဆိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်သောသူ…

ရေကိုချစ်သူ
ရေချိုးကြွေဇလုံကြီးထဲတွင် ရေချိုးသန့်စင်ရင်း အီးပေါက်သောသူ…

အားကစားသမား
ပင်ပင်ပန်းပန် အင်အားမစိုက်ရပဲ အီးပေါက်နိုင်သူ…

ရိုးသားသူ
အီးပေါက်ကြောင်းဝန်ခံသူ…

အသိဥာဏ်ရှိသူ
အသံကြားရုံဖြင့် ဘယ်သူအီးပေါက်သလဲ ဖော်ထုတ်နိုင်သူ…

ကံဆိုးသူ
အီးပေါက်ရန်ကြိုးစားရာမှ ချီးထွက်သွားသောသူ…
:P

E သုတွေသီ 
Htoo San Kyaw Zaw

Visit website


No comments:

Post a Comment