Saturday, July 16, 2016

နပိုလီယံ အကြောင်း

နပိုလီယံ ဘိုနာပတ် ( 1769 - 1821 )
<<<<<<<<<<<<<>>>>>>>>>>>>>
နပိုလီယံဘိုနာပတ် သည် ဥရောပသမိုင်းကို ပြောင်းလဲစေခဲ့သည့် ပြင်သစ်ဘုရင် တစ်ပါး ဖြစ်လေသည်။ ( 1769 ) ခုနှစ် သြဂုတ်လ ( 15 ) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ( 1821 ) မေလ ( 5 ) ရက်တွင် သေဆုံးခဲ့သည်။

နပိုလီယံ ဘိုနာပတ် ( 1769 - 1821 )

ငယ်ဘဝ

နပိုလီယံ ကို ကော်စီကာ ကျွန်းတွင် မွေးဖွားခဲ့ပြီး မမွေးဖွားမီ ( 15 ) အလိုတွင်မှ ကော်စီကာ ကျွန်းကို ပြင်သစ်တို့က သိမ်းပိုက်ခဲ့ခြင်း ဖြစ်လေသည်။ ငယ်စဉ်က အခြားသော ကော်စီကာ မျိုးချစ်များနည်း တူ ပြင်သစ်တို့ကို တော်လှန်ရန် ဆန္ဒရှိခဲ့ဖူးလေသည်။ သို့သော် အသက် ( 16 ) နှစ်အရွယ်တွင် ပြင် သစ် ဗိုလ်သင်တန်း တက်ရောက်ပြီးနောက်တွင် ပြင်သစ် အမြှောက်တပ်တွင် အရာရှိအဖြစ် အမှု ထမ်း ခဲ့ပြန်သည်။ ပြင်သစ်မြေကို အင်္ဂလိပ်တို့လက်မှ ပြန်လည် တိုက်ယူသည့် နာမည်ကျော် တိုးလုံ တိုက်ပွဲ ( 1783 ) တွင် ၄င်းဧ။် အမြှောက်တပ်ကို ဦးဆောင်ရ်ျ အသက်ငယ်ငယ်နှင့် ကောင်းစွာ အစွမ်း ပြနိုင်ခဲ့ရ်ျ ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်း ခံရပြီးနောက် နာမည် ရလာခဲ့လေသည်။

တိုက်ပွဲများ

( 1796 ) ခုနှစ်တွင် အီတလီကို သိမ်းပိုက်ရန် ချီတက်သည့် တပ်ကို အုပ်ချုပ်ရန် အသက် ( 27 ) နှစ်ရှိ နပိုလီယံက ဦးဆောင်ခဲ့ရလေသည်။ ထို အချိန်မှစကာ နောင် ဥရောပတွင် တိုက်သည့် စစ်ပွဲများကို လက်တွဲတိုက်မည့် စစ်ဗိုလ်ချုပ်များနှင့် စတင်ကာ တွဲဖက်မိခြင်းလည်ုးဖြစ်လေသည်။ အီတလီ တိုက် ပွဲများတွင်လည်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နာမည် ပိုမို ကျော်ကြား လာခဲ့လေသည်။

အီတလီမှ ပြန်လာပြီးနောက် ( 1798 ) တွင် အီဂျစ်ကို တိုက်ခိုက်ရန် ချှီတက်သွားပြန်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ စစ်နိုင်သော်လည်း အကျိုးမရှိခဲ့သည့်အပြင် များစွာသော စစ်သည် တို့မှာ ပြင်းထန်ဆိုးရွားသော အီဂျစ်ဧ။် ရာသီဥတု ၊ ရောဂါဘယ နှင့် ရေတပ်တွင် အင်အားကြီး အင်္ဂလိပ်တို့ ရန် တို့ကြောင့် အကျဆုံး များခဲ့ရလေသည်။ အခြေနေမဟန်သည့် နပိုလီယံ သည် လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းကာ သင်္ဘောတစ်စီးတည်းဖြင့် ပြင်သစ် သို့
ုပြန်ခဲ့ရလေ သည်။ ပြင်သစ်ရောက်သော် ပါရီလူထုက အီဂျစ်မှ အရှုံးကိုလျစ်လျူရှု့ပြီး အီတလီမှ အောင်မြင် မှုများကိုသာ တဖွဖွပြောပြီး သူရဲကောင်းသဖွယ် ချီးမြှောက်ကြသဖြင့် နိုင်ငံရေး လောကတွင်ပါ နေရာ ရလာပြီး ပြင်သစ်တော်လှန်ရေး နှင့် အာဏာသိမ်းပွဲများ အပြီးတွင် နိုင်ငံဦးဆောင် ဒါရိုက် တာတစ်ဦး ဖြစ်လာခဲ့လေသည်။မကြာမီတွင် ပြိုင်ဘက်များကို ဖယ်ရှားပြီး အသက် ( 30 ) နှစ် အရွယ်တွင် ဦးဆောင်ဒါရိုက်တာ ဖြစ်လာခဲ့သည်။

ပြင်သစ်တော်လှန်ရေးတွင် လူထုတောင်းဆိုသော လိုလားချက်များကို အခြေခံ ဥပဒေ ရေးဆွဲရာ တွင် ထည့်ထားပေးနိုင်ခဲ့ရ်ျ နပိုလီယံကို အာဏာရှင်ဟု မမြင်ပဲ သူရဲကောင်းအဖြစ် ဆက်လက် ကိုး စားခဲ့ကြလေသည်။ အာဏာရပြီးနောက် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများကို တရစပ် ဆောင်ရွက်လေတော့သည်။ ဗဟိုဘဏ် နှင့် တက္ကသိုလ်ကို တည်ဆောက်ပေးခဲ့သည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယံ ဥပဒေပင် ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများ တွင် ထို ဥပဒေကို မှီငြမ်းနေဆဲ ဖြစ်လေသည်။ ပြင်သစ် နယ်နမိတ်ကို ကျော်ကာ ဥရောပနိုင်ငံ များ ကို သိမ်းယူကာ တိုက်တိုင်းနိုင်သဖြင့်ုပြင်သစ် စစ်တပ်ကို ယှဉ်နိုင်သူ မရှိတော့ပေ။ ထို့ကြောင့် နှစ် အနည်းငယ်အတွင်း ဥရောပမြေပုံတွင် ပြင်သစ်ပိုင်နက်သည် ကြီးမားကျယ်ပြန့် လာလေသည်။

ဧကရာဇ် နပိုလီယန်

( 1804 ) ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ် အဖြစ်ကြေငြာကာ ညီအစ်ကိုများကို ဥရောပ သုံးနိုင်ငံတွင် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့လေသည်။ တော်လှန်ရေးဧ။် အနှစ်သာရ များကို မထိခိုက်ဟု အများက ထင်မြင်ကြသဖြင့် သမ္မတ နိုင်ငံ ထူထောင်လိုသူများက အရေးတယူ မကန့်ကွက်ခဲ့ ကြပေ။ ပြည် တွင်း တွင် ကန့်ကွက်သူမရှိသော်လည်း ပြည်ပတွင် သိမ်းပိုက်နယ်မြေများသည် ငြိမ်သက်လှသည် မရှိခဲ့ပဲ အမြဲပင် ပုန်ကန်ရန် အခြေနေ ရှိခဲ့ကြသည်။ ( 1802 ) နှစ်တွင် အင်္ဂလန်နှင့် အေမီယန် စာချုပ် ချုပ်ဆိုကာ စစ်ပြေငြိမ်း ခဲ့လေသည်။ ထို စာချုပ်သည် တစ်နှစ်သာ ခံပြီး အင်္ဂလန် နှင့် မဟာ မိတ်များက ပြင်သစ်ကို စစ်ကြေငြာကြပြန်သည်။

ကြည်းတပ်တွင် ထုံးစံအတိုင်း နပိုလီယံ ဧ။် တပ်များ ခြိမ့်ခြိမ့်သဲ အောင်ပွဲခံသော်လည်း ပင်လယ်တွင် ရေတပ်အင်အား တောင့်တင်းသော အင်္ဂလိပ်တို့အား ( 1805 ) ခုနှစ် ထရော်လဖာ တိုက်ပွဲတွင် အကြီးကျယ် ရှုံးရလေသည်။ နောက် ခြောက်ပတ်အကြာတွင် သြစတီးယား နှင့် ရုရှ နိုင်ငံ တပ်ပေါင်း စု ကို သြစတာလစ်တွင် နိုင်သော်လည်း မထူးတော့ ပေ။ အဘယ့်ကြောင့် ဆိုသော် ပင်လယ်ပြင်တွင် အင်္ဂလန်တို့ ဗိုလ်စွဲပြီး ဖြစ်သဖြင့် ပြင်သစ်တို့မှာ များစွာ နစ်နာရလေသည်။ ( 1808 ) ခုနှစ်တွင် အိုဗေရီယန် ကျွန်းသို့ မလိုအပ်ပဲ ပြင်သစ်တပ်များ တပ်စွဲထားစေခြင်း ဖြင့် အမှားတစ်ရပ်ကို ကျူး လွန် လိုက်သေးသည်။ ထို့အပြင် အရေးပါသည့် သမိုင်း ဖြစ်ရပ်တစ်ခုမှာအမေရိကားရှိ ပြင်သစ်ပိုင် လူဝီစီးယားနား ပြည်နယ်ကို အမေရိကန် ပြည်ထောင်စုထံ ရောင်းချ ပစ်ခဲ့လေသည်။

အရှုံးများ

အကြီးဆုံးသော ပြင်သစ်တို့ဧ။် အရှုံးနှင့် နပိုလီယံဧ။် အမှားမှာ ရုရှသို့ ချီတက်ခြင်ုးဖြစ်လေသည်။ ( 1807 ) ခုနှစ်တွင် ရုရှဇာဘုရင်နှင့် ချစ်ကြည်ရေး စာချုပ် ချုပ်ဆိုထားသော်လည်း ( 1812 ) တွင် ရုရှ ကို တိုက်လေသည်။ ရုရှတပ်များက နပိုလီယံ တပ်များကို ရင်ဆိုင်တိုက်သည် မရှိပဲ ရှောင်ရှား သွား ကြ သည်။ ထို့ကြောင့် ပြင်သစ် တပ်များမှာ မော်စကို မြို့အထိ အခက်ခဲ မရှိပဲ ချီတက်သွားနိုင် ခဲ့သည်။ သို့သော် မော်စကိုမှာ ရုရှတို့ မီးတိုက်ကာ ချန်ခဲ့သဖြင့် အကြီးကျယ် ဒုက္ခရောက်တော့ လေသည်။ မော်စကိုတွင် တပ်ချကာ ရုရှမှ စစ်ပြေငြိမ်းရန် ကမ်းလှမ်းသည်ကို ငါးပတ်တိတိ စောင့် သော်လည်း အကျိုးမထူးတော့သဖြင့် တပ်ခေါက်ပြန်ရန် ဆုံးဖြတ်လိုက်သော်လည်း အချိန် နှောင်း သွားခဲ့လေသည်။ ပြင်သစ်တပ်များသည် ရုရှဆောင်းတွင်း နှင့် ရိက္ခာမလုံလောက်သည့် ဒဏ်များကို မရှု့မလှ ခံစားရကာ ပြင်သစ် ပြန်အရောက်တွင် စစ်သည် ဆယ်ရာခိုင်နှုံန်းသာ ကျန်ရှိလေတော့ သည်။ သြစတီးယား ၊ ပရပ်ရှား စသည့် သိမ်းပိုက်ခံများအနေဖြင့် လည်း ယခု အချိန်တွင် ပြင်သစ်တို့ ကို တော်လှန်ရန် အချိန်ကောင်းဖြစ်ကြောင်း နားလည်သည့်အလျောက် တော်လှန်ကြလေသည်။ ထိုသို့ဖြင့် နှစ်ဘက်ရင်ဆိုင် တိုက်သည့် လိုက်ပဇ် တွင် ပြင်သစ်တပ်များ ထပ်မံ အရေးနိမ့် သဖြင့် အင်အားနည်းပါးကြောင်း သိသာစွာ ပေါ်လွင်သွားလေသည်။ နောက် တစ်နှစ်အကြာတွင်ရာထူးမှ နုတ်ထွက်ကာ အီတလီအနီးရှိ အယ်လဗ် ကျွန်းသို့ အကျယ်ချုပ်ဖြင့် ပို့ဆောင်ခြင်း ခံရလေသည်။

ထိုကျွန်းမှ ( 1815 ) တွင် ထွက်ပြေးလာကာ ပြင်သစ်ပြန်ရောက်သော် ပြည်သူတို့က ၀မ်းပမ်းတသာ ကြိုဆိုပြီး အာဏာပြန်အပ်ကြပြန်သည်။ အာဏာရသည်နှင့် အခြား ဥရောပနိုင်ငံများကို စစ်ကြေ ငြာလေသည်။ အာဏာရပြီး ရက်တစ်ရာ အကြာတွင် တိုက်ခိုက်ကြသည့် ၀ါတာလူး စစ်ပွဲတွင် ရှုံးသဖြင့် ဗြိတိသျှတို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စိန့်ဟယ်လင်နာ ကျွန်းသို့ ပို့ဆောင်ခြင်း ခံရလေသည်။ စိန့်ဟယ်လင်နာကျွန်းတွင် အကျဉ်းသားအဖြစ် နေထိုင်သွားခဲ့ရပြီး ကင်ဆာရောဂါ ဖြင့် ( 1821 ) တွင် ကွယ်လွန်ခဲ့လေသည်။

သေဆုံးခြင်း အကြောင်းအရာ

အစာအိမ် ကင်ဆာဖြင့် သေဆုံးသည်ဟု နပိုလီယန် ဧ။် ဆရာဝန် ခွဲစိတ်မှုမှတ်တမ်းတွင် ဖော်ပြ ထားသော်လည်း နောက်ပိုင်းတွင် အာဆင်းနစ် အဆိပ်ဖြင့် အသတ်ခံရသည် ဟု ယူဆလာခဲ့ ကြ လေသည်။ အကြောင်းမှာ နပိုလီယံ သေဆုံးခါနီး ဆံချည်တို့တွင် အာဆင်းနစ် ပါဝင်နှုံန်း အဆမတန် များပြားနေခြင်း ကြောင့် ဖြစ်လေသည်။ ( 2007 ) နှင့် ( 2008 ) တွင် ပြုလုပ်ခဲ့သော လေ့လာမှုများ အရ နပိုလီယန် မှာ ကလေးဘ၀ကတည်းက သဘာဝအလျောက် အာဆင်းနစ် ဓါတ် သင့်နှုန်း များ ပြား ခဲ့ပြီး အစာအိမ်ကင်ဆာဖြင့် သေဆုံးကြောင်း အတည်ပြုခဲ့ကြလေသည်။

ကိုးကား ။ ။ ၀ီကီဒီပီးယား အခမဲ့ လွတ်လပ် စွယ်စုံကျမ်း
ကျော်စွာ ( 100 ) - ဒေါက်တာ သန်းထွန်း
http://arakannadi.blogspot.com/2013/03/blog-post_1452.html?m=1

Crd- ဗဟုသုတဒိုင်ဂျက်
Credit : ကျောင်းလွယ်အိတ်


No comments:

Post a Comment