Sunday, July 31, 2016

သရဲအကြောင်းစုစည်းမှု့

ဖေဖေ ကြုံတွေ့ခဲ့ရသော သရဲများ  (ဖြစ်ရပ်မှန်)

ကျနော့် နာမည် က တော့ မောင်စန်းညွန့် ပါ

ကျနော်တို့ ရွာက မန်းလေး ရဲ့  အထက်နားလေး ဆီက သဖန်းဒေါင့် ရွာပါ မြစ်ကြောင်း အတိုင်း တက်လိုက်ရင် ရပါတယ်

ကျနော် ငါးနှစ်သားလောက် အရွယ် က အပြင်းအထန် ဖျားတာ ခုခေတ်လို ဆရာ ဝန်တွေ မပေါ တော့ မန်းလေး မြို့ ပေါ်ပဲ တက်ပီး ဆေးခနိးပြရတာ။
မန်းလေး မှာတော့ ဒေါက်တာစမ်းမား တို့
ဒေါက်တာ စိန်မြင့် တို့ က နာမည်ကြီးပေါ့

အဲ့လိုနဲ့ ကျနော် ဖျား တာ အဲ့ဆေးခန်း ရောက် သွားတော့ ကျနော့် ကို ဆေးထိုး ပေးတာ

ဆေးထိုးမှားပီး ကျနော် သတိပြန်လည် မလာတော့ လို့ ဒေါက်တာ က ဆုံးပီ ဆိုပီး အဖေ့ ကို ပြောလိုက်ပါတယ်
အဲ့ဒါ ဒီမှာ တစ်ခါတည်း အသုဘ ချရင် ချ လို့ ပြောတော့ အဖေ က
"ကျုပ်သား ကို ကျုပ်ရွာမှာပဲ ချမယ် ကျုပ် ပြန်ခေါ်သွားမယ် " ဆိုပီး

မော်တော် ပေါ်က အသုဘဆိုရင် မတင်တဲ့အတွက်  ကျနော့် ကို ဖျာထဲ မှာ လိပ် ပီး လူ မသိအောင် မော် တော် ပေါ် ခိုး တင် လာ တာပေါ့ 

လမ်းမှာ ရှိသေး ကျနော် က မျောနေရာ ကနေ နိုးလာတဲ့ အခါ  ကျနော် အကျယ်ကြီး အော် ငို လိုက်မှ  ကျနော် မသေဘူးဆို တာ အဖေ တို့ သိပီး  ကျနော့် ကို ကယ် လိုက် ရတဲ့ 
ကျနော် သေတွင်းထွက် တစ်ယောက်ပါ ။

ကျနော် အသက် ၁၁ နှစ် ၁၂နှစ်လောက် တုန်းက ကျတော့  အဖေရယ် ဘထွေးအောင်သူ ရယ် ဘထွေး လူကျော် ရယ် နဲ့ အတူ ရှိန်းမကားမြို့ ရဲ့  အနောက်တောင်ဘက် ယွန်းယွန်း လောက် ကျတဲ့ တမာကန် ဆို တဲ့

ရွာကို ကျနော် လိုက်ခဲ့ တယ်။ ညပိုင်း ကျတော့

ဘထွေး လူကျော်တို့နဲ့ အတူ ငှက်ဖမ်း ဖားရိုက် ငါးဖမ်း လိုက်သွားတာပေါ့။

လိုက်သွား တော့ ဘထွေး လူကျော် က လင်းဝက်ဆို တဲ့ ငှက် ကို ရိုက်ပီး ကျနော့် ကို ကင်ကျွေး တာ သိပ်စားလို့ ကောင်းတာနဲ့

ကျနော် လည်း တစ်ကောင်ထဲ မဝဘူး ထပ်စားချင်နေတာ အဲ့ ဒီ မှာ  လင်းဝက် ငှက် အုပ်လိုက် ကြီး တွေ့ တော့ ဘထွေးလူကျော် က
"မင်း သွားရိုက်လိုက်တဲ့ ငါ ဓါတ်မီးထိုး ပြ ထားမယ် "
တဲ့ အဲ့ဒါ နဲ့ သွား ရိုက်တာ

အဲ့မှာ တစ်ကောင် ရိုက်မိတာ ကျန်တဲ့ အကောင်တွေ က ပျံပြေးကုန်ရော
ရိုက်မိတဲ့ အကောင်ကလဲ လည်ပင်းရိုက်မိတာ

ခေါင်းပြတ်ပီး  ကိုယ်လုံး ကြီးပဲ ကျန်ပီး
ထပျံ ပြေးတော့တာပဲ

"ဖရူးးးးးး" ဆိုပီး ဝါး တစ်ရိုက်လောက် ထပျံလိုက်
အနီးအနား ရောက်တာ နဲ့
"ဖရူးးးးးး" ဆိုပီး ထပျံ လိုက်နဲ့

ငှက် က သွေးတစ်စက်စက်နဲ့ ထထပျံ ပြေးတော့တာပဲ ။

ကျနော် က လည်း စားချင်ဇောနဲ့ ဆိုတော့ ငှက်နောက် တောက်လျှောက် လိုက် လိုက်တာ

ဘထွေးတို့ နဲ့ ဝေးသွား မှန်း မသိလိုက်တော့ဘူး

အဲ့လိုနဲ့ ရှေ့  တော်တော် ရောက် လာတဲ့ အချိန်မှာ 

မိုးလဲ မရွာ လေလိုက်မတိုက်ပဲ နဲ့ ရှေ့  ကနေ

"တဝေါဝေါ နဲ့ ဖုန်တွေ တထောင်းထောင်း ထလာပီးတော့ အဲ့ဒီ ထဲမှာ ကျနော် ပါ သွားပါတော့ တယ်"

အဲ့ ထဲ လည်း ရောက်ရော ကျနော် ကြောက်လန့်ပီး အော်ငိုပီးတော့ အသက် ရှူ တွေ ကျပ် ပြီး မိုက်ခနဲ သတိလစ်သွားပါတော့တယ်။

အဲ့ဒီ အချိန် မှာ အနီးနားမှာ ရှိတဲ့  ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဘုန်းကြီး သုံးလေးပါး ဓါတ်မီး တဝင်းဝင်း နဲ့ ရောက်လာပီးတော့ ကျနော့် ကို သတိရအောင် နှာနှပ် ပြုစုကြပါတော့တယ် ။

ကျနော် သတိလည်း ရရော မင်း ဘယ်သူ့ သားလဲ ပေါ့ ဘယ်ဝါ သားလဲ မေးတော့

ကျနော် က ဦးလူမော် သား ပါ ကျနော် အဲ့လို ဖြစ်ကြောင်း ပြောပြ လိုက်တော့မှ

"ဟာ မင်း က ငါ တို့နဲ့ အမျိုး ပဲ ပေါ့
မင်းတော်တော် မွှေတဲ့ ကောင်ပဲတဲ့ "

ဘာလို့ လဲ ဆိုတော့ ပုလိပ်ခေတ်က သူတို့ ဘုန်းကြီး ကျောင်းက ကပ္ပိယ က တစ်ယောက် က ကျောင်းက ပစ္စည်း တွေ မပျောက်အောင်  သရဲ တို့ သဘက် တို့ကို အမဲသား တို့ သားစိမ်း ငါး စိမ်းတွေ ကျွေးပီး  မွေးမြူ ထားတာတဲ့

အဲ့ဒါ ဒီ ကျောင်းထိုင် လက်ထက် ကျမှ သဘက်တွေ ကို နှင်ထုတ်ထားလို့  ဘုန်းကြီးကျောင်း အနီးအနား က သစ်ပင် တွေမှာ ခိုကပ်ပီး နေနေ ကြတာ

အဲ့ဒါ သူတို့ က ကျွေးမဲ့လူ မရှိလို့ မစားရတဲ့  အချိန် မှာ မင်း က သွေး နံ့ သွားပေးတော့

သူတို့ ထွက် လာကြတော့ တာပေါ့

တော်သေးတယ် ငါ တို့ အရောက် မြန်လို့ မမြန်ရင် မင်းတော့ သေပီ ပဲ
သူ တို့ စားတာ ခံရလို့ " ဆိုပီး
ကျနော့် ကို ပြောပြပြီး  အဖေတို့ ဆီ ကို လိုက်ပို့ ပေးခဲ့ပါတော့တယ် ။

ကျနော် ၁၄ ၁၅ နှစ်သား လောက် ကျတော့  မြေစွန်း ရွာ  ရွှေဘယက် ရွာ ဝက်ပေါင်း ရွာဘက် တို့ ဘက် ကို ဘထွေး ထွန်းအေး နဲ့ အတူ

ဒံအိုး အပေါက် တို့ ကြေးအိုး အပေါက် တို့ ကို အကောင်းနဲ့ လိုက် လဲ တဲ့ အလုပ် လုပ်ကြတာပေါ့ 

ရေကြီး နေတဲ့ အချိန် မို့ လို့ လှေ နဲ့ ပဲ သွားရတာပေါ့  ကျနော် တို့ လှေ ပေါ် မှာ
ပေါင်း မိုး လို့ ခေါ်တဲ့ ဖျာ တဲလေး ထဲမှာ ပဲ

နေရတယ်။ တစ်ရက် ကျတော့ ရွှေလီဆိုတဲ့ ရွာ ကို ရောက်တယ်။

ရွှေလီ ဆိုတာ က ဘထွေး ထွန်းအေး ရဲ့  ယောက္ခမ တွေ ရှိတဲ့ ရွာ။ အဲ့ရွာ ရောက်တော့ ကျနော် တို့ လည်း သင်္ချိုင်း ဘေးနား လေး မှာ

လှေ ကို ရပ်ထား လိုက် တယ် အချိန် က ညနေ မှောင်ရီ ပျိုးစ အချိန်။

ဘထွေးထွန်း အေး  က သူ ရွာထဲ ကို ခဏ ဝင် မယ် ဆိုတဲ့ အကြောင်း ယောက္ခမ တို့  အသိအကျွမ်းတွေ ကို ဝင် နှုတ်ဆက် အုံးမယ်

ဆိုလို့ ကျနော့် ကို လှေမှာ တစ်ယောက်ထဲ  အစောင့် ထားခဲ့ တယ် ။

ဘထွေး ည ပြန်လာမှာ ဆိုတော့ ပြန်လာမှာတဲ့ ခဏပဲ ဆိုပီး ရွာ ထဲ ဝင် သွားတာ

ကျနော် က စောစောပြန်ခဲ့ ဆိုပီး မှာလိုက်သေးတယ်။

အဲ့လိုနဲ့ ပြန်မလာ ပြန် မလာ နဲ့  ည ကိုး နာရီလောက် ကျတော့ ကျနော် အိပ်ချင်လာတာနဲ့  ပေါင်းမိုးထဲ ဝင် အိပ်လိုက်တယ်။

ခဏလောက် နေ အိပ်ပျော် နေတော့

"ဘုန်း  ဘုန်းးး" ဆိုပီး  လှေ ပေါင်းမိုး ကို 
တံဘိုး နဲ့ ရိုက်လိုက်သလို အသံကြီး 

ကြားတော့ ကျနော် လန့် နိုးလာတာပဲ

အဲ့ ဒါ နဲ့ ကျနော် က ဘထွေး ထွန်းအေး လား

ဆိုပီး မေးတော့လည်း ပြန် မဖြေဘူးဗျ

အဲ့ဒါ နဲ့ အပြင် ကို ထွက် ကြည့် တော့

ဘယ်သူမှ မရှိဘူး။ ကျနော် လည်း နည်းနည်းတော့ လန့် နေပါပီ။

ခဏ ကြာတော့ ပြန် အိပ် ချင် လာလို့

ပေါင်းမိုး ထဲ ပြန် ဝင် အိပ်ပီး  အိပ်ပျော်တော့

"ဘုန်း  ဘုန်း" ဆိုပီး ပေါင်းမိုး ကို ရိုက်သံကြီး ကြား ရပြန်ပါတယ်။

ဒီတစ်ခါ တော့ ကျနော် မနှေး ဘဲ အပြင် ကို ထွက်ကြည့် တော့

မီးအိမ် ကလေး ကိုင် ပီးတော့ သင်္ချိုင်းကုန်း ထဲ ဝင် သွား တာ တွေ့ လိုက်ရပါတယ်။

ကျနော် သင်္ချိုင်းကုန်းထဲ လိုက်ဝင်ပီး ရှာတော့ ဘာမှ မတွေ့ တော့ပါဘူး။

ဘထွေး ထွန်းအေး က တော့ ယောက္ခမ ရွာဆိုတော့ အသိအကျွမ်းတွေ နဲ့ တွေ့ ပီး ပုလင်းထောင်  ပြန်မယ် ပြောတော့လဲ ဆွဲထားကြမို့ သူက တော့ သောက်ကောင်း စားကောင်း နေတာပါ။

ကျနော့် မှာ တော့  အိပ်ပျော်မယ် လုပ်လိုက်

"ဘုန်း  ဘုန်း "ဆို ပီး လန့် နိုး လာလိုက် ရှာလိုက် မတွေ့ လိုက် နဲ့ ပဲ

တစ်ည လုံး မအိပ် လိုက်ရပါဘူး။

မနက် လင်း တော့ ဘထွေး ထွန်းအေး မူးကြောင် ရူးကြောင် နဲ့ ပြန်ရောက်လာတော့မှ

" ဘထွေးထွန်းအေးရာ  ကျနော့် ကို ဒီ ခြောက်တဲ့ သင်္ချိုင်းဘေး မှ ဘထွေး မို့ လို့ ထားခဲ့ ရက်တယ် ဗျာ "

"ဘထွေး နဲ့ ကျနော် နောက်ထပ် သုံး ခေါက် လိုက်ပေး မယ် သုံးခေါက် လိုက်ပီး ရင်

ကျနော် ဘယ်တော့မှ ဘထွေး နဲ့ မလိုက်တော့ဘူး" ဆိုပီး  ကျနေိာ သုံးခေါက် လိုက် အလုပ် လုပ်ပီး တာနဲ့ ကျနော် လမ်းခွဲ ထွက်လာခဲ့ပါ တော့တယ်။

ကျနော် သည် ဖေဖေ၏ ပြောပြချက်ကို ပြန်လည်ရေးသားပါသည်။မောင်စန်းညွန့် မှာ စာရေး သူ၏ ဖေဖေ ဖြစ်ပါသည်။

                      ကြိုးစားလျက်

                          အောင်ဆန်းမင်းဦး








သရဲဆိုတာမကြောက်ကောင်းဘူး
---------ဖြစ်ရပ်မှန်ဇာတ်လမ်း-----

     လွန်ခဲ့သော နှစ်ပေါင်း၄၀ကျော်ခန့်က တောင်ငူ (ကေတုမတီ)မြို့ အနောက်ပိုင်း ပန်းပဲရွာလေးတွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်လေးဖြစ်သည်။  ထိုပန်းပဲရွာလေးတွင် ရွာမျက်နှာဖုံး ဦးစိန်ထွန်း ဒေါ်ပုဆိုသော ပျော်စရာကောင်းသော မိသားစုလေးရှိသည်။ သူတို့၌ သားသမီး ၆ဦးထွန်းကားခဲ့လေသည်။ အကြီးဆုံးက သားကြီး သုတ ဒုတိယက. သမီးကြီး ရွှေမိ တတိယကသား စတုတ္ထက သမီး  ပဉ္စမမြောက်က သားငယ် ဆဋ္ဌမမြောက်က အငယ်ဆုံး သမီးဖြစ်သည်။ ဦးစိန်ထွန်းနဲ့ဒေါ်ပုမှ ရွာအတွင်း၌ ကုန်စုံဆိုင်ကြီးဖွင့်ထားလေသည်။ ထိုဆိုင်၌ အပ်ချုပ်အပ်မှ အစ အဝတ်စားအသုံးဆောင်ထိ အလုပ်သမားများဖြင့် တွင်တွင်ကျယ်ကျယ် ရောင်းချနေရသည်။လူချမ်းသာစရင်းဝသ်လေသည်(ကြွားဝါခြင်းမဟုတ်ပါ)။ ထိုခေတ် ရွှေတကျပ်သားဈေး ၂၀၀ သာတန်သည်။ ဦးစိန်ထွန်းသည် စီးပွားရေးလောက၌ အလွန်ပါးနပ်သည်။ ထိုခေတ်က ဖဆပလ ဆိုလား (အိမ့် နားမရှင်းခဲ့)ပြောချင်တာက အစစ်ဆေးခံပြီး လူတဦးလျှင် တယောက်စာသာ ပစ္စည်း ကုန် သယ်ခွင့်ရှိသည်။ ဦးစိန်ထွန်းမှာ ထိုသူများအား သူတို့ခေါ်တဲ့ဘုရင်မကြီးအား လာဘ်ထိုးထားသဖြင့် ဦးစိန်ထွန်း မြင်းလှည်းဆို အစစ်ဆေးမရှိ ကုန်စုံပစ္စည်းများသယ်ခွင့်ရသည်။ ထို့ကြောင့် ရွာ၌ဝယ်ယူစရာ ဆိုင်က သူတဆိုင်သာ။ ဦးစိန်ထွန်းနှင့်ဒေါ်ပုသည် အပြန်အလှန် 'အထွန်း  အပု'ဟုသာ ခေါ်လေသည်။ သားသမီးများကို ချစ်လွန်း၍ အလိုလိုက်ခဲ့လေသည်။ သားသမီးများကလဲ အဖေ အမေ မခေါ်ကြပဲ 'အပု  အထွန်း'ဟု ခေါ်ကြသည်မှ လွဲ၍ လိမ္မာကြသည်။ အကြီးဆုံးသားကြီး သူတမှပင်လျှင် ၁၀တန်း ကျောင်းသားဖြစ်သည်။ ကျန်ကလေးများမှာ လူလားမမြောက်ကြသေးပေ။ သားကြီးအား အချစ်ပိုသလို အားကိုးအားထားကြလေသည်။ နွေရာသီကျောင်းပိတ်ရက် ဆယ်တန်းကျောင်းသားများ အောင်စရင်းထွက်ရန် စောင့်မျော်နေကြသူများထဲတွင် သုတနဲ့ မိဘများ အပါအဝင်။ ပျော်ရွှင်စရာကောင်းသော မိသားစုလေးကို ဖျက်ဆီးလိုက်သည့် ကံကြမ္မာ။  ရွာထဲမှ အမောတကော ပြေးလာသော မိန်းမမှ 'အပုရေ အထွန်းရေ ဟေး အပု'  ဘာဖြစ်လာတာတုနိး  ဝိုင်းစိန်မရယ် ' ငါရင်တုန်လိုက်တာအေ ' ဝိုင်စိန်မှာ မျက်ရည်စများနဲ့ အထစ်ထစ် အငေါ့ငေါ့နဲ့ပြောလေသည် 'ကို သု တ လေ ရွာ စွန် မှာ အပင်ပေါ်ကပြုတ်ကျလို့ ' အပုလဲ သားဇောထိပ်ရောက် ဖိနပ်တောင်မပါ အရူးတပိုင်းပြေးလေသည်။ လူတွေဝိုင်းအုံနေသောကြားထဲ တိုးတိုက်ပြီး အပု ဝင်သွားပြီး သူ့သားအား ပွေ့လဲပွေ့ နှုတ်မှလဲ 'သားရေ မသေရဘူးနော် အမေလေ အမေ ရအောင်ကယ် မှာ သားကို ဆေးဆရာဆီပို့ပေးကြပါရှင် ပို့ပေးကြပါ' အပုတယောက် မျက်ရည်တွေရော နှာရည်တွေရော ငိုရင်း ငိုရင်း လောကကြီးနှင့် ခေတ္တ အဆက်သွယ်ပြတ်သွားလေသည်။ ဘယ်ချိန်ထိ အပု အမှောင်လောကထဲ ရောက်သွားသည်မသိ။ သူ့နားထဲတွင် ' အပုရေ အီးဟီး အမေ အပု ' ကလေးငယ်များ၏ ငိုသံများ ကြားရချေပြီ။ အပု မျက်စိ ကလယ်ကလယ်ဖွင့်လာချိန် အိမ်ဝန်း ထဲ၌ လူများနဲ့စည်ကားလျှက် ။ လှလှပပ ပြင်ဆင်ထားသော အလောင်းတလောင်းပင်။ သူ့အမြင် မပီဝိုးတဝါး မြင်လိုက်ရသည်က သူ့သားကြီး အလောင်းပင်။ အပု ဒုတိယအကြိမ် ရင်ကွဲရပြန်ပါပြီ။ အပုကို ဝိုင်းပြုစုသူကပြုစု။ နာရေးအတွက် ပြင်ဆင်သူက ပြင်ဆင်။ အပုကိုကြည့်နေသူများသည်ပင် မျက်ရည်ဝဲရပြန်ပါပြီ။ အပုမှာ အသံလဲထွက်မလာ မျက်လုံးအိမ်မှ မျက်ရည်များသာ တွင်တွင်စီးကျနေသည်။ အပုခုထိ နှလုံးရောဂါကမသက်သာသေးပေ။ သူ့နားထဲတွင် မကြားတချက်ကြားတချက် လူတွေပြောနေကြတာ 'မောင်သုတကလေ သရက်ပင်ပေါ် သရက်သီးတက်ခူးတာ ပြုတ်ကျပြန်တော့ ခြံစည်းရိုးဝါးချွန်ပေါ် တည့်တည့်ပြုတ်ကျတာတဲ့အေ' ဒီကလေးလဲ ကံဆိုးရှာပါတယ်အေ ။သေနည်းတထောင်ထဲကပဲ တနည်းပေါ့အေ အပုကြားနေရသည်။ အိမ့်ရေးရမှာရှက်လို့ ဟိုဟာကွဲပြီး သေသွားတာပါ။သုတ နာရေးလဲ ရက်လည်ပြီးလို့ အပုလဲ နလန်ထစပြုနေပါပြီ။ ဒီလိုနဲ့ ဆယ်တန်းအောင်စရင်းတွေ ထွက်ပါပြီ ။ အထွန်းမျက်နှာက ပြုံးလို့ 'အပုရေ ငါတို့သားလေးအောင်တယ်ကွ' အပုခမျာ တတိယအကြိမ် ရင်နင့်အောင်ခံစားရချေပြီ၊ ထိုခေတ်ခါက တရွာလုံး တယောက်မအောင်ပေ။ အပုမှာ သူ့သားအား တ တ ပြီး ငိုနေရှာတာ သုတ တယောက်လဲ လိုက်ငိုနေရှာတာကတော့ အပုတယောက်မသိနိုင်ရှာပေ။ 'အပု အမေရယ် မငိုပါနဲ့နော် သားမခံစားနိုင်ပါ 'အကြိမ်ကြိမ် သုတပြောနေတာတော့ မည်သူမျှ မကြားနိုင်ချေ။ တလပြညိ့ လလည်ဆွမ်းကပ်ပါပြီ။ သုတ တယောက် သာဓုမခေါ်လိုပေ။ ထိုနေ့မှစ၍ သုတ တယောက်ရွာထဲ နေခွင့်မရတော့ပေ။ ရွာပြင်၌ နွားကျောင်းသားတွေစလိုက် နွားတွေနောက် ပြေးလိုက်လိုက်နှင့် ထိုဘဝ၌ ပျော်နေလေပြီ။ ရွာထဲ အမေတို့အိမ်သွားချင်လို့ပါ ခွင့်တောင်းလဲ ရွာစောက့်နတ်က ဝင်ခွင့်မပေးခဲ့ချေ။တနေ့ နွားရိုင်းသွင်းချိန် သုတ နွားဗိုက်ကလေး၌ ကပ်၍ ရွာထဲဝင်ခဲ့လေပြီ။ မှောင်ရီပျိုးစချိန် ဖန်မီးအိမ်လေးဖြင့် သမီးကြီးဖြစ်သူ ရွှေမိ စက်ချုပ်နေသည်။သုတ တယောက် ကျောကခ်ဲလေးဖြင့် ပစ်လိုက်သည်။ 'ချောက် ဂလောက်' ရွှေမိ ဟိုကြည့်ဒီကြည့် ရှာနေသည်။ 'ငါစိတ်ထင်လို့နေမှာာပ' စက်ပြန်ချုပ်လိုက်သည်။ သုတကတော့ သဘောကျနေလေသည်။ နောက်တချက် ပစ်လိုက်သည် ရွှေမိ အန်ည်းငယ် ကြောက်နေပြီ။ သုတကတော့ တခစ်ခစ် ရီနေသည်။ ထို့နောက် ခဲကြီးတာနဲ့ ထုလိုကရ်ာ  'ခလွမ်း '  ဖန်မီးအိမ်လေးလဲကွဲသွားရော ရွှေမိမှာ ငယ်သံကြီးဖြင့် 'အပုရေး လာပါဦး အပု အီးဟီး ' သုတကတော့ သဘောအကျကြီးကျကာ ပြန်သွားလေပြီ။ သုတလဲကျွတ်ချိန်တနိပြီ ထင်လေရော့။ ရာသီအလီလီပြောင်းလို့ အပုတို့လဲ အလှူကြီး အိမ်ဝန်းထဲ၌ မဏ္ဍပ် ထိုးလှူခေပျြီ။ ရွာသူရွာသားအပေါင်းလဲ လက်ဆွဲပုံးလေးတွေကိုယ်စီ(အိမ်ရှိကလေး)ကုန်နဲ့ လာရောက်ကြသည်။ ရွာတောင်ပိုင်းမှ ထွေးမြ သူသာ့းလေးနဲ့ ခြံထဲဝင်လာစဉ် ဒေါ်ကြီးပုအားမြင်မြင်ချင်း
'အပုရေ အပုကိုလွမ်းလိုက်တာ'လို့ပြောလိုက်တယ်။ကလေးက၅နှစ်သာသာ။ဒီကလေး မလေးမစားနဲ့ပေါ့။ အိမ်ထဲလဲဝင်ပြန်ရော သူ့အမေကို 'ဒါသားအိမ်လေ ဟိုဟာကဘယ်တုန်းကနဲ့ ဘယ်နေရာ တတွတ်တွတ်ပြောနေလဲ'ထွေးမြကတော့ အာရုံမထား။ အပုအနည်းငယ်တွေးနေလေပြီ။ ကလေးက ငါတို့ပိုက်ဆံရှိလို့ပြောတာလား လူကြီးတွေသင်ထားတာလား အတွေးနယ်ချဲ့နေရင်း အကောင်ထည်ဖော်လိုက်သည်။အလုပ်သမားတဦးအား ကလေးကိုသူ့အမေ မသိအောင် မုန့်ပေး၍ အိမ်ပေါ်သို့အခေါ်ခိုင်းလိုက်သည်။အပုလဲ ရှိသမျှ သားသမီး၆ယောက်အကျီများရော၍ဖွထားလေသည်။ ကလေးအား 'ကဲ သား သုတဆို မင်းအကျီတွေရွေးပြ'့ ကလေးလဲ အဝတ်ပုံထဲမှ ဆွဲထုတ်ကာ 'ဒါက သားအကျီ ဒါက ညီလေးဟာ ဒါက ရေှ်မိဟာ'ဆိုပြီး ခွဲပြလေသည်။ ဒါတင်မက သူ သရဲဘဝက ရွှေ မိအား ခဲနဲ့စတာတွေ အစဆုံးပြောပြလေသည်။အပု တတိယံပိ ဝမ်းနည်းဝမ်းသာ မျက်ရည်များဝဲလည်ဝဲလည်။ဒါနဲ့မရသေးဘူး ကလေး မင်းနဲ့ငါ၂ယောက်ထဲပဲသိတဲ့ဟာ ပြောပြရမယ်ဆိုပြီး ဆင်တူ ဒင်္ဂါးဝိုင်းဆွဲကြိုးလေးတွေထုတ်ပြပြီး ခွဲခိုင်းပြန်တယ်။ ထိုခါကလေးက 'အပုကလဲ သား ထွေပစ်ရင်း ဆွဲကြိုးက ပြတ်ပြီး ပွန်းပဲ့နေလို့ အပုကိုပြောပြတာ အပုတောင် နေပစေ ဆိုပြီး မရိုက်ခဲ့ဘူးလေ ဒီဟာလေ 'ဆိုပြီး တခုဆွဲထုတ်ပြလိုက်တယ် ဆိုရင်ပဲ အပုခမျာ ရှူံးပွဲချငိုနေပါပြီ။ဒီလိုနဲ့သုတ တဖြစ်လဲ ကလေးလဲ ဒီဘက်ဘဝအမေတွေရော အပုတို့အိမ်မှာပါ လုပ်စရာများ ကူကပ်လုပ်ပေးခဲ့လေသည်။ အဲ့ကလေးလဲ အရွယ်ရောက် ကလေးနှစ်ယောက်ရချိန်မှာ ဆုံးသွားခဲ့ပြန်ပါပြီ။

ဖြစ်ရပ်မှန်မို့ ကြောက်စရာမကောင်းလို့ sorryပါရှင်။ အပုက အိမ့် မမြင်ဖူးလိုက်တဲ့ အမေရဲ့အမေ။သုတက ဦးလေးပါ။အမေပြောပြခဲ့တာပါ။
သည်းခံပြီးဖတ်ပေးလို့ ကျေးဇူးပါ
သျှင်အိမ့်ခ







### သင်္ကန်းမကြောက်သော တစ္ဆေနဲ့
တစ္ဆေမကြောက်သော ကိုရင်ပဏ္ဍိ ###

ကျွန်တော်ကိုရင်စ၀တ်တဲ့အရွယ်က အသက်၁၀နှစ်အရွယ်..
ဝတ်တဲ့ဘုန်းကြီးကျောင်းက ကျွန်တော်တို့နယ်တစ်ခွင်မှာ
နာမည်ကြီး... ဘာနာမည်ကြီးလဲဆိုတော့ သရဲအရမ်းခြောက်
တယ် ဆိုပီး သတင်းမွှေးတယ်... တကယ်လဲ
ခြောက်တယ်.. ခြောက်တဲ့သရဲတွေက
ကိုရင် ဦးဇင်းတွေတောင်မကြောက်ဘူး...
ဘုရားသားတော်တွေတောင် ခြောက်ခံထိတယ်...
ဘုန်းကြီးကျောင်းက ပရိယတ္တိစာသင်ကျောင်းဆိုတော့
စာသင်သားတွေလဲ စုံတယ်... နယ်ပေါင်းစုံက လာတဲ့
ကိုရင်တွေ ဦးဇင်းတွေ ... များသောအားဖြင့်
ပအိုဝ့်တိုင်းရင်းသားတွေပိုများတယ်...
. ဘုန်းကြီးကျောင်းမှာ အဆောင်၃ဆောင်ရှိတယ်..
အဆောင်၃ဆောင်လုံး သရဲခြောက်တယ်.... ကျွန်တော်ကလဲ
ကိုရင်စ၀တ်ခါစဆိုတော့ ညဖက်တွေဆို ရွယ်တူကိုရင်လေးတွေ
ရှိတဲ့ အဆောင်မှာ သွားအိပ်တယ်... အဲဒီထဲမှာ ကိုရင်ပဏ္ဍိ
ကိုတော့ အခင်ဆုံးပဲ... အသက်က ၁၁နှစ်လောက်ရှိပြီး..
သရဲတစ္ဆေလဲမကြောက်တတ်ဘူး... တစ်ည ကျွန်တော်ကို ..
ကိုရင် သရဲကြောက်တတ်လား...
နည်းနည်းတော့ကြောက်တယ်..
သရဲတွေ့ဖူးလား..
မတွေ့ဖူးဖူး....
အဲဒါဆို ဒီညပြမယ် ကြည့်မလားတဲ့....
ကျွန်တော်လဲ ကြည့်မယ်ဆိုပြီးပြောလိုက်တယ်...
အဲဒါဆို တပည့်တော် နှိုးတဲ့အခါထကြည့်... အခုတော့
အိပ်တော့ဆိုပြီးပြောတယ်..
နေ့လည်က ကစားထားတော့ မောမောနဲ့အိပ်ပျော်သွားတယ်...
ဘယ်လောက်အိပ်ပျော်သွားလဲမသိဘူး..
ကိုရင်ထထထ ခဏနေဒီကောင်တွေ ထွက်လာတော့
မယ်..ဆိုပီးနှိုးတော့မှ နိုးလာတယ်..
ပဏ္ဍိ သရဲက ဘယ်ကထွက်လာမှာလဲ.... အခုက
ဘုန်းကြီးကျောင်းထဲမှာလေ... သရဲကအပြင်မှာရှိတာ
မဟုတ်ဘူးလား ...
ဘယ်ကလာ သရဲက ဒီအဆောင်ထဲမှာရှိတာ..
အောက်ထပ်မှာ ခဏနေထွက်လာတော့မှာ.. လာလာ
ဆိုပြီး နှစ်ယောက်သား လှေကားအဆင်းနားကနေ
ချောင်းနေတာ... အောက်ထပ်မှာက ကိုရင်ကြီးတွေ
အိပ်နေတဲ့ ကုတင်တွေရှိတယ်...
လှေကားအောက်မှာတော့ လွတ်နေတာပေါ့...
ခဏနေ ပဏ္ဍိက ကိုရင် ဒီကောင်တွေလာပီ သေချာကြည့်....
အဲလိုလဲပြောပြီးကော..
လှေကားအောက်ကနေ ...ထွက်လာတာဗျာ အများကြီးပဲ.....
ဒါပေမယ့် ထင်ထားသလို ကြောက်စရာပုံတွေမဟုတ်ဘူး...
ဝက်တွေဗျာ ၀က်တွေ အရွယ်တွေစုံနေတာပဲ...
အကောင်သေးသေးကစ အကောင်ကြီးကြီးထိ
မရှိဘူးဆို အကောင်၂၀လောက်ရှိမယ်...
လှေကားအောက်ကနေ ပြေးထွက်ပြီး... အဆောင်ဒေါင့်ဆုံးမှာ
ရှိနေတဲ့ကုတင်အောက်ထဲကို ပြေးဝင်သွားကြတာ...
ကျွန်တော်ဆို အံ့သြလွန်းလို့ စကားတောင်မပြော နိုင်ဘူး....
နောက်တော့ ကိုရင်ပဏ္ဍိကို မေးတာ..
အဲဒီဝက်တွေက ဘာတွေလဲ ... ပဏ္ဍိ.
အဲဒါတွေက မကောင်းဆိုးဝါးတွေပုံစံ
ပြောင်းထားတာ... သူတို့က ညတိုင်းမထွက်ဘူး..လပြည့်နေ့မှ
ထွက်တာ...ငါတောင်အပေါ့ထသွားရင်းတွေ့လို့ သိရတာ
ကျန်တဲ့ကိုယ်တော်တွေ မသိသေးဘူး..
ပဏ္ဍိကလဲ အဲဒါက ကြောက်ဖို့မကောင်းဘူး....
အုလိုပြောတော့ ပဏ္ဍိက...
ဒီအဆောင်မှာက ဒီလိုကောင်တွေပဲရှိတယ်... အလယ်ဆောင်
မှာဆိုပိုဆိုးတယ်... နောက်နေ့ အဲဒီအဆောင်မှာ
သွားအိပ်မယ်... အဲဒီအခါကျမှ လန့်မအော်နဲ့....
ဘာဖြစ်လို့လဲ ........
ဘာလို့လဲဆိုတော့ အဲဒီအဆောင်မှာ သရဲတစ်ကောင်
ရှိတယ်.... ငါ့ကိုတောင် စရောက်တုန်းက ခြောက်သေးတယ်....အိပ်နေရင်
သင်္ကန်းကိုလာလာဆွဲတယ်... နောက်ပီးခြေထောက်လဲ
လာလာဆွဲတယ်..... သူဒီမှာရှိကြောင်းပြတာဖြစ်မယ်ထင်တယ်..
. နောက်ပိုင်းငါ့ကိုမခြောက်တော့ဘူး.... ကိုရင်
အသစ်တွေဆိုရင် အဲဒီအဆောင်မှာ သွားမအိပ်ရဲဘူး...
..ဟိုတစ်လောက ကိုရင်အဂ္ဂ အဲဒီအဆောင်မှာ
အိပ်နေရင်း တီဗီကြည့်နေတာ...
သူခေါင်းအုံးထားတာက ဖက်ခေါင်းအုံး......
နောက်တီဗီကြည့်နေရင်း... ဖက်ခေါင်းကိုစမ်းမိတာ
ဖက်ခေါင်းအုံး မဟုတ်တော့ပဲ လက်ပြတ်ကြီးပေါ်ကို
ခေါင်းတင်ပြီး အိပ်နေတာ.... အဂ္ဂတစ်ယောက်အော်ပြီးပြေးတာ..
နောက်နေ့ တွေ အဲဒီအဆောင်ကိုမသွားရဲတော့ဘူး.....
အော်အဲလိုလား..... ဒီညသွားအိပ်မယ်လေ... ပဏ္ဍိ မင်းပါလိုက်ပေး...
အေးပါကွာ ငါလိုက်အိပ်ပေးမယ်.... ခြောက်ခံထိရင်
ထွက်မပြေးနဲ့နော်.... ဟဟဟဟ
အဲဒီည ကျွန်တော်ရယ် ပဏ္ဍိရယ်.. အဲဒီအဆောင်မှာနေတဲ့
ဦးဇင်းဆီမှာ တီဗီကြည့်မလို့ဆိုပြီး ခွင့်တောင်းပြီး နေကြကော..
အချိန်နည်းနည်းလင့်တော့ မပြနါတော့ဘူး... ဒီမှာပဲအိပ်တော့
မယ်ဆိုပြီးပြောတော့ ဦးဇင်းက ကိုရင်လေးဖြစ်ပါ့
မလား.. နေရဲလို့လား..
နေရဲတယ် ဦးဇင်း.. ပဏ္ဍိလဲပါနေတာပဲ... တပည့်တော်
ဘာမှလုပ်တာမှမဟုတ်တာ...
ဒါဆိုလဲ အိပ်ကွာ ခြင်ထောင်တော့မရှိဘူး..
ခြင်ဆေးထွန်းအိပ်ဆိုပြီး ပေးအိပ်တော့ ကျွန်တော်နဲ့ပဏ္ဍိလဲ
ဖျာခင်းပြီး အိပ်ကော...
ကျွန်တော်ကတော့ မအိပ်ခင် စိတ်ထဲကနေ... ဒီအဆောင်မှာ
ရှိတဲ့သူက ဘယ်လိုပုံစံလဲမသိဘူး.. မြင်ရရင်ကောင်းမယ်...
အဲလိုတွေးပီး..
မအိပ်ခင်ဘုရားရှိခိုး.. ပဏ္ဍိဘေးမှာဝင်တိုးအိပ်တာပဲ...
အိပ်မပျော်ခင် ပဏ္ဍိကို..
ပဏ္ဍိငါလက်တို့ရင် ထနော်... အိပ်ပုတ်ကြီးမနေနဲ့...
အေးပါကွာ ငါမအိပ်ပါဘူး.... တစ်ခုခုထူးခြားရင်
ခက်ကုတ်လိုက် မင်းဘေးမှာငါရှိနေတာပဲ....
အဲဒါဆိုလဲပြီးရောဆိုပီး... အိပ်လိုက်တာ...
မှေးခနဲဖြစ်တဲ့အချိန်... သင်္ကန်းကိုလာဆွဲသလိုခံစားလိုက်
ရတယ်.... မျက်လုံးကမဖွင့်ကြည့်ရဲဘူး..... အဲဒါနဲ့ဘေးက
ပဏ္ဍိကို လက်ကုတ်လိုက်တယ်..... ခဏနေတော့
ပဏ္ဍိက သူသိကြောင်း
လက်ပြန်ကုတ်တယ်...ခဏနေတော့ သင်္ကန်းလာပြန်ဆွဲပြန်ရော...
သင်္ကန်းကလေထဲမှာလွှင့်နေသလို ခံစားမိတော့..
မျက်လုံးအသာလေးဖွင့်ကြည့်တာ.... တကယ်အဟုတ်ပဲ....
သင်္ကန်းက လေထဲမြောက်နေတာ.. တစ်ယောက်ယောက်
ဆွဲနေသလိုပဲ..... အကောင်
အထည်တော့မမြင်ရဘူး... ပဏ္ဍိလဲတွေ့တယ်. အဲဒီအချိန်
ဝုနးဆို ပဏ္ဍိ မတ်တပ်ထရပ်ပြီး အဲဒီသင်္ကန်းဘေးကို ပြေးသွားပြီး
လက်သီးနဲ့ထိုးနေတာ... ကျွန်တော်မြင်တာကတော့
ပဏ္ဍိတစ်ယောက်ထဲ ..
ကြမ်းပေါ်မှာလိမ့်နေတာ... ပါးစပ်ကလဲ အော်နေတာ...
မင်းလားကွ ..ဆိုပြီး လေထဲကိုထိုးနေတာ... ခဏကြာတော့
အသံတွေကြားလို့ အပေါ်ထပ်မှာ အိပ်နေတဲ့စာချ
ဆရာတော်ဆင်းလာမှ..... ပဏ္ဍိလဲ
အထိုးရပ်လိုက်တယ်.... တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲနစ်နေတာပဲ....
ဟဲ့ ပဏ္ဍိ ဘာဖြစ်တာလဲ....
ဘုရား... ဘယိကကောင်လဲမသိဘူး... တပည့်တော့သင်္ကန်း
လာဆွဲလို့ ကြည့်လိုက်တာ.. မဲမဲပုပု အကောင်တစ်ကောင်
ဖြစ်နေတာ.... တစ်ခါမဟုတ်နှစ်ခါ
မဟုတ်ဘူး လာလာဆွဲနေတာ..
အဲဒါအဲဒီကောင်က တပည့်တော်ကို ထိုးမလားဆိုပြီး စိန်ခေါ်တာ
တပည့်တော်လဲ ဒေါသထွက်ပြီး ထိုးနေတာ.. သူကိုထိုးရတာ
ဖွဲအိတ်ကိုထိုးနေရသလိုပဲ... ကြာလာတော့ မောလာတယ်..
သူကတော့ဘာမှမဖြစ်ဘူး... ဦးဇင်းနိုးလာမှ ဒီကောင်
တံခါးဟထားတဲ့ ကြားကနေ ပြေးဆင်းသွားတယ် .....
ကျွန်တော်လဲ ပဏ္ဍိပြောတာကို ပါးစပ်အဟောာင်း သားနဲ့
နားထောင်နေတာ.. ကျွန်တော်က ဘာမှကို မတွေ့တာ..
အဲတော့မှ ဦးဇင်းက ဒီကောင် ဘာလာလုပ်ပြန်ပီလဲမသိဘူး... ဦးဇင်း
ဒီကောင် အဲလိုလိုက်စနေလို့ မောင်းထုတ်ထားတာ....
အဲဒီကောင်က စနောက်ရတာသဘောကျတယ် ထင်တယ်...
ဒီကျောင်းကို ဘယ်သူမှမလာရဲအောင် ကိုစနောက်တော့တာပဲ.
ကဲကဲ ပြန်အိပ်တော့ ... ဦးဇင်းလာအိပ်ပေးမယ်...
ဆိုပီး ဦးဇင်းက ကျွန်တော့်ကိုအလယ်မှာထားပြီး လာအိပ်ပေးတယ်... ..
မနက် အာရုဏ်တက်တော့ ပဏ္ဍိက ကိုရင်ထထထ
အာရုဏ်ဆွမ်းကြွရမယ်.. မျက်နှာသစ် .သင်္ကန်းရုံဆိုပြီး
လာနှိုးတော့မှာ ကောက်ထပြီး မျက်နှာသစ်.. သင်္ကန်းရုံပြီး
အာရုဏ်ဆွမ်းကြွ လိုက်သွားတာ.. ကိုရင်တွေ
အားလုံးတန်းစီပြီးကြွရတယ်... ကျွန်တော်က ၀ါစဉ်အနည်း
ဆုံးဆိုတော့ နောက်ဆုံး.. ကျွန်တော်ရှေ့မှာကတော့ ပဏ္ဍိ..
အဲလိုကြွလာတာ အပြန်ကျတော့ အိမ်သာတက်ချင်လာကော....
ကျောင်းကလဲ လမါးတစ်ကွေ့ကျန်သေးတယ်...
ဒါပေမယ့် ဘုရားပေါ်ကဖြတ်သွားရင် နီးနီးလေး အဲဒါနဲ့ ပဏ္ဍိကို
ခေါ်ပြီး ဘုရားပေါ်ကနေ ဖြတ်တာ... အချိန်က
အလင်းရောင် မှုန်မှုန်လေးပဲမြင်နေရသေးတာ.... ဘုရားပေါ်မှာလဲ
မှောင်နေတာ... ဘုရားပေါ်ကနေဖြတ်လာတော့....
ဘုန်းကြီးကျောင်းထဲအ၀င်နားက သရက်ပင်အောက် ရောက်ကော....
ဒီတစ်ခါကျွန်တော်မြင်လိုက်တာ... ပဏ္ဍိ ဟိုမှာ ဘာကောင်လဲ တွေ့လား.. သရက်ပင် အောက်မှာငုတ်တုတ်ထိုင်နေတာ မျောက်လားမသိဘူး....
မှောင်လဲမှောင်နေတော့ သိပ်မသဲကွဲဘူး....
ပဏ္ဍိက သေချာကြည့်ပြီး ဟာ...ဟိုကောင် ညကကောင်...
ငါ့ကိုစောင့်နေတာဖြစ်မယ်....
ရော့ သပိတ်ကိုင်ထား.. ဒီမှာရပ်နေဆိုပြီး ခါးပန်းကြိုးကိုဖြုတ်ပြီး
အဲဒီမဲမဲကောင်ကို လိုက်ရိုက်တာ. မဲမဲကောင်က
ပထမတော့ ပဏ္ဍိကို ပြန်လုံးတယ်... ဒါပေမယ့် အနားမရောက်ဘူး...
ပဏ္ဍိကနေပြီး ခါးပန်းကြိုးနဲ့ ဆီးရိုက်တာ.... ဖြန်းဖြန်းဖြန်း.......
အဲလို၃ချက်လောက်ထိကော ဟိုကောင် ၀င်မလုံး တော့ပဲ ....
မြေကြီးမှာလိမ့်နေအောင်အော်နေတာ...
ပဏ္ဍိကလဲ ဘာမှတ်နေလဲ ... မှတ်ထား .... အဲဒါဆရာတော်
ခါးပန်းကြိုးကွ ဆိုပြီး ပြောလဲပြော ရိုက်လဲရိုက်... ခဏနေတော့...
ဟိုမဲမဲကောင်က ထပြေးတာ..... ဘုရားဘေးက
ဇရပ်ပျက်အနောက် ထဲကိုဝင်ပြေးသွားတာ..... ခဏနေတော့
ပဏ္ဍိ သပိတ်လာပြန်ယူတော့.... ပဏ္ဍိ မင်းဆရာတော်ခါး
ပန်းကြိုးဘယ်လိုရလာတာလဲ..
ဟဲဟဲ ဒီကောင် ဒီညထပ်လာရင် ရိုက်မလို့ ဆရာတော်
လှမ်းထားတဲ့ ခါးပန်းကြိုးခဏဖြုတ်လာတာ... ဒီကောင်က
ညထိမစောင့်ပဲ ပေါ်လာတော့ ခါးပန်းကြိုးစာ ကျွေးလိုက်တာပေါ့......
အဲဒါနဲ့ သပိတ်ကိုယ်စီလွယ်ပြီး ဆွမ်းစားဆောင်ထဲ
ဝင်တော့ ဆရာတော် ကြိမ်လုံးကိုင်ပြီးစောင်နေ့တယ်....
လာခဲ့ ၂ကောင်လုံးဆိုပြီး .... ပဏ္ဍိကိုတော့ ခါးပန်းကြိုးကို ပိုင်ရှင်မသိပဲ
ယူတာ ခိုးတာပဲဆိုပြီး တရွှမ်းရွှမ်းနဲ့ ဗျင်းတော့တာပဲ....
ကျွန်တော်ကိုတော့ ဒုလ္လဘ မို့လို့ မရိုက်တော့ဘူး....
ခေါင်းကိုပဲ ဒေါက်ကနဲ မြည်အောင် ခေါက်ပြီး...
သွား ဆွမ်းသွားစားတော့..
နောက်နေ့ကစပြီး ကျွန်တော်လဲ ကျောင်းပြန်ဖွင့်တော့မှာမို့လို့
လူဝတ်ထွက်လိုက်ရတယ်... ပဏ္ဍိကတော့ ဘုန်းကြီးကျောင်းမှာ
ကျန်ခဲ့တယ်.. ကျွန်တော်လဲ အချိန်ရရင် ရသလို ပဏ္ဍိနဲ့
သွားတွေ့ပါတယ်... ပဏ္ဍိလဲ ဓမ္မာစရိယတန်း
အထိရောက်ခဲ့တယ်.. နောက်ပိုင်း
အဆက်အသွယ်ပြတ်သွားခဲ့တယ် .. အခုသတင်းကြား
တာက လူထွက်ပြီး မိန်းမရနေပီလို့ ကြားတယ်....
ခုထိ ပြန်မတွေ့ရတော့ဘူး..... ဆရာတော်ကတော့
ကျွန်တော် ဘုန်းကြီးကျောင်းရောက်ဖြစ်တဲ့အခါတိုင်း..
မင်းသူငယ်ချင်း ပဏ္ဍိတော့ မိန်းမရသွားပီကွ...
မင်းပဲကျန်တော့တယ်လို့ အမြဲပြောတယ်......
အခုရေးတဲ့စာကို တိုက်ဆိုင်လို့ ပဏ္ဍိ ဖတ်ဖြစ်ခဲ့ရင်
ငါ့ဆီကို ဆက်သွယ်ပေးပါ.....
သတိရတယ်ကွာ...ငယ်ငယ်တုန်းက အချိန်တွေကို.....။

Credit by ဇေယန ( ရာမည )
ADMIN @_#  TH!t P!N







### ကျောပေါက်သရဲ ###

နာမည်ကျော်ခဲ့တဲ့ “ကျောပေါက်ကြီး သရဲ” ဇတ်လမ်းကို
မဖတ်ရသေးတဲ့သူတွေ ဖတ်ရအောင် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။
####################

၁၉၈၁ ခုနှစ်တွင် တက္ကသိုလ်များ ဆေးရုံးသို့ ကျောင်းသူ လူနာ
တစ်ဦး အရေးပေါ်အခြေအနေဖြင့် ရောက်ရှိ ခဲ့ပါတယ်။ ယင်း
ကျောင်းသူမှာ မာလာဆောင်က ဟု ကျောင်းသားလောက က
ဆိုကြပါတယ်။ ထိုကျောင်းသူသည် ထိုခေတ်က ဒေသကော်လိပ်
မှ တဆင့် ရန်ကုန်တက္ကသိုလ် ပင်မတွင် အထူးပြု သိပ္ပံ ဘာသာ
ရပ် တစ်ခုအား တက်ရောက် ပညာသင်ကြား နေသူ ဖြစ်ပါတယ်။

ထိုကျောင်းသူသည် လက်တွေ့ခန်း (Practical room) တွင် လက်
တွေ့ ပညာရပ်များ သင်ကြားပြီး မိမိ နေထိုင်ရာ အဆောင်သို့
အခြား ကျောင်းသူ သူငယ်ချင်းများနှင့်အတူ ပြန်လာ ခဲ့ပါတယ်။
အဆောင်သို့ မရောက်မီ သူ့မ၏ လွယ်အိတ် အတွင်း၌ ပစ္စည်း
တစုံတခု ကို ရှာဖွေ ပါတယ်။ ထိုနောက် သူငယ်ချင်းများကို
“နင်တို့ အဆောင်ကို အရင်ပြန်နှင့်အုံး၊ ငါ့ မှတ်စုစာအုပ် လက်တွေ့
ခန်းမှာ ကျန်ခဲ့ပြီး၊ အဲဒါ ပြန်သွား ယူလိုက်အုံးမယ်၊ နီးနီးလေးဘဲ
ကိစ္စ မရှိဘူး၊ ငါ တစ်ယောက်တည်း သွားလိုက်မယ်”
လို့ ပြောပြီး လက်တွေ့ခန်းဘက်သို့ ထွက်ခွာ သွားပါတယ်။

သူငယ်ချင်းများလည်း ထိုကျောင်းသူနှင့် လမ်းခွဲပြီး အဆောင်သို့
ပြန်လာခဲ့ပါတယ်။ နာရီဝက်ခန့် အကြာတွင် ထိုကျောင်းသူသည်
ခြေထောက်တွင် ဖိနပ်မပါဘဲ မောကြီး ပန်းကြီးဖြင့် အဆောင်အတွင်း
သို့ ပြေးဝင် လာပါတယ်။ သူမအား ဘာဖြစ်လာလဲ၊ ဘယ်သူက
ဘာလုပ်လိုက်လဲလို့ ၀ိုင်းမေးကြသော်လည်း ဘာမှ ပြန်မဖြေဘဲ
ဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ထူးခြားပုံမှာ သူမငိုနေချိန်၌
ငိုသံ လုံးဝ မထွက်ပါ။ အဆောင်မှူး အပါအ၀င် အဆောင်ရှိ သူငယ်
ချင်းများ မေးသော မေးခွန်းများကို ပြန်မဖြေ နိုင်တော့ပါ။ တကိုယ်
လုံး ခြစ်ခြစ်တောက် ကိုယ်ပူလာတာကို တွေ့ရသောကြောင့်
သူမကို တက္ကသိုလ်များ ဆေးရုံးသို့ တင်ပို့လိုက် ရပါတယ်။

ဆေးရုံးရောက်ပြီး ထိုကျောင်းသူသည် ထူးဆန်းစွာ စကားသံလုံးဝ
မထွက်ဘဲ အ တဲ့ ပုံစံ ဖြစ်သွားပါတယ်။ ဆေးရုံးရှိ ဆရာဝန်များက
အမျိုးမျိုး စမ်းသပ် စစ်ဆေးသော်လည်း ကိုယ့်ခန္ဓာတွင် ထိခိုက်မှု
လုံးဝ မတွေ့ရှိရပေ။ ထိုကျောင်းသူသည် တစုံတခုကို လုံးဝ
စိုးရိမ်း ကြောက်လန့်နေသော ပုံစံဖြင့် စိတ္တဇ ဆန်ဆန် ဖြစ်လာ
ပါတယ်။ အဲဒီလိုပုံစံဖြင့် ဆေးရုံးတွင် နှစ်ပတ်နီးပါး ကြာမြင့်လာ
သော အခါ နယ်မှ မိဘများ လိုက်လာပြီး နယ်သို့ ပြန်လည်ခေါ်
ဆောင် သွားပါတယ်။ နောက်တစ်လလောက် ကြာသောအခါ
ထိုကျောင်းသူသည် ပုံမှန်အနေအထားဖြင့် ကျောင်းသို့ ပြန်လည်
ရောက်ရှိ ခဲ့ပါတယ်။ ထိုအခါကြမှ သူမ လက်တွေ့ခန်းသို့ မှတ်စု
စာအုပ် ပြန်ယူခဲ့သော ထိန့်လန့်ဖွယ် ဖြစ်ရပ်ဆန်းကို ကျောင်းသား
လောကက ကြားသိ ရပါတယ်။

သူမသည် မှတ်စု စာအုပ်ယူရန် လက်တွေ့ခန်းကို သွားရောက် ခဲ့
ပါတယ်။ အခန်းအတွင်းသို့ ၀င်လိုက်သော အခါ သူမထက် အသက်
အရွယ်အရ ဆယ်နှစ်နီးပါး ကြီးရင့်သော လူကြီးတစ်ယောက်
အခန်းအတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
လုပ်နေတာကို တွေ့ရပါတယ်။ သူမက ကျောင်းမှ သန့်ရှင်းရေး
အလုပ်သမား အောင်မေ့ပြီး ထိုလူကြီးအား
“ကျမ မှတ်စု စာအုပ် မေ့ကျန်ခဲ့လို့ လာယူတာပါ” ဟု ပြုံးပြပြီး
အခန်းအတွင်းရှိ သူမ ထိုင်ခဲ့သော စာရေးခုံမှ စာအုပ်ကို လိုက်ရှာ
ပါတယ်။ စာအုပ်ကို လုံးဝ မတွေ့သောကြောင့် သူမက ထိုလူကြီး
အား “ဒီနားမှာ စာအုပ်လေး တစ်အုပ်များ တွေ့မိသလား”လို့
မေးလိုက်ပါတယ်။ ထိုအခါ ထိုလူကြီးက ...

“ငါလည်း နင်လိုဘဲ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတုန်းက
အိမ်ပြန်နောက်ကျနေတဲ့ ငါ့ညီမလေးကို လိုက်ရှာ နေတာ ဒီနေ့
ထိဘဲ”

“ရှင်၊ ဦးလေးက ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း ကတည်းက
ဦးလေး ညီမလေးကို လိုက်ရှာနေတာ၊ ဦးလေး ဆိုလိုတာကို ကျမ
သဘော မပေါက်ဘူး”

“အေး၊ မင်းနားလည်းအောင် ငါပြောပြမယ်၊ ဦးသန့် အရေးအခင်း
တုန်းက ငါနဲ့ ငါ့ညီမလေးက ဒီရန်ကုန်တက္ကသိုလ်မှာ ကျောင်းအတူ
တူ တက်ခဲ့တာပေါ့၊ စစ်တပ်က သေနတ်တွေနဲ့ ပြစ်တဲ့နေ့မှာ ငါ့ညီမ
လေးကို ငါ စိတ်ပူလို့ ဒီလက်တွေ့ခန်းဘက်ကို အလာ စစ်တပ်က
ငါကို ပြစ်လိုက်လို့ ငါသေသွားတာပေါ့၊ ဂျီးသရီးနဲ့ ပြစ်တာလေ၊
မယုံရင် ဒီမှာကြည့်၊ ငါနောက်ကျောမှာ ဘာမှ မရှိတော့ဘူး”

ဟု ဆိုပြီး ထိုလူကြီးက သူ့အင်္ကျီ နောက်ကျောကို လှန်ပြပါတယ်။

ထိုသို့ လှန်ပြလိုက်သော အခါ ထိုလူကြီး နောက်ကျောဘက်တွင်
ဘာမှ မရှိဘဲ သေနတ်နှင့် ပြစ်လိုက်သော အခါ ပွင့်ထွက်သွားသော
ပုံစံ အခေါင်းပေါက်ကြီး မြင်တွေ့ ရပါတယ်။ ထိုအခါ ထိုကျောင်းသူ
ရုတ်တရက် ကြောက်လန့်သွားပြီး လက်တွေ့ခန်း အတွင်းမှ အလျင်
အမြန် ပြေးထွက် ခဲ့ပါတယ်။ ထိုအခါ ထွက်ပြေးသွားသော ကျောင်းသူ
အား ထိုလူကြီးက အသံနက်ကြီးဖြင့် လှမ်းပြောလိုက်ပါ သေးတယ်။

“ဦးသန့် အရေးအခင်းတုန်းက ပျောက်သွားတဲ့ ငါ့ညီမလေးကို
တွေ့ရင် ငါဒီမှာ စောင့်နေတယ်လို့ ပြောပေးပါ၊ ညီမလေးရယ်”

ယင်းကိစ္စ သတင်းများ ထွက်ပေါ်ပြီး မယုံကြည်သော အဆောင်နေ
ကျောင်းသား နှစ်ဦးသည် လောင်းကြေး ပုံစံ အလောင်းအစား လုပ်၍
ယင်း သိပ္ပံ လက်တွေ့ခန်းတွင် ညဘက် သွားရောက် အိပ်စက် ကြ
ပါတယ်။ မနက် မိုးလင်းသော အခါ ထိုကျောင်းသား နှစ်ဦးအား
တက္ကသိုလ် အာဏာပိုင်များက တက္ကသိုလ်များ ဆေရုံးသို့ ထပ်မံ
ပို့ဆောင် လိုက်ရကြောင်း သိရပါတယ်။

ADMIN @_# TH!t P!N


No comments:

Post a Comment