မိတ်ဆွေကောင်း
•••••••••••••••••••
မိတ်ဆွေများစွာရှိနိုင်သော်လည်း
မိတ်ဆွေကောင်းတစ်ယောက်ရရှိရန်
မလွယ်ကူပါ။
အားကိုးအားထားပြုထိုက်သူ မိတ်ဆွေ
တစ်ဦးရရှိရန် အင်မတန်ခဲယဉ်းပါသည်။
မြတ်စွာဘုရားရှင်မှ လူတစ်ယောက်
အကြောင်းအား သိနိုင်ရန်
၁။ ပေါင်းသင်းကြည့်ရမည်။
၂။ အချိန်အကြာထိ ပေါင်းသင်းကြည့်ရမည်။
၃။ စုံစမ်းလေ့လာရမည်။
၎။ စုံစမ်းလေ့လာနိုင်သော ညဏ်ပညာ
လည်း မိမိမှာရှိရမည်ဟူ၍
အချက်လေးချက်ကိုဟောတော်မှုခဲ့
သည်။
မိတ်ဆွေကောင်းဟုတ်မဟုတ် ခွဲခြား
နိုင်ရန်အတွက်မှု အောက်ပါအချက်များကိုသိထားသင့်ပေသည်။
၁။ ပေးနိုင်ခဲသော အရာကိုပေးခြင်း။
၂။ မိမိအတွက် ပြု နိုင်ခဲသော ကိစ္စကို
ပြုလုပ်ဆောင်ရွက်ပေးခြင်း။
၃။ မိမိအပေါ် သည်းခံနိုင်ခဲသော အချက်ကို သည်းခံခြင်း။
၎။ ဘယ်သူကိုမျှ မပြောသော သူ၏
လျို ဝှက်ချက်ကို မိမိအားပြောခြင်း။
၅။ မိမိလျို ဝှက်ကို သူသိသော်လည်း
မည်သူကိုမျှ မပြောဘဲလျို ဝှက်ထားခြင်း
၆။ မိမိဘေးရန်ကိစ္စကြုံသောအခါ
စွန့်ပစ်၍ မသွားခြင်း။
၇။ မိမိ၌ ဥစ္စာပစ္စည်း၊ ရာထူးဂုဏ်များ
ပျက်စီးသောအခါ မထီမဲ့မြင်မပြု ခြင်းတို့
ဖြစ်သည်။
အခြားသော မိတ်ဆွေကောင်းအဂါင်္
(၇)ချက်မှာ
၁။ စင်ကြယ်သန့်ရှင်းသည့် အတွင်းစိတ်
သဘောနှင့်ပြည့်စုံခြင်း။
၂။ မနှမြော မတွန့်တို စွန့်လွှတ်ပေးကမ်း
တတ်ခြင်း။
၃။ သူရသတ္တိနှင့်ရဲရဲရင့်ရင့်ရှိခြင်း။
၎။ ချမ်းသာအစစ်ကို အတူယှဉ်တွဲ၍
အမြဲခံစားလိုစေခြင်း။
၅။ မြင့်မြတ်သော သဘောဖြင့် လိုက်လျောဖော်ရွေခြင်း။
၆။ အစဉ်မပြတ် နှစ်သက်မြတ်နိုးခြင်း
၇။ မဖောက်မပြန် ဖြောင့်မတ်တည်ကြည်ခြင်းတို့ဖြစ်သည်။
ထိုသို့သောမိတ်ဆွေကောင်းများနှင့်
ပေါင်းသင်းဆက်ဆံမိသောအခါ ဆင်ခြင်သတိထားရမည့် အချက်များမှာ
၁။ သူ့ကျေးဇူးကို ကိုယ့်ကျေးဇူးကို
အပြန်အလှန် နားလည်ရမည်။
၂။ တစ်ဖက်သတ် အခွင့်အရေးယူခြင်း
ကို ရှောင်ကြဉ်ရမည်။
၃။ ကြင်နာချိုသာသောစကားကိုသာ
နူတ်ထွက်ပြောဆိုရမည်။
၎။ ငြင်းခုံခြင်းကို ရှောင်ကြဉ်ရမည်။
၅။ အတောင်းအရမ်းများခြင်းကို ဆင်ခြင် ရမည်။
မိတ်ဆွေပျက်ခြင်း (၃) မျိုး
၁။ အမြဲပူးကပ်စွာ ပေါင်းသင်းလွန်းခြင်း
၂။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံပတ်သက်
မှု ကင်းကွာလွန်းခြင်း။
၃။ မတောင်းအပ်သော အချိန်အခါတွင်
သူနှစ်သက်သော အရာများအားတောင်းခံခြင်းတို့ဖြစ်သည်။
မိတ်ဆွေကောင်းကို ပေါင်းသင်းမိသဖြင့်
လောကီ လောကုတ္တရာနှစ်ဖြာသော
ကောင်းခြင်းအကျိုးကို ခံစားရ၍
နိဗ္ဗာန်သို့မျက်မှောက်ပြု နိုင်သည့်အထိ
အကျိုးထူးများ ရရှိနိုင်ပါသည်။
ထို့ကြောင့် မိမိသည်လည်း သူတစ်ပါး
အတွက် မိတ်ဆွေကောင်း ဖြစ်စေလျှက်
မိတ်ဆွေစစ်များဖြင့်သာ ပေါင်းသင်း
နိုင်ကြပါစေ။ ။
ယဉ်မေသက်
7.7.2.16
Thursday, July 7, 2016
မိတ်ဆွေကောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment