### ဟိုတယ်ရဲ့ဇာတ်လမ်းများထဲမှတစ်ခု ###
ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။
ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။
"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။
အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။
အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။
"အစ်ကို ဒီအခန်းမှာ နေမလို့လား.."
"ဟုတ်တယ်လေ… ဘာလို့လဲ.."
"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."
"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "
ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။
"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."
"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"
ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…
"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"
"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."
ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။
"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."
"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."
"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."
"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"
"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။
ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။
အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ
"အဟစ်…အဟစ်…အဟစ်…."
"ဟိ…ဟိ…ဟိ…ဟိ…"
ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။
"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"
ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။
ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….
အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။
"အောင်မလေးဗျ…."
ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။
"အားးးးးး…"
ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။
ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။
သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။
Credit by Ko Aung Tun Oo
ADMIN @_# TH!t P!N
### အပေါ့အပါး လျှောက်မသွားနဲ့.... ###
အဲဒီနေ့က မိုးတွေ ဖွဲဖွဲလေးကျနေတယ်..။ ည ရှစ်နာရီလောက်ပဲ ရှိသေးပေမယ့် မိုးအေးတော့ဗျာ...
လူသွားလူလာတွေ မရှိသလောက်ဖြစ်နေတာ..။ သိတယ်မလား.. တောင်ကြီးမြို့ရဲ့ မိုးအကုန်ဆောင်း
အကူးကာလလေ.. စက်တင်ဘာပေါ့..။ မိုးလေး စိမ့်ကနည်းကျလိုက်ရင် တစ်လောကလုံးက အေးနေရော
..။ ကျွန်တော်လဲ မနက်က ထီးယူပြင်းတာနဲ့ မိုးထဲပြန်လာရတယ်..။ နေတဲ့အိမ်နဲ့ ကားဂိတ်နဲ့က ဆယ့်ငါး
မိနစ်လောက်တော့ လျှောက်ရတယ်..။ ကားက အောက်ဈေးလို့ခေါ်တဲ့ စဝ်ဆံထွန်းဈေးရဲ့ အရှေ့ေ
တာင်ဘက်မှာ ရှိတာလေ..။ အဲဒီတုန်းက အခုလို သေချာတိုက်ခန်းတွေ မရှိသေးဘူး..။ ဈေးသိမ်းထာြး
ပီးတဲ့အချိန်ဆို..
ည အမှောင်ထဲမှာ အဲဒီ ဈေးဆိုင်ခန်းတွေဟာ တစ္ဆေတွေ အစည်းအဝေး ကျင်းပနေတယ်လို့ ထင်ရေ
လာက်အောင် ခြောက်ခြားဖို့ကောင်းတာ..။ လျှပ်စစ်မီးကလဲ ဈေးလယ် လမ်းလောက်လေး မစို့မပို့ ထွန်
းထားပေးတာဆိုတော့ အဲဒီ ခရမ်းချဉ်သီးသာသာ မီးရောင်လေးနဲ့ လှုပ်လှီလှုပ်လဲ့ တာလပတ် စတွေဟာ
တကယ့် ပလဲပနံသင့်လှတဲ့ ပရလောက အခင်းအကျင်းတစ်ခုလိုပဲ..။
အဲဒီဘေးကနေ ကွေ့ဝိုက်ပြီးပြန်လာတဲ့ ကျွန်တော့စိတ်အခြေအနေကို မှန်းလို့ရလောက်ပြီထင်ပါတယ်..။
အဲဒီတုန်းက ဈေးဘေးနားမှာ ဈေးရေကန်ကလဲ မဖို့ရသေးဘူး..။ တော်တော်လေး နာမည်ကြီးတဲ့ကန်ပါ..။
ညညဆိုရင် ရေကန်ထဲကနေ မကောင်းဆိုးဝါးတွေ ထွက်လာပြီး လမ်းသလားတယ်ပြောကြတာပဲ..။
ကန်ကိုတော့ သံဆူးကြိုးတွေနဲပ သေချာ ခတ်ထားတယ်.. ။ ကလေးတွေ ဝင်ဆော့ပြီး ကျကုန်မှာစိုးလို့
ထင်ပါရဲ့..။ အဲ.. စကားကောင်းနေလိုက်တာ ဈေးနားကနေ မခွာနိုင်ဘူး ဖြစ်နေတယ်..။ အဲဒီ ဈေး
ဘက်နားက ဆင်းလာလိုက်တော့.. အခု စေတနာလား ဘာလား စင်တင်တေးဂီတ စားသောက်ဆိုင် ဖွင့
်ထားတဲ့ နေရာနားမှာပေါ့. အရင်က ညောင်အိုပင်ကြီးရှိတယ်.။ အဲဒီဘက်နဲ့ ကင်းကွာတာ ကြာနေပြီဆို
တော့ လမ်းနာမည်၊ ဆိုင်နာမည်၊ နေရာနာမည်တွေ သိပ်တော့ မမှတ်မိတော့ဘူး..။ စေတနာက ဆေးရြုံ
ဖစ်ဖို့ ပိုများတယ်.။ ထားလိုက်ပါ..။ ဘာပဲပြောပြော အဲနားလေးမှာ အရင်က ညောင်အိုပင်ရှိတယ်ဗျာ..။ ေ
ပြာချင်တာ အဲဒီ ညောင်အိုပင်ပဲ..။
မိုးဖွဲလေးထဲမှာ လှမ်းလာလိုက်တာ အဲဒီ ညောင်အိုပင်နားရောက်လာတယ်..။ အဲဒီ ညောင်ပင်နဲ့ မျက်နှာ
ချင်းဆိုင်မှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ရှိတယ်..
။ သူလဲ မိုးအေးလို့လားမသိ.. အဲဒီနေ့မှ ရှစ်နာရီပဲ ရှိသေးတယ်.. ပိတ်ပြီဗျ..။ ဆိုတော့ အဲဒီလမ်းက ရှင်း
နေတာပေါ့.. လတ်တလော..။ တစ်ချက်တစ်ချက် ဖြတ်သွားတဲ့ ဆိုင်ကယ်တို့ ကားတို့လောက်ပဲ ရှိတာ..။
လမ်းလျှောက်နေတာဆိုလို့ ကျွန်တော် တစ်ယောက်ထဲ..။ ညောင်ပင်နားရောက်တော့ ဗွေဖောက်လာ
တယ်..။ ကျွန်တော် မြို့ထဲက ပြန်လာတာ ကိစ္စ မရှင်းလာရဘူးလေ..။ မိုးကလဲအေးတော့ တော်တော်
လေးကို တင်းနေပြီ..။ ဆီးသွားချင်နေတာ..။ ညောင်ပင်ကြီးနားရောက်တော့ ကြက်သီးတွေ ထသွားတယ်
..။ သိတဲ့အတိုင်းပဲ အဲလို ကြက်သီးများထသွားရင် သွားချင်နေတဲ့ဆီးက ထိန်းလို့ကို မရချင်တော့လော
က်အောင်ကိုပဲ..။
ကျွန်တော် အကြံတော်တော်လေး အိုက်သွားတယ်..။ ဆီးသွားဖို့ကလဲ လမ်းဘေးအကာဆိုလို့ အဲဒီေ
ညာင်ပင်နဲ့ သူ့ဘေးမှာရှိတဲ့ ကုလားပန်းခြုံလေးပဲ ကွယ်နေတာ..။ အဲထဲမှာမှ မရှင်းရင် မဖြစ်တော့ဘူး..။
စာအုပ်ဆိုင်ကလဲ ပိတ်နေပြီဆိုတော့ သူတို့ကို အကူအညီ တောင်းလို့လဲ မရနိုင်ဘူး..။ ဒီတိုင်းသွားရင် မိုး
ရည်တင်မကဘူး.. အောက်ပိုင်းတစ်ခုလုံး ရှူရှူးတွေနဲ့ ရွှဲရွှဲစိုသွားနိုင်ခြေရှိတယ်..။ အဲဒါနဲ့ အဲဒီညောင်ပင်နဲ့
ကုလားပန်းကြားထဲဝင်ပြီး အထုပ်ဖြေရတာပေါ့..။ အဲ.. မဖြေခင်တော့ ခွင့်ပြုပါ ဘာညာတော့ ပြောရေ
သးတာပေါ့..။ ဒါပေမယ့် ခွင့်တောင်းတာ မဆုံးသေးဘူး.. ဇာတ်လမ်းက စသွားတယ်..။ ဆီးသွားပြီးတော့
လူက တော်တော်ပေါ့သွားတယ်..။ အသာလေး ခြုံထဲက ပြန်ထွက်လာလိုက်တော့ ကြက်သီးထပ်ထ
သွားတယ်..။ မိုးအေးရင် ဖြစ်နေကျပဲမို့ အလေးမထားလိုက်မိဘူး..။ အဲ.. ထတဲ့ ကြက်သီးက မပြီးနိုင်မစီးနု
ိင်ဖြစ်နေတဲ့အပြင်.. ရုတ်တရက် ခေါင်းကြီးက ပုခုံးနှစ်ဘက်ထက်ကို ကြီးထွက်လာသလို ခံစားလိုက်ရ
တယ်..။
ဒီလောက်တော့ ဘယ်နုံပါ့မလဲ..။ သိလိုက်ပြီလေ..။ ဒါကောင်းသော ကြက်သီးထခြင်းမဟုတ်ဘူးဆိုတာ
ကို.
.။ ဘာလုပ်ရမှန်းလဲ တစ်ကယ်မသိတာ..။ စဉ်းစားကြည့်လေ.. ကိုယ်က တစ်ယောက်ထဲလေဗျာ..။ မသိ
ချင်ယောင်ဆောင်ပြီး ရှေ့ဆက်တိုးဖို့ပြင်တယ်..။ “ဒေါက်... ကလောက်.. ကလောက်.. ” ခဲကျသလို
ဘာလိုလိုနဲ့ နောက်ကနေ အသံကြားလိုက်ရတယ်..။ ခနနေတော့. “ကလောက်.. ကလောက်.. ကေ
လာက်..” ဆိုပြီး ဘေးကနေ ခဲလိုလို ဘာလိုလို လိမ့်ပြီး ဖြတ်သွားတယ်ဗျ..။ ချွေးတွေ ပြန်ထွက်လာတယ်
..။ ကျနေတဲ့ မိုးရည်ထက် မျက်နှာမှာ သီးလာတဲ့ ချွေးတွေက ပိုပြီး အပေါက်ကြီးတယ်ဗျ..။
အားတင်းပြီး ဆက်လှမ်းတာပေါ့..။ အဲဒီမှာ နောက်ကနေ ခြေသံအလေးကြီးကို ကြားရတာဗျာ..။ အလေး
ကြီးလို့ ဘာလို့ထည့်ပြောလဲဆိုရင် အဲဒီခြေသံဘုတ်ကနည်း ထွက်လာတိုင်းမှာ မြေကြီး တုန်ခါသွားတာကို
ကျွန်တော့ခြေဖုဝါးတွေ ခံစားလို့ရနေလို့ပဲ.။ မြေတောင်ခါအောင် လျှောက်နိုင်တယ်ဆိုတော့ မျက်စိထဲမှာ
ဧရာမ ဘီလူးရုပ်ကြီးသွားမြင်တယ်..။ ရုပ်ရှင်ထဲကလို ဘီလူးရုပ်ပေါ့..။ တကယ့်ဘီလူး အပြင်မှာ ဘယ်လို
ရှိလဲ ကျွန်တော်လဲမှမသိတာကိုး..။ အစွယ်ကြီးတကားကားနဲ့များလားပေါ့..။ လှည့်လဲ လှည့်ကြည့်ချ
င်တယ်..။ ကြည့်လဲ ကြည့်ရဲဘူးဗျ..။ အဲဒါနဲ့ ရှေ့ကို ဆက်လှမ်းတယ်.။ နောက်ကနေ ထပ်ပြီး ခြေသံက
လိုက်လာတယ်..။ တကယ့် အလေးကြီးဗျာ..။ မနေနိုင်တော့ဘူး.. ကျွန်တော် ချာကနဲ လှည့်ကြည့်လု
ိက်တယ်..။ အထင်နဲ့ အမြင် ပါစင်အောင်လွဲသွားတယ်.။ ကြောက်နေတာတောင် ခနမေ့သွားတယ်..။ ေ
နာက်မှာ ကောင်လေးတစ်ယောက်ဗျ..။ လေးနှစ်သားလောက်ပဲ ရှိမယ်ထင်တယ်..။ မျက်လုံးတွေကတော့
စူးတောက်နေတာပဲ..။ ဘယ်လိုပြောရမှန်းကိုမသိဘူး..။ စဉ်းစားကြည့်ဗျာ.. ထင်ထားတာ အကြီးကြီး..
တော်သေးတယ်တန်းပြီး မော့မကြည့်မိတာ..။ အခုမြင်နေရတာ သေးသေးလေး..။ လက်တောက်လော
က်လေး.. ။ ကြောက်ရမှာတောင် အားနာသွားခဲ့တယ်.။ ခုနက ပြေးမလို ဖြစ်နေတဲ့ ခြေလှမ်းတွေကို ပြ
န်ထိမ်းလိုက်တယ်.။ အေးဆေးပေါ့..။ လက်တောက်လောက်လေး...ပေါ့..။ ဒါပေမယ့် စောင့်တော့ စောင့်
ရဲဘူးဗျ..။ ရှေ့ဘက်ကို ပြန်လှည့်လိုက်တော့.. အရှေ့ဘက်မှာ ခွေးနက်တစ်ကောင်ဘယ်ကရောက်နေ
တယ်မ
သိဘူး..။ ဒီတိုင်းထိုင်နေတာ..။ ကြည့်နေတာကတော့ ကျွန်တော့ကိုလား နောက်က ကလေးကိုလားမ
သိဘူး..။ ကျွန်တော်လဲ ယောင်ရမ်းပြီးတော့ နောက်ကို ပြန်ကြည့်မိတာပေါ့..။ အဲ..။ နောက်မှာ ဘာမှ မရှိ
တော့ဘူး..။ တိန်....။ ကြောင်သွားတာပေါ့.။ ခုနကပဲ သေချာ မြင်လိုက်ရတာ..။ ကလေးလေး..။ အခု
ဘယ်ရောက်သွားပြီလဲ တွေးနေတုန်းဗျာ..။ ကျွန်တော့် ဘယ်ဘက်လက်ကို တစ်ယောက်ယောက်လာ
ကိုင်တယ်..။ အားပါး.. ငုံ့ကြည့်လိုက်တော့.. ခုနက ကလေးလေးဗျ..။ အနားရောက်မှ ရုပ်သေချာမြ
င်တယ်..။ ကလေးက မုတ်ဆိတ်တွေနဲ့.။ သေပြီဆရာပဲ..။ ကြောက်တော့ ဆောင့်ရုန်းတာပေါ့လို့..။ ရှေ့ကို
အမှတ်မထင်ပြေးတော့.. မာန်ဖီသံထွက်လာတယ်..။ ခွေးနက်ဗျာ..။ လိုက်ဆွဲတော့မလို အသင့်ပြင်နေ
တာမျိုး..။
ပြေးပေါက်က တစ်လမ်းပဲရှိတာကိုး.. ကိုက်လဲ ကိုက်ကွာဆိုပြီး ပြေးတာပဲ..။ တစ်ဘုန်းဘုန်း တစ်ဘ
တ်ဘတ်နဲ့ နောက်ကနေ လိုက်လာတာကို ကြားရတယ်..။ လှည့်မကြည့်အားတော့ဘူး ဒီတစ်ခါ..။ ေ
နာက်ကျခြေထောက် သစ္စာဖောက်ပဲဟေ့ဆိုပြီး အသားကုန် စွတ်ပြေးတော့တာ..။ တစ်ခုထူးဆန်းတာ..
အဲဒီလမ်းမှာ တစ်လျှောက်လုံး နာမည်ကြီး အိမ်စောင့်ခွေးတွေ တန်းစီနေတာ..။ ရိုးရိုး လမ်းလျှောက်လို
့ကတော့ ဘာမှမဖြစ်ဘူး..။ ပြေးများပြေးကြည့်.. အသေလိုက်ဆွဲတဲ့ ခွေးတွေ..။ အဲဒီနေ့ ဘယ်နားမှာ
သွားအလေရိုက်နေလဲမသိဘူး..။ ကျွန်တော့်နောက်ကို တစ်ကောင်မှ မလိုက်ဘူးဗျ..။ တစ်လမ်းလုံး ရှင်
းထွက်နေတာ..။ အသံဆိုလို့ ကျွန်တော့ပြေးသံနဲ့ နောက်က လိုက်နေတဲ့အသံပဲ ရှိတယ်.။
အိမ်နားရောက်တော့ အားတက်လာတယ်..။ လမ်းချိုးထဲ ပြေးဝင်လိုက်တော့ နောက်က လိုက်နေတဲ့အ
သံတွေ မပါလာတော့တာကို သိလိုက်ရတယ်..။ အပြေးတော့ မရပ်ရဲသေးပါဘူး..။ သေချာ အောင် ဆက်
ပြေးကြည့်လိုက်သေးတယ်.။ ဘာသံမှ လိုက်လာတာ မကြားတော့မှ.. ပြေးတာ ရပ်လိုက်တယ်..။ မောလဲ
တော်တော်မောနေပြီကိုး..။ ကြောက်ရဲကြောက်ရဲနဲ့ နောက်ကို လှည့်ကြည့်မိတယ်..။ ဟူး.. ။ အခုမှ သ
က်ပြင်းချနိုင်တယ်.. ဘာမှ မရှိတော့ဘူး.။ ကျွန်တော်တစ်ယောက်ထဲ အိမ်ပြန်တဲ့လမ်းမှာ...။ အဲဒါနဲ့
အိမ်ဘက်ကို အသာလေး လမ်းလျှောက်လာတယ်..။ ခြံတံခါးဝနားရောက်လာတော့ လန့်လာပြန်ရော..။
စိတ်ထဲမှာ ပေါက်ကရ တွေးမိတာကိုး..။ ငါ့ကို ခြံဝင်းထဲကနေ လာစမ်းဆိုပြီး စောင့်နေရင် ဘယ်လိုလု
ပ်မလဲပေါ့..။ ဝင်းတံခါးနားရောက်တော့ ဖွင့်ရမှာမရဲတော့ဘူး..။ မဖွင့်ရင်လဲ ဝင်လို့ရတော့မှာမဟုတ်ဘူး
လေ..။ ငိုချင်လာတာပေါ့..။ မထူးတဲ့အတူတူတော့ အိမ်နားရောက်နေပြီပဲ.. ဝင်းထဲမှာ ရောက်နေလဲ အိမ်
ပေါ် အရောက်ပြေးလိုက်ရင်ပြီးတာပဲဆိုပြီး ဖွင့်ချလိုက်တယ်..။ “ကျွီ....” တံခါးကြီး ပွင့်သွားတယ်..။ ဒု
တိယအကြိမ် သက်ပြင်းချလိုက်နိုင်တာ..။ ဝင်းထဲမှာ ရှင်းနေတာပဲ..။ ဟူး....... တော်သေးတယ်ပေါ့..။
သေချာအောင်တော့ ပတ်ကြည့်လိုက်သေးတယ်.။ ဘာမှမရှိဘူး..။ အဲဒါနဲ့ ဝင်းတံခါးကို ပြန်ပိတ်ဖို့ လှည့်
လိုက်တယ်..။ “ဝူး... ဝါး...”
