ဆား -----------------------------------------။
Folklore.
ဆားသည် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သော်လည်း ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောဓါတ်တစ်မျိုးဖြစ်သည်။ ရှေးခေတ်တွင် ဆားသည် ရွှေထက်ပင် ပို၍ရှားပါးသည်။ ရောမခေတ်က စစ်သည်များကို လစာအဖြစ် ဆားများကို ပေးချေခဲ့ဖူးသည်။ ( Salt မှ Salary ဟူ၍ ဆင်းသက်လာသည်။ )
တစ်ဦးနှင့် တစ်ဦး ဆားမျှဝေသုံးစွဲခြင်းသည် ထိုနှစ်ဦးကြားမှ နက်ရှိုင်းသော ဆက်နွယ်မှုကိုဖော်ပြရာရောက်သည်။ အိမ်သစ်တက်ရာတွင် ပန္နက်တိုင်၌ ဆားများကို ဖြူးခြင်းဖြင့် ကံဆိုးကံညံ့များမှ ကင်းဝေးစေပြီး မကောင်းသော ၀ိဥာဉ်လိပ်ပြာတို့မကပ်နိုင်ပေ။ အရေးအကြီးသော အလုပ်တစ်ခုမစတင်မှီတွင် ဆားတစ်ဆုပ်ဖြန်းခြင်းဖြင့် ကံကောင်းသည်ဟု ယုံကြည်ကြသည်။ ဆားကို ဘယ်ဘက်ပုခုံးပေါ်မှာ ကျော်၍နောက်ပြန်ပစ်ခြင်းဖြင့် ၀ိဥာဉ်လိပ်ပြာတို့ကို မြင်နိုင်သည်ဟု ဆိုသည်။
Fairy Lore.
အိမ်စောင့်နတ်သူငယ် ( Brownies ) တို့ အတွက် ဆားကို အိမ်တွင်းမီးဖိုထဲ ပစ်ထည့်ပေးရသည်။
Christianity Lore.
ရှေးဦးခရစ်ယာန်တို့ နှစ်ခြင်းမင်္ဂလာပြုလုပ်ရတွင် ဆားကို သန့်စင်စေမှုအဖြစ်၎င်း၊ အကာအကွယ်အဖြစ်၎င်း သုံးကြလေ့ရှိသည်။ ကျမ်းကျိန်ရာတွင် တခါတရံ သမ္မာကျမ်းစာအုပ်အစား ဆားကို အသုံးပြုလေ့ရှိသည်။
Demon & Witch Lore.
ဆားသည် မိစ္ဆာနတ်ဆိုးတို့ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ လက်ထပ်မင်္ဂလာပွဲများတွင် အသစ်စက်စက်ဇနီးမောင်နှံတို့၏ ပျော်ရွှင်မှုကို အဖျက်အမှောင့်ပြုရန် ကြံနေလေ့ရှိသော မိစ္ဆာနတ်ဆိုးတို့ရန်မှာ ကာကွယ်ရန် ဆားကိုသုံးလေ့ရှိသည်။ မကောင်းသော မိစ္ဆာတို့ရန်မှ သေလွန်သူ၏၀ိဥာဉ်ကိုကာကွယ်ရန်အတွက် အသုဘအခေါင်းထဲတွင် ဆားများထည့်လေ့ရှိသည်။
စုန်းများနှင့် မိစ္ဆာတို့ကို ဆားဖြင့် နှင်နိုင်သည်။ အလယ်ခေတ်တွင် စုန်းများနှင့် တိရစ္ဆာန်အသွင်ပြောင်းထားသော စုန်းတို့သည် ဆားပါသော အစာကို မစားနိုင်ဟု ယုံကြည်ကြသည်။ ပရောဂဆရာတို့သည် ဆား၊ ဆေးပင်အချို့နှင့် ဖယောင်းကို အသုံးပြု၍ စီရင်အပ်သော အဆောင်တစ်မျိုးကို ၀တ်ဆင်လေ့ရှိသည်။ ပရောဂကုရာတွင် ညင်းပမ်းနည်းတစ်မျိုးအဖြစ် အပမှီနေသူကို ရေမတိုက်ဘဲ ဆားများကျွေးခြင်းကို သုံးလေ့ရှိသည်။
( သေးကို ဆားခတ်တိုက်ပါက ပိုပြင်းထန်သည်။ )
American Ozark Lore.
အစားအသောက်များကို ဆားငန်ကြောင်းစောဒကတက်လေ့ရှိသည့် အမျိုးသမီးများကို စုန်းမများဟု ထင်မြင်သတ်မှတ်ကြသည်။ စုန်းများကို ထုတ်ဖော်ရန် Ozark နည်းတစ်နည်းမှာ သူမထိုင်နေသော ခုံကို ဆားဖြင့် ပက်ခြင်းဖြစ်ပြီး စုန်းမဖြစ်ပါက ဆားများသည် အရည်ပျော်ကျ၍ ထိုင်ခုံနှင့်လူခွာမရဘဲ ကပ်နေလိမ့်မည်ဟု ဆိုသည်။
Magic.
မြေကမ္ဘာ၏ ဓါတ်တစ်မျိုးအဖြစ် ဆားကို မှော်ဝင်ဆေးများဖော်ရာတွင်၎င်း၊ မှော်ဂါထာများမှန်းမှုတ်ရာတွင်၎င်း သုံးသည်။ မှော်စက်ဝန်း ( Magic Circle ) စည်းချရာတွင် ဆားကို အကာအကွယ်တစ်မျိုးအဖြစ်သုံးလေ့ရှိသည်။
Alchemy.
ဖိုထိုးရာ တွင် ရေ၊ မြေ၊လေ၊ မီးဟူသောဓါတ်ကြီးလေးပါးအပါအ၀င် အရာအားလုံးတို့သည် ဆား၊ ပြဒါးနှင့် ကန့်ဟူသော ဓါတ်ကြီးသုံးပါးနှင့် ဖွဲ့စည်းထားသည်ဟု ယူဆသည်။ ရွှေဖြစ်စခန်းတွင် ဆားသည် အဓိကကျသော အမယ်တစ်ရပ်ဖြစ်သည်။ ရွှေကို ထုတ်ယူရန်၎င်း၊ အဆိပ်ဖြေဆေးအဖြစ်၎င်း၊ နလုံးရောဂါကို ကာကွယ်ရန်၎င်း၊ မိစ္ဆာနတ်ဆိုးတို့မှ ကာကွယ်ရန်အဆောင်အဖြစ်၎င်း အသုံးပြုနိုင်သော ၁၇ရာစုက ဖိုထိုးနည်းတစ်ရပ်တွင် အမယ်အဖြစ်ပါဝင်သည်မှာ ရွှေ၊ ဆား၊ ၀ိုင်အနီ၊ ရှာလပတ်ရည်၊ ဖိုလုံမှရသော သံဖြူပြာနှင့် ပျားရည်တို့ဖြစ်သည်။
Soruce:
Cahill, Robert Ellis. Starnge Superstitions. Danvers, Mass: Old Saltbox Publishing, 1990.
#ProfessorX
#မှော်ပညာ
Wednesday, July 6, 2016
ဆားအသုံးဝင်ပုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment