Tuesday, July 19, 2016

သရဲအကြောင်း လေးပုဒ်

နှစ်ဘဝတိုင်ဖူးစာဆုံသူ 💑💑💑

နံမည်ကြီးဖြစ်ရပ်မှန်👈👈👈

👉👉👉ရန်ကုန် မုတ္တမသွားရာ အဝေးပြေးကားလမ်းမကြီး အား အမှီပြု ၍ ခြံထွက် သီးနှံ တောထွက် မှို မျစ် အစရှိသည်တို့ကို ရောင်းချလုပ်ကိုင်စားသောက်နေကြသည့်ရွာ။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ကျိုက်ထိုမြို့နယ်မှအတွင်းမှ ကျေးရွာပေါင်းများစွာရှိသည်။ ထိုရွာများထဲ၌ အလူးကြီးကျေးရွာမှာ အကြီးဆုံးဖြစ်သည်။ ထိုခေတ်ခါက အလူးကြီးကျေးရွာ၌ ဦးထွန်းအေးနှင့် ဒေါ်ပန်းခြုံ ၏ လူဝင်စားအကြောင်းမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရသည်။ လူဝင်စားများတွင် အတိတ်ဘဝကိုမှတ်မိပြီး ပြန်ပြောပြနိုင်သူများလဲရှိကြသည်။လူဝင်စားမှန်းသိသော်လည်း အတိတ်ဘဝကို ကောင်းစွာမမှတ်မိကြစူများလဲရှိကြသည်။

လူ့ဘဝမှသေလွန်သော် လူပြန်ဝင်စား၍သော်လည်း၊  အခြားသော တိရစ္ဆာန် ဘဝမှ လူပြန်ဝင်စားကြသူများလည်း ရှိကြပေသည်။  တစ်ဘဝနှင့် တဘဝ ကူးပြောင်းရန် ဝိညာဉ်(Soul) ဘဝ၌ ခေတ္တမျှ သော်လည်ကောင်း  နှစ်ပဏိစေတကြာမြင့်အောင်လဲ နေကြရသည်။  ထိုပရလောကကို ယုံကြည်သူအများစုမှာ အရှေ့တောင်အာရှနိုင်ငံများ ဥပမာ ယိုးဒယား၊ အိန္ဒိယ၊ တရုတ် ၊မြန်မာနိုင်ငံတို့ပင်ဖြစ်သည်။ အနောက်ဥရောပသားများက သိပ္ပံပညာ အရ မရှိနိုင် မယုံကြည်နိုင်ကြပေ။ ယခုခါတော့ လက်ခံလာကြပေသည်။ ထိုဥရောပသားများ  မယုံကြည်သည်မှာ မထူးဆန်းပေ။  ကျွန်ုပ်တို့ ယုံကြည်လက်ကိုင်ထားတဲ့ ၃၁ဘုံသား၌ အပ္ပါယ်လေးဘုံသားများ ပါဝင်သည်ကို  မယုံကြည်ကြသူများပင်ရှိကြပေကုန်၏။  ပရလောကသား၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ဝိညာဉ် တစ္ဆေ သရဲ အစရှိသည့် မမြင်နိုင်သော ထိုသူများသည် ဖန်ဆင်းနိုင် ခြောက်လှန့်နိုင်လျှင် ပါဠိဘာသာအရ (ကမ္မဇိဒ္ဓိတနိခိုး )ရှိသူများကို ခြုံငုံလျှက် ခေါ်သည်။
အဆိုးမြင်ဝါဒ (Negative)ဆောင်သော လူတချို့အကြောင်း တစိိတ်ဒေသ ပြောပြပါရစေ။  
Beggar ဆိုသော သိပ္ပံပညာ ရှင်က.  သိပ္ပံ ပညာသမိုင်း၌ " တယ်လီ ဖုန်းတီထွင်လိုက်ပြီ "ဟူသော သတင်းကြားသောအခါ  အီဒင်ဗား တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဟာ  "ဒါ သက်သက် လိမ်ညာတာပဲဖြစ်ရမယ် သူတို့ပြောသလို  အဝေးကနေပြီး စကားပြောဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး" ဟု ဆိုသည်။
ဒဿနိက ဆရာကြီး ဘေကွန်သည် "ကမ္ဘာမြေ က နေကို လှည့်ပတ်နေသည်"  ဆိုခြင်းကို  သူသေသည့် နေ့ထိ လက်မခံခဲပေ။
သိပ္ပဆရာ  အက်ဒီဆင်တီထွင်လိုက်သော "အသံသွင်းဓါတ်ပြား"ကို ပဲရစ်မြို့ရှိ  ပညာဗိမ္မာန် အသင်း၌ ပထမအကြိမ် ဖွင့်ပြသောအခါ   နားထောင်နေသော သိပ္ပံ ပညာရှင် အားလုံးသည် မဖြစ်နိုင်၊ စားပွဲအောက်တွင် အသံတုဝိဇ္ဇာ တဦးထားပြီး လှည့်စားခြင်း   ဟု စွပ်စွဲခဲ့သည်။
ဒေါက်တာ အီယန်စတီဗင်မှာ ကမ္ဘအနှံ့ပြား လူဝင်စားများအကြောင်း  မှတ်တမ်း အမှုပေါင်း (၁၂၀)နှင့်   နောက်တိုး  (၃၅)မှု၌ မြန်မာနိုင်ငံမှ   (၂ )မှု ပါခဲ့သည်။
ဇာတ်မင်းသမီး  ဗလပြမ်နှင့် ပခုက္ကူနယ် မပုရီတို့ပင်ဖြစ်ကြသည်။  ထိုသူတို့သည် အတိတ်ဘဝကို အကုန်မှတ်မိကြသူများဖြစ်ကြလေသည်။
အထက်ပါ အကြောင်းများသည် စာဖတ်သူ ဗဟုသုတရစေရန် အလို့ဌာ ရေးပြခြင်းသာဖြစ်သည်။
အလူးကြီးကျေးရွာမှ လူဝင်စားအကြောင်း အစခှပေမည်။ အချိန်ကား လွတ်လပ်ရေးရပြီး မရှေးမနှောင်း။ မွန်ပြည်နယ် ရိုးမတောအတွင်း၌  ကျင်လည်ကျက်စားနေသော  ကျားဖို၊ ကျားမရှိလေသည်။  တိရစ္ဆာန် ဖြစ်သော်ငြား  သိပ်ချစ်ကြလေသည်။ ကျားဖိုကြီးသည်  ကျားမလေးအား ချစ်လွန်းသဖြင့်  သူသာလျှင် အစာရှာကျွေးသည်။  တနေ့ သားကောင်မရသဖြင့်  ရွာထဲသိ့ဝင်၍ နွားတကောင်ဝင်ဆွဲ ပြီး ကျားမလေးအား ကျွေးလေသည်။  ရွာသားတို့လဲ အတင့်ရဲသော ကျားရန်ကလွတ်ရန်  ဂေါ်တခါး စစ်သားတို့အား အကြောင်းကြား ဖမ်းဆီးဖို့ ပြောပြထားကြသည်။  ကျား ဖို ကြီး ခမျာတော့ သူ့အတွက် သေနေ့ဆိုတာ မသိရှာပေ။  နောက်တကြိမ် ရွာထဲအဝင် ဂေါ်တခါး စစ်သားများ သေနတ်ဖြင့် သေခဲ့ရလေသည်။   ကျားမလေးမှာ အစာမစားရ။ ကျားဖိုက ပြန်မလာ။ သူ့ပဲ ထား၍ တခြားတောပြောင်းသွားလေပြီလား  အတွေးနှင့် ရင်ထဲမှာ လွမ်းဆွတ်ခဲ့ရသည်။ တောတောင်ထဲ အနှံ့ရှာဖွေခဲ့သည်။  မတွေ့ရပေ။  အစာကလဲ ရှာမရပေ။ ဒီလိုနဲ့ ကျားမလေးမှာ  အချစ်ကြီးတော့ အမျက်ကြီး ဆိုသလို လွမ်းဒဏ်မှ နာကြည်းစိတ် ကူးပြောင်းခဲ့ရပေသည်။ သူ့ကို မချစ်မနှစ်သက်လို့သာ  ထားခဲ့ပေခြင်း ဖြစ်ရမည်။ ကျားဖိုကြီးကို ရှာရင်း ရှာရင်းနဲ့ မျက်စိလည်လမ်းမှားခဲ့ရပြီ။  ဘယ်အရပ်ဒေသမှန်းလဲ မသိရချေ။  စေတီတဆူ ငြမ်းများဆင်ထားသော အပေါ်ထိ ရောက်ခဲ့ချေပြီ။ ညအချိန်မို့ လူသူမရှိခဲ့ပေ။ အစာကမစားရတာ ရက်ကြာတာက တကြောင်း ရင်ကွဲနာကျတာက တကြောင်း အားအင်နုံးချိကာ  လဲကျအိပ်ပျော်သွားခဲ့သည်။  မနက်မိုးသောက် လူများလဲ ဂေါ်တခါးစစ်သားများခေါ်၍ သတ်ပစ်ခဲ့ကြသည်။ အထက်ပစ္စယံထိ ရောက်နေခဲ့ခြင်းကြောင့် အဆင်းသာခဲ့ပေ။ ထိုခေတ်ခါက ရွှေတိဂုံဘုရားပေါ် ကျားတက်သည်ဟု ကြားဖူးကြပေမည်။ ကျားမလေးလဲ ဝိညာဉ်က ဘုရားအနီး စကားဝါပင်ပေါ်၌ စွဲလမ်းစိတ်ကြောင့် ခေတ္တနေခဲ့ရလေသည်။  ကျားဖိုကြီးလဲ သေပြီး ပရလောက၌ အချိန်အနည်းငယ်နေခဲ့ရလေသည်။
ကျားဖို  ကျားမတို့မှာ ရှေးအတိတ်ကုသိုလ်ကံကြောင့် လူ့ဘဝသို့ ဝင်စားခဲ့ကြသည်။ ကျားဘဝမှသေတော့လဲ  ရှေ့ဆင့်နောက်ဆင့်။ လူပြန်ဝင်စားတော့လဲ  ရှေ့ဆင့်နောက်ဆင့်ပင်။  ကျားဖိုးသည် အလူးကြီးကျေးရွာ ဦးပန်းသာနဲ့ဒေါ်ငွေရုံထံ၌ ဝင်စားလေသည်။  ဒေါ်ငွေရုံ သန္ဓေတည်စဉ်ခါက ကျားကြီးတကောင် အား ခနခနအိမ်မက်မြင်မက်ခဲ့သည်။
မွေးဖွားလာသောအခါ ဝမ်းဗိုက်၌ ဒဏ်ရာဟောင်း တခုပါလေသည်။ သားလေးဖွာမြင်ခဲ့ရာ မောင်ထွန်းအေး အမည်တွင်စေခဲ့သည်။ (အကျဉ်းချုပ်သာမောင်ထွန်းအေး အကြောင်း) မောင်ထွန်းအေးလေ ကျောင်းတက်ချိန်မှစ ကျောင်းစာမသင်ချင်ချေ။ သတ်သတ်လွတ်စား တရားသာ  မှတ်ယူလေသည်။ အလူးကြီးကျေးရွာအနိံး   ၃မည်ရ တောငိ  ဓနုတောင်၊ မောင်းတီးတောင်၊ ရွှေရောင်ပြ တောင် (ထိုတောင်ကြမ်းပုံ နောက်မှတင်ပါမည်) သည် ပရလောကသားကြမ်းလွန်းခြင်းကြောင့် အသွားအလာမရှိ။ မောင်ထွန်းအေးသည် ထိုတောင်၌ တရားသွားမှတ်လေသည်။ လူပျိုရွယ်ထိရောက်ချိန် တရားဟော သူဖြစ်လာသည်။ ကြည်ညိုသူရှိသလို ရှုံ့ချသူများလဲရှိပေသည်။ ထိုသို့မှ အတိတ်အကြောင်း အိမ်မက်မြင်မက်လေသည်။  ကျားမလေးမှာ လူအသွင်နှင့် ရှေ့မှသွားလေသည်။ရွာအဝင် စေတီလေး ၊ ရေကန် နှင့် ထင်ထင်ရှားရှား မြင်ရလေသည်။ ရွာထဲဝင်သွားရာ သူမနေအိမ်၌ ဝါးရုံပင်ကြီးများရှိလေသည်။ ဒူးထောက်အိမ်လေးပေါ်တက်သွားပြီး စိမ်းကားနာကျည်းသော အကြည့်ဖြင့်ကြည့်၍ အိမ်မက်မှနိုးခဲ့ရသည်။  ထိုဒေသ တဝိုက် သူမသိသောရွာမရှိ။  ထိုရွာသို့သွား၍ သူကြီး အိမ်အားဝင်လေသည်။
"သူကြီး ဗျို့သူကြီး" အသံပြုလိုက်သည်။
"ဟာ  မောင်ထွန်းအေးပါလား။ တရားကိစ္စလား အလားထူးတယ်ဗျို့"
"မဟုတ်ဘူး သူကြီးရေ ကိုယ်ရေးကိုယ်တာကိစ္စပါ"
သူကြီးမှာ အံ့သြရပေသည်။ သူကြီးကပင်
မောင်ထွန်းအေးထံ တရားသွားနာနေကြဖြစ်သည်။
မောင်ထွန်းအေး သူ့အိမ်မက်အကြောင်း
သူ့အိမ်မက်ထဲက ကောင်မလေးအိမ် တကယ်ရှိ မရှိ မေးမြန်းလေသည်။ သူကြီးလဲ အိမ်ကတော့ရှိကြောင်း
"ကောင်မလေးပုံစံ ကော မှတ်မိရဲ့လား"
"သူ့ပုံစံက ဖြူဖြူ ပိန်သွယ် ဆံပင် ကျောလယ်လောက်"ဟု ပြောပြလေသည်။
"ဟုတ်တယ်ဝေ့  သူ့ အမည်က မပန်းခြုံတဲ့ကွ အမေတခု သမီးတခု  သူကျားဘဝကဝင်စားတာတော့ ကြားမိတယ်"ဟု ပြောပြရင်း လိုက်ပြလေသည်။
အိမ်ထဲအဝင် မပန်းခြုံမှာ အိမ်ခမ်းအတွင်းမှ ငိုသံပါကြိံးဖြင့် "အခုမှ လာရှာမနေနဲ့ ထားတုန်းက ရင်ရက်စက်စက်ထားခဲ့ပြီး ဒီမှာ အစငတ်ရေငတ်နဲ့ ရှင့်ကြောင့်သေခဲ့ရတာ မလာနဲ့ ရှင့်လိုရက်စက်တဲ့လူနဲ့ မဆုံချင်တော့ဘူး"ဟုပြောလေသည်။ မိခင်က ဝင်ပြောသော်လည်း မရပေ။
မောင်ထွန်းအေးလဲ စိတ်မကောင်းစွာဖြင့် ပြန်ခဲ့လေသည်။ သူကြီးအား အဖြစ်မှန်ကိုပြောပြရန် မှာခဲ့သည်။ မတွေ့ချင်လဲ နောက်မလာတော့ကြောင်း၊ သူ့ကို မထားခဲ့ကြောင်း အစာရှာရင်း အသတ်ခံခဲ့ရကြောင်း ပြောခိုင်းခဲ့ပြီး တောင်ပေါ်သို့သာပြန်လာခဲ့သည်။
မပန်းခြုံလဲ အဖြစ်မှန်သိကာ နောက်တကြိမ် ရင်ကွဲ မခံနိုင်၍ လာရောက်တောင်းရမ်းယူရန် စကားပါးခဲ့လေသည်။  ကိုထွန်းအေးသည် ရွာထဲ၌ အိမ်တဆောင် မီးတပြောင်ဖြင့် မပန်းခြုံကိုထားသော်လည်း   မပန်းခြုံမှာ မနေပေ။  ကိုထွန်းအေး တရားမှတ်ရာ တောထဲ တောင်ထဲ ၌သာ ပါရမီဖြည့်ရင်း နေခဲ့လေသည်။

အဆုံးထိဖတ်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်။
အိမ့်အရေးသား ရှုပ်သွားရင် တောင်းပန်ပါတယိ။
အိမ့်ဖတ်ဖူးသမျှ ထဲက ရေးပြတာပါ။
မှတ်ချက် ဖြစ်ရပ်မှန်ပါ

သျှင်အိမ့်ခ👩👩






*** တစ်ညတာ ***(ဖြစ်ရပ်မှန်)

-ကျမ အဆောင်သစ်ရှေ့ရောက်ရောက်ချင်းပဲ အဆောင်ကို တချက်ရှိုးလိုက်တယ်လေ။မဆိုးဘူးသပ်ရပ်မှုလဲ ရှိမဲ့ပုံ။အေးချမ်းပီးတိတ်ဆိတ်တော့ စာဂျပိုးအမည်ခံရလောက်အောင် စာအရမ်းလုပ်တော့ အဆင်ပြေတာပေါ့။ အဆောင်ပုံစံက  နှစ်ထပ်ပျဉ်ထောင်အိမ်လေးပါ။်အဆောင်က သားသားနားနားနဲ့နေချင်စရာလေးလို့စိတ်ထဲ ရေရွတ်လိုက်မိတယ်။ဒါနဲ့ပဲ အဆောင်သူအသစ်လေးဆိုတော့ အပေါ်ထပ်က အခန်းလွတ်တခုမှာ နေရာချပေးတယ်။ထူးဆန်းတာက အဆောင်ပိုင်ရှင် အဖွားကြီးကလွဲလို့ မည်သူတဦးတယောက်မျှ မတွေ့ရတာပဲ။

-ကျမတို့အဆောင်က ရပ်ကွက်အစွန်ဆုံးက အိမ်ခြေမရှိပဲ သီးခြားအဆောက်အဦးတခုလို့ပြောရမှာပဲ။အရမ်းတိတ်ဆိတ်ပီး အထီးကျန်ဆန်နေသလိုပါပဲ။အဆောင်က ဈေးလဲသက်သာနေတာနဲ့ပဲ ကျမ နေဖို့ဆုံးဖြတ်ခဲ့တယ်လေ။
အဆောင်ကို စရောက်ရောက်ချင်း အခန်းသန့်ရှင်းရေးလုပ်နဲ့တနေ့တာ ဘာမှန်းမသိကုန်ဆုံးသွားတယ်။အဆောင်မှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်မှန်တခုပါ။

-ကျမတယောက်တည်း အဆောင်မှာ  ပျင်းနေတာနဲ့ပဲ ညစာ စားပီး TVကြည့်မယ်ပေါ့။အာ့နဲ့မနက်က ဈေးထဲဝင်တုန်းလေး သရဲကားအခွေသစ်လေး ဝယ်လာတယ်လေ။
ဒါနဲ့ပြောရအုံးမယ်။ကျမက သရဲကားတွေ သရဲဝတ္ထုတွေဆို စွန်းကြိုက်တာလေ။သရဲကားကြည့်ပီဆိုရင်လဲ အဲ့ကားထဲက ဖြစ်ပျက်သမျှ အပြင်မှာဖြစ်နေသလိုကို ခံစားပြစ်တာ။"ဖြုန်း---"ခနဲဆို ဟဲဟဲ အပြင်ကနေ "အမလေး---"ဆိုပီး feelingအပြည့် လိုက်အော်ပြစ်တာလေ။
သရဲကားကြည့်ပီးပီဆိုရင်လဲ အတော်နဲ့ကြောက်စိတ်ပြေတာ မဟုတ်ဘူးလေ။အဲ့အချိန် ရေဆာနေရင်တောင် ထ မသောက်ရဲဘူး။အသေကြောက်တတ်တာ။ရေထဲကမြန်း သရဲထွက်လာမလားဒါမှမဟုတ် အနောက်ကမြန်း ရုတ်တရက်ဆိုသလို တယောက်ယောက်ကမြန်း  လှမ်းပုတ်လိုက်မလားလို့တွေးတွေးပီးကို ကြောက်ပြစ်တာလေ။

-ဒါနဲ့ သရဲကားလဲပီးရော တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ည၁၀နာရီထိုးနေပါပီ။တယောက်တည်းပျင်းပျင်းနဲ့အိပ်တော့မယ်ဆိုပီး တံခါးတွေအကုန်လိုက်ပိတ်လိုက်တယ်။
---ဒေါက်-ဒေါက်-ဒေါက်-- ဟင် တံခါးခေါက်သံပါလား---
မဟုတ်မှလွဲရော အဆောင်ရှင် အဖွားကြီးလားလို့ထင်မိတာပေါ့။ခုဏက ကြည့်ထားတဲ့သရဲကားကလဲ ကြမ်းချက်ပဲလေ ခုထိကို အကြောက်မပြေသေးတော့ စိတ်ထဲမှာ ဘာရယ်တော့မဟုတ်ဘူး ခပ်လန့်လန့်ပဲ။ဖြစ်ချင်တော့ မီးက ရုတ်တရက်ပျက်သွားတယ်လေ။မီးကလဲပျက် လဆုတ်ရက်တွေဆိုတော့ မှောင်မဲတူးနေတာပဲ။ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်လွန်းနေတာရယ် သရဲကားကြည့်ထားတဲ့အရှိန်လေးရယ် ဟီး--ကြောက်တာပေါ့။ကျမလဲလန့်လန့်နဲ့ပဲ အခန်းတံခါးသွားအဖွင့်-ရုတ်တရက်--
"ခွပ်--"
"အား---"
ကျမ ခြေထောက်ပေါ် နံရံက ပျဉ်ဘားတန်းပေါ်က Lotionဗူး ပြုတ်ကျပီး ခြေထောက်ပေါ် လာကျတာလေ။
ရင်တွေတောင် တုန်သွားတာပဲ။
တံခါးခေါက်သံကလဲ အဆတ်မပျက်ပဲကြားနေရတယ်
တံခါးဖွင့်ကြည့်တော့ ဘာမှမတွေ့ရဘူး။အာ့နဲ့ပဲ
ကျမလဲ အိပ်ဖို့ခြင်ထောင်ထောင်လိုက်တယ်မိုးရာသီဆိုတော့ ခြင်တွေ အရမ်းကိုက်တယ်လေ။
ခြင်ထောင်သာ မထောင်ဘူးဆိုရင် ကျမအဖွားပြောပြောနေကျစကားတခွန်းရှိတယ်။
"ငါ့မြေး ညည်းခြင်ထောင်ထောင်ပီး မအိပ်ရင် ခြင်က ချီသွားအုံးမယ်တဲ့"
ခြင်ချီတော့ မခံနိုင်ဘူးလေ ဟဲဟဲ😝။
ဒါနဲ့အိပ်မယ်ကြံတုန်းပဲရှိသေးတယ်။

"အား----ဗိုက်နာလိုက်တာ----။ဗိုက်အရမ်းအောင့်နေတာနဲ့အောက်ထပ် ခြံထောင့်မှာ ရှိတဲ့အိမ်သာကို ကြောက်ကြောက်နဲ့ပဲ သွားလိုက်ပါတယ်။
-အိမ်သာတံခါးက ဘာလို့ဖွင့်မထားတာလဲ ဘာလို့ပိတ်နေပါလိမ့်လို့တွေးရင်း တံခါးကို သွားအဖွင့် လုံးဝဖွင့်မရဘူး။
သော့လဲမခတ်ထားပဲ ဖွင့်မရတာနဲ့ အိမ်သာထဲမဝင်တော့ပဲ ပြန်အလှည့်
"ဒုန်း --ဒုန်း-ဒုန်း"အိမ်သာတံခါးက ဖွင့်လိုက်ပိတ်လိုက်နဲ့တယောက်ယောက် လုပ်နေသလိုပဲ လေလဲမတိုက်ပဲနဲ့အဲ့အချိန် ရုတ်တရက် မိုးကရွာချပါလေရော။ ကျမလဲ သေချာပီ ဒါသရဲခြောက်ခံရတာဆိုပီး အပေါ်ထပ်ပြေးအတက် အပေါ်ထပ် လှေကားထစ်ကို တက်မယ်အလုပ် အနောက်ဘက်ကနေ တယောက်ယောက် လှမ်းဆွဲထားသလို ခံလိုက်ရတယ်။
ရုတ်တရက် ထ အော်ပြစ်တယ်။
"အမေရေ့ ကယ်ပါအုံး----"
"ဟဲ့---မြေး အဖွား(အဆောင်ရှင်)ပါကွဲ့"
"ဘာတွေလန့်နေတာတုန်း"
"ဟို--ဟိုလေ--ဘာမှဟုတ်တော့ပါဘူး"
"ညည့်နက်နေပီ အိပ်တော့တဲ့"
ကျမလဲ အိပ်ခန်းထဲရောက်ရော အလန့်က မပြေသေးဘူးလေ။

-ဒါနဲ့ပဲ ဘာလုပ်ရင်ကောင်းမလဲဆိုပီး စဉ်းစားတော့ ကျမအချစ်ဆုံးသယ်ရင်းကြီ်း "ဖြူဇင်"ဆီ Phဆက်မယ်အလုပ်---"ဝုန်း----"လေပြင်းတချက်တိုက်ခတ်လိုက်တာကြောင့် ပြတင်းတံခါးရိုက်ခတ်တဲ့အသံပါ။လန့်သွားတာပေါ့။
အမ်းဒါနဲ့Phက မဝင်ပဲ ကြားလိုက်ရတဲ့အသံက စိတ်ထဲအလိုမကျ။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်"
အရေးနဲ့အကြောင်းဆိုရင် သေလောက်ပီ။အရေးထဲ စက်ကပိတ်ထားသေးတယ်ဟင့်။
ဒါနဲ့ပဲ ကျမ နောက်ထပ်Ph noတခုကို ခေါ်လိုက်မိတယ်။
"သူကတော့ ကျမ အရမ်းချစ်ရတဲ့ ကျမချစ်သူမောင်ပါ"
-"ဟာ Phက ဝင်သွားပီလေ ကျမ ကြောက်စိတ်အနည်းငယ်ပြေသွားတာပေါ့။
ညည့်နက်နေပီဆိုပေမဲ့ နိုးလောက်တယ်ထင်တာလေ။
Phဝင်လို့ပျော်မယ်ရှိသေး ကိုယ်တော်ချောက Phမကိုင်ပါဘူး။
"ဘယ်နှစ်ခါခေါ်ခေါ် သတ်မှတ်ချိန်နဲ့ပဲတိုးနေတာ"
အာ့နဲ့စိတ်တိုတာပေါ့။

"အကောင်စုတ် အရေးနဲ့အကြောင်းဆို သုံးစားကိုမရဘူးသေနေတာမနိုးဘူးအပီးအိပ်နေတာနေမှာ ဟွန်း"😏

ကျမ Phမကိုင်တဲ့မောင့်ကို မေတ္တာပို့ပြစ်တာ။

ည၃နာရီထိုးနေပီ ခုထိမအိပ်ရသေးဘူးမိုးမြန်မြန်လင်းပါစေဆုတောင်းရင်း ဘုရားကိုအာရုံပြုလိုက်ရတယ်။
-တယောက်တည်းမို့ အခြောက်ခံရတာလား ဝေခွဲမရ။မိုးကလဲ ရွာနေတော့ ပြတင်းပေါက်တံခါးကို ပိတ်ဖို့ ကျမ သတိဝင်လာတာနဲ့ထ အပိတ် ရုတ်တရက် ခြံထဲကို တချက်ကြည့်လိုက်မိတယ်။
မှောင်ကလဲမှောင် တိတ်ဆိတ်နေတော့ နည်းနည်းစိတ်ထဲ ခပ်လန့်လန့်ပေါ့။ခြံထောင့်က သရက်ပင်နားမှာ မြင်လိုက်ရတာက ကျမအတွက် ဒုတိယ စိတ်ခြောက်ရှားဖွယ်မြင်ကွင်းတခု 😱။တကိုယ်လုံးဖြူစွတ်ပီး မိုးရေထဲမှာရွှဲနစ်နေတဲ့မိန်းကလေးတယောက်။
သူ့ပုံစံကလဲ သရဲကားတွေထဲကလို ဖြူဖတ်ဖြူရော် အဖြူရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားတယ်။ဆံနွယ်တွေကလဲ လွင့်ပျံနေတဲ့အလား။ကျမကို ထိုသရဲမက ခြံထဲကနေ လက်ညိုးထိုးပီး လက်ရပ်ခေါ်နေတဲ့အလား။
- ကျမကို စိုက်ကြည့်နေတဲ့သူ့အကြည့်က မလိုလားတဲ့ပုံ။ချွေးတွေကလဲ တကိုယ်လုံးရွှဲနေပီးသေချင်စိတ်ပါပေါက်သွားတယ်ခုနေများ ငါ့အခန်းထဲထိဝင်ပီး လည်ပင်းလာညစ်ရင် သေမှာပဲလို့ ကျမ ဆက်မတွေးရဲတော့ပါ။ကျမ ဘာလုပ်ရမလဲ မတွေးတတ်တော့။တံခါးမြန်မြန်ပိတ်ပီး ရသမျှဘုရားစာကို ရွတ်နေလိုက်မိတယ်။ကျမ တွေးမိတယ်နောက်ညတွေလဲ ခုလိုတွေသာ အခြောက်ခံနေရမယ်ဆိုရင် စိတ်ဝေဒနာရောဂါရသွားနိုင်တယ်။မနက်မိုးလင်းတာနဲ့အဆောင်ပြောင်းဖို့စီစဉ်ရပါတော့တယ်။

မှတ်ချက် -(ကျမတက္ကသိုယ်ပထမနှစ်က အဆောင်မှာကိုယ်တွေ့သရဲခြောက်ခံရတဲ့အကြောင်းအရာတချို့ပါ။ဆက်လက်ကြိုးစားပါအုံးမည်)

##အမွန်##







### သည်းထတ်ရင်ဖိုဖြစ်ခဲ့သော ၁၀ တန်းနှစ် ဘော်ဒါ အမှတ်တရ.....   ###

( ကျွန်တော့်ရဲ့ ဒီပရလောကပေ့ခ်ျလေး
ပေါ်ပေါက်လာစေဖို့ အကြောင်းဖန်လာတဲ့
ကျွန်တော်ရဲ့ ပထမဆုံးလက်ရာလေးပါ၊ ၂၀၁၃ လောက်က ပေ့ခ်ျမှာ တင်ပေးခဲ့ဖူးပါတယ် ၊ လိုအပ်ချက်တွေရှိပေမယ့် မဖတ်ရသေးတဲ့သူတွေ ဖတ်စေချင်တဲ့ စေတနာနဲ့
ဒုတိယအကြိမ် ပြန်ပြီး တင်ပေးလိုက်ပါတယ် ၊
ဝေဖန်အားပေးကြပါဦး ခင်ဗျာ @_# )

##########
ကျွန်တော် ၁ဝတန်း ဘော်ဒါဆောင်မှာနေတုန်းကပါ...  ကျွန်တော်နေတဲ့ အဆောင်အကြောင်းအရင်ပြောပြရဦးမယ်...
ကျွန်တော် ၉တန်း အောင်တော့ ကျွန်တော့်ကို ဘော်ဒါမှာပို့ထားဖို့ အဖေနဲ့ အမေတို့ တိုင်ပင်ကြတယ်လေ...  ဒီလိုနဲ့ ကျောင်းတွေမတက်ရခင်ကတည်းက ကျွန်တော် ဘော်ဒါကို စရောက်နေပြီ...  နယ်ကသူငယ်ချင်းတွေနဲ့ ခွဲခဲ့ရတော့ သူငယ်ချင်းသစ်တွေရှာဖွေရတော့တာပေါ့...  ဘော်ဒါမှာရောက်တုန်းကတော့ အရမ်းအထီးကျန်ပြီးတော့ မပျော်ခဲ့ဘူး...  ဒါပေမဲ့ အနေကြာလာတာနဲ့အမျှ သူငယ်ချင်းအသစ်တွေရလာသလို တဖြည်းဖြည်းနဲ့ ပျော်စရာလည်းကောင်းလာတယ်...  ကျွန်တော်တို့ အဆောင်က တစ်ယောက်ခန်း.. နှစ်ယောက်ခန်းဆိုပြီး သတ်မှတ်ထားတာမျိုးမဟုတ်ပါဘူး...  Hall Type ပုံစံမျိုးပါ...  ကျွန်တော် စစ်တပ်ထဲမှာ စစ်သားတွေတွေဖို့ နေရာလိုမျိုးပေါ့...  တစ်ယောက်အိပ်ကုတင်တစ်လုံးစီ ချပေးထားပါတယ်...  ကျွန်တော်တို့ကို စည်းကမ်းထိန်းပေးတဲ့ ဆရာကတော့ အဆောင်အဝင်ဝ ကုတင်လေးမှာ နေပါတယ်...  အဆောင်ရဲ့အနီးနားတစ်ဝိုက်ကို ပြောပြရရင်တော့ အနောက်ဘက်မှာ ဘုန်းကြီးကျောင်းဝန်းတစ်ခုရှိပါတယ်...  အုတ်တံတိုင်းကျော်ရင်ရောက်ပါတယ်...  ဘုန်းကြီးကျောင်းရဲ့နောက်မှာဆိုရင် လယ်ကွက်တွေပဲရှိတော့တယ်...  အဆောင်ဘေး တစ်ဖက်မှာ လမ်းကြားလေးရှိတယ်...  အရှေ့ဘက်ချမ်း ဘော်ဒါကို စစဝင်ခြင်းမှာတော့ ကျွန်တော်တို့ စာသင်ဆောင်ခန်းမကြီးရှိတယ်...  ပြီးတော့ စာသင်ဆောင်အသေးလေးတစ်ခု.. အဲဒီ့နောက်မှာတော့ ထမင်းစားဆောင်.. စားဖိုဆောင်.. Men & Lady Toilet ရှိတယ်...  ကျွန်တော်တို့ ယောက်ျားလေးအဆောင်ဘက်မှလည်း Toilet ရှိတယ်ဆိုတော့ နှစ်ခုပေါ့ဗျာ...
ညဘက်ညဘက်တွေဆိုရင် ကျွန်တော်တို့ဆရာ မသိအောင် အိမ်ကပို့လိုက်တဲ့ မုန့်တို့.. စားစရာတွေ ခိုးခိုးစားတတ်တယ်... ဆရာက အဆောင်မှာ အစားအသောက်တွေယူမစားရဘူးလို့ အမိန့်ထုတ်ထားတယ်...  ဒါပေမဲ့ ကျွန်တော်တို့က အမြဲခိုးစားကြတာပဲလေ...  အဲဒီမှာ ဇာတ်လမ်းတစ်ခုက စတော့တာပဲ...
တစ်နေ့ ကျွန်တော်တို့နယ်ဘက်က သူငယ်ချင်းတစ်ယောက် အိမ်ကပို့ပေးထားတဲ့ ငါးခြောက်ကြော်.. အမဲသားကြော်.. ဆတ်သားခြောက်ကြော်တွေ ထမင်းစားဆောင်က လစ်လာတဲ့ ထမင်းတွေနဲ့  ည၁ဝနာရီ ကျော်ကျော်လောက်ကြီးထစားနေရော...  ကျွန်တော့် ကုတင်နဲ့ဆိုရင် ကုတင်နှစ်လုံးခြားပါတယ်...  ကျွန်တော်ကလည်း မအိပ်သေးဘဲ စာဖတ်နေတုန်းဆိုတော့ သူက တိုးတိုးလေး "စားမလား" လို့တော့ မေးပါသေးတယ်...  ကျွန်တော်က ခဏနေအိပ်တော့မှာမို့လို့ မစားတော့ပါဘူးလို့ ပြောလိုက်တယ်...  သူလည်း ဆက်စားနေသလို ကျွန်တော်လည်း ခဏနေတော့ အိပ်လိုက်ပါတယ်...  အိပ်တာ တော်တော်တော့ကြာသွားတယ်...  "ဝုန်း"ကနဲအသံကြားတော့ အားလုံးလန့်ပြီး နိုးလာကြတယ်...  ဆရာက မီးတွေအကုန်ဖွင့်လိုက်တယ်...  အသံကြားရာကို အကုန်ကြည့်လိုက်တော့ ညတုန်းက ထမင်းခိုးစားတဲ့ သူငယ်ချင်း ကုတင်အောက်မှာ စောင်ခေါင်းမြီးခြုံပြီး တလှုပ်လှုပ်နဲ့ရှိနေတယ်လေ...  အမဲသားကြော်ဗူးရော.. တခြားဗူးတွေရော.. အကုန်မှောက်ကျနေတယ်...  ကျွန်တော်တို့အကုန်လုံးလည်း လန့်ပြီး  ဆရာအနားကို  Auto ရောက်သွားကြတယ်...  ဆရာလည်း သူ့အနားသွားပြီး စောင်ကိုသွားဆွဲလိုက်တယ်...  စောင်ကိုကိုင်ရုံရှိသေးတယ်.. ဆရာလက်ကို ဖြတ်ရိုက်ခံလိုက်ရတယ်...  ဆရာလည်း လန့်သွားတာပေါ့...  ဒါနဲ့ဆရာလည်း အသံကျယ်ကျယ်နဲ့  "မင်းဘယ်သူလဲ.. ဘယ်ကလဲ.. မင်းဘယ်လို ရောက်လာတာလဲ" မေးတာပေါ့...  ဒီတော့မှ ဝမ်းခေါင်း သံကြီးနဲ့ "ဒီကောင်လေးခေါ်လို့ ရောက်လာတာ.. ငါက ဟိုဘက် ထန်းပင်မှာနေတယ်" လို့ပြန်ပြောတယ်...  ဒီလိုပြောတော့ ကျွန်တော်တို့လဲ အသံကြောင့်တော်တော်လန့်သွားကြတယ်...  ကျွန်တော့်ဘေးကတစ်ယောက်ဆိုရင် ပုတီးကိုလက်မှာ ကိုင်ထားပြီး တုန်လို့...  ဒီတော့ ဆရာလည်း "မင်း အခုဒီကောင်လေး ကိုယ်ထဲက ထွက်သွားပါ" လို့ပြောလိုက်တယ်...  သရဲကလည်း ဘာမှမပြောဘဲ ခေါင်းခါပြတယ်...  ဆရာလည်းတော်တော် စိတ်ဆိုးသွားပြီး ဘုရားစင်က ပရိတ်ရေယူပြီး ပက်လိုက်တယ်လေ...  ဒီတော့မှ စောင်ခေါင်းမြီးခြုံထားရာက "ဝူးဝူးဝါးဝါး" နဲ့ အော်ပြီး လုံးဝငြိမ်ကျသွားတယ်...  အားလုံးငြိမ်သွားမှ ပတ်ဝန်းကျင်ကို သတိထားမိတယ်...  အဆောင်နောက်ဖေးတံခါးပေါက်ကို ပိတ်မထားဘူးလေ...  တိုက်ဆိုင်တာလား.. မပိတ်မိလို့လားတော့ မသိဘူး...  တံခါးကတော့ ပွင့်လျက် အတိုင်းသား...  ခုဏက သူငယ်ချင်း ကတော့ စောင်လေးကိုင်ပြီးပြန်ထလာတယ်...  ပြူးကြောင်ကြောင်နဲ့ "ကျွန်တော်ဘာဖြစ်လို့လဲ" မေးတယ်...  ဆရာလည်း တော်တော်စိတ်တိုနေလို့လားမသိဘူး...  ဒီကောင့်ကို နားရင်းအုပ်လိုက်တာ ရှေ့ကို ငိုက်စိုက်ကျပဲ...  ဆရာကပြီးတော့ သူ့ကို ထပ်မေးလိုက်တယ်.."မင်း ဘာတွေလုပ်ထားလဲ.. အခုပြဿနာက တော်တော်ကြီးတယ်.. မင်းမပြောရင် မင်းကို ကျောင်းထုတ်မယ်" လို့ပြောတော့ ဒီကောင်က ရှုံ့မဲ့မဲ့နဲ့ ပြန်ပြောတယ်.. "ကျွန်တော် အနောက်ဘက်ဘုန်းကြီးကျောင်းနားက ထန်းပင်မှာ သူရဲရှိတယ်လို့ ကိုရင်လေးတစ်ယောက်ပြောတာနဲ့ ပါးစပ်ဆော့ပြီး လိုက်လည်ပါလားလို့ ခေါ်လိုက်မိတာပါ" လို့ပြောတော့ ဆရာထပ်ပြီး နားရင်းအုပ်လိုက်ပြန်ပါတယ်...  ပြီးတော့ ဆရာက ကျွန်တော်တို့အားလုံးကို "ကိုယ့်နေရာကိုယ်ပြန်ကြတော့"လို့ပြောတော့ ကျွန်တော်တို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကိုယ့်ကုတင်ကိုယ်ပြန်ပြီး မရရအောင်ခေါင်းမြီးခြုံပြီး အိပ်လိုက်ပါတယ်... ( ဒီနေရာမှာ သူငယ်ချင်းတို့ကို ပြောပြချင်တာက နေရာတိုင်းမှာ ပါးစပ်စည်းမစောင့်ဘဲ လျှောက်ပြီးမပြောမိပါစေနဲ့လို့... )
နောက်နေ့မနက် ကျွန်တော်သူကို ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ သူကပြောပြတယ်...
ညကသူ့ခြေထောက်ကို လက်နဲ့လာပုပ်တယ်တဲ့... သူလည်း သူဘေးက ကောင်ထင်လို့ "ငါအိပ်နေပြီ"..  လို့ပြောတော့ ခြေထောက်ကို ထပ်ဆွဲပြီး "ငါ့ကိုလည်းကျွေးဦး" လို့ ပြောတယ်...  သူကလည်း အိပ်နေတာဆိုတော့ ဖြစ်သလိုပဲ "မကျွေးဘူး.. မနက်မှ စားတော့" ပြောလိုက်တယ်...  အဲဒီ့မှာပဲ သူရဲက သူ့ကို ခြေထောက်ကနေ ကုတင်အောက်ကို ဆွဲချတာခံလိုက်ရတယ်...  ကုတင်ပေါ်က ပြုတ်ကျပြီးကတည်းက  သူဘာမှ မသိတော့ဘူးတဲ့လေ...  ဒီစာရေးနေတုန်းဆိုရင် ကျွန်တော်အခုထိ ကျောချမ်းနေတုန်း...  အဲဒီလိုဖြစ်ပြီးကတည်းက အဆောင်မှာ ညဘက်ဆိုရင် ဘယ်သူမှ ထမင်းခိုးမစားတော့သလို တံခါးပိတ်တာဆိုရင် တစ်ယောက်တစ်လှည့်ဆီတာဝန်ယူရတဲ့အထိ ဖြစ်သွားတယ်... တစ်ယောက်ပိတ်ဖို့ သတိမေ့ရင်တောင် တစ်ယောက်က သတိပေးကြတာ..  အဲဒီ့လောက်ဖြစ်သွားတယ်...  သူရဲဝင်ပူးခံရတဲ့ သူငယ်ချင်းလဲ သုံးရက်မြောက်နေ့မှာ သူအိမ်က ပြန်ခေါ်လို့ဆိုပြီး ကျောင်းကထွက်သွားတယ်လေ...  ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး.....  သူပြန်သွားတာ သူကံကောင်းတယ်လို့ဆိုရမလိုပဲ...  ဇာတ်လမ်းက ဒီမှာတင် မပြီးသေးဘူး...  နောက်ပိုင်း ပိုဆိုးလာတယ်လို့ပြောရမလိုပဲ.....။ ။

ဒီလိုနဲ့ အဲဒီ့အဖြစ်အပျက်လေးကို မေ့မေ့ပျောက်ပျောက်ဘဲထားလိုက်တယ်...  ဒါပေမဲ့ အမေ့အပျောက်မခံဘူးဗျ...  အဆောင်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးကြောင့် အကုန်လုံးကတော့ အမြဲသတိချပ်နေကြတာ...  ချွတ်ချွတ်အသံမကြားလိုက်နဲ့...  သရဲပဲ ထင်နေကြတာ.. =)  တစ်နေ့ ကျွန်တော်တို့တွေ Night Study တက်ရတယ်...  ယောက်ျားလေးက ၁၃ယောက်.. မိန်းကလေး တွေက ၂၂ယောက်လောက်ရှိတယ်...  သင်တာက ဓါတုဗေဒ...  ဖြစ်ချင်တော့ ကျွန်တော် နေ့လည်လောက်တုန်းက အာပူရှာပူ မုန့်တီကို အပီဆွဲလာတာ...  အခု စာသင်နေတုန်း ဗိုက်ထဲက ရစ်လာတာနဲ့ Toilet သွားချင်လာတယ်...  ဘေးက သူငယ်ချင်းကို လိုက်ဖို့ အဖော်ညှိတာ သူကလိုက်ချင်ပေမဲ့ ယောက်ျားလေးဆိုရင်တစ်ယောက်ပဲသွားရမယ်တဲ့...  ဂွမ်းရော... :/  ဒီတော့ ကျွန်တော်လည်း တစ်ယောက်တည်းလစ်ရတာပေါ့ဗျာ...  ဖြစ်ချင်တော့ အိမ်သာမီးက မနေ့က ကျွမ်းနေတာ...  အိမ်သာဆိုလို့ ပြောရဦးမယ်...  ကျွန်တော်တို့ အဆောင်နားမှာလည်း အိမ်သာနှစ်ခန်းတွဲရှိတယ်... အဲဒါက ယောက်ျားလေးအဆောင်အတွက် သီးသန့်ထားပေးထားတာ...  နှစ်ခန်းတွဲသာပြောတယ်.. တစ်ခန်းက သော့ခတ်ပြီး သစ်သားပြားတွေနဲ့ ကြက်ခြေခတ်အသေပိတ်ထားတာ...  ကျွန်တော်ရောက်ကာစဆိုရင် စိတ်ထဲတမျိုးပဲဗျာ...  အဲဒီ့အိမ်သာကို ဝင်ရတာကိုက စိတ်ထဲ မသိုးမသန့်ဖြစ်နေတယ်...  ညဘက်ဆိုရင် ပိုဆိုးတယ်...  အိမ်သာ အပေါ်မှာလည်း ဝါးရုံတွေရှိတာဆိုတော့ ညဘက်တက်ရင် ဘာရယ်မဟုတ်ဘူး..  အသံကြောင့်ပဲ လန့်နေရတယ်.....   ခုနကအကြောင်း ပြန်ဆက်ဦးမယ်...  ဒီအိမ်သာကတော့ စာသင်ဆောင်နားက အိမ်သာဆိုတော့ သိပ်တော့ မကြောက်ပါဘူး... အိမ်သာမီးက ကျွမ်းနေတော့ ကျွန်တော်လည်း ဆေးလိပ်ခိုးသောက်ရင်သုံးတဲ့ Zippo မီးခြစ်လေးကို ကိုင်ပြီး အထဲမှာ နှစ်ပါးသွားလိုက်တယ်...  ခဏနေတော့ အပြင်ကနေတံခါးလာခေါက်တယ်ဗျ...  ဒီတော့ ကျွန်တော်လည်း ခပ်ကျယ်ကျယ်လေး "ခဏစောင့်ဦးကွာ" လို့ ခပ်ကျယ်ကျယ်လေး ပြောလိုက်တယ်...  တစ်မိနစ်လောက်ပဲရှိသေးတယ်...  ထပ်ပြီးခေါက်ပြန်ရော...  ကျွန်တော်လည်း တစ်ယောက်ယောက်တော့ နောက်နေပြီလို့ တွေးလိုက်တယ်...  တွေးသာတွေးတာပါဗျာ...  ဆရာက အိမ်သာဆိုရင် ယောက်ျားလေးနှစ်ယောက်မလွှတ်တတ်ဘူးလေ...  ဒီလိုတွေးနေတုန်း အိမ်သာတံခါးကို ဗျန်းဗျန်းဆိုပြီး ရိုက်သွားတယ်...  ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ခေါင်းနပန်းတွေကြီးသွားတယ်...  စိတ်ထဲကလည်း ထောင်းခနဲ ဒေါသထွက်သွားတာပေါ့...  ဒီတော့ ကျွန်တော်လည်း အိမ်သာ သွပ်တံခါး သံပေါက်လေးကနေ ချောင်းကြည့်လိုက်တယ်... မီးမလာတော့ ကောင်းကောင်းမမြင်ရဘူး... အဆောင်ဘက်သွားတဲ့ လမ်းကြားက မီးတိုင်လေးနားရောက်တော့ ကိုယ်တော်ချောက ကျွန်တော်တို့ အဆောင် အိမ်သာဘက်ကို လျှောက်သွားနေတာကို အနောက်ကနေတွေ့လိုက်ရတယ်...  ကျွန်တော်လည်း ဒီကောင့်ကို တွေ့ရင် ပြောမယ်ဆိုပြီး သူ့အင်္ကျီအရောင်နဲ့ ဘောင်းဘီကို မှတ်ထားလိုက်တယ်...  သူဝတ်ထားတာက အနီရောင်တီရှပ်နဲ့ ယောပုဆိုးကိုဝတ်ထားတယ်...  တွေ့ရင်တော့ ဆဲပြီသာမှတ်...  ဒီတော့ ကျွန်တော်လည်း စာသင်ခန်းဘက်ကို လာခဲ့တယ်...  ဆရာ့ကို ဝင်ခွင့်တောင်းပြီး ခုံမှာ ဝင်ထိုင်လိုက်တယ်...  ပြီးတော့ ကျွန်တော်လည်း အင်္ကျီအနီရောင် ဝတ်ထားတဲ့ ကောင်ရှိမလား ဖမ်းရှိုးလိုက်တယ်...  ကိုယ်တော်ချောက ပြန်မရောက်သေးဘူးထင်တယ်...  အင်္ကျီအနီရောင်ဝတ်ထားတဲ့လူဆိုလို့ ဆော်ထဲမှာတောင် တစ်ယောက်ပဲရှိတယ်... ဆော်မဟုတ်တာတော့ သေချာတယ်...  ခုနတွေ့တဲ့ကောင်က ဆံပင်တောင် ထောင်ထားသေးတယ်...  ဒီဆော်က ဘောင်းဘီအရှည်လည်း ဝတ်ထားတော့ ဟုတ်သေးဘူး...  ကျွန်တော်လည်း စာသင်ရင်း အပေါက်ဝက ဝင်လာမယ့်ကောင်ကို စောင့်နေလိုက်တယ်...  ၅ မိနစ်.. ၁၀ မိနစ်.. ၁၅ မိနစ်... ရောက်မလာသေးဘူး...  ဒီကောင် တော်တော်ကြာတာပဲလို့ စိတ်ထဲတွေးလိုက်တယ်...  ခဏနေတော့ ကျွန်တော်လည်း စာထဲမျောသွားတာ သတိမထားလိုက်ဘူး...  သင်တန်းတောင်ပြီးတော့မယ် ပြန်မလာသေးပါလား...  ဒီတော့မှ ကျွန်တော်လည်း ဘေးကသူငယ်ချင်းကို "ငါ အိမ်သာ သွားတုန်း ဘယ်သူအပြင်ထွက်သေးလဲ.. " လို့ မေးတော့ သူက "ဘယ်သူမှ အပြင်မထွက်ဘူး.. ဘာဖြစ်လို့လဲ.." ပြန်မေးတယ်...  ကျွန်တော်လည်း ခေါင်းနဲနဲစားသွားတယ်...  ခုနက ဘယ်သူလဲ !!! တွေးရင်းတွေးရင်း ကြက်သီးတွေတောင်ထ လာတယ်...  ကျွန်တော်သူ့ကို သေချာအောင် ထပ်မေးလိုက်ပါသေးတယ်... ဘယ်သူမှ မထွက်ဘူးတဲ့...  ဒီတော့မှ ကျွန်တော်လည်း သရဲခြောက်ခံလိုက်ရပြီလို့ တွေးမိလိုက်တယ်...  ကျွန်တော့်အဖြစ်ကလည်း သရဲခြောက်လို့ ခြောက်မှန်းတောင်မသိတဲ့အဖြစ်ပါလားနော်...  တွေးမိလိုက်တာနောက်တစ်ခုရှိတယ်...  ခုနအိမ်သာမှာ တွေ့လိုက်တဲ့လူက ကျွန်တော်တို့အဆောင်ဘက်က အိမ်သာဘက်ကို သွားတယ်လေ..... !!!!!
ဒီလိုနဲ့ ကျွန်တော်တို့ အစမ်းစာမေးပွဲဖြေဖို့အတွက် အချိန်ရောက်လာတယ်...  ဆရာက အဆောင်မှာ ပိတ်ရက်အပြင်ထွက်လည်ခွင့်မပေးဘဲ အဆောင်မှာပဲ စာကျက်ခိုင်းတယ်...  ကျွန်တော်တို့လည်း သူငယ်ချင်းနဲ့ ကုတင်သုံးလုံးဆက်ပြီး သင်္ချာတွက်မယ်ဆိုပြီး သူရဲကြောင်းထိုင်ပြောကြတာ...   ညနေသာစောင်းသွားတယ်..  စာတစ်လုံးမှ မရဘူး...  =)
ညရောက်တော့ ဆရာကစာမေးတော့ ဘယ်သူမှမရဘူး... =)   (  ဒါကလည်း အမှတ်တရလေးပါ.....  )   တကယ်အကြီးအကျယ် အခြောက်ခံရတာကမှ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ...  သူကလည်းကျွန်တော့်လို အိမ်သာဝင်နေတုန်းမှာပါပဲ...  ဒါပေမဲ့ သူကအဆောင်က အိမ်သာ မှာအခြောက်ခံရတာပါ...
အိမ်သာကလည်း သိတဲ့အတိုင်း နေ့ခင်းဘက်ဆိုရင်တောင် တော်ရုံတန်ရုံလူဆိုရင် လန့်လောက်တယ်...  ဘေးက ပိတ်ထားတဲ့အိမ်သာ ကလည်းဘေးချင်းကပ်ဆိုတော့..  အမငေး.. ပြောရင်းတောင် ကြက်သီးထတယ်.....
သူ့ဖြစ်ပုံကလည်း ဒီလို...
ညဘက် ၁ဝနာရီလောက်ကြီး.. ကျွန်တော်တို့လည်း အိပ်တော့မှာပါ...  ဒီကောင်ကလည်း အိပ်ကာနီး အပေါ့သွားမယ်ဆိုပြီး ထွက်သွားလိုက်တာပေါ်မလာတော့ဘူး...  ဆရာကလည်း "ဒီကောင်ပြန်မလာသေးဘူး.. ကြာလိုက်တာ" ဆိုပြီး လိုက်သွားတယ်...  ကျွန်တော်တို့လည်း ဆရာ့နောက်ကနေ လိုက်သွားကြတာပေါ့... ( ဘာရယ်မဟုတ်ပါဘူး  =)  )  အိမ်သာရောက်တော့ တံခါးက ပိတ်လျက်သားပဲ...  ဆရာက ကျွန်တော့်ကို " သွားမေးစမ်း.. ဘာလုပ်နေလဲ " လို့ဆိုတော့ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ တံခါးခေါက်လိုက်တယ်... ပြီးတော့  ကျွန်တော်က "ဟေ့ရောင်_____.. မင်း အထဲမှာလား..." လို့ပြောပြီး တံခါးထပ်ခေါက်လိုက်တယ်...  အထဲက ဘာမှ တုန့်ပြန်မှုမရှိတော့ ဆရာလည်း ကျွန်တော်ကို ဖယ်ခိုင်းပြီး သူထပ်ခေါ်ပါတယ်...  ခေါ်လို့လည်းမရရော တစ်ခုခုဖြစ်ပြီဆိုပြီးတော့ တံခါးကို ဆွဲဖွင့်ပါတယ်... တံခါးကလည်း အထဲမှာ Lock ချထားတော့ ဆရာက တစ်ယောက်ကို သံတူယွင်း ယူခိုင်းပြီး တံခါးကို ဖျက်ရပါတယ်...  ကျွန်တော်တို့လည်း တော်တော်လေးလန့်နေပြီလေ...  ကျွန်တော်တို့ အဖြစ်ကလည်း ညဘက်ကြီး သင်္ချိုင်းထဲက အုတ်ဂူကို ဖောက်နေရတဲ့ Feeling မျိုး...  ကြောက်ခြာကြီး.....
တံခါးလည်းဖွင့်ရော အထဲမှာ မျက်ဖြူလန်ပြီး သတိလစ်နေတဲ့ ဘော်ဒါကို တွေ့ရတော့ ထွက်ပြေးရမလို.. ပြေးကိုင်ရမလို.. ဘာလုပ်ရမလဲကို မသိတော့ဘူး...  ဆရာက သူ့ကိုဝိုင်းထူပြီး ဘုရားခန်းထဲ ပို့ထားကြဆိုတော့ ကျွန်တော်တို့တစ်အုပ်စုလုံး ဝိုင်းမပြီး ပို့ပေးလိုက်ရတယ်.....  ပြီးတော့ ဆရာက ရေမန်းတွေတိုက်ပြီး မနည်းနှာနှက်ယူလိုက်ရတယ်...  မသေကောင်းမပျောက်ကောင်း အဖြစ်အပျက်လေးပါ...
( ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ်..  သရဲခြောက်တာ အရမ်းခံဖူးချင်ကြသော သူငယ်ချင်းတွေကို အဲဒီ့နေရာကို အရမ်းရောက်ဖူးစေချင်လိုက်တာ...  )
သူ သတိရလာတော့ ပြန်ပြောပြတယ်...  သူ အထဲမှာ ရှိနေတုန်း အပြင်ကတံခါးလာခေါက်လို့ သူငယ်ချင်း တစ်ယောက်လာတယ်ဆိုပြီး တံခါးဟပြီး စကားပြောမလို့ဖွင့်တော့ ဘယ်သူမှ မရှိဘူးတဲ့...  အဲဒါနဲ့ တံခါးကို မြန်မြန်ပိတ်ပြီး ဆေးလိပ်သောက်နေတုန်း အနောက်ကနေ လက်ကြီးထွက်လာပြီး ဝမ်းခေါင်းသံကြီးနဲ့ "ဆေးလိပ် နည်းနည်း တိုက်ဦး" လို့ပြောတာနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ အင်္ကျီအနီရောင်နဲ့ လူတစ်ယောက်...  မျက်လုံးဟောက်ပက်နဲ့၊ မျက်နှာကလည်း ဒဏ်ရာရထားသလို စုတ်ပျက်နေတာတဲ့လေ.....  သူ သတိလစ်မယ်ဆိုရင်လည်း လစ်လောက်ပါတယ်...  နှလုံးရောဂါရှိတဲ့သူဆိုရင် အဲဒီ့နေရာမှာ ဂစ်နေလောက်ပြီ.....  နောက်ရက်တွေ ဘယ်သူမှ အဲဒီ့အိမ်သာကို မသွားကြတော့ဘူး...  အင်္ကျီအနီရောင်ဆိုတော့ ကျွန်တော်ကို လက်အငြိမ်မနေဘဲ လာခြောက်သွားတဲ့ ကောင်ပဲဖြစ်ရမယ်... =)
တကယ်တော့လည်း ဒီသရဲက သနားစရာ ကောင်းပါတယ်...  သူကလည်း ကျွန်တော်တို့လို ကျောင်းသားတစ်ယောက်ပါတဲ့...  ရန်ညှိုးရန်စတစ်ခုကြောင့် အသတ်ခံရတယ်လို့ပဲသိခဲ့ရတယ်...  သတ်ပြီးတော့ အိမ်သာထဲမှာ သော့ခတ်ပြီး ပိတ်ထားခဲ့တာတဲ့...  ဖြစ်တာက ကျွန်တော်တို့ ဘော်ဒါဆောင် မရောက်ခင် တစ်လလောက်က ဖြစ်တာပါတဲ့...  ကျွန်တော်တို့ကို ဘယ်သူမှ ဒီအကြောင်းမဟကြဘူး...  ကျောင်းကဆရာတွေကလည်း သစ္စာရှိပါတယ်...  ဒီ အိမ်သာအကြောင်းကို ဘယ်သူမှ ပြောမပြကြဘူး...  ကျွန်တော့်သူငယ်ချင်းကို ခြောက်ပြီးတဲ့ နောက်ရက်မှာပဲ ဘုန်းကြီးတွေ ပင့်ပြီး အမျှပေးဝေကြတယ်...  နောက်တော့လည်း ဘာသတင်းမှ မကြားရတော့ဘူး...  အိမ်သာကတော့ ဒီအတိုင်းပဲရှိသေးလား..  ဒါမှ မဟုတ် ဖျက်လိုက်ပြီလား မသိတော့ပါဘူး..........။ ။ ။ ။ ။
ကျောင်း၏ ဂုဏ်သိက္ခာအရ နာမည်နဲ့ လိပ်စာမထည့်ထားပေမဲ့ ဖြစ်ရပ်မှန်စစ်စစ်ပါ.....  နောက်ထပ် ကြုံခဲ့ရတာလေးတွေရှိပါသေးတယ်...  နောက်ထပ် အလျဉ်းသင့်သလို  ကိုယ်တွေ့ဖြစ်ရပ်လေးတွေကို တင်ပေးပါ့မယ်..........။ ။ ။ ။ ။

စိတ်အေးချမ်းမြေ့ကြပါစေ
Writer by TH!t P!N








### အိပ်မက်လေလား ###

လေပြင်းများ အဆက်မပြတ် တိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းနေသောကြောင့်
မိုးရာသီ၏အနှစ်သာရကို ကျွန်တော်အပြည့်အ၀ခံစားရပါသည်။
မိုးများတိတ်မည့်ပုံမပေါ်………အချိန်လည်းတဖြည်းဖြည်း မှောင်လာခဲ့သည်။

ညနေစာစားရင်း စိတ်အပန်းဖြေရာ ရုပ်မြင်သံကြားမှ ပြသနေတဲ့ဇာတ်လမ်းများကို
ကြည့်ကာ အချိန်ကိုကုန်လွန်စေခဲ့ပါသည်။

ထိုညက အိမ်တွင် ကျွန်တော် တယောက်တည်းသာရှိသောကြောင့်
        တစ်အိမ်လုံးကိုမီးအမှောင်ချ ညလင်းမီးလုံးလေးများသာထွန်းထားပြီး စာအုပ်နှင့်
ဘောပင်ကိုယူကာ အပေါ်ထပ်ဝရန်တာ မီးရောင်အောက်တွင် ကျွန်တော်၏စာရေးခြင်း
လုပ်ငန်းကို စတင်ခဲ့ပါတော့သည်။
        ရာသီဥတု၏ စွတ် စိုမှုကြောင့် အကောင်ငယ်မျိုးစုံတို့ အသံများဆူညံလျှက်ရှိ
နေသည့်အတွက် ကျွန်တော်အာရုံစူးစိုက်မှုမရရှိခဲ့။
ထို့ကြောင့် အိမ်အောက်ထပ်သို့ဆင်းကာ မီးဖိုခန်းထဲဝင်၍သောက်ကော်ဖီပူပူလေတစ်ခွက်ကိုသောက်ရန် ဖျော်လိုက်ပြီး အိမ်ပေါ်ထပ်သို့ ယူဆောင်လာခဲ့သည်။
ကျွန်တော် အောက်ထပ်သို့ဆင်းသွား ချိန်နှင့် အပေါ်သို့ ပြန်တက် လာချိန်သည် မိနစ်အနည်းငယ်မျှသည် ကွာသည် ဆိုပေမယ့်
       
  ထူးဆန်းသည်က  ဆူညံနေသည့်ဝန်းကျင်သည်  ယခုအခါ
   မည်သည့်အသံမျှမကြားရတော့ချေ။

              
အိမ်အပေါ်ထပ်ရှိ တိုင်ကပ်နာရီကိုကျွန်တော်ကြည့်လိုက်မိ၏
          
   " ၁၂ နာရီတောင်ထိုးတော့မှာပါလား"
               ပတ်ဝန်းကျင်တိတ်ဆိတ်မှုသည် ကျွန်တော့အတွက်စာရေးချင်၏
             အထောက်အကူဖြစ်ပေသည်ဟုယူဆလျှက် ကော်ဖီတစ်ငုံသောက်ကာ
            စာရေးခြင်းကို ပြန်လည်စတင်ခဲ့ပါသည်။
                    "ချပ်…….ချက်…..ချပ်…….ချက်"
ကျွန်တော် မည်မျှအထိ ဈာန်ဝင်သွားသည်မသိ။ပတ်ဝန်းကျင်သည် ပို၍ပင်တိတ်ဆိတ်
လာခဲ့သည်။တိုင်ကပ်နာရီ လက်တံရွေ့လျားနေသည့်အသံမျှလွဲ၍မည်သို့သောအသံမျှ
မကြားရပေ။
             အချိန်ကား ၁ နာရီလွန်နေပြီဖြစ်သော်လည်း ကျွန်တော်အိပ်ချင်စိတ်မရှိသေး။
ခဏအကြာ ကျွန်တော်၏နောက်ကျောဘက်မှ တဖြည်းဖြည်းလျှောက်လာနေသော ခြေသံတခု ကိုကြားလိုက်ရသည်။
           " ချွတ်……ချွတ်……ချတ်……ရှပ်….ရှပ်"

စာရေးနေသော ကျွန်တော်၏လက်ရပ်တန့်သွားမိပြီး ကြက်သီး ဖြန်းကနည်း ထသွားမိသည်။  ထို့နောက် အသံလာရာ အနောက်သို့ လှည့်ကြည့်မိသော်လည်း ဘယ်အရာမျှမတွေ့ပေ။ကျွန်တော်ပြုံးလိုက်မိသည်။
အကြောင်းမှာ…… ကျွန်တော်ယခုရေးနေသောဝတ္ထုကြောင့် စိတ်နည်းနည်း
လှုပ်ရှားသွားခြင်းဖြစ်ဟန်တူပေသည်
           
ကျွန်တော်သည် ပရလောကသားများအကြောင်းကိုစိတ်ဝင်စားသူဖြစ်သဖြင့်
ထိုအခြင်းအရာနှင့်ပတ်သက်၍ အမြဲတမ်းရေးနေမိခဲ့သည်။ယခုလည်း
           တစ္ဆေခြောက်သောည ဆိုတဲ့ ၀တ္ထုကိုရေးနေခြင်းဖြစ်သည်။

အချိန်လည်း
၁ နာရီခွဲကျော်လွန်နေပြီဖြစ်သဖြင့် ကျွန်တော်၏မျက်လုံးများတဖြည်းဖြည်းမှေးဆင်း လာခဲ့သည်။

        သို့ပေမယ့် ပြီးခါနီး ၀တ္ထုကိုအဆုံးသတ်ချင်တာကြောင့် အမြန်ရေးနေခဲ့မိပါသည်။

ကွမ်းတညတ်ခန့်အကြာ........

လမ်းမပေါ်မှခွေးအူသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်း
ကြောင့် ၀ရန်တာမှ လှမ်း၍ကဲကြည့်လိုက်မိသောအခါ
ရုတ်တရတ်....မြင်လိုက်ရသော အရာကြောင့်
ကျွန်တော်လန့်ဖြန့်သွားမိခဲ့သည်။
ကျွန်တော်၏အိမ်ရှေ့တည့်တည့်တွင်း
မည်းမည်း သဏ္ဍန်အရာတစ်ခုခုမားမားရပ်နေပြီး ကျွန်တော့အားကျောခိုင်းထားပေ
သည်။
ထိုအချိန် တွင် လေ တချက်ဝှေ့  ယမ်းတိုက်ခတ် လိုက်သောကြောင့် ချမ်းစိမ့် စိမ့် အရာသာကို ခံစားမိ၏။

ကျွန်တော်ကြက်သီးများထမိပြီး ကျောချမ်းသောကြောင့် ရုတ်တရက်အနောက်သို့ ဖျတ်ခနဲလှည့်ကြည့်
လိုက်မိသောအခါ ကျွန်တော့် အနောက်ဘက်တွင်ရှိသော တံခါးပေါက်မှ အရိပ်မည်းသဏ္ဍန် အရာတစ်ခုအိမ်ထဲသို့ဝင်သွားခြင်း
ဖြစ်သည်။
    
    ကျွန်တော်၏စိတ်များယောက်ယက်ခတ်သွားခဲ့ပြီး
တဖန်ခြံရှေ့သို့ပြန်လှည့်လိုက်သောအခါ  မြင်တွေ ခဲ့ သော မည်းမည်းသဏ္ဍန်အရာကို မတွေ့ရတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်သည် ကြောက်ရွံ့တတ်သူမဟုတ်
သောကြောင့် ဂရုမစိုက်ဘဲ ရေးလက်စ  ၀တ္ထုကိုအဆုံးသတ်နိုင်ခဲ့ပါသည်။
          
ခဏတာလေညင်းခံရင်း အိပ်တော့မည်ဟုဆုံးဖြတ်ကာ ၀ရန်တာမှနေ၍
အိမ်ထဲသို့ဝင်ခဲ့ပါသည်။လက်ကျန်ကော်ဖီကိုဆက်မသောက်တော့ဘဲ…..
အပေါ့အပါးသွားရန် အောက်ထပ်သို့ဆင်းခဲ့ပါသည်။အချိန်မှာ ၂ နာရီကျော်လွန်ခဲ့ပြီ။
         
ကိစ္စများပြီးသောအခါ အိပ်ဖို့သာကျန်ရှိတော့သည့်အတွက် အိမ်အပေါ်ထပ်သို့
ပြန်လည်တက်လာခဲ့ပြီး ဘုရားခန်းနှင့် မနီးမဝေးမှာပဲဖြစ်သလိုအိပ်ယာ
ခင်းလိုက်ပါသည်။
           
  ခဏအကြာ…….အောက်ထပ်မှတစ်စုံတစ်ဦး၏လမ်းလျှောက်သံများကို
ကြားနေရပါသည်။
အရင်က….ယခုအိမ်သည် သရဲခြောက်တဲ့အိမ်တစ်အိမ်ဖြစ်ခဲ့သလို၊
့ဝယ်ပြီးသည့်နောက်ပိုင်း အိမ်ပြင်ဆောက်ကာ ပရိတ်၊ပဌာန်းများလည်း
ရွတ်ခဲ့ပြီးပါပြီ။အဲ့နောက်ပိုင်းတွင်မူ မည်သည့်အသံမျှမကြားရသည်မှာ ယနေ့ထိတိုင်။
သို့ပေမယ့် ယခုညကား ကျွန်တော်၏စိတ်ခြောက်ခြားတာလား၊သို့မဟုတ် ကျွန်တော်
ရေးတဲ့ဝတ္ထုကိုပြန်ပြီးစွဲလမ်းနေတာလား ဝေခွဲမရပါ။တွေးတောနေတာတွေကိုရပ်ပြီး
ကျွန်တော်အိပ်ယာ ထက်တွင်လှဲလျှောင်းလိုက်စဉ်...ရုတ်တရက်မီးပြတ်သွားသောကြောင့်
ခြင်ထောင်အပြင် ဘက် တွင် မငြိမ်မသက် လှုပ်လှုပ်ရှားရှား ရှိနေသည့် အရာများကို
ကျွန်တော် မြင်တွေ လိုက်ရသည်...။   ကျွန်တော် နှင့် မနီးမဝေး မှ အရာတခု သည်... တဖြည်းဖြည်း အနား ကပ်လာဟန်တူသည်....            
"ဘုရားရေ………….ငါဘယ်လိုလုပ်ရမလဲ"
           စိတ်မှရေရွတ်လိုက်သော်လည်း ကျွန်တော်ကျက်သေသေသွားမိသည်။
ကျွန်တော်ဘာဆက်လုပ်ရတော့မည်နည်း။
စဉ်းစားနေစဉ် မီးပြန်လာသောကြောင့်
ညလင်းမီးများ ဖြတ်ခနဲ့ပြန်လင်းလာသည့်အခါ ကျွန်တော့မျက်စိရှေ့မှမြင်နေရသည့်
အရာများပျောက်ချင်းမလှပျောက်သွားခဲ့ပါသည်။
                 သို့သော်….ကျွန်တော်အိပ်ရန်စိတ်မဖြောင့်ပေမယ့်
အချိန်လည်းတော်
လေးညဥ့်နက်နေသည်မို့ဝရန်တာဘက်သို့မျက်နှာမူရင်း အိပ်ရာထက်တွင်လဲလျောင်း
လိုက်ပါသည်။
မျက်ခွံများတဖြည်းဖြည်းလေးလာပြီး မှေ;ကနဲ အိပ်ပျော်သွားခဲ့ပါသည်။

၁ ၅ မိနစ်အကြာတွင် ရုတ်တရက် အိပ်မက်ဆိုးမက်သောကြောင့် အလန့်တကြား
ကျွန်တော်နိုးထလာခဲ့ပါသည်။
                 ကျွန်တော့်စိတ်တွေ ယောက်ယှက်ခတ်နေပြီး...ကြောက်စိတ် လည်း ၀င်လာခဲ့မိပါသည်..။
ခဏအကြာ….
       
ကြမ်းပြင်နှင့်ကျွန်တော့နားကပ်နေသည်မို့ လူတစ်ယောက်လမ်းလျှောက်လာသော
ခြေသံကို အတိုင်းသာကြားနေရပါသည်။
" ရှပ်….ရှပ်….ချွတ်…….ချွတ်"
ကျွန်တော်မျက်မှောင်တချက်ကြုံ့လိုက်ပြီး
         တောက် ! ဘယ်အရာက ငါ့စိတ်ကို ခြောက်ခြားအောင်လုပ်နေသနည်း။
မိမိကိုယ်ကို မေးခွန်းထုတ်နေမိပါသည်။ထို့အတွက် …. နောက်ဘက်သို့ဖျက်ကနဲ
လှည့်ကြည့်လိုက်ပါသည်။            
                     ဟင်………
           ကျွန်တော်အကြံအိုက်သွားခဲ့သည်။ မည်သည့်မအရာမျှမတွေ့ရပေ။
ငါ့စိတ်တွေခြောက်ခြားတာနေမှာပါ ကိုယ့်ကိုကိုယ်ပြန်အားပေးမိရင်း မျက်စိ
ကိုစုံမှိတ်ကာ ကြောက်ရွံ့မှုကို ဖယ်ရှားနေခဲ့မိပါသည်။
                   ဂီး………ဂီး…………ဂီ……
          ရုတ်တရက်ငှက်ဆိုးထိုးသံကြောင့် ကျွန်တော်မျက်စိကို ဆတ်ကနဲဖွင့်လိုက်ပြီး
ငှက်ကိုအပြစ်ပြောမည်အပြု…
            တောက်………ငှက်စုတ်ကလဲတမှောက်…….မှောက်….သ…ရဲ ရဲ….
                    သရဲ…….သရဲ…..သ……သ……….သ ….
ကျွန်တော့အသံများ တိမ်ဝင်သွားပြီး.....အတန့်ငြိမ်သက်သွားမိ၏။
ကျွန်တော်သေသေချာချာမြင်နေရသည်ကာ…….ကျွန်တော်၏အနီးကပ်….
ခြင်ထောင်အပေါ်တွင် မသဲမကွဲ အရာတခု ရှိနေသော်ကြောင့် ခြင်ထောင် အနည်းငယ် အောက်သို့ နိမ့်ကျနေပေသည်..။။
ကျွန်တော်ဘာဆက်လုပ်ရမည်နည်း။
             
မျက်စိကိုပြန်မှိတ်ကာ ဘုရားစာများကိုစိတ်ကရေရွတ်နေခဲ့မိပါသည်။
တဖန်.............
မရဲတရဲနှင့် မျက်စိကိုပြန်ဖွင့်ကြည့်လိုက်သောအခါ ခုနကမြင်နေသောအရာ
မရှိတော့ချေ။
          ဟူး………..စိတ်သက်သာရာနည်းနည်းရသွားသောကြောင့် ကြောက်စိတ်များ
ကိုရှိုက်သံနှင့်အတူပြန်၍မှုတ်ထုတ်လိုက်မိပါတော့သည်။
        
                               ***************************

             တီ…တီ….တီတီ…..တီ…..တီ
ညကပေးထားသည့် နှိုးစက်လေးအသံကြောင့် ကျွန်တော်နိုးလာကာ နှိုးစက်ကိုပိတ်၍
နာရီကိုကြည့်လိုက်မိ၏      
                      "၀ါး……….........၆ နာရီခွဲပြီပဲ"
ပြန်၍နှပ်မနေတော့ဘဲ

မျက်နှာသစ်ရန် ရေချိုးခန်းသို့ဝင်ခဲ့ပါသည်။ပြီးလျှင် နွားနို့ ပူပူလေးတစ်ခွက်ကိုဖျော်သောက်ရင်း စိတ်ကိုလန်းဆန်းစေခဲ့ပါသည်။
                   ညကအဖြစ်အပျက်တွေကို သတိရပြီး သေချာစဉ်းစားနေခဲ့သော်လည်း
အိပ်မက်လား တကယ်လားဆိုတာကိုတော့ ကျွန်တော်သဲသဲကွဲကွဲမသိတော့ချေ။
ပြန်တွေးရင်း ကြောက်ရွံ့နေပေမယ့် အိမ်ကသူတွေ့ပြန်မလာခင်အချိန်ထိတယောက်တည်း
ဆက်နေရင်း ထိုကဲ့သို့သောညမျိုးတွေကိုမည်ကဲ့သို့ ဖြတ်သန်းရမည်နည်း။
                သို့ပေမယ့် ထိုနေ့ညမှလွဲ၍ ကျန်သောညများတွင် ပကတိတိတ်ဆိတ်
ငြိမ်သက်နေခဲ့ပေသည်။ထို့ကြောင့် ထိုညက အဖြစ်အပျက်ကို အိပ်မက်ဟုသာ ထင်မြင်
မိပါတော့သည် ။

ADMIN @_# TH!t P!N


No comments:

Post a Comment