အော်သံနက်ကြီးနဲ့ ကျွန်တော့်ဆီ ခုန်ဝင်လာတယ်..။ ဘာကြီးတွေမှန်းကို မသိလိုက်ဘူး..။ ကျွန်တော်သိ
လိုက်တာ ငယ်သံပါအောင် အော်မိတာပဲ..။ မျက်စိတွေပြာဝေသွားပြီး.. ကျွန်တော် ဘာဖြစ်သွားမှန်းမ
သိဘူး..။
ပြန်ပြီး သတိကပ်လာတော့ ဘေးနားမှာ စကားသံတွေ ပွက်လောရိုက်နေတာ အရင်ကြားရတယ်.။ အားယူ
ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့.. ကျွန်တော့ကို ဘုရားခန်းနားမှာ သိပ်ထားတာကို သိလိုက်ရတယ်လေ.
.။ ဘေးမှာက ကျွန်တော့ အဖေ၊ အမေနဲ့ အိမ်နီးနားချင်းတွေ..။ ကျွန်တော့် အော်သံကြီး ကြောက်စရာ
ကြားလိုက်ရလို့ လန့်ဖျန့်ပြီး ထွက်လာတဲ့သူတွေ..။ နောက်ပြီး ခေါင်းရင်းဘက်မှာတော့ ကျွန်တော်တို့
အိမ်နားက ဘုန်းကြီးကျောင်းက ဆရာတော်တစ်ပါး..။ ကျွန်တော့လက်ကို သတိထားမိတော့ လက်မှာ ပ
ရိတ်ကြိုးချည်ထားတယ်..။ ကျွန်တော် မျက်လုံးဖွင့်လာတော့ ဆရာတော်က ကျွန်တော့်ကို ရေတွေနဲ့ ထပ်
တောက်တယ်..။ ဘာမှန်းမသိပေမယ့် တော်တော်လေးကို လန့်သွားတယ်.။ ငါသေများသွားပြီလားပေါ့..
ပေါက်ကရအတွေးတွေလေ..။ ချာလပတ်ကို ရမ်းနေတုန်း..။
ဘုန်းကြီးက ကျွန်တော့ကို သေချာ ကြည့်ပြီးတော့ မိန့်တယ်..။ “တကာလေး.. ဘုန်းဘုန်းကို မှတ်မိလား”
တဲ့..။ ကျွန်တော် ကြောင်သွားတယ်.။ “တင်ပါ့ဘုရား.. ” လို့ပြန်ဖြေတော့မှ.. ဘုန်းဘုန်းက အဖေ့ဘ
က်လှည့်ပြီး.. “အဆင်ပြေသွားပါပြီ တကာကြီး.. မစိုးရိမ်နဲ့တော့..” ဆိုပြီး မိန့်တယ်..။ ဘာတွေမှန်းကို မ
သိပါဘူးဗျာ..။ မူးနောက်လာတာနဲ့ ကျွန်တော်လဲ ပြန်အိပ်ပျော်သွားတယ်..။
မနက် နေတော်တော်မြင့်မှ နိုးလာတယ်..။ အဖေနဲ့အမေက ဘေးမှာ ငုတ်တုတ်..။ ကျွန်တော် နိုးလာတော့
မေးတယ်.။ “ဘာစားချင်လဲတဲ့..”။ “အာ.. အခုမှ နိုးလာတာ.. မျက်နှာလေး ဘာလေး သစ်ပါရစေဦးအေ
ဖရာ..”ဆိုပြီး ထတော့မှ.. အဖေနဲ့အမေ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးသက
်ပြင်းချတယ်.။ “တော်သေးတယ်”တဲ့.. ကျွန်တော်လဲ မနေနိုင်တော့ဘူး..
“အာ. အဖေတို့ ဘာတွေဖြစ်နေကြတာလဲဗျာ..။ လူတောင် ရူးချင်လာပြီ.. နည်းနည်းပါးပါးလေးလဲ ရှင်းပြ
ကြပါဦး..”ဆိုပြီး ဘုတောလိုက်တယ်.။ အဲဒီအခါမှ ဒါတွေကို သိလိုက်ရတာဗျ..။ ကျွန်တော် ငယ်သံပါေ
အာင် အော်တာကြားလိုက်ရတော့ အဖေတို့ကော အိမ်နီးနားချင်းတွေပါ ထွက်လာတာပေါ့..။ သူတို့ မြင်လု
ိက်ရတာက ခြံထဲမှာ ကျွန်တော် ကင်းမြီးကောက်ထောင်ပြီး လျှောက်သွားနေတာတဲ့..။ ပါးစပ်ကလဲဗျာ..
ဝူးဝါးဝူးဝါးအော်နေတာတဲ့..။ ပြီးတော့ ခြံထဲက ထောပတ်ပင်ပေါ်ကို ဇောက်ထိုးကြီး တက်မလို့လုပ်ေ
နတော့.. အဖေတို့က ပြေးဆွဲထားတယ်တဲ့ဗျာ..။ ဘာဖြစ်မှန်းမသိတော့ ဘာလုပ်ရမှန်းလဲ မသိဘူးပေါ့..။
အိမ်နီးနားချင်းတစ်ယောက်က သွေးရိုးသားရိုးမဖြစ်နိုင်ဘူး..
ဘုန်းကြီး ပြေးပင့်ဦးဟဆိုမှ ဘုန်းဘုန်းကို ပြေးပင့်ကြရတာတဲ့..။
ဘုန်းဘုန်းရောက်လာတော့ .. ကင်းမြီးကောက်ထောင်နေရာကနေ မြေမှာ ဆောင့်ကြောင့်ထိုင်ပြီး ဦး
တိုက်တယ်တဲ့..။ နောက်ပြီး ဝူးဝါး ဝူးဝါးနဲ့ ဘာတွေ ပြောနေမှန်း မသိဘူးတဲ့.။ ဘုန်းဘုန်းက ကဲ.. ဘုရား
စင်ရှေ့လိုက်ခဲ့ဆိုတော့.. အတင်းငြင်းတယ်တဲ့.။ လူလေးငါးယောက် ဝိုင်းချုပ်တာတောင် လန်ထွက်သွား
အောင် ရုန်းနိုင်တယ်ဆိုပဲ..။ အဲဒါနဲ့ ဘုန်းဘုန်းက ပါလာတဲ့ ပုတီးနဲ့ ရိုက်ဖို့ရွယ်မှ ဘုရားခန်းကို လို
က်လာတာတဲ့.။ ဘုရားခန်းထဲရောက်တော့ ဘုန်းဘုန်းက ဘာမပြော ညာမပြောနဲ့ သောက်တော်ရေကို ယူ
ပြီး ကျွန်တော့်ကို ကောက်ပက်လိုက်တာ.. ဝုန်းကနဲ တောင့်တောင့်ကြီး လဲကျသွားတယ်တဲ့...။ နောက်ပြီး
လူသေကောင်လို တောင့်တင်းလာတယ်တဲ့..။ အဲဒီအချိန်မှာ ဘုန်းဘုန်းက ကျွန်တော့်ကို မပြီး ဘုရားစင်
အောက်မှာ ထားခိုင်းတယ်.. ။ ပြီးတော့ မျက်လုံးမှိတ်ပြီး ကျွန်တော့်နဖူးကို လက်ဝါးနဲ့ အုပ်ထားတယ်တဲ့..။
တအောင့်လောက်ကြာတော့ ကျွန်တော် မျက်လုံးတွေ ပြန်ပွင့်လာတယ်ဆိုပဲ..။ အဲဒီမှာတင် ဘုန်းဘုန်းနဲ့
တိုးတိုး တိုးတိုး ပြောနေကြတယ်တဲ့..။ ဘေးကလူတွေလဲ သေချာရှင်းရှင်းမကြားရဘူးတဲ့.။ နောက်တော့
ကျွန်တော် တဆတ်ဆတ် တုန်လာပြီး ပြန်ငြိမ်သွားတယ်တဲ့..။ နောက်တစ်အောင့်လောက်နေတော့ ကျွန်
တော် ပြန်နိုးလာတာပဲ.. ။ ကျန်တာတော့ ကျွန်တော် ပြောပြထားတဲ့အတိုင်းပဲပေါ့..။ ဘုန်းဘုန်းပြောပြလို
့သိလိုက်ရတာ
က ညောင်ပင်မှာရှိတဲ့ တစ်ချို့ ရုက္ခစိုးတွေ မကျေနပ်လို့ ဆုံးမတာတဲ့..။ ပြောတာပါပဲ..။ ကျွန်တော်တော့
ဘာမှန်းမသိပါဘူး..။ လက်ဖုဝါးမှာတော့ ခဲတွေ စူးထားလို့ နာလိုက်တာဗျာ..။
အဲဒါနဲ့ မျက်နှာတွေ ဘာတွေ သစ်ပြီးတော့ ဘုန်းကြီးကျောင်းကိုသွားတယ်..။ ဘုန်းဘုန်းကမေးတာပေါ့..
မဟုတ်တာတွေ ဘာလို့သွားလုပ်ရတာလဲ..။ ဘာလို့ သူများဗိမ္မာန်ကို အပေါ့နဲ့ သွားဖျက်ရတာလဲဆိုပြီး
ဆူတယ်..။ အဲဒီအခါမှ အဖေတို့ပါးစပ် ဟောင်းလောင်းပွင့်တာ..။ ဘာ..။ မင်းကွာတဲ့..။ ဘုန်းဘုန်းရှေ့မှာမို့
နရင်းအအုပ်မခံရတာ..။ ဘုန်းဘုန်းက နောက်မလုပ်ဖို့ ဆုံးမတယ်.။ ကျွန်တော်လဲ ကတိပေးလိုက်ပါတယ်
.။ တမင်ရည်ရွယ်ပြီး လုပ်တာမှ မဟုတ်တာ..။ အဲလောက် စိတ်ဆိုးရတယ်လို့ဗျာ..။ ဘယ်လို နတ်ဖြ
စ်သွားတယ်မသိပါဘူး..။ ပြောသာပြောရတာ ကြားလို့ကတော့ နောက်တစ်ချိ အတွယ်ခံရကိန်းပဲ...။
အသိ အကိုကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့ကို ပြန်မျှပေးတာပါ..။
Credit by Khit Khit
ADMIN @_# TH!t P!N
### သွေးစွန်းတဲ့ တနင်္ဂနွေ ###
ပြောရမယ် ဆိုရင်မိုးတွေကလည်း ရွာချက်က ဘေးပတ်ဝန်းကျင်တောင် မမြင်နိုင်အောင် သဲနေတော့တာပါပဲ ။ထိုသဲသဲမဲမဲ ရွာနေသောမိုးကို အန်တုနေသော လူသားတစ်စု မိုးရွာထဲးတွင် တေားလမ်းလေးအတိုင်း ပြန်မှ သူတို့ မြို့ကိုသွားတဲ့ ဘူတာသို့ ရောက်မည် ။မမှောင်ခင်ရောက်ဖို့ အရေးပတ်ဝန်ကျင်တောင်သတိမမူမိအောင် မြန်မြန်သွားနေကြသည်။ထိုအရပ်ဒေသသည်သူတို့ နဲလည်းအကျွမ်းမဝင်ပါ သူတို့ ကျောင်မှတနင်္ဂနွေနေ့  လေ့လာရေးခရီးထွက်ရာသို့ လိုက်ခဲ့ကြသော အကီဒ၊ယိုနို၊ကုမဒါ၊ကိုနို ဆိုသော တဣသိုလ် ကျောင်းသားလေးယောက် အခု သူတို့ တို့ မကျွမ်းကျင်သော နေရာတစ်ခုသို့ လူစုကွဲကာရောက်ရှိလာခြင်းဖြစ်သည်။"အဲဒါမင်းကြောင့် ကုမဒ""အခု ငါတို့  ဘယ်လို လုပ်မလဲ""မင်းပဲအမြန်ရောက်မဲ့ ဖြတ်လမ်းသိတယ်ဆိုလို့  ဆရာတို့ အုပ်စုနဲ့ မလိုက်တာ အခုတော့ဒုက္ခပါပဲကွာ"အားလုံးရဲအပြစ်တင်မှုကို ကုမဒ တစ်ယောက်လူးအလဲခံနေရသည်"ငါလည်တစ်ခါရောက်ဖူးလို့  ပြောလိုက်တာပါကွာ မင်းတို့ ကိုတောင်းပန်ပါတယ်"ဟု ကုမဒ က ခေါင်းလေးငုံ့ ပြီးပြန်လည်တောင်းပန်နေရှာသည် ။ကိုနို က"မတက်နိုင်ဘူးလေကွာ ငါတို့ လည်းဒီအထိရောက်လာခဲ့ပြီပြီပဲ ဒီကောင့်ကို အပြစ်တင် လည်း ဘာမှဖြစ်လာမှာမှမဟုတ်တာ မမှောင်ခင် ရောက်အောင်သွားမှရမယ်"သို့ သော်ကံကြမ္မာက သူတို့ ကိုမျက်နှာသာမပေးပါ လုံးဝန်နေသောနေဝန်းကြီးသည် တဖြေးဖြေးအရောင့်ဖျော့ရာမှ မှောင်မိုက်သော ညအချိန်အခါသို့ ကူးပြောင်းခဲ့ချေပြီ " ငါတို့ ဒီပုံအတိုင်း ဆက်သွားနေလို့ မဖြစ်ဘူး မိုးလင်းမှ ဘူတာရောက်အောင် သွားမှဖြစ်တော့မယ်ကွာ တနေရာရာမှာဝင်တည်းကြစို့  "ဟု အကီဒ က စိတ်ပျက်လက်ပျက်ဖြင့် ညီးညူလေသည်။ သို့ နှင့်သိပ်မကြာလိုက် နောက်လေးဆယ့်ငါးမိနစ်လောက်ခရီးဆက်မိသော အခါ မီးများထိန်ထိန်လင်းနေသော မြို့ ငယ်လေးတစ်ခုကို လှမ်းမြင်လိုက်ကြသည်။အကီဒ က "ငါ့တို့ ဒီညတော့ ဒီမြို့ကတည်းခိုခန်းတစ်ခုခုမှာပဲတည်လိုက်ကြရအောင်ကွာ မနက်စေားစေား ထသွားကြတာပေါ့""အေးကောင်းတယ်ကောင်းတယ် ငါလည်းဗိုက်စာလှပြီ လာမြန်မြန်သွားရအောင် " ဟု ကုမဒ က ထောက်ခံမှုကို ကျန်သုံးယောက်၏ဒေါသမျက်လုံးများအားပေးတာကို ခံလိုက်ရချေပြီ။သို့ နှင့် ထို့ မြို့လေးသို့  လေးယောက်သား ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားလေသည်။မြို့ကသိပ်မကြီးလှ အိမ်ခြေ သုံးဆယ်လောက်တော့ရှိမည် အိမ်အားလုံးကလည် အဲဒိုးဂျီဒိုင် ဟုခေါ်သော ခေတ်ကအိမ်ပုံစံများပင် သူတို့ လည်း မြို့လေးထဲကိုပတ်ကြည့်ရင်း သူတို့ အရှေ့တည့်တည့်မှ မိသားစုတစ်စု လမ်းလျှောက်လာ သည်ပျော်လို့ ရွှင်လို့ သူတိုမိဘတွေက သူ တို့ ကလေးတွေကိုပြောနေသံကို သူတို့ ကြားရသည်။"သားတို့ သမီးတို့ ဒီနေ့ ဟင်းကောင်းစားရမယ်တဲ့ ဘွားဘွားကပြောတယ်" ဟုသူတို့ အချင်းချင်း ပျော်ရွှင်စွာဖြင့်လာနေသည်ကို အကီဒ က"ဒီကအ မတို့  အကိုတို့  ကျွန်တော်တစ်ခုလောက်အကူအညီတောင်းချင်လို့ ပါ""ဟုတ်ကဲ့ ပြောပါ""ဒီမြို့မှာတည်းခိုခန်းမရှိဘူးလာခင်ဗျာ""တည်းခိုခန်းတော့မရှိဘူးဗျ ဒီကအကိုတို့ တည်းစရာအခက်အခဲးဖြစ်နေရင်တော့ ကျွန်မတို့ အိမ်လိုက်ခဲ့လေ အိမ်မှာလိုက်တည်လို့ ရပါတယ်""တည်းစရာနေရာတော့ အဆင်ပြေသွားပြီ စားစရာကော"ဟု ကုမဒ ၏ကြားဖျက်အမေးမဆုံးခင်မှာ ကုမဒ ရဲ့ ဇာက်ဘိုး ကို သုံးယောက်သား ဝိုင်းတီးကြတော့သည်။"ဒီလောက်မင်းကြောင့် ဒုက္ခရောက်နေတာတောင် အစားမက်နိုင်သေးတယ်"ဟု ကိုနို ၏ကြိမ်းမောင်းသံကို အားလုံးကဝိုင်းထောပနာပြုကြသည်။"ကဲအကိုတို့  ကျွန်မတို့ နဲ့ လိုက်ခဲ့ပါ ဟု အမျိုးသမီးကခေါ်သွားလေသည်။အမျိုးသမီး၏အိမ်မှာ သိပ်မကြီးလှ သစ်သား အိမ်လေး ကို အခန်းပေါင် ငါးခန်းလောက်နှင့်ဖွဲစည်းထာသော အိမ်လေးဖြစ်သည် အိမ်၏အနောက်ဖက်မှာတော့ တေားအုပ်လေးနှင်တစ်ဆက်တည်းပင် ဖြစ်သည်သူတို့ အိမ်ပေါ်သို့ တက်သည်နှင့် အဖွားကြီးတစ်ယောက် အခန်းထဲမှထွက်လာကာ "အော် ဧည်သည်တွေလည်းပါလာတာကိုး ကဲကဲထိုင်ကြထိုင်ကြ အေးအေးဆေးဆေးအနားယူကြကွဲ့ နော်""ဟုတ်ကဲ့ အခုလိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်အဖွား"ဟု အကီဒ ကယဉ်ကျေးစွာဖြင့်တုန်ပြန်သည်။"ရပါတယ် ကွယ်အဖွားတို့ လည်းကူညီရတော့ ကုသိုလ် ရတာပေါ့ကွယ်""ဖွားဖွား မြေးတို့ ဗိုက်စာပြီ "ဟု ကလေးများကပြော သည်"စားရမှာပေါ့ မြေးတို့  ခဏစောင့်နော် အဖွားစီစဉ်လိုက်အုံးမယ် ကဲကဲ သမီးရေ ကလေးတွေကို အခန်းထဲးခေါ်သွားပါကွယ်" "သားတို့ လည်းပင်ပန်းလာတယ်ထင်ပ တစ်ခုခုအရင်စားလိုက်ကြပါလား"ထိုအချိန်တွင် ကုမဒ ၏အသံထွက်လာသည်"ဟီးဟီး အားနာစရာကြီး"ကိုနို၏လက်က သူဇက်ဘိုး နှင့်မိတ်ဆက်လိုက်ပြန်သည်။စားစရာများရောက်ရှိလို့ လာသည်။သူတို့ လည်းစားသောက်ပြီးတာနှင့် အမျိုးသမီးနေရာချပေးသောအခန်းအတွင်းဝင်ရောက် အနားယူတော့သည် အခန်းထဲသို ရောက်သောအခါ ကုမဒ ကသူအိတ်ထဲးသို့  တစ်စုံတခုကို သိမ်းဆည်နေသဖြင့် မသင်္ကာသဖြင့် ဝိုင်လုကြည့်သောအခါ ခုနကသူတို့ စားနေသေား မုန့် များကိုထုပ်ယူလာချင်ဖြစ်သည်။အားလုံးလည် ကုမဒ ကိုဝိုင်းဝန်ကန်ကြောက်ပြီး အိပ်ဖို့ အသင့်ပြင်တော့ သည်။သို့ နှင်သူတို့ ပင်ပန်းသဖြင့်အိပ်ပျော်သွားကြသည် မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ ကိုနို တစ်ယောက် အိမ်သာသွားချင်သဖြင့် ထလာပြီး ထို့ နောက်အခန်းအပြင်ကို ထွက်ကာအိမ်သာကို ရှာလေသည် သူလည်အိမ်သာ ဘယ်မှာမှန်းမသိ ညသန်းခေါင်ကျော် ဘယ်သူကို မေးရမှန်းမသိ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် အခန်းတခါးများကို လိုက်ဟကြည့်သည် ထို အချိန်တွင်အနောက်ဘက် တောအတွင်းမှ ဆွဲဆွဲငင်ငင် အူနေကြသော ခွေးအူသံများကြာရပြီး ကြက်သီးများထသွားတော့သည်။ထို့ နောက်အခန်းတစ်ခု အတွင်းမှအသံသဲ့သဲ့ကြားရလာသည် သူလည်းစိတ်ဝင်စားလာသည်နှင့် အမျှဆက်လျှောက်သွားရာ အဖွားကြီးအခန်းမှထွက်လာသောအသံ"ဂျွတ် ဂျွတ် ဂျွတ့့် ဂျွတ် ဂျွတ်ဂျွတ်""ဟင်င်င်င်. ဟင်င်င်င် "ညီးသံကြီး အခန်းအနားသို့ နီးကပ်လာသည်နှင့်အမျှ ထို အသံများနှင့်အတူ ပုတ်ဟောင်သောအနံများကို ရှူရှိုက်မိလာသည် သူ လည်း အခန်းအဝသို့ ရောက်သည်နှင့် တံခါးကို အသာလေးဟကြည့်မိလိုက်သော အခါ တွေလိုက်ရသောမြင်ကွင်းက အဖွားကြီး မှာ လူတစ်ယောက် ၏လက်ကို အသဲအမဲး ကိုက်ဖျက်စားသောက်နေပြီး အဖွားကြီးဘေးမှ မြေးလေးနှစ်ယောကမှာ ထိုလူ၏ဗိုက်ကလီစာများကို အလုအယက်စားသောက်နေ လေတော့သည်။ကိနိုလည်း ထိပ်လန့် ကြောက်ရွံ့ စွာဖြင့် ငေးကြည့်နေရာမှ လှည့်ထွက်မည်အပြုအနောက်သို့ လှည့်လိုက် ရာ သူအနောက်တွင် လင်မယားနှစ်ယောက်က သူအားပြုံးပြီးကြည့်နေသည် လင်မယားနှစ်ယောက်မှာ ညဦးပိုင်တွင်တွေခဲ့သောလင်မယားနှစ်ယောက်ပင်သို့ သော် လက်သည်းများမှာလည်း ရှည်လျှားလှပြီး ပါစပ်တွင်သွေးများပေကြံကာ နာရွက်များမှာလည်း ရှည်ကာတွဲးကြနေကြသည် နောက်သူထက်အရပ်မှာ လေးငါးပေလောက်ပိုရှည်နေလေသည်။သူနောက်ကျသွားလေပြီ။ညသုံးနာရီ လောက်ညည်းနက်ချိန်တွင် လူတစ်ယောက်၏စူးစူးဝါးဝါးအော်ဟစ်လိုက်သောအသံကြောင့် ကုမဒ ၊ယိုနို၊အကီဒ သုံး ယောက် လန့် နိုးလာသည်သို့ သော် အသံမထွက်ရဲ စူးစူးဝါးဝါးထွက်ပေါ်လာသောအသံသည်သူတို့  အိမ်အတွင်းမှဖြစ်သည် သို့ နှင့် သူတို့ လည်းအဝတ်အစားမျာ တိတ်တဆိတ်ဝတ်ကာ အခြေအနေကို ကြည့်နေသည် သူတို့ လည်း အခန်းအပြင်သို့ တိတ်တစိတ်ထွက်ပြီး အော်သံကြာရနေရာသို့ ကြည့်လိုက်ရာ အဖွားကြီး၏အခန်းထဲတွင် သက်မဲ့ ၍အပိုင်းပိုင်းပျက်နေသော သူတို့ ၏သူငယ်ချင်း ကိုနို အားဝိုင်းဝန်းစားသောက်နေကြသည် သူတို့ လည်းတိတ်တဆိတ်ထွက်ကာ အိမ်အပြင်သို့ ရောက်သည်နှင့် အသက်ကုန် ပြေးတော့လေသည် မြို့အစွန်ခပ်လှမ်းလှမ်းသို့ ရောက်သော အခါ မြို့အတွင်း မှာ စူးစူးဝါးဝါးအော်လိုက် သောအသံကြားရပြီး နောက်မြို့အတွင်မှ ဖြူဖြူ ကောင်ကြီးများ အော်ဟစ်လိုက်လာတော့သည် ။သူတို့ သုံးယောက်လည်း အသက်ကုန်ပြေး လေရာ ချောင်းစပ်တစ်ခုသို့ ရောက်လာသည် သူတို့ လည်းချောင်ထဲးသို့  မဆိုင်းမတွ ခုန်ဆင်းပြေးကြပြီးတဖက်ကမ်းမှ အနောက် သို့ လှည့်ကြည့်လိုက်ရာ ချောင်းကမ်းပေါ်တွင် ဖြူဖြူကောင်ကြီးများသူတို့ ကို စိမ်းစိမ်းကြီးကြည့်နေကြသည် ထို အကောင်ကြီးများကြားမှ အဖွားကြီးထွက်လာပြီး သူတို့ သူငယ်ချင်းကိုနို၏ဦးခေါင်းပြတ်ကြီးကို အပေါ်မြှောက်ပြလေသည်။"ငါတို့ သူတို့ ပိုင်နက်ကျော်လာပြီထင်တယ်"အကီဒ က တုန်ရီမေားဟိုက်စွာဖြင့်ပြောသည်။သူတို့ သူငယ်ချင်းကိုနို၏ ဖြစ်အင်ကို စိတ်မကောင်း ကြီးစွာ ဖြင့်ငေးကြည့်နေစဉ် အဝေးမှထွက်ပေါ်လာသော ရောင်နီအလင်းတန်လေးများ ချောင်းရိုးတစ်လျောက်ကျရောက်လာသောအခါ ဖြူဖြူကောင်ကြီးများမှာမကျေနပ်စွာဖြင်သူတို့ ကိုကြည့်ပြီးတေားထဲးအော်ဟစ်ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။သူတို့ လည်းဆက်လက်၍ ခရီးဆက်လာခဲ့ရာ မြို့ပေါ်သို့ ရောက်ရှိပြီး ရဲစခန်းသို့ သွားရောက်အကူညီတောင်းခံလေရာ"မင်းတို့ မို့ လိုမကြောက်မရွံ့  အဲဒီနေရကိုသွားတာ အဲနေရာကလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော် ကမြို့လုံးကျွတ်မီးလောင်ထားတဲ့မြို့ကွ သေလိုက်တာလည်သောက်သောက်လည်ပါပဲကွာ မင်းတို့ သူငယ်ချင်းအတွက်တော့စိတ်မကောင်းပါဘူးကွာ" "ကဲမင်းတို့ လည်းပြန်ဖို့ လုပ်တော့ ငါတို့  လည်းလုပ်စရာရှိတာလုပ်ထားလိုက်ပါမယ်"ထိုအချိန်တွင်ကုမဒါ လည်းသူ့ အိပ်အတွင်းသို့ နှိုက်ကြည်မိလေရာ ထိုအိမ်မှထည့်ယူလာသော မုန့် ထုပ် ဖြည်ကြည့်လိုက်ရာ မြတ်ခြောက့် မို ပိုးကောင်အသေများထွက်လာတော့သည်။"ဟာာာာ ဒါဆို ညကငါတို့ စားတဲ့မုန့် တွေက့ "
Credit by Ebby
ADMIN @_# TH!t P!N
### ဘုန်းကြီးနောက် တကောက်ကောက် လိုက်ကပ်နေတဲ့
ဟင်္သာတအစွန် တောကျောင်းလေးထဲက အစိမ်းသေမ ###
လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကာလ၌ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသော ပယောဂ တစ်ခုဖြစ်ခဲ့လေသည် ။
ဤအဖြစ်အပျက်အကြောင်းအရာတွင် စားရင်းကိုင်လေး ကိုမြဟန်သည် အဓိကနေရာမှ ပါဝင်ခဲ့၏ ။
သူသည် အစိုးရအမှူထမ်း စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး ရန်ကုန်မြို့ သင်္ကန်းကျွန်း အနီး သုဝဏ္ဏတွင် နေ၏ ။ အဖေကြီးဦးမြခင်ထံတွင် ပညာယူထားသော ရွှေရင်ကျော် ဂိုဏ်းဝင်တစ်ယောက်လည်း ဖြစ်၏။
အထက်လူကြီးမှ တာဝန်ပေးသောကြောင့် ကိုမြဟန်သည် ဧရာဝတီတိုင်း ဇလွန်မြို့ အနီးရှိ ဟင်္သာတမြို့သို့ စာရင်းစစ်ရန် သွားခဲ့ရသည်။
ဟင်္သာတမြို့အစွန်ရှိ အိမ်တွင် တည်းခို၏။ သို့သော် ထိုအိမ်ရှိ ကလေးများသည် ကလေးပီပီ အချိန်ပြည့် အော်ဟစ်၍ စော့ကစားကြသဖြင့် ကိုမြဟန်မှာ အလုပ်ကို အာရုံစိုက်၍ မရတော့ပေ ။
ထို့ကြောင့် ထိုအိမ်နှင့် မလှမ်းမကမ်းတွင်ရှိသော တောကျောင်းလေးတစ်ကျောင်းသို့ သွားရောက်ကာ
၎င်းအား တည်းခို့ခွင့်ပြုပါရန် ကျောင်းထိုင်ဆရာတော်အား လျောက်ထား၏။
ဆရာတော်သည် ကိုမြဟန်အား ကျောင်းနောက်ဘက် ကပ်လျက်တွင်ရှိသော အဆောင်ငယ်လေးတွင် လွတ်လွတ်လပ်လပ် နေခွင့်ပေးခဲ့သည် ။
ကိုမြဟန် ထိုတောကျောင်းလေးသို့ ရောက်မလာခင် ၂ ရက်အလိုတွင် ကျောင်းထိုင်ဆရာတော်သည် အိမ်မက်ဆန်း တစ်ခု မက်ခဲ့လေ၏ ။
အိမ်မက်ထဲတွင် ဆရာတော်အား ဝတ်ဖြူစင်ကြယ် ဝတ်ထားသော ပုဂ္ဂိုလ်တစ်ပါးမှ " ကိုယ်တော်... ကိုယ်တော့်ကျောင်းကို ဒီနေ့ကစလို့ ၂ ရက်ကြာရင် သူတော်ကောင်းလာလိမ့်မယ် ၊ အဲဒီ သူတော်ကောင်းဟာ ကိုယ်တော့်ကို ကယ်လိမ့်မယ် "ဟုပြောလေသည်။
ထိုအချိန်သည် ဆရာတော်ကိုယ်တိုင်ပင် သူ့ကိုယ်သူ ဖြစ်နေမှန်းမသိသော ထိတ်လန့်ဘွယ် အကြောင်းအရာတစ်ခု ဆရာတော်တွင်ဖြစ်နေခဲ့သည် ဆို၏။
လွန်ခဲ့သော ၂ နှစ်ခန့်လောက်အချိန်ထိ ထိုဆရာတော်၏ ကျောင်းသည် ကိုးကွယ်သူ ဒကာ ဒကာမ အမြောက်အများဖြင့် လွန်စွာ စည်ကားခဲ့၏ ။
ထို အနီးအနားတစ်ဝှိက် ရှိရှိသမျှသော ဘုန်းကြီးကျောင်းများထဲ၌ ဤတောကျောင်း ဆရာတော်၏ ကျောင်းမှာ အစည်ကားဆုံး လှူဘွယ်ပစ္စည်း အကပ်ခံရဆုံး ကျောင်းဖြစ်ခဲ့၏ ။
တစ်နေ့တွင် ထိုကျောင်းသို့ လာသော ဒကာ တစ်ယောက်သည် ဆရာတော်အား အမျိုးသမီးငယ် တစ်ဦးနှင့်အတူရှိနေသည်ကို မြင်ရလေသည်။ ထို မိန်းမငယ်သည် ဆရာတော်၏ ပေါင်ပေါ် လက်ထောက်မေးတင်လျက်ရှိနေသည်ကိုမြင်ရသည်ဆို၏ ။
ထိုသို့မြင်ရသည်မှာ ထိုဒကာတစ်ယောက်ထဲပင်မဟုတ်ဘဲ အခြားဒကာ ဒကာမများအားလုံးနီးပါး တို့သည်လည်း ထိုနည်းတူမြင့်တွေ့ရသောကြောင့် ဆရာတော်အပေါ် အကြည်ငြို ပျက်လေတော့သည်။
အရင်က ဒကာများစွာဖြင့် လွန်စွာစည်ကားခဲ့သော ထိုတောကျောင်းလေးသည် လာမည့်သူမရှိအောင် ချောက်ကပ်သွားလေသည်။
အမှန်မှာ ဆရာတော်သည် ဝိနည်းသိက္ခာပုဒ်ကို အင်မတန် လုံခြုံစွာ စောင့်ထိမ်းတော်မူသော သံဃာတစ်ပါးဖြစ်သည် ။ ထိုအမျိုးသမီးငယ်နှင့် အတူရှိဖို့ဝေးစွ ။
ထိုအမျိုးသမီးရှိနေသည်ကိုပင် ဆရာတော် မသိရှာပေ။ ထိုအမျိုးသမီးကို ဆရာတော် မမြင်ရပါ။
ဆရာတော်အား မိန်းမငယ်တစ်ဦး နှင့်အတူ ရှိနေသည်ကိုဒကာ ဒကာမအပေါင်းတို့ တွေ့မြင်ရခြင်းမှာလည်း အမှန်တကယ် မြင်ရခြင်းဖြစ်၏။
ဤသို့ဖြင့် ဆရာတော်၏ ဒကာအပေါင်းတို့သည် တစ်ဖက်ရှိ အခြားကျောင်းတိုက်သို့ ပြောင်း၍ကိုးကွယ် ဆီးကပ်ခဲ့ကြသည်။
ထိုသတင်းကိုကြားသော ကျောင်းဒကာကြီးသည် ဆရာတော်အား အကဲခတ်ရန် လာခဲ့လေသည်။
ကျောင်းတကာကြီးကို ဧည့်ခံကြွေးမွေးဖို့ရန် အစားအသောက်များထားသော ကျက်သရေခန်းသို့ဝင်၏။
ဆရာတော်တစ်ပါးထဲ ကျက်သရေခန်းထဲ ဝင်သော်လည်း ကျောင်းဒကာကြီး၏ အမြင်တွင် မိန်းမငယ်တစ်ဦး ဆရာတော်နှင့်ကပ်လျက် အတူဝင်သွားသည်ဟု မြင်ရလေသည် ။
ထိုအချိန်မှစ၍ လှူမည့်သူမရှိတော့သောကြောင့် ကိုယ့်ဆွမ်းကိုယ်ချက်စားရသည့်တိုင် ၂ နှစ်နီးပါး ခက်ခဲစွာ နေခဲ့ရသည်။
ထိုအဖြစ်အပျက်များသည် စာရင်းစစ်ကိုမြဟန် ဤတောကျောင်းသို့ ရောက်မလာခင် အဖြစ်အပျက်များ ဖြစ်သည်။
၂ ရက်အကြာတွင် သူတော်ကောင်း ရောက်လာပြီး ကိုယ်တော့်ကို ကယ်မည်ဟု ဝတ်ဖြူစင်ကြယ်ဝတ် ပုဂ္ဂိုလ်ပေးသည့်အိမ်မက်ကို မက်ထားသော်ငြား ၂ ရက်အကြာတွင်ရောက်လာသည့် အသက် ၃၅ / ၃၆ ခန့်သာရှိသေးသည့် ကိုမြဟန်ကို သူတော်ကောင်းဟု ဆရာတော် မထင်ခဲ့ပေ ။
ထို့ကြောင့် ဝတ်ဖြူစင်ကြယ်ဝတ်ထားသော ပုဂ္ဂိုလ်သည် ဆရာတော့်အား အိမ်မက် ထပ်ပေးပြန်သည် ။
ကိုယ်တော့်ကိုကယ်မယ့် သူတော်ကောင်းက ကိုယ်တော့်ကျောင်း အနောက်အဆောင်ထဲ ရောက်နေတဲ့သူပဲ ဟု အိမ်မက်ပေး၍ ပြောလေ၏ ။
နောက်တစ်နေ့ တွင် ကိုမြဟန်အား စောစောနှိုးပြီး မုန့်ပဲသရည်စာများ အဝကြွေးတော့၏ ။
ဆရာတော်မှ ကိုမြဟန် စားနေသည်ကို ပြူံးကြည့်ရင်းဖြင့် ၎င်းမက်သော အိမ်မက်ကို ပြောပြသည်။
ကိုမြဟန်က သူသည် သူတော်ကောင်း မဟုတ်ကြောင်း သာမာန် စာရင်းစစ်သာ ဖြစ်ကြောင်း အကြောက်အကန်ငြင်းဆို လျောက်ထားသဖြင့် " ဒကာ မည်သည့်ပညာ တတ်ပါသလဲ " ဟုမေး၏။ " တပည့်တော် စာရင်းစစ်ပါဘုရား ၊ စာရင်းအင်းပညာ တတ်ပါတယ် " ဟုကိုမြဟန်ကလျောက်၏။
တစ်ခြား မည်သည့်ပညာတတ်သနည်းဟု ဆက်မေးရာ ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းပညာကို မြောက်ဥက္ကလာပရှိ ဆရာကြီးဦးမြခင်ထံမှ သင်ကြားတတ်မြောက်ခဲ့ပါကြောင်း ကိုမြဟန်မှ လျောက်ခဲ့၏။
ထိုအခါ ဆရာတော်သည် ဝမ်းသာအားရဖြစ်ပြီး ၎င်းမသိပါဘဲ မိန်းမငယ်တစ်ဦးအနားတွင်ရှိနေသည်ဟု ဒကာ ဒကာမများမြင်တွေ့ အထင်လွဲကြသည့် အကြောင်း ပြောပြပြီး ကိုမြဟန်အား ပယောဂ စမ်းခိုင်း တော့သည်။
ကိုမြဟန်သည် တောကျောင်းတံခါးများကို ပိတ်လိုက်ပြီး ဆရာတော်အား စမ်းသပ်သောအခါ အစိမ်းတိုက် အစွဲ မိလေသည်။
အစိမ်းတိုက်ဟူသည် အစိမ်းသေ သေသူအား အောက်လမ်းဖြင့်စီရင်၍ တိုက်သော အလွန်ကြောက်စရာကောင်းသော အတိုက်မျိုး ဖြစ်သည်။
ကိုမြဟန်မှ တစ်ဧကခန့်ကျယ်သော ထိုတောကျောင်း အတွင်း မည်သည့်နေရာ၌ အစိမ်းတိုက်ရှိသည်ကို ပယောဂစမ်း၍ ရှာရာ ကျောင်းတောင်ဘက် မာလကာပင် ခြေရင်း တစ်ပေအကွာတွင် အစိမ်းတိုက်ရှိကြောင်း သိရသည်။
ထိုနေရာသို့သွား၍ မြေကို တူးဆွကြည့်ရာ အစိမ်းသေမ၏ လက်ရိုးလတ်လတ်ဆတ်ဆတ်ကြီးအား သင်္က္ကန်းစဖြင့် ပါတ်ထားသော အစိမ်းတိုက်ကို တွေ့ရတော့သည် ။
ထိုအတိုက်ကြောင့်ပင် ဆရာတော့်အနီးတွင် မိန်းမငယ် အသွင်ယူထားသော အစိမ်းသေမကို ဒကာများတွေ့မြင်ခဲ့ကြခြင်း ဖြစ်လေသည်။
ကိုမြဟန်သည် ထိုအစိမ်းသေမ၏ လက်အရိုးနှင့် သင်္က္ကန်းစကို အမိန်တော်ပြန်ပြီးနောက် ကျောင်းနှင့်ဝေးရာ လယ်ကွင်းတွင် စွန့်ပစ်သည်။
ဆရာတော်အား စက်ဖြတ်ပေးခြင်း ၊ ကျောင်းတိုက်အပေါ် ဆန်မန်းပက်ခြင်း ၊ ကျောင်းဝင်းအတွင်း သဲမန်းပက်ခြင်းတို့ ပြုလုပ်ပေးခဲ့ပါသည်။
ထိုသတင်းကိုကြားကြသော ဒကာဟောင်းတို့သည် ကန်တော့ပွဲများ ကိုယ်ဆီရွက်၍ ရောက်လာပြီး ဆရာတော်ကို ရှိခိုးတောင်းပန်ကြတော့၏။
အမြင်မှားကြောင့် အထင်လွဲခဲ့သော ကျောင်းဒကာကြီးလည်း နောင်တကြီးစွာရလျက် ငိုကြီးချက်မဖြင့် သူ့အားသည်းခံပေးရန် တောင်းပန်ပါ၏။
ထိုအချိန်မှစကာ ၂ နှစ်ခန့် တပည့်ဒယကာမရှိ ချောက်ကပ်နေခဲ့သည့် ဟင်္သာတမြို့အစွန်ရှိ တောကျောင်းလေးသည် ယခင်ကထက်ပင် ပိုမို၍ ပြန်လည် စည်ကားလာခဲ့ပါလေသတည်း ။
အထက်ပါ အစိမ်းတိုက် ကုထုံးကို အဖေကြီးဦးမြခင်မှ ပြောပြခဲ့ပြီး ဘယ်လိုလူကို သူတော်ကောင်းခေါ်မလဲ ဆိုသည်ကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။
" တွေ့ပြီလား သူတော်ကောင်း ။ ဘာအရောင်နဲ့ဖြစ်ဖြစ် သူတော်နှလုံးထားတတ်ရင် ။ သူများမယား မခိုးပါဘူး ၊ ကျွဲသား နွားသားမစားပါဘူး ၊ သေရည်အရက်ကို ဆေးအဖြစ်ဝါးဖြစ်မှလွဲ၍ မသောက်မစားပါ ၊ ဟူ၍ သစ္စာဆိုပြီးလျှင် ၊ ပင်ကိုစိတ်ဓာတ်ကလဲ ဖြောင့်ဖြောင့် မတ်မတ်နဲ့ သတ္တဝါအပေါ်မှာ ကယ်ဆယ်လိုတဲ့ဆန္ဒ ကိုယ်ရသလိုပေးလိုတဲ့ဆန္ဒ ၊ ကိုယ့်ပညာတူညီကိုချင်းကို ကိုယ်နဲ့ဆက်ပြီး တတန်းထဲ ထားနိုင်တဲ့ဆန္ဒ ၊ တစ်ယောက်ကိုတစ်ယောက် ကျော်မိ လွှားမိ တိုက်မိ ခိုက်မိယုံလေးနဲ့ ထပ်ကနဲ ထပ်ကနဲ မိုက်ကြည့်ပြန်မကြည့်တဲ့စိတ် ၊ ငါကစင်မြင့်ပေါ်ကနေတော့ အကုန်မြင်နေရတာကွ ။ တချို့ ဘာမဟုတ်တာလေးနဲ့ ဒူးနဲ့ခြေနဲ့ ခိုက်မိတာလေးနဲ့ မိုက်ကြည့်ပြန်ကြည့်တာတို့ အံကြိတ်တာတို့ .... ဒါဟာ ဒီပညာနဲ့ မတန်ဘူး ။ အဲ့ဒီဟာမျိုးပါနေရင် ဘုန်းကြီးကို ဒီလို အိမ်မက်ပေးမှာ မဟုတ်ဘူး ။
အဲဒီဟာမျိုးမပါတဲ့အတွက် ကိုယ်တော့်ကျောင်း သူတော်ကောင်း ရောက်လိမ့်မယ်ဆိုတာ ၊ မြဟန် သူတော်ကောင်း ဖြစ်နေပါလားကွ ၊
ဘယ်နှယ့်လဲ ၊ မြဟန် သူတော်ကောင်းဖြစ်နေရင် ၊ မြဟန်လို စိတ်ထားဖြူစင်တဲ့သူတိုင်း ဘာလဲဆိုတာ မင်းတိုဟာမင်းတို့ တွက်ကြည့်လိုက်တော့ ။
တွေ့ပြီလားသူတော်ကောင်း ။ အဲ့ဒါကြောင့် လေကုန်ခံပြီးပြောနေတာ ။
အဲ့ဒါကျပ်ကျပ်သတိထား " ။
Credit to Net Say
ADMIN @_# TH!t P!N
### ဖြစ်မှ ဖြစ်ရလေ ညီမလေးရယ် ###
ဖြစ်ရပ်မှန်...{စ/ဆုံး}
ကျွန်မက မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီ
တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူးတစ်ယောက်ပါ...
သဘာဝဘေးအန္တရာယ် လျော့ချရေး Project အတွက်
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ၂၀၁၂ ကနေ ၂၀၁၄ခုနှစ်အထိ
ပြင်သစ်ကြက်ခြေနီအဖွဲ့နဲ့ အတူတွဲပြီး
အလုပ်လုပ်ခဲ့ကြတယ်...
Project ဧရိယာအဖြစ် သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့
ခံစားနေရတဲ့ ကျေးရွာ ၁၅ရွာကို ရွေးထုတ်ပြီး အဲဒီရွာတွေမှာ
အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းတွေ...သဘာဝဘေး
အန္တရာယ်နဲ့ ကြုံလာရင် ဆောင်ရန်နဲ့ ရှောင်ရန်...မဖြစ်ခင်က
ကြိုတင်ကာကွယ်ရန်နဲ့ ဖြစ်လာပြီးချိန်မှာ ဘယ်လိုကိစ္စတွေကို
အရေးပေါ် ကိုင်တွယ်ဖြေရှင်းရမယ် စတဲ့ သင်တန်းတွေပို့ချ
သင်ကြားပေးတာပါ...
ကျေးရွာတစ်ရွာကို ၅ရက်ဆီ သင်တန်းရက်အဖြစ်သတ်မှတ်ပြီး
ပို့ချပေးတယ်...သင်တန်းချိန်က နေ့လည် တစ်နာရီကခွဲ
ကနေ ညနေ ၅နာရီအထိပါ...
ရုံးချုပ်ကဆင်းလာတဲ့ နည်းပြတွေကော မြို့ခံနည်းပြတွေပါ
အကုန်အဖွဲ့ခွဲပြီး ရွာတွေဆင်းရတယ်...နည်းပြအဖွဲ့
နှစ်ဖွဲ့ တစ်ဖွဲ့မှာ ၅ယောက်စီ ပါ...
ကျွန်မတို့ အဖွဲ့မှာတော့ ဒေါ်ခင်ညိုရင်...မောင်လး
ကျော်ဆန်းဝင်း..ကိုအုန်းမော်..ညီမလေး အိဖြူစင်နဲ့ ကျွန်မ...
####
အတူးဆိုတဲ့ ကျေးရွာမှာ ယခုအောက်မှာပြောပြမယ့်
အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်...
အတူးဆိုတဲ့ ရွာလေးက အင်မတန် လမ်းပန်းဆက်သွယ်ရေး
ခက်ခဲပြီး ဝေးလည်းအရမ်းဝေးပါတယ်...
ဟိုတလောကတောင် Facebook ပေါ်မှာ အဲဒီရွာလေးက
လူငယ်လေးတွေ ရေတွင်းဆင်းဆယ်ရင်း အုပ်စုလိုက်သေ
သွားကြတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါသေးတယ်...
အဲဒီရွာလေးမှာ သင်တန်းပေးဖို့အတွက် ကျွန်မတို့အဖွဲ့
အံတော်ချောင်းအတိုင်းလှေနဲ့ အချိန်အတော်ကြာသွားခဲ့ရတယ်
...ရေတိမ်တဲ့နေရာရောက်ရင်
လူတွေက လေပေါ်ကဆင်း လှေကို ပြန်ဆွဲနဲ့
ခက်ခက်ခဲခဲကို သွားခဲ့ရတာပါ...
အခုပြောပြနေတဲ့ အတူးဆိုတဲ့ ကျေးရွာလေးက
ချောင်းဖျားမှာရှိတာပါ...နတ်ကြီးပြီး အမှားမခံဘူး...သန္ဓီရှင်မ
ဆိုတဲ့ နတ်ကို ယုံကြည်ကိုးကွယ်ကြတယ်...အဲဒီ သူတို့ကိုးကွယ်တဲ့
သန္ဓီရှင်မဆိုတဲ့ နတ်မှာနားရွက် တဖက်ပဲရှိတယ်လို့
ပြောကြတယ်...နားကပ်တစ်ဖက်ထဲ
ဝတ်လို့မရဘူးတဲ့ ဝတ်ရင် ရေထဲဆွဲနှစ်ပြီး သတ်တတ်တယ် တဲ့ လေ...
အတူးရွာလေးရဲ့ ထိပ်မှာ ကျောက်ဆောင်အကြီးကြီးရှိတယ်.
..အဲဒီကျောက်သားကျောက်ဆောင်ကြီးက သန္ဓီရှင်မရဲ့
ကျောက်ရုပ်ကြီးလို့ ရွာသူရွာသားတွေက ယုံကြည်ပြီး ကိုးကွယ်ကြတယ်...
အတူးရွာလေးကို ကျွန်မတို့အဖွဲ့ရောက်ရှိပြီး အဲဒီကိစ္စတွေကို
ကြားသိခဲ့ရပြီး နောက်ပိုင်းမှာ အဖွဲ့ဝင်တွေကို ကျွန်မ
စည်းကမ်းတင်းတင်းကြပ်ကြပ်ထုတ်ပြီး သတိပေးထားပါတယ်.
..ကိုယ်မယုံကြည်ရင်တောင် တစ်ပါးသူတွေရဲ့ ယုံကြည်
ကိုးကွယ်မှု့ကို မဝေဖန်ဖို့...ပြယ့်ရယ်မပြု မိကြဖို့ကိုပေါ့...
သင်တန်းပေးတဲ့နေရာက ဘုန်းကြီးကျောင်းမှာပါ...
အတူးရွာမှာက ရေအရမ်း ရှားတယ်...တစ်ရွာလုံးက
ဘုန်းကြီးကျောင်းမှာရှိတဲ့ ရေတွင်းလေးကိုပဲ အားကိုးနေရတယ်.
..ရေချိုးရင်တော့ ချောင်းထဲမှာ ဆင်းချိုးကြပါတယ်...ရွာထဲမှာ
စာသင်ကျောင်းလေးတစ်ကျောင်းရှိတယ်...ဒါပေမယ့် အတော့်ကို
ဟောင်းနွမ်းနေပြီး ဖရိုဖရဲဖြစ်နေပါပြီ...
အဲဒီကျောင်းမှာ ထူးခြားတာ တစ်ခုကြားခဲ့ရတယ်...အဲဒီကျောင်းမှာ
နေ့လည် ၂နာရီအထိပဲစာသင်လို့ရတယ်...နေ့လည်
၂နာရီကျော်လို့ ညနေ၃နာရီလောက်အထိ စာဆက်သင်နေမိရင်..
.ကလေးတွေကို လက်ဝါးနဲ့လိုက်ရိုက်တယ်...ဒါပေမယ့်
လက်ဝါးပိုင်ရှင်ကိုတော့ ဘယ်သူမှမမြင်ကြရပါဘူး...တဲ့ လေ...
ကျွန်မတို့ အဖွဲ့က စာသင်ကျောင်းမှာ သင်တန်းလုပ်ချင်တာ
အဲ့လိုအဖြစ်အပျက်တွေကြောင့် ဘုန်ကြီးကျောင်းမှာ
စီစဉ်ထားရတယ်လို့ အုပ်ချုပ်ရေးမှူးကပြောတယ်...
သင်တန်းပထမရက်နဲ့ ဒုတိယရက်တွေမှာ ဘာပြဿ နာမှ မဖြစ်ဘူး...
သုံးရက်မြောက်နေ့မှာ ပြဿ နာက ပေါ်လာတယ်...ကျွန်မတို့
၅ယောက်အဖွဲ့ ကို သာယာကျွန်းက နည်းပြလေးပါ ထပ်ရောက်
လာတော့ အားလုံးပေါင်း ၆ယောက်ဖြစ်သွားတယ်...
လူများတော့ ရွာကို ဒုက္ခပေးသလိုဖြစ်မှာစိုးလို့ အိုးခွက်တွေ
ဆရာတော်ဆီကငှားပြီး ကို့်ယ်အစီအစဉ်နဲ့ ကိုယ်ချက်စားလိုက်ကြတယ်...
ရွာကခေါင်တော့ ဟင်းသီးဟင်းရွက်လဲ ဝယ်မရ...အသားငါးလဲ
ဝယ်မရဖြစ်နေတယ်...အဲဒါကြောင့် ကြက်တစ်ကောင်ဝယ်
အဖွဲ့ထဲက ယောက်ျားလေးတွေကို ခုတ်ထစ်ခိုင်းပြီး ချက်စားလိုက်ကြတယ်...
အဲဒီနေ့ ညဘက်ရောက်တော့ ညီမလေး အိဖြူစင်က ဆံပင်
ဖားလျှားချထားပြီး တောက်ခေါက်လိုက် အံကြိတ်လိုက်
လုပ်နေတယ်... သူ့တောက်ခံသံက အရမ်းကျယ်လွန်းလို့.
..ရွာအစွန်ကတောင် ကြားရတယ်...သွားချင်းကြိတ်တဲ့
အသံကလဲ အကျယ်ကြီးပဲ...မျက်စိတွေကလဲ နီရဲနေတယ်...ဖြစ်ချင်တော့
အဲဒီနေ့က ဆရာတော်ကြီးနဲ့ ဦးဇင်းကလဲ မြို့ပေါ်ကြွသွားလို့
ကျောင်းမှာ ကပ္ပိယကြီးနဲ့ ကျွန်မတို့ အုပ်စုတွေပဲ ရှိတယ်...
တစ်ခုခုမှားနေပြီဆိုတာကို ကျွန်မတို့သိလိုက်လို့...ကျွန်မတို့က
ဧည့်သည်တွေပါ မသိလို့ အမှားလုပ်မိတာရှိရင် ခွင့်လွှတ်ပါ
ဘာညာ တောင်းပန်လိုက်ကြတော့ ညီမလေး အိဖြူစင် ငြိမ်သွားပြီး
အိပ်ပျော်သွားတယ်...
နောက်နေ့တွေလဲ ဘာမှထပ်မဖြစ်တော့ဘူး...အဲဒါနဲ့ပဲ
သင်တန်းပေးရက်စေ့လို့ ပြန်လာခဲ့ကြတယ်...
အတူးရွာလေးမှာ ရေအရမ်းရှားလို့ ရေတွင်းတူးဖို့နဲ့
စာသင်ကျောင်းလေးပြန်ပြင်ဖို့ သိန်း၃၀ plan ချပြီး
လျှာထားလိုက်ကြတယ်...
ကျွန်မတို့ Projectက ၂နှစ်သတ်မှတ်ထားပေမယ့် ရွာတွေရဲ့
အခက်အခဲကြောင့် ၃နှစ်ကြာသွားတယ်...
ဖေဖော်ဝါရီလက အတူးရွာရေတွင်းဖော်တဲ့ ရွာသား
လေးငါးယောက် အစုလိုက်ဆုံးသွားကြတယ်...
သူတို့မဆုံးခင်ပဲ ညီမလေးအိဖြူစင်ဆုံးတယ်...အိဖြူ အိမ်က
အကြောင်းကြားလာတော့ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး...
ကလေးပျက်ကျတာ သွေးဆင်းတာနဲ့
ဆေးရုံသွားကြတာ ဆေးရုံရောက်တော့
အသက်ပါမလာတော့ဘူးတဲ့ လေ...
လွန်ခဲ့တဲ့ တစ်ပတ်က ဒေါ်ခင်ညိုရင်က ညီမလေး အိဖြူ ကို
အိပ်မက်မက်တယ်လို့ ဖုန်းဆက်တယ်...အိပ်မက်ထဲမှာ
အိဖြူပြောသွားတာက...အမေညို သမီးသေရတာက
အတူးရွာမှာ လူစားလဲခံရတာ...အခု အတူးရွာထိပ်က
ကျောက်ဆောင်ကြီးမှာ စောင့်နေရတယ်
လို့ ပြောသွားတယ်...တဲ့...
#######
အထက်ပါ ဖြစ်ရပ်ဟာ...တကယ်ဖြစ်ခဲ့တာ ဖြစ်ပြီး...
အတူးရွာလေးမှာ ကျွန်မတို့ နေထိုင်ခဲ့ရစဉ်က ဘာအမှားအယွင်းမှ
မလုပ်ခဲ့မိပါဘူး...ညီမလေး အိဖြူစင်များ တခြားအဖွဲ့သားတွေ
မသိအောင် တစ်ခုခု လုပ်ခဲ့မိလေ သလား...???
ဒါမှမဟုတ်...
အတူးရွာလေးနဲ့ ညီမလေး အိဖြူစင်တို့ရဲ့ အတိတ်ဘဝက
အထုံပါလာတာကြောင့်လား...???
ဆိုတာကတော့...ဝေခွဲမရတဲ့
ကိစ္စတစ်ခု ဖြစ်နေဆဲပါ...
#####
ညီမလေး အိဖြူစင် တစ်ယောက် ကောင်းရာမွန်ရာ
ဘုံဘဝကို အမြန်ဆုံးကူးပြောင်းနိုင်ပါစေလို့...အစ်မ
ဆုတောင်းပေးနေပါတယ်....ကွယ်... :'(
######
ပြီးပါပြီ....
#####
မှတ်ချက်။ ။
ကာယကံရှင် တစ်ယောက်၏ ခွင့်ပြချက်ဖြင့်
နာမည်အစစ်များထည့်သုံးထားပါသည်....
######
လေးစားလျှက်...
Credit by မရဏ ဖွား...akm
ADMIN @_# TH!t P!N
Sunday, July 31, 2016
သရဲအကြောင်းစုစည်းမှု့ ၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment