သူတို့လေ... သူတို့ပေါ့
မဘသလို့ အော်တယ်
အမျိုးဘာသာသာသနာကာကွယ်ရေးလို့ အော်တယ်
ကြားရတာ ဟုတ်သလိုလိုပေါ့...
ဒါပေမယ့်လည်း....
သူတို့လေ...
ဘာသာမဲ့နေမျိုးဝေအတွက် လွှတ်ပေးဖို့တောင်းဆိုကြပေမယ့်
မိုးကုတ်ကရေပူဆရာတော်မတရားအဖမ်းခံရတာကိုတော့
လွှတ်ပေးဖို့ မတောင်းဆိုဖူးဘူး
ဆွမ်းတလုတ်
ရေတမှုတ်တောင် မကမ်းခဲ့ကြဖူးဘူး
သာသနာကို အဲသလိုကာကွယ်တာ။
သူတို့လေ ..
စကားကြမ်းကြမ်းပြောမိရင်တောင်
ထောင်မကျ ကျအောင်ဖိအားတွေပေးကြပေမယ့်
သန္တိသုခကျောင်းကို သူပုန်စခန်းဝင်စီးသလို စီးပြီး
ပြည်ပသာသနာပြုဆရာတော်တွေကို
လူဝတ်လဲဖမ်းဆီတဲ့အရေးမှာ
မတရားဘူးလို့ တခွန်းမဟဖူးဘူး
သာသနာကို အဲသလိုကာကွယ်တာ။
သူတို့လေ...
လက်ချိုးရေလို့ရတဲ့ ကုလားမုဒိမ်းမှုကို အုံနဲ့ကျင်းနဲ့ ဝိုင်းဝန်းအော်ဟစ်ကြပေမယ့်
မရေမတွက်နိုင်တဲ့ မြန်မာအမျိုးသမီးတွေကို
တရုတ်၊ ထိုင်းနဲ့ တပ်မတော်အပါအဝင် မြန်မာအချင်းချင်း မုဒိမ်းကျင့်ခံကြရတော့ သူတို့တခွန်းမဟဖူးဘူး
အမျိုးကိုလည်း အဲသလိုချစ်တာ။
သူတို့လေ...
ပြည်တွင်းရောက်နေတဲ့ ခိုးဝင်ဘင်္ဂလီတွေအတွက်
ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုကြိမ်းမောင်းတတ်ပေမယ့်
အဲဒီလူတွေ ဝင်ခွင့်ပေးခဲ့တဲ့ အရင်အစိုးရနဲ့ ဦးသိန်းစိန်ကိုတော့ ထောက်ခံနေကြပြန်တယ်
အမျိုးသားရေးက အဲသလောက်ပြင်းတာ။
သူတို့လေ...
အရင်အစိုးရအဆက်ဆက် ဘင်္ဂလီတွေကို
White card တွေ သိန်းနဲ့ချီပြီး ထုတ်ပေး
ပန်းရောင်ကဒ်တွေ ရခိုင်ဝန်ကြီးကိုယ်တိုင်ပေး
တပ်မတော်သားကိုယ်တိုင် စစ်ကားနဲ့ခိုးသွင်းလာပေး
အဲဒီတုန်းက အစိုးရကိုအပြစ်တင်ဖို့ တခွန်းမဟဖူးပေမယ့်
ဥပဒေနဲ့အညီ အစိုးရသစ်ကကိုင်တွယ်တော့မှ
ကုလားအါးပေးရယ်လို့ အော်ဟစ်ကြပြန်တယ်
အမျိုးတွေကို အဲသလိုချစ်တာ။
သူတို့လေ....
ဖားကန့်မြေကို ရောင်း
လက်ပတောင်းကို ပေး
မြစ်ဆုံကိုလက်သိပ်ထိုး
ဂတ်စ်ငွေ့တွေကို တင်ပို့
မန္တလေးမြို့ကို အပိုင်အပ်ခဲ့တဲ့
အရင်လူတွေကို အပြစ်မတင်ဝံ့ပေမယ့်
မီးပြတ်၊ ရေကြီးတာတွေကိုတော့
အစိုးရသစ်ကို အပြစ်တင်တတ်တယ်...
အမျိုးသားရေးကို အဲသလိုသိတတ်တာ။
သူတို့လေ...
ပါးစပ်က ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာ
လက်တွေက ငြိမ်းချမ်းဖို့အတွက် ကုလားသတ်ပါလို့
အပြောတခြား အလုပ်တခြား
အပေါ်တမျိုး အောက်တမျိုးနဲ့
ကူလီကူမာ လုပ်တတ်ကြပြီ။
သူတို့လေ...
အမျိုးသားတိုးတက်ကြီးပွားရေးဆိုတဲ့ နိုင်ငံရေးကြီးကို ကုလားဆန့်ကျင်ရေး
မွတ်စလင်ဆန့်ကျင်ရေးအသွင်ပြောင်းလို့
သင်္ဃန်းခြုံအကြမ်းဖက်
သာသနာ့အလံနဲ့ ဗလီဝင်ဖျက်နေကြပြီ။
သူတို့လေ...
အထင်ကရ ဆရာတော်ကြီးတွေရဲ့
တခြားဘာသာကို မစော်ကားရဆိုတဲ့
အဓိကမိန့်ကြားချက်ကြီးကို ကျောပိုးပြီး
ဆဲဆိုအော်ဟစ်ဖျက်ဆီးနေကြတဲ့ လူတွေ၊ သင်္ဃန်းခြုံတွေစုပြီး
မဘသကွလို့ အော်ဟစ်နေကြလေရဲ့။
သူတို့လေ...
မဘသတရားပွဲလို့ကြေငြာတယ်
တရားပွဲမစခင် သီချင်းဖွင့်ပြီး ကလိုက
ဓမ္မသဘင်မှာ အရပ်သားတွေကို တင်လိုတင်
ဘုရားမဟောတဲ့ တရားအတုတွေ ဟောလိုဟော
တခြားဘာသာတွေကို ပုတ်ခတ်လိုခတ်
သမိုင်းအမှားတွေ ပြောလိုပြောနဲ့
ပြည်သူကို အဆိပ်သွင်းလို့
အကုသိုလ်တွေ မှိုင်းသွင်းနေကြသေးတယ်။
သူတို့က....
အမျိုးဘာသာသာသနာကာကွယ်ရေးအမည်ခံ
ဘာသာရေး၊ လူမျိုးရေး
ကိုလိုနီအကြမ်းဖက်အဖွဲ့အစည်းဖြစ်မှန်းမသိ ဖြစ်နေတဲ့ ....
မဘသပေါ့ကွယ်။
YaeTayZa #တောကဘကြီး
#No_Mabatha
Thursday, July 7, 2016
အရမ်းကြိုက်တယ်ဗျာ ဖတ်ကြည့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment