Sunday, July 31, 2016

သရဲအကြောင်းစုစည်းမှု့ ၁

👞👞ဘွတ်ဖိနပ်သရဲ👞👞👞

ဖြစ်ရပ်မှန်ဇာတ်လမ်း

အချိန်ကာလအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း၃၀ခမ့်ကဖြစ်သည်။  မန်းတလေးမြု့သစ်တည်စု ရွာစုသာသာ အိမ်ခြေက ဟိုတစု ဒီတစု ကြိုတိုကြဲတဲပေါ့။  တအိမ်နဲ့တအိမ်က အတော်လေး အလှမ်းဝေးလှသည်။ ညနေနေဝင်ပြီဆိုတာနဲ့ လူရိပ်လူရောင် မျှပင်မတွေ့ရ။ လျှပ်စစ်မီးဆိုဆာ မရှိသေးချေ။ ယခုခါကတော့ မြို့ကြီးဖြစ်နေပါပြီ။ သရဲခြောက်တဲ့အိမ်ဝန်းကြီး ရှိတဲ့လမ်းက ပြေးကြည့်မှ အိမ်ခြေက ၃ ၄ အိမ်မျှသာ။ အဲ့အိမ်ဝန်ကြီးက ပိုင်ရှင်ဘယ်သူမှန်း မသိရပေ။ အိမ့်စောင့်တွေထားတာကတော့ တဦးပြီးတဦးပဲ။ အဲ့အိမ်ဝန်းရဲ့ မျက်စောင်းထိုးအိမ်က ရွာခံအန်တီဝင်းအိမ်။ အန်တီဝင်းဆို မခင်သူမရှိ။ အိမ်စောင့်ပြောင်းလာသူအားလုံးက အန်တီဝင်းအိမ်ပဲ ဝင်ထွက်အလည်လာကြ။ ဇာတ်လမ်းက ဒီလိုဗျ
ဒေါ်ကျင်ဆိုတဲ့ အဘွားက သူ့သမီးတွေနဲ့ အိမ်စောင့်အဖြစ် အဲ့ဝန်းထဲ မြေစိုက်အိမ်လေးနဲ့နေတယ်။ သမီးတွေက မနကက်ဈေးသွားရောင်း ။အဘွားကျင်တယောက်က အိမ်စောင့်ပေါ့။ နေလာတာ တပတ်လောက်လဲရှိရော။ အဘွားကျင်လဲ အန်တီဝင်းနဲ့အတော်ခင်နေလေပြီ။ ဒီလိုနဲ့ တနေ့ အဘွားကျင်လဲ လူကြီးသဘာဝ နေ့ခင်းဘက် တန်းလျားခုံလေးမှာ အိပ်နေတယ်။
သူအိပ်နေတုန်း 'ဗြော ဗြော ဗြန်း ဗြန်းးးးး' သူ့ကိုယ်ပေါ်မိုးတွေရွာချတယ်။ သူလဲ 'ဟာ မိုးရွာပြီ မိုး မိုး' ဆိုပြီး အိမ်ထဲဝင်ပြေးပါလေရော။ အိမ်ထဲကနေ အပြင်လဲ လှန်းကြည့်ရော 'အယ် ဘယ်မိုးမှလဲ မရွာပါကလား' ပြောရင်းဆိုရင်း ကြက်သီးများက 'ဖြန်းခနဲ ဖြန်းခနဲ'ထလာတယ်။ အမေကျင်လဲ 'ငါ့ကိုယ်မှာ မိုးရေစိုနေတာကလဲ ပကတိ   ရော ' အမေကျင်လဲ အကျီလဲရန် ပြင်ဆင်လိုက်တယ်။
ထိုစဉ် အပြင်ဘက်ဆီမှ ' ခလွမ်း ဗြော ဂွမ်း' ဆိုပြီး ကြားလိုက်ရတယ်။ အမေကျင်လဲ 'ဟဲ့ သမီး ပြမ်ရောက်ပြီလား ဘာတွေလုပ်နေတာလဲအေ' အသံပြုလိုက်သည်။ အသံက ပြန်မလာ ။ အမေကျင်လဲ ခေါင်းလေးပြူပြီး အကြည့် 'ဟယ်' မျက်လုံး အပြူးသား ပါးစပ်အဟောင်းသားနဲ့ ထမီမနိုင် ပဝါမနိုင်နဲ့ အန်တီဝင်းအိမ်ဘက် ပြေးပါလေရော။ အန်တီဝင်းက ' အမေကျင် အမောတကောနဲ့ ဘာဖြစ်လာတာတုန်းရှင်'   အမေကျင် ပြောပြတာက 'ငါ အပြင်လဲ ကြည့်လိုက်တော့အေ ငါမနက်ကထဲ့ထားတဲ့ ရေအိုးစင်က ရေတွေလဲသွန်ထားပြီး ရေခွက်တွေလဲ လွှင့်ပစ်ထားပြီး ရေအိုးကိုမှောက်ထားတယ်' ငါလဲ ထွက်လာရော 'ရေအိုးပါကျကွဲသွားတယ်အေ' မိုးရေစိုတာကအစ ဖြစ်ကြောင်းကုန်စင်ပြောုပလိုက်တယ်။ အန်တီဝင်းကတော့ မယုံချင့်ယုံချင်။ အမေကျင်ကိုယ်မှာ စိုနေတာကလဲ အစစ်။အမေကျင်တို့ မိသားစုလဲ ပြောင်းသွားကြပြန်ပါတယ်။ နောက်တလလောက်လဲနေရော အိမ်ရှင်က တိုက်ဆောက်ရန် နယ်က ပန်းရံဆရာ လက်သမားဆရာကအစ ခေါ် ဆင်းခိုင်းနေပါပြီ။ လက်သမားဆရာက မိန်းမနဲ့ကလေးပါ ပါလာတယ်။မိန်းမသား 'မိအေး'က အားရင်အားသလို အန်တီဝင်းအိမ်အလည်လာနေကြ။ ဒီလိုနဲ့ ဆောက်လက်စ တိုက် ပထမ တထပ်လောက်ပြီးချိန် အလုပ်သမားများအားလုံး ရုပ်ရှင်သွားကြည့်ရန် ပြင်ဆင်နေကြလေသည်။ မိန်းမရေ' 'နင်ရောလိုက်ကြည့်မှာလား'မိအေးလဲ ' မကြည့်တော့ပါဘူးရှင် တော်တို့ဘာသာသွားကြည့်ကြ ကျုပ်က ကလေးနဲ့ အိပ်နှင့်မယ်' 'အေးအေး ပြီးကော' သွားပြီဟေ့။ မိအေးလဲ အိမ်အကြောင်း မသိလေသလော။ မိအေးလဲ ဘုရားရှိခိုးပြီး သမီးလေးအာ့ ချော့သိပ်ရင်း အိပ်ပျော်သွားသည်။ ' ဟဲ့ မိအေး မိအေး ထကြည့်စမ်း ဟဲ့ မိအေး' ။ မိန်းမတယောက်ရဲ့ အက်ကွဲသံကြီး မိအေး မကြားတကြား။ မိအေးကို တယောက်ယောက် လှုပ်နှိုးနေသယောင် မိအေးလဲ အိပ်ချင်မူးတူးနဲ့ ထပြီး အကြည့် ' အားးးးးးးးးးးးးးးး အမလေး  အမေရေ' မိအေးအသံကြီး အမှောင်ထုကိုလွှမ်းသွားသည်။ မိအေးလဲ ကလေးပွေ့ပြီး အန်တီဝင်းတို့အိမ်ဘက်အပြေး  အန်တီဝင်းတို့လဲ မိအေးအသံကြားရာဘက်ပြေးအလာ 'ဟဲ့ မိအေး ရယ် ဘာဖြစ်တာလဲ' မိအေးမှာ ပြန်မဖြေနိုင် တစက်စက်တုန်နေသာ်။ 'လာ လာ အိမ်လိုက်ခဲ့'။ အန်တီဝင်းလဲ ပရိတ်ရေတွေတိုက် ရေမန်းတိုက် မိအေးနားမှာအုံလို့။ မိအေးလဲ တဖြည်းဖြည်း ပြောပြတာက ' မိအေးလေ ထကြည့်တော့ မိ အေး ဘေး ဘေး မှာ လေ ဟို ဟို ' မိအေးခုထိအကြောက်ပြေသေးပုံမပေါ်။ ဆက်ပြောပါ မိအေးရယ် 'ဟိုလေ ပန်း ပန်း တွေ နဲ့ ပြင် ထား တဲ့ ခေါင်း တလားကြီးးးးးး' အားလုံးထံမှ အာမေဋိတ်သံများထွက်လာ သည် 'ဟင်'
မိအေးလဲ နောက်နေ့ရွာပြန်ပြေးသွားရှာပါပြီ။ ဒီလိုနဲ့ အန်တီဝင်းလဲ အဲ့အိမ်ဝန်းရဲ့ ဆောက်လက်စ လှေကားနားရပ်ပြီး 'သြော် ဒီအိမ်ကြီးက ခြောက်သလား ခုတော့လဲ သူမဟုတ်သလိုပါပဲလား'ဟု အတွေးမှတွေးနေစဉ်  အန်တီဝင်းဘေးနားကနေ 'ဝူးးးးဖူးးးးး' ဆိုပြီး နားထဲကို မှုတ်ထဲ့လိုက်တာလေ အန်တီဝင်း နားကိုအူထွက်သွားပြီး ခေါင်းနပန်းများ ပုပ်လောက်ကြီးသွားလေသည်။ နောက်ပြန်လှည့်ကြည့် ဘယ်သူမှမရှိ။ လူကြီးတယောက် စမည့်သူလဲမရှိပါ။ ဒီလိုနဲ့ အိမ်ကြီးရဲ့ ဂုဏ်သတင်းက နံမည်ကြီးလာလေသည်။ လက်သမားဆရာများ အလုပ်လုပ်စဉ်လည်း ခွေးနက်ကြီးမှာ လျှာကြီးထုတ်ပြီး 'တဟဲဟဲ'နှင့် ခနခန မြင်ကြရလေသည်။ သွားမောင်းမည်ပြုလျှင် မရှိချေ။  အပေါ်ထက် အလုပ်လုပ်နေလျှင် အောက်ထပ်၌ ဂျပန်ခေတ်က စီးသော ဘွတ်ဖိနပ်ကြီးဖြင့် တဒေါက်ဒေါက် လျောက်သွားနေသွများကြားရသည်။ သွားကြည့်လျှင်မရှိ။ တနေ့ လက်သမားသစ်လေး ရောက်လာပြီး အောက်ထပ်ရေချိုးခမ်းထဲ ရေချိုးနေစဉ် အခန်းရှေ့မှ 'တဒေါက်ဒေါက် တဂွက်ဂွက်'ကြားရလို့ လေဝင်ပေါက် ချောင်းအကြည့် 'အမေရေး ရေး ရေး' သူ့ငယ်ပါကိုလက်နဲ့အုပ်ပြီး လူများရှိရာပြေးလေသည်။ သူမြင်လိုက်ရတာက 'သေနတိကြီး ထမ်းပြီး ဂျပန် ဝန်နဲ့ ဘွတ်ဖိနပ်ကြီး စီးထားသူလျှောက်နေတာ တွေ့တာတဲ့' ။နောက်တော့ ဘွတ်ဖိနပ်သရဲကြီးဆို အမည်ကြိံးလာပြန်ရော။ အဲ့အိမ်ကြီးက ခုထိရှိပါတယ်၊ တိုက်ကလဲ ဆောက်ပြီးကတည်းက ဘယ်သူမှ ကြာကြာမနေနိုင်ကြပါ။အိမ့်တို့ကြီးလာသည်ထိ အဲ့အိမ်ရှေ့ကနေ ညနေဆို မဖြတ်ရဲကြပါ။နောက်ပိုင်းအိမ်ရှင်မိသားစုထဲကလဲ ၂ဦးထက်ဆုံးပါးကြတယ်။အိမ့်စိတ်ထင် သရဲစစ်တမ်းကောက်ကြည့်လျှင် အကောင်မနည်းတော့ပေ။ခုထိ လူတိုင်းပါးစပ်ဖျားမှာ အဲ့အိမ်ဆို ဘွတ်ဖိနပ်သရဲရှိတဲ့အိမ်လို့ပဲသိကြတယ်။
ရှင်းလင်းချက်။ ။အန်တီဝင်းက အိမ့်အဘွားပါ

👩👩သျှင်အိမ့်ခ
သည်းခံပြီးဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါသည်။






### အဖိုးပြောပြတဲ့ ဖြစ်ရပ်မှန် ###

``မြေးလေး လာ ဖိုးဖိုး မြေးလေးကို ဖိုးဖိုးတို့ လူပျိုဘဝက ဖြစ်ပျက်ခဲ့တဲ့
စိတ်ဝင်စားစရာ အကြောင်းလေး ပြောပြမယ်´´

``ဟုတ်ကဲ့ ဖိုးဖိုး သား စိတ်ဝင်စားပါတယ်
ပြောပြနော်´´

``အေး
အဖြစ်က ဒီလိုမြေးရဲ့´´

အချိန်ကာလက {1965-1966 } လောက်ကပေါ့
ထိန်တောရွာနဲ့ ညောင်ပင်သာရွာဆိုတဲ့
ရွာလေး နှစ်ရွာရှိတယ် ကာလာသားတွေကလဲ စည်းလုံးညီညွတ်ကြတယ်
နှစ်ရွာဆိုပေမယ့် တစ်ရွာထဲလိုပဲ ခင်ခင်မင်မင် နေကြတာပေါ့.....

ဖိုးဖိုးတို့ကတော့
ထိန်တောရွာသားတွေပေါ့.....

ထူးခြားတာက တစ်ရွာနဲ့တစ်ရွာသွားဖို့ဆို
အလည်မှာ သချူင်္ိ င်းကုန်းကြီးရှိတယ်
လူသေရင် နှစ်ရွာလုံးက အဲ့ဒီသချူင်္ိ င်းမှာပဲ ချကြတာတယ် သချူင်္ိ င်းကလဲ
ကြည့်လိုက်ရင် ခြောက်ခြားစရာကြီး ညဘက်ဆို ဘယ်သူမှ
ဖြတ်မသွားရဲကြတော့ ဖြတ်သွားတဲ့ သူတိုင်းကိုလဲ
နည်းလမ်းမျိုးစုံနဲ့ ခြောက်တယ်.......

တစ်နေ့တော့
ည ၉ နာရီလောက်မှာ
ဘဘတို့ အိမ်ကို ဘဘသူငယ်ချင်း ဝင်းမောင် ရောက်လာတယ် ....
လာတာက အရင်လို ရေနွေးကြမ်းသောက် ဆေးလိပ်သောက်
စကားပြောဖို့တော့ မဟုတ်ဘူး....

သူ့မိန်းမ ကလေးမွေးချင်နေလို့တဲ့
မွေးဖို့ ညောင်ပင်သာရွာကို လက်သယ် { သားဖွားဆရာမ မဟုတ်ပါ
ရိုးရိုးမွေးပေးတဲ့ အရပ်ထဲက ကလေးမွေးပေးတဲ့သူကို လက်သယ်
ဟုခေါ်သည် } သွားခေါ်ဖို့ အဖိုးကို အဖော်လာခေါ်တာ
အဖိုးလဲ အမြန်ထပြီး အဖော်လိုက်သွားလိုက်တယ်...

ဒီလိုနဲ့ မပြေးယုံတမယ်လေး လျှောက်လာလိုက်တာ သချူင်္ိ င်း
ကုန်းနားကို ရောက်ကော ဝင်းမောင်ကတော့ မိန်းမဇော
ကပ်နေတော့ သချူင်္ိ င်းကို ရောက်လို့ ရောက်ပြီးမှန်း
သိပုံမပေါ်ဘူး အဖိုးရှေ့ကနေ သုတ်သုတ်လေး လျှောက်မြဲ
အတိုင်း လျှောက်နေတယ်...

``ဖျက်´´

ရုပ်တရက် ပခုံးကို ပုတ်လိုက်တဲ့အသံ
ဝင်းမောင် အဖို့ကို ပြန်လှည့်ကြည့်ပြီး မေးတယ်
ဘာပြောစရာ ရှိလို့လဲ သူငယ်ချင်းတဲ့
အဖိုးလဲ အစတော့ ကြောင်သွားတယ်
အဲ့ဒါနဲ့ ဘာဖြစ်လို့ မေးတာလဲလို့ အဖိုးက ဝင်းမောင်ကို
ပြန်မေးလိုက်တာပေါ့..

``ဟင်
မင်းပဲ ငါ့ ပခုံးကို ပုတ်လိုက်တာလေ´´

အဖိုးလဲ အဲ့ဒီတော့မှ သဘောပေါက်တယ်
တကယ်တော့ အဖိုးလဲ မပုတ်ဘူးကွ
ဒါပေမဲ့ ပုတ်လိုက်တဲ့ အသံတော့ အဖိုးကြားတယ်...

`` အဲ ဘာမဟုတ်ပါဘူးကွာ
အမှတ်တမဲ့ မင်းကို ပုတ်မိသွားတာပါ ´´

ဝင်းမောင် မိန်းမစိတ်ဇောကပ်နေသူမို့
သူ ကြောက်စိတ်မဝင်အောင် အဖိုးလဲ
ဘာမပြောပဲ ညာလိုက်တယ်

`` အော်
အေး အေး လာမြန်မြန်လျှောက်ကွာ´´

ဝင်းမောင် မြန်မြန်လျှောက်လို့ ပြောလိုက်တာနဲ့ ခြေသံ
နောက်တစ်က ထပ်ထွက်လာတယ်

ရှေ့ကလျှောက်နေတဲ့ ဝင်းမောင်ကတော့
အဖိုး ခြေသံပဲ ထင်မှာပေါ့ နောက်မှာ ရောက်နေတဲ့ အဖိုးကတော့
အဖိုးနောက်က ခြေသံကို ကြားရတော့ နောက်က
တစ်ယောက်ယောက် လိုက်လာတယ်ဆိုတာ သိတာပေါ့...
လှည့်ကြည့်တော့လဲ ဘာမှ မတွေ့ဘူး အသံကတော့
ကြားနေရတယ် ..ကြားရတာမှ ထင်ထင်ရှားရှားကို
ကြားနေရတာ .... ဝင်းမောင် ရှိနေပေမယ့် အဖိုးလဲ
နဲနဲတော့ ကြောက်တာပေါ့...

ခြေသံကလဲ ဒေါက်လျှောက် ပါလာတယ်
ညောင်ပင်သာရွာကို ဝင်တော့လဲ ပါလာသေးတယ်
လက်သယ် ဒေါ်ရွှေမိ အိမ်ရှေ့ရောက်သည့် အထိပဲ

`` ဗျို့  ဒေါ်ရွှေမိ
ဗျို့  ဒေါ်ရွှေမိ ´´ နှစ်ခွန်းလောက် ခေါ်မှ အထဲက
ပြန်ထူးသံကြားတယ်

`` ဟက်
ဘယ်သူတွေလဲ အချိန်မရှိကြီး ဘာကိစ္စလဲ ´´

`` ကျူ ပ် ဝင်းမောင်ပါ ကျူ ပ်မိန်းမ ကလေး မွေးတော့မယ်
အဲ့ဒါ တစ်ချက်လောက် လိုက်ကြည့်ပေးပါအုံး ´´

`` အော်
အေး အေး ´´

သူတို့ နှစ်ယောက် ပြောနေတုန်း အဖိုးလဲ အိပ်ရှေ့မှာ
ရပ်ကြည့်နေတဲ့ သူကို သတိထားမိလိုက်တယ်.... မှောင်နေတော့
အသားအရေကတော့ မဲမဲပဲ တွေ့ရတယ်
အပေါ်အင်္ကျီကတော့ မရှိဘူး အောက်ပိုင်မှာတော့ ပုဆိုးကို
တိုတိုစီးထားတယ် မျက်လုံးကြီးကလဲ နီရဲနေတာပဲ
အမှောင်ထဲရောက်နေတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ မျက်လုံးမျိုး...
စူးစူးဝါးဝါးကြီးနဲ့ မျက်တောင်တစ်ချက် မခက်ပဲ အဖိုးကို
လှန်းကြည့်နေတယ်.....

``ဟေ့ ဝင်းမောင်
အိမ်ရှေ့က လူကို မင်းသိလား´´

`` ဘယ်မှာလဲ
ဘယ်သူမှ မရှိပါဘူးဟ ´´

အဖိုး ဝင်းမောင်ကို ပြလိုက်တော့
စောနက လူမရှိတော့ဘူး
အဖိုး သိလိုက်ပြီ ဒါလူမဟုတ်ဘူးဆိုတာကို

ဒေါ်ရွှေမိ ထွက်လာတော့ အဖိုးတို့တွေ ထိန်တော
ရွာဘက်ကို ပြန်လာခဲ့ကြတယ်

ဒေါ်ရွှေမိ အိပ်က စထွက်တော့ ဝင်းမောင်က ရှေ့ဆုံးက အဖိုးနဲ့
ဒေါ်ရွှေမိက တူတူလျှောက်လာတာ.. ခြေသံကလဲ အိပ်ခြံဝက
စထွက်ထဲက ပြန်ပေါ်လာတယ် ဒီတခါတော့ ပခုံးခြင်ရှင်လျှောက်တဲ့
ဒေါ်ရွှေမိပါ ခြေသံ ကြားတယ် ... ကြားတော့ အဖိုးကို
တိုးတိုးလေးကပ်ပြောတယ် နင့် ကြားရလာတဲ့... အဖိုးလဲ
ခေါင်းညိမ့်ပြလိုက်တယ်... ဝင်းမောင် တစ်ယောက်ကတော့
ဘာမသိရှာဘူး...လျှောက်မြဲအတိုင်း လျှောက်နေတယ်...

ဒေါ်ရွှေမိကြီးကတော့ နောက်ပြန်ကြည့်လိုက် ဘာတွေ့တော့
သူလက်မှာထလာတဲ့ ကျက်သိန်းတွေကို သက်ကျလိုက်နဲ့
တော်တော်လေး ကြောက်နေပုံရတယ်...
အဲ့ဒါနဲ့ အဖိုးလဲ သူ့ကို ကပ်ပြောလိုက်တယ် ဘာမကြောက်နဲ့
ဘာမဖြစ်ဘူးလို့ပေါ့... ဒေါ်ရွှေမိ အသံနဲ့တောင်
ပြန်မပြောနိုင်ဘူး ခေါင်းလေးပဲ ညိမ့်ပြတယ်....

ဒီလိုနဲ့ သချူင်္ိင်းကုန်းနားကို ပြန်ရောက်လာခဲ့တယ်

`` အမလေး
မြတ်စွာဘုရား ကယ်ပါ ´´

ဒေါ်ရွှေမိကြီး အော်သံကြောင့်
ဝင်းမောင်နဲ့ အဖိုးလဲ ပြာပြာသလည်း
မေးလိုက်တယ်

`` ဘာဖြစ်လို့လဲ
ဒေါ်ရွှေမိ ´´

နင်တို့ မတွေ့ဘူးလား ဟိုမှာကြည့်ဆိုပြီး
မကြည့်ရဲတဲ့ ဒေါ်ရွှေမိ ခေါင်းငိုက်ဆိုက်ချ ပြီး
လက်ညိုးလေးနဲ့ ထိုးပြတယ်...

လက်ညှိုးထိုးတဲ့ နေရာကြည့်လိုက်တော့
လယ်တစ်ခွပ်ကျော်လောက်က
အုပ်ဂူအပေါ်မှာ ရပ်ပြီးကြည့်နေတဲ့ လူတစ်ယောက်
စောနက အဖိုးခြံဝမှာ တွေ့လိုက်တဲ့ လူပဲ... ဒီတခါတော့
ဝင်းမောင်ပါ တွေ့တယ် သူလဲ လန့်သွားတယ်
တော်တော်လေးလဲ ကြောက်သွားတယ်

ခွေးတွေကလဲ အူလိုက်ကြတာ ဆူညံနေတာပဲ...
ဒါပေမဲ့လည်း ကလေးမွေးဖို့က အရေးကြီးတာမို့ သုံးယောက်
သား ကြောက်ကြောက်နဲ့ ဆက်လျှောက်လာခဲ့တယ်...

နောက်ကလိုက်လာတဲ့ ခြေသံကလဲ မရပ်ဘူး ပါလာတုန်းပဲ...
ဝင်းမောင်တို့ အိမ်ရောက်တော့ ဝင်းမောင်မိန်းမက
ရေမွှာတောင် ပေါက်နေပြီ...
ဒေါ်ရွှေမိလဲ လိုအပ်တာလေးတွေကို ယူလာခိုင်းပြီး
အခန်းထဲ ဝင်သွားတယ်...

အဖိုးနဲ့ ဝင်းမောင် နှစ်ယောက်ထဲ အပြင်မှာ စောင့်နေရတာပေါ့
ဝင်းမောင်ကတော့ စိတ်ဂဏမငြိမ်ဘူး... ဟိုလျှောက်လိုက်
ဒီလျှောက်လိုက်နဲ့ ..
နာရီ ဝက်လောက်ကြာတော့ ဒေါ်ရွှေမိ အသံကြားရတယ်...

မွေးပြီ မွေးပြီတဲ့

အဖိုးလဲ အံ့သြသွားတယ် သူက မွေးပြီသာပြောတယ်
ကလေး ငိုသံလဲ လုံးဝ မကြာရဘူး...

မကြာပါဘူး ဒေါ်ရွှေမိကြီး အပြင်ထွက်လာတယ် ...

စိတ်လှုပ်ရှားနေတဲ့ ဝင်းမောင် စီးမေးလိုက်တဲ့....

``ဘာလေးမွေးတာလဲ ဒေါ်ကြီး´´

`` ယောကျာ်းလေးပါ
ဒါပေမဲ့ ကလေးက အသက်ပါမလာဘူး´´

``ဟင်´´
ဝင်းမောင် တစ်ယောက် ဟင်ဆိုတဲ့ အာမေဋိသံပဲ
ထွက်ပြီး ထိုင်ငိုပါလေရော...

အဖိုးလဲ စိတ်မကောင်းဖြစ်မိပေမယ့် မတက်နိုင်ဘူးလေ...
ကလေး ကံကြမ္မာပေါ့လို့ ဝင်းမောင်ကို အားစကားပြောလိုက်တယ်..
.ပြောပြီး အဖိုး အိမ်ရှေ့ကို ကြည့်လိုက်မိတယ်

ဟင်
ခုဏက သရဲ လိုက်လာတုန်းပဲ
ဒီတခါတော့ သူ့မျက်နှာက ပြုံးယောင်သန်းနေတယ်..ပြီးတော့
ခြံထဲကို တစ်လှမ်းခြင် ဝင်လာပြီး ပျောက်သွားတယ်...

သိပ့်မကြာပါဘူး ကလေးစီက အီ အီ အား အား ဆိုတဲ့
အသံထွက်လာတယ် ... ဥဝဲဆိုတဲ့ ငိုသံတော့ မဟုတ်ဘူး...

ဝင်းမောင် ငိုနေတာက ခေါင်းထောင်လာတယ်
ပြီးတော့ ဒေါ်ရွှေမိကို ကြည့်ပြီး ရန်စကား စပြောတယ်

``ခင်ဗျာ
ပြောတော့ ကလေး အသက်မရှိဘူးဆို
အခု ဒါကလေး အသံမဟုတ်လို့ ဘာလဲ ´´

ဒေါ်ရွှေမိ တစ်ယောက်လဲ
အု အု အ အ နဲ့ ဘာပြောလို့ ပြောရမယ်မှန်း မသိဖြစ်နေခဲ့တယ်

ဝင်းမောင် အခန်းထဲ ပြေးဝင်သွားပြီး
ကလေးကို ပွေ့ ချီလိုက်တယ်...

`` ဟာ
ကလေး အသားက ဘာလို့ အေးစက်နေတာလဲ´´

အဖိုးလဲ မယုံလို့ ကလေး အသားသွားကိုင်ကြည့်လိုက်တယ်
ဟုတ်ပ အသားက ရေခဲတုံး အတိုင်ပဲ အေးစက်နေတာ...
အဖိုးရင်ဘတ်ကို ဆန်းကြည့်တော့ လုံးဝ နှလုံး မခုန်ဘူး ဒါပေမဲ့
ခြေလေးတွေ လက်လေးတွေကတော့ လှုပ်နေတယ် အသံလဲ
အု အု အ အ နဲ့ ထွက်နေတယ်..

အဖိုး သိလိုက်တယ် ဒါကလေးကို အပမှီနေတာပဲ... ဒီအချိန်
ဝင်းမောင်ကို သွားပြောရင် သူ ယုံမှာ မဟုတ်ဘူး မနက်ရောက်
မှ ပြောတော့မယ်ဆိုပြီး အဖိုးလဲ ဘာမပြောပဲ
အခန်းအပြင်ဘက်ကို ထွက်လာလိုက်တယ်....

အပြင်ရောက်တာနဲ့ ဒေါ်ရွှေမိက
အဖိုးကို တိုးတိုးလေး လာပြောတယ်
စောနက ကလေးက တကယ် အသက်မရှိတာတဲ့ အဖိုးလဲ
ခေါင်းလေးပဲ ညိမ့်ပြလိုက်တယ်......

မနက်ရောက်တော့
ဝင်းမောင်ကို အဖိုးပြောတာပေါ့
မင်းသားက အသက်မရှိတော့ဘူး
ဖုတ်သရဲ ဝင်နေတာလို့ ပြောတော့
အဖိုးကို စိတ်ဆိုးပြီး လက်သီးနဲ့တောင်
ထိုးခဲ့သေးတယ် အဲ့ဒီနေပိုင်လဲ အဖိုးကို ဝင်းမောင်တစ်ယောက်
မခေါ်မပြောပဲ နေတော့တယ်....

ကလေးကတော့ ငိုလဲမငိုဘူး နို့လဲ မစို့ဘူး
နို့သီးခေါင်းတောင် သူပါးစပ်ထဲ ထည့်လို့မရဘူး
ဒါပေမဲ့ ကလေးက ဝဝဖြိုးဖြိုးပဲ ပိန်သွားတာက ဝင်းမောင် မိန်းမပဲ
တချို့ကတော့ ကလေးနို့ဆွဲလို့ ပိန်းသွားတာတဲ့ တကယ်တော့
ကလေးက နို့လုံးဝ မစို့ဘူး... ကလေးကို တစ်ယောက်ထဲလဲ
ထားလို့မဘူး သူကို အမြဲတမ်း ချီထားမှ သူကကြိုက်တာ...
အမြဲတမ်း ချီတဲ့ သူတွေတိုင်းလဲ ဘာရောဂါမှ မရှိပဲ
ပိန်ပိန်သွားကြတယ်....

ဒီလိုနဲ့ သုံးလလောက်ကြာတော့
မိခင်ဖြစ်သူ ဝင်းမောင် မိန်းမ ဆုံးသွားကော
ရောဂါကြောင့်တော့ မဟုတ်ဘူး
သွေးမရှိတော့လို့ ဆုံးသွားတာ...

အဲ့ဒီတော့မှ အဖိုးစကားကို ဝင်းမောင်ယုံပြီး
အဖိုးစီပြန်ရောက်လာခဲ့တယ် သူငယ်ချင်း ငါ ဘာလုပ်သင့်
လဲလို့ အဖိုးကို မေးတယ်...

အဖိုးလဲ တစ်ခါမှ မကြုံ ဖူးတော့
ဘာလုပ်သင့်တယ်ဆိုတာ မပြောနိုင်ဘူးဖြစ်နေတာပေါ့
ဒါပေမဲ့လည်း ဘုန်းကြီးပင့်ပြီး ပဋ္ဌန်လေးဘာလေး ရွတ်ဖတ်ကြည့်
ပါလားလို့ပဲ အကြံပေးလိုက်တယ်....ဝင်းမောင်ကတော့ အင်း
လို့ ပြောပြီး ဘုန်းကြီးကျောင်းဘက်တန်းသွားခဲ့တယ်...

ဒီလိုနဲ့ ဘုန်းကြီးတွေ ပဋ္ဌန်ရွတ်ဖတ်ကြတော့...
ဘယ်ကမှန်းမသိတဲ့ ခွေးမဲကြီး တစ်ကောင်က ဝင်းမောင်တို့
အိပ်ရှေ့မှာ လာထိုင်ပြီး ဆွဲဆွဲငင်ငင် အူ နေတယ်

ကလေးက လဲ အသံအကျယ်ကြီးနဲ့
အော်ငိုနေတယ် ကလေး ငိုသံအခုမှပဲ ကြားဖူးတော့တယ်...
ဘုန်းကြီးတွေ ရွတ်တာလဲ ငိုတာလောက်ပဲ ရှိတယ် ဖုတ်သရဲက မထွက်ဘူး...

ပန်ဝန်ကျင်က လူတွေကလဲ ကလေးကို မချီရဲကြတော့ဘူး
ဖခင်ဖြစ်တဲ့ ဝင်းမောင်ကတော့ ဖုတ်ဝင်နေတာ
သိပေမယ့်လည်း သားဆိုတဲ့ စိတ်ကြောင့် ချီတာပေါ့...
ကလေး ၅ လသားလောက်ရောက်တော့
ထောင်ထောင်မောင်းမောင်းဖြစ်နေတဲ့
ဝင်းမောင် တစ်ယောက်လဲ ပိန်ကပ်နေပြီ....

ဖြစ်ချင်တော့ အဖိုးတို့ ထိန်တောရွာကို
တစ်နေ့မှာ ဘယ်ကမှန်းမသိတဲ့
ဝတ်ဖြူ စင်ကြယ်နဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာခဲ့တယ်...

အဖိုးလဲ အဲ့ဒီပုဂ္ဂိုလ်ကြီးကို ဖြစ်ဆင်မကြိုအကြောင်း
အကုန်ပြောပြလိုက်တော့ ခေါင်းလေး တညိမ့်ညိမ့်နဲ့
အေးအေးလေး တစ်ခွန်းထဲ အဖိုးကို ပြန်ပြောတယ်....

`` အဲ့ဒီအိမ်လိုက်ပြ´´ တဲ့

အဖိုးလဲ ဟုတ်သောရှိ မဟုတ်သောရှိလိုက်ပြလိုက်တာပေါ့

ပုဂ္ဂိုလ်ကြီး အိမ်ရှေ့ရောက်တာနဲ့
အိမ်ထဲက ပုခက်ပပေါ်မှာ အိပ်နေတဲ့
ကလေးက အရွယ်နဲ့မမျှအောင် အကျယ်ကြီး ထအော်ငိုတယ်

ပုဂ္ဂိုလ်ကြီးက ဝင်းမောင်ကို
သောက်ရေတစ်ခွက်ပေးပါလို့ တောင်းလိုက်တယ်
အဖိုးတို့လဲ သူသောက်မယ်ထင်ထားတာပေါ့

ဒါပေမဲ့ သူ သောက်ရေကို မသောက်ဘူး
သောက်ရေခွက်နားမှာ ပါးစပ်လေးကပ်ပြီး
တိုးတိုးလေး ဘာတွေ ရွတ်နေလဲတော့ အဖိုးလဲ မသိဘူး....

ရွတ်ပြီးတော့ အဖိုးကို ပြောတယ်
ကလေး ပါးစပ်ကို ဟ ပေးတဲ့..

ဝင်းမောင် တစ်ယောက်ကတော့ အခန်းဒေါင့်လေးမှာ ထို်င်ပြီး
သားကို သနားတဲ့စိတ်နဲ့ငိုနေ ရှာတယ်...

အဖိုး ကလေးပါးစပ်ကို လက်နှစ်ဖက်နဲ့ ဆွဲဟ
တာတောင် အားစိုက်ပြီး လုပ်ရတယ်
ကလေး ပါးစပ် ဟ သွားတာနဲ့ ပုဂ္ဂိုလ်ကြီးက သူမန်းထားတဲ့
ရေမန်းကို လောင်းထည့်လိုက်တယ်... ရေမန်းဝင်သွားတာနဲ့
ကလေးစီက ဝူးးးးဝူးးးးဝါးးးးဝါးးးးး အသံကြီးထွက်လာတယ်....

အရမ်း ထူးဆန်းတာပဲ
ကလေးပါးစပ်ကို ကိုင်ထားတဲ့ အဖိုးလက်ထဲမှာ ကလေး
အရိုးခေါင်းကြီးဖြစ်သွားတယ်...

အဖိုးလဲ လန့်ပြီး ဖင်ထိုင်ရက်သားတောင်
ပြုတ်ကျတယ် ပုခက်ထဲမှာတော့ ကလေး အရိုးစုလေးပဲ
ကျန်တော့တယ်....

ပုဂ္ဂိုလ်ကြီးလဲ ဘာမဖြစ်တော့ဘူး
အားလုံး ပြီးသွားပြီလို့ ပြောပြီး ပြန်သွားတော့တယ်....

ဝင်းမောင်ကတော့ ငိုနေတုန်းပဲ
အဖိုးလဲ ဝင်းမောင်ကို အားပေးစကား ပြောပြီး အရပ်ထဲက
ကာလာသားတွေနဲ့အတူတူ ကလေး အရိုးစုလေးကို
သုသာန်မှာ သွားပြစ်လိုက်တယ်...

နောက်နေ့ ရောက်တော့
ဝင်းမောင် အဖိုးစီကို ရောက်လာတယ်
သူ မြို့ကိုပြောင်းတော့မယ်တဲ့
ဒါကြောင့် လာနှုတ်ဆက်တာတဲ့
အဖိုးလဲ သူငယ်ချင်းကို မခွဲချင်ပေမယ့်
သူဆုံးဖြတ်ချက်ကို တားမနေတော့ဘူး
အေးအေး သူငယ်ချင်းလို့ပဲ ပြောလိုက်တယ်******

အဲ့ဒီအချိန်ထဲက ဝင်းမောင် တစ်ယောက်ပျောက်သွားလိုက်တာ
အခုချိန်ထိပါပဲ မြေးရယ်ဆိုပြီး ဖိုးဖိုး စကားကို အဆုံးသတ်လိုက်တယ်...

ကျွန်တော် တွေ့တယ် ဖိုးဖိုး မျက်ရည်လေးတွေ ဝဲနေတယ်
သူ့ သူငယ်ချင်းကို ပြန်သတိရသွားလို့ထင်တယ်....

ကျွန်တော်လဲ ဖိုးဖိုး မြေးအိပ်တော့မယ်ပြောပြီး
အိပ်ရာထဲ ဝင်လိုက်တော့တယ်...... ။

# Credit
ADMIN @_#  TH!t P!N







### လပြည့်ညရဲ့ ဝိဉာဉ်ညည်းသံ ###

မရဏရွာလေးက ဒီ နေ့ယစ်ပူဇော်ပွဲအတွက် ကျွဲးနွားဆိတ်ကြက် အစရှိသော တိရိစ္ဆာန် ၁၀၀ ရဲ့သွေးနဲ့ ပသဖို့
အလူပ်ရူပ်နေကြပါတယ် နှစ်တစ်ရာအတွက် အသက်တစ်ရာက သူတို့ရဲဓလေ့တစ်ခုလို ဖြစ်နေပါသည်။
တန်ဆောင်မုန်း လပြည့်ညဆိုတော့ လမင်းကြီးကတော့ ထွန်းလင်းတောက်ပလျှက်ပေါ့ ည ၁၁နာရီသို့ရောက်ရှိ ပြီဖြစ်တဲ့အတွက် အသင့်ပြင်ဆင်ကြရင်း ၁၂ ထိုးတော့ စတင်ကြပါပြီး !!!!!!!!!!!!!!!! အမည်မသိမန္တန်တစ်ခုကို ရွတ်ဆိုလျှက် လည်ပင်သွေးများကို မြေပြင်ပေါ်သို့စီးကျစေခဲ့သည်။ ယစ်ပူဇော်သည့် နေရာကား င်္သချိုင်းအဟောင်းတစ်ခုသာ ဒီင်္သချိုင်းကမရဏရွာရဲ့ င်္သချိင်းဟောင်းတစ်ခုသာ အရင်ယစ်ပူဇော်ပွဲတွေလုပ်တယ် အသုဘချတယ် နောက်ပိုင်း အလောင်းတွေပျောက်လို့ သချိုင်းအသစ်တည်လိုက်ကျတာ ယစ်ပူဇော်မူကိုတော့ ဒီမှာပဲ ဆက်လုပ်တုန်း။ ထို အချိန် '' အီးးးးးးးးးးးဟီးးးးးးးးးးးဟီးးးးးးးးးးးးး ယစ်ပူဇော်နေချိန် ညဉ်းသံတစ်ခုကြောင့် လူတိုင်းတုန်လူပ် ခြောက်ခြားရင်း အသွေးအသားတွေ လူတိုင်းဆူပွက်ခဲ့ကြတယ်။
မနက်လင်းတော့ ညကယစ်ပူဇော်ရင်း အသံကြားသူတိုင်း နေလို့မကောင်းဘဲ ထိုင်းမိုင်းနေကြတယ် သူကြီးလည်း
" ငါတို့ယစ်ပူဇော်ချိန် ဘယ်သူအမှား လုပ်သေးလဲဟေ့" " အေးး မင်းတို့ အမှားလုပ်မိတာနဲ့ တစ်ရွာလုံး အသက် ပေးရမှာပဲ" ရွားသူကြီးစည်းဝေးလုပ်ကာ စစ်သော်လည်းရွာသားတွေဘက်မှ အသံထွက်မလာ သူကြီးကတော့ အကြီးအကျယ် စိတ်ပျတ်နေပြီး ဒါမှားယွင်းမူ တစ်ခုပါနေတယ် ဆိုတာလူတိုင်းသိတယ်နေတယ်လေ။ ဒီတစ်လပြည့် တော့ ညဉ်းသံကိုတစ်ရွာ လုံးကြားခဲ့ပြန်ချေပြီး မနက်အလင်းပေါက်တော့ ဖိုးတေလည်ပင်းက အမာရွတ်ပုံစံနှင့် အသက်ပျောက်နေပြီး။ ဒီမှားယွင်းမူကို ပြန်ဆင်နည်းသိသူက လှဘော်တစ်ယောက်ထဲသာ လှဘော်က ခရီးသွားရင်း ပြန်မလာသည်မှာ ၂၅ နစ်ခန့်ရှိလေပြီး သူကတစ်ကောင်ကြွက် ရွာထဲရေခပ် ထင်းခွဲလုပ် သက်ကြီးအိုမတွေကို ရေချိုးရေခပ်ပေး တောက်တိုမယ်ရ အကုန်လုပ်ပေးတယ် သူအသက် ၂၀ မှာပဲ သူအမျိုးတွေရှိတဲ့ဆီသွားမယ်ဆိုပြီး ပျောက်သွားခဲ့ခြင်းဖြစ်ပါသည်။ ရွာသားတွေလည်း စိတ်ဆင်းရဲးနေကြပြီး နေထိုင်ကလည်းမကောင်းကြ သီးနှံတွေကပါ အထွက်နှုန်းကျဆင်းလာတယ် ဒါ ရွာကိုကပ်ဆိုက်သည်ထင်ကာ ရွာနီးချုပ်စပ်ပြောင်းသူပြောင်းကြလေသည်။ သို့သော် လပြည့်ညရောက်သည်နှင့် သေဆုံးသည်ကာပြောင်းရွေ့သူများ အရင်ဖြစ်လေသည်။ ဒူးးးးဒူးးးးး " ဟားသူကြီး စည်းဝေးစပြန်ပြီးဟေ့" ရွာသားတွေ လူစုံတက်ဆုံလာကြပါပြီ" ကဲ အခုပြောချင်တာ တစ်ခြာမဟုတ်ဘူး လှဘော်ဇာတိကိုသိတဲ့သူဘယ်ကြားဖူးလဲ " "သူကိုမွေးစားတဲ့ဘလှသောင်းဇနီး ဒေါ်နွဲ့သိမယ်ထင်ပါတယ် " ရွာသားတစ်ယောက်ထဖြေသည်။ ဒေါ်နွဲ့က အသက်ကြီးပြီးမို့ သူကြီးအိမ်မှာပဲ သွားမေးရန်ဆုံးဖြတ်ပြီး " ကဲအစည်ဝေးပြီပြီး ပြန်ကျတော"့  ရွာသားတွေလည်း ဘာမှန်မသိပြန်သွားခဲ့လေသည်။

''ဒေါ်နွဲ့ရေ ဒေါ်နွဲ့ " အော်သူကြီးပါလား လာလေ
ဘာကိစ္စ ရှိလို့လဲ သူကြီး " လာရင်းကတော့ လှဘော်ဇာတိသိချင်လို့ပါ ""
အင်း သူကိုလှသောင်းက အိမ်ခေါ်လာပြီး ခရီးသွားနေတုန်း အသက် ၆ နစ်အရွယ်ကလေးလေးကို တွေ့လိုခေါ်လာတာ သူက၆နစ်အထိ စကားသိပ်မပြောတက်သေးဘူးလေ သူနာမည်လှဘော်ဆိုတာရယ် မိဘနာမည်ရယ် ပဲပြောတက်တက်တာ သူကိုခေါ်လာတာကတော့ ဒေါင်ဖြူ မြို့ဘက်က ဒေါင်းဖြူ မြို့က ဧရာဝတီတိုင်းထဲက ဆိုတော့ အခုနေရာနဲ့ဆို ၃ရက်လောက်တော့သွား ရမယ်ထင်တယ် "ဘာလိုလဲသူကြီး"
"ရွာကအခြေအနေကို ဖြေရှင်းနိုင်တာသူပဲ ရှိမယ်ထင်တယ်" ဟု သူကြီးက ရှင်းပြလေသည်။
ဒူးးးဒူးးး စည်းဝေးစချေပြီး ။ လူစုံသည်နှင့်" ဒီနေ့က အကူအညီတောင်းမှာပါ ဒေါင်းဖြူ မြို့ ဘက်ကို
သွားဖို့လူငယ်နှစ်ယောက်လိုပါတယ် ဒီရွာအခြေအနေကို အရင်ကပယောဂကုတဲ့ဆရာကြီး မဆုံးခင်ကလှဘော်ကိုပြောဖူးတယ် ကြာတယ်" လှဘော်က လူကြီးသူမတွေကို အလုပ်ကူလုပ်ပေးရင်း သူကိုဆရာကြီးက ပြောပြသင်ပြဖူးပါတယ်။ ဇင်စိုးနဲ့ ပြည့်စုံ က "ကျွန်တော် တို့သွားပါမယ်သူကြီး" " အေးအေး မင်းတို့သွားရင် ရွာကလူတွေ
စီက ငွေစုပေးမယ် ငါကတစ်ဝတ်ပေးမယ် မင်းတို့မနက်ဖြန်ခရီးစထွက်ပါ " သူကြီးလည်း အချိန်မဆိုင်းနိုင်တော့ပဲချက်ချင်းစီစဉ်ရလေသည် ။ အခုဆိုလပြည့်ရော လကွယ်ပါ ညဉ်းသံတွေ ကြားနေရပြီး တစ်လနှစ်ယောက်အတွက် ရင်တမမဖြစ်နေကြရပါပြီ။ ရွာသားတွေက လှဘော်ကို သာတွေ့နေချင်ကြပြီးဖြစ်လေသည်။
ဒီမနက်ဇင်စိုးနဲ့ပြည့်စုံကို ကားဂိတ်အထိ ရွာသားတွေလိုက်ပိုကြပြီး အဆင်ပြေကြပါစေဟု ရွာသားတိုင်းရေရွှတ် နေမိပါတော့သည်။
" ငါ့သား ရာဂ ဒီနေ့ မင်း ဆရာတို့စီ မသွားဘူးလား ''
"ဟုတ်အဖေ သားသွားတော့မှာပါ "
ကျွန်တော်က အဖေရဲ့အထက်ဆရာဂိုဏ်းကို စိတ်ဝင်စားလို့ စာလေးဘာလေးရေးဖို့ လေ့လာပါတယ် အခုလည်း ပွဲတစ်ပွဲလုပ်မယ်ကြားလို့ သွားပြီးလေ့လာမလို့ပါ။
ထိုအချိန်မှာပဲ အိမ်ရှေ့ကလူငယ်နှစ်ယောက်က "အိမ်ရှင်တို့ အိမ်ရှင်တို့ ဦးလှဘော်တ်ု့ အိမ်လားမသိဘူး''
လူငယ်လေးမှ လှမ်းပြောတော့ ကျွနတော်အိမ်ပေါ်မှ ဆင်းရင်း ''ဟုတ်ပါတယ် ခင်ဗျား ဦးလှဘော်တို့ အိမ်ပါ '' '' ''အော်အတော်ပဲညီ ဦးလှဘော် ရှိလားမသိဘူး ''ဟုတ်ဖေဖေ အိမ်ပေါ်မှာရှိပါတယ် လာလေအိမ်ပေါ်တက်အကိုတို့ ထိုင်ကြထိုင်ကြ'' မင်းတို့ကဘယ်ကတုန်း'' ဖေဖေ ကမေးတော့ကျွန်တော်တို့က မရဏရွာကပါ ကျွန်တော်က ဇင်စိုးပါ ကျွန်တော်ကတော့ ပြည့်စုံဦး '' အေကွယ် ငါလည်းအလည်သွားမယ်သွားမယ်နဲ့ မရောက်တာကြာပြီးကွ
မင်းတို့ ဘာကိစ္စရှိလို့တုန်း'' ဒီလိုဦးရဲ့ ဇင်စိုးကရွာရဲ့ အခြေအနေကို အသေးစိတ်ရှင်းပြလေသည်
အဲ့ဒါကြောင် ဒီလမကုန်ခင် ဦးကိုတွေ့ အောင်လာရှာတာပါ။
အေးးအေးး ငါလိုက်ခဲ့ပါ့မယ်ကွာ အော်ဒါနဲ့ဒါငါ့သားရာဂပါ ဇနီးကတော့မနစ်ကမှ ဆုံးရှာပြီ။ ကျွန်တော်ပါ လိုက်လို
ရမလား ဖေဖေ'' မင်းလိုက်တော့ မင်းအတွက် အသစ်အဆန်းတွှေုရတာပေါ့ လိုက်ခဲ့ပေါ့ကွာ ''ကျွန်တော် ပျေိာသွားတာပေါ့ ခုနပြောပြထဲက စိတ်ဝင်စားနေတာလေ။
တစ်ညပဲနားရင်း ခရီးထွက်လာခဲ့ကြပါသည် တောတွေတောင်တွေကတော့ ကျွန်တော့အတွက် အသစ်အဆန်းပေါ့
မြေပြန့်သားဆိုတော့ တောင်တွေဆိုထူးဆန်တယ်လေ ဒါတော့ မထူးဆန်းပါဘူးနော့။
မရဏ ရွာက တောင်တွေကို ကျော်ရတယ် သစ်ပင်ကြီးတွေက အုပ်မိုင်းနေတော့ ကျောထဲစိမ့်နေတာပဲ ရာသီဥတုကလည်း မိုးအကုန်ဆောင်းကုချိန်လေးပေါ့။
ရွာရောက်တယ် ဆိုရင်ပဲ သူကြီးတို့အိမ်ကိုတန်းလျှောက်ရတာပဲ သူကြီးက''ဟေ့ လှဘော်လာပြီးကွ '' အားရဝမ်းသာပင် ရွာသားတွေကလည်း ပျူငှာဖော်ရွေသဗျာ။ ဘာကြောင် ဒီလို ရွာလေးမှအခုလိုအဖြစ်တွေနဲ့ ကြုံ နေမှန်း ကျွန်တော် စဉ်းစားမရပါချေ။ သူကြီးက မင်းကိုမျှော်နေရတာ တစ်ရွာလုံးပဲ ဟေ့မင်းကိုတွေ့ပါစေလို့ပဲ ဆုတောင်းနေကြတာ တစ်ရွာလုံးရဲ့အခြေအနေလည်း မင်းသိတဲ့ အတိုင်းပဲ ဟေ့လှဘော်ရေ။
ဒီလိုရှိတယ် သူကြီးရ ကျွန်တော်ငယ်စဉ် ထင်းခွဲးရေခပ်လုပ်ရင်း စပ်စုတော့ ဂယောကကုတဲ့အဘ အောင်မောင်ပြောတာကတော့ ''ဒီယစ်ပူဇော်တာက နတ်ဆရာတစ်ဦးရဲ့ အယူသည်းမူကစတယ်ပြောတယ်''သူကြီး။
ဒီရွာက ယခုတိုင်လည်းနတ်ကိုးကွယ်ကြတုန်း နတ်ဆရာတဦးရှိရင် တပည့်ခံသူတွေကလည်း ရွာလုံးကျွတ်နီးပါလေ ဒီကိစ္စလုပ်ဖို့နတ်ဆရာကပဲ စပြောတာပဲ သူကြီးကအစ ယုံကြည်နေတော့ ပိုဆိုးတာပေါ့ နတ်ဆရာကအခု ခရီးသွားနေပါတယ် ။ သူကတစ်လ တစ်ခါလုပ်ဖို့ပြောတယ် ယစ်ပူဇော်တာကို တစ်ကောင်နှစ်ကောင်နဲ့လုပ်လိုရတယ်ပြောပါတယ် မလုပ်ရင်တော့ တစ်ရွာလုံး အသက်နှတ်မယ်ပြောပါတယ် သူကြီးကပဲ အသေးစိပ်ရှင်းပြလေသည်။
ဒီအခြေအနေဆို သွေးရိုးသားရိုး မဟုတ်ဘူးသူကြီး ဒါနတ်ဆရာတစ်ဦးရဲ့စနတ်ပဲ သေဆုံးသူတွေရဲ့ ထူးခြားမူရှိလား သိချင်ပါတယ် ဖေဖေကပြောတော့ ''လူတိုင်းလည်ပင်းအမာရွတ်တွေနဲ့ပါ'' ဟုတ်ပြီးသူကြီး
နတ်ဆရာရဲ့ အယူသည်းမူးကစတင်တာပေါ့ ရွာမှာ ဘုန်းကြီးကျောင်းကမရှိ တစ်ရွာလုံးက အယူမှားနေတော့
တော်တော်ပြင်ဆင်ရမယ်သူကြီးရေ ဟု ဖေဖေပြောလိုက်လေသည်။
ဒီညတော့ သူကြီးအပါအဝင်ဖေဖေ ရယ် ကျွန်တော်တို့င်္သချိုငိးဟောင်း ဘက်ထွက်လာကြပါသည်။ ရွာသာတွေက
အခြောက်ခံဖူးးတာရယ် ကောလဟာလတွေကြောင့် င်္သချိုင်းဟောင်းနားဘယ်သူမှမသိကြ ကျွန်တော်တို့
သချိုင်းနားရောက်တော့ မီးရောင်တွေမှ ထိန်နေတာပဲ အနားကပ်လိုက်တော့ သူကြီးက ''ဟားးးးးဟိုမှာ ရွာက နတ်ဆရာပါ့လား ''' ဟင်းးးးတွေ့လိုက်တာက လွန်ခဲ့တဲ့ရက်ကမြုပ်လိုက်တဲ့အလောင်း သူက အလောင်းကို
အရှေ့ထားကာ တစ်ခုခုကို ရွတ်ဆိုနေပါတယ် အလောင်းကောင်ကထကာ ဆူးရှတဲ့ အော်သံထွက်လာပါသည်
အီးးးးးးးးးဟီးးးးးးးဟီးးးးးးးးး ''ကဲဒီလောက်လို ရပါပြီးပြန်မယ်သူကြီး'' ဟု ဖေဖေက ပြောလေသည် ကျွန်တော်တို့အသာလေးဆုတ်ကာ လှည့်ပြန်ခဲ့ပါသည်။
အိမ်ရောက်တော့ ဖေဖေကို အကျိုးအကြောင်းမေတော့ ဝိညဉ်ညဉ်းသံနဲ့ လူစိတ်ညှိ့ယူတာလိုပြောပါတယ်။
သူကြီး ငါဒီရွာကနေ ထွက်သွားပြီး ငါ့ရွာရောက်တော့ သူအမေနဲ့တွေပြီးညာတယ် ပြီးတော့ ကျုပ်မိန်းမအဖေကလည်း အထက်လမ်းဆရာပဲလေ ငါလည်းစိတ်ဝင်စားသတ္တဝါတွေကို ကယ်တင်ချင်တာနဲ့ ဒီလောကထဲစဝင်ခဲ့တာပဲ သူကြီး ငါ့တို့အထက်က အဲ့လိုယုတ်ညံ့တာတွေကိုသိတယ်ကွ ဒါပေမဲ့ လေ့လာစရာသက်သက်ပဲ သူကြီးရေဟု ဖေဖေကရှင်းပြလေသည်။ ကျုပ်တို့အခုလုပ်ကမှာက တရားသဘောနာလည်ဖို့ရယ် ပိရိတ်တရားစာများများ
ဖတ်ဖို့ရယ်ပဲ သူကြီး။
လှဘော် မင်းပြောတာငါနားလည်ပေမဲ့ ရွာကလူတွေက တရားစာဆိုတာမသိဘူးကွ နတ်ဆရာရဲ့ မန္တန်လောက်ပဲ သိကြတာ မင်းကူညီမှရမယ် လှဘော်ရေ'' အဲ့အတွက်မပူနဲ့သူကြီးမင်း ဒီညလပြည့်ည မှာရွာသားတွေ အကုန်စုလိုက် ပြီးရင်ကျုပ်ရှေ့ကတိုင်မယ် အကုန်နောက်က လိုက်ဆိုပေါ့ဗျာ ဟုတ်တယ်မှတ်လား ''ဟုဖေဖေကပြောလေသည်။
ညနေမှောင်ရီပျို တာနှင့် လူစုပြီးကတော့ ပွဲနှင့်စရွတ်ဖတ်ကြပါပြီး ပရိတ်ပဌာန်းအကုန် ဖေဖေဦးဆောင်
ရင်း ထိုချိန်င်္သချိုင်းဟောင်းဆီမှ အားးးးးးအားးးးးးးး ကျယ်လောင်သော အော် သံတို ဆူညံနေလေပြီး ညလုံးပေါက် နီပါး ရွတ်ဆိုကြလေသည်။ မနက်လင်းတော့ င်္သချိုင်းဟောင်းစီမှ နတ်ဆရာရဲ့
အသက်မဲ့ခန္ဓာကိုယ် တွေရှိကြလေသည်။ ဤသည်ကာ အယူကြီးသူ နတ်ဆရာတစ်းဦးရဲ့ နည်းစနစ်ဆိုးတစ်ခုကြောင့်ဖြစ်ပါသည်။
ကျွန်တော်တို့သားအဖ ပြန်တော့ လက်ဆောင်တွေတစ်ပွေ့ကြီးပေါ့ဗျား။ အခုတော့ မရဏရွာမှာ
ဘုန်ကြီးကျောင်းလေး တည်နေပြီကြားတယ် သွားခွင့်ကြုံရင် သွားချင်ပါသေးသည်။

Credit by Yargalay
ADMIN @_# TH!t P!N







### လှေဦးထိပ်မှာ သူပါခဲ့ရင် ###

ကမ်းခြေတစ်လျှောက် လေပြေဖြူးလေး နဲ့
လှပတဲ့ သဘာဝမြင်ကွင်း တွေ က မြင်ရသူကို
ရင်သပ်ရှုမော စေသည်။
အလည်အပတ်လာသူ များအတွက်တော့
အပန်းဖြေဖို့ အကောင်းဆုံးနေရာပေါ့။
ဒါပေမယ့် ချစ်ညို´´တို့ ဘ၀သမားများအဖို့တော့
ဝမ်းရေးအတွက် ဒါကို အမှုမထားနိုင်ပါ။....
ဝမ်းရေးဆိုတာ ထက် သူ့ဘ၀နှင့် ရင်းပြီးချစ်ရတဲ့ သူ့ချစ်သူ
``ပန်းနု´´နှင့် နီး ဖို့ သူအလုပ်လုပ်ရမည်။
သူနှင့် ပန်းနုက ဟိုးငယ်ငယ် လေးက ဖြူစင်တဲ့ သူငယ်ချင်း
ခုတော့ အရမ်းချစ်တဲ့ ချစ်သူပေါ့။
သူ၁၄နှစ်သားရောက်တော့ အမေနဲ့ အဖေ ဆုံးသည်။.
တစ်ကိုတည်း တစ်ကောင်ကြွက် ဘ၀မှာ
``ပန်းနု´´ကသူ့အသက်ပါ။
``ပန်းနု´´လည်းသူ့နည်းတူ ပါပဲ့ အမေ အဖေ
မရှိ ဆွေမျိုးနီးစပ် အဒေါ့်အိမ်မှာ ကပ်နေရသူ။...
ပကာသန တွေမရှိပေမယ့် ဖြူစင်တဲ့ အချစ်နဲ့ သူတို့
ဘ၀က ရိုးရှင်းပြီး ပျော်စရာ အတိ.....
ဒီနှစ် နွေဦးလောက်မှ လက်ထပ်ဖို့ စီစဉ်ထား ကြသည်။
ဒါကြောင့် သူအလုပ်အရမ်းကြိုးစားနေတာ.....
နွေဦးရောက် တော့မှာလေ..
သူတို့ ကျွန်းမှာကသူဋ္ဌေးတစ်ယောက်က
ကျွန်းကို အပိုင်ဝယ်ပြီး ပုလဲမွေးတာ....
ပုလဲလည်းဝယ်သည်။...
..သူက ပုလဲမွေးကန်မှာ
အချိန်ပိုင်းလည်း လုပ် သည်။....
ပြီးတော့ ကျွန်းတွေဆီသွားပြီး ပုလဲရှာသည်။...
ဒီလို သဘာဝပုလဲ ဆို ကျွန်းသူဋ္ဌေးက ဈေးကောင်းပေးဝယ်သည်။....
ပုလဲ ရှာရတာ လွယ်တဲ့ အလုပ်တော့ မဟုတ် ကမ်းမမြင်
လမ်းမမြင် လှိုင်းထန်ထန်နဲ့ အရမ်း အတန္တရာယ်များ
စွန်းစားရှာဖွေရသည်။
ပန်းနု ကဒီလို အန္တရာယ်များတာ မလုပ်စေလိုပေ။
ဒါပေမယ့် ပန်းနုကို သူချစ်သလို တန်ဖိုးလည်း ထားတာမို့
သူနဲ့ ယူရင် တင့်တောင်းတင့်တယ် ထားချင်တာ မို့
ပန်းနု မသိအောင် ပင်လယ်ထွက်နေမိသည်။
ပြီးတော့ သူပန်းနု အတွက် မင်္ဂလာ ဦးလက်ဆောင်လေး
စီစဉ်ထားတာရှိသည်။ သူ့အတွက် လွယ်တော့ မလွယ်လှပေ...

ခုဆိုရင် ပန်းနု အတွက် မင်္ဂလာ ဦး လက်ဆောင်ပေးဖို့
စုထားတဲ့ ပုလဲ ကဆွဲကြိုးတစ်ကုံးစာ ပြည့်တော့မည်။..
ဒီတစ်ခေါက် ပင်လယ်ထွက် ပြီးရင် ပန်းနုနဲ့
လက်ထပ်ရတော့မည်လေ။
........ .......................

မင်္ဂလာ ဆောင်ရန်တစ်ပတ်အလို
.................

ကျောက်ဆောင်ပေါ်တွင် မိန်းကလေးတစ်ယောက်
ဆံပင်တို့ ကလေမှာ တဖျပ်ဖျတ်လွှင့်နေလေသည်။
ဒီဘက်မှာတော့ အသက်၂၅နှစ်အရွယ် လူငယ်တစ်ယောက် .
...သူတို့မှာ ပန်းနုနှင့် ချစ်ညို.....
````ကို ပင်လယ်ဘက်ထွက်နေတာဆို ပန်းနုပြော
သံကြားတယ် ကြားစကားနားယောင်တာတော့
မဟုတ်ဘူး ကို ခုတစ်လော ပျောက်နေတာ
ပန်းနုသတိထားမိတယ်´´´
"ဟုတ်တယ် ပန်းနု ကို ပင်လယ်ထွက်နေတာ"
""ပန်းနုတို့ လက်ထပ်ကြတော့မှာပဲ့
ပြီးတော့ ပန်းနု ဒါတွေ မလိုပါဘူး လိုပြောပြီးပြီပဲ့ကိုယ်ရယ်""
"ပန်းနု ရယ် ကိုပန်းနုကို တန်ဖိုးထားတယ် ချစ်လဲ ချစ်တယ်
ဒါကြောင့် ကိုယ်နဲ့ တူတူနေလို့ ပန်းနု ဘ၀ကို
မပင်ပန်းစေချင်ဘူး ဒါကြောင့် ကိုယ်ကြိုးစားနေတာ""

""ပန်းနုက ရော မချစ်လို့လား ဟင် ..
ကိုယ်အန္တရာယ် ဖြစ်မှာမို့ တားနေတာပါ
ပန်းနုတို့ နှစ်ယောက်တစ်ဘ၀ ထူထောင် ပြီး
ရင် တူတူ ကြိုးစားလဲ ဖြစ်တာပဲ့လေ´´
""ကြည့် ပန်းနုစကားနားမထောင်တာလား
ငေးချင်ရာ ငေးနေတာပဲ့´´
ချစ်ညိုက ပင်လယ်ဖက်သို့ငေးနေရာမှ
""ပန်းနု ကိုယ်နောက်ဆုံးတစ်ခု တောင်းဆိုမယ်ရလား""
""အင်း ပြောကြည့်လေ""

""ကိုယ် ဒီတစ်ခေါက် မင်းဒင်တို့နဲ့ ပင်လယ် ထွက် ချင်တယ် ""
""ပြောရင်း စိတ်တိုလာပြီ ပန်းနုတို့ လက်ထပ်ဖို့
တစ်ပတ်ပဲ့ လိုတော့တာလေ""
""အဲဒါကြောင့် ကိုယ်တောင်းဆို တာပါ ကိုယ့်
ဆန္ဒပြည့်ဖို့က ဒီတစ်ခေါက် သိပ်အရေးကြီးနေလို့
ဒါကလည်း ပန်းနုအတွက်ပါ
ပင်လယ်က ပြန်ရင် ကိုယ်တို့ လက်ထပ်ကြမယ်
ပြီးရင် ပန်းနု စကားကို တစ်သက်လုံး
နားထောင်မယ်လေ နော်......""
ပြောရင်းပန်းနု ကို လှမ်းဖက်တော့ ပန်းနု
တစ်ဖက်လှည့်သွားလေသည်။
"ဒီတစ်ခေါက်ပဲ့ ပါဗျာ""
ချစ်သူ အပြုံးတစ်ချက်နှင့် လေပြေဖြူးဖြူးနဲ့
ဆည်းဆာ ကပဏာရ လှလေသည်။
--------------+++++++-
...
ဒီနေ့နေက ထူးထူး ခြားခြား သာလို့နေသည်။...
ပင်လယ်ထွက်တာ ဒီတစ်ခါ နောက်ဆုံးမို့
"ချစ်ညို အထူးတက်ကြွလို့နေသည်။.....
သူတို့ အုပ်စုမှာ
သူရယ် မင်းဒင်ရယ် တာတီးနဲ့ ဖိုးအေး...
အားလုံးလေးယောက်.....
ရေငုပ် ကိရိယာ တွေ
စားနပ်၇ိက္ခာတွေ လှေပေါ်တင်ပြီး အထွက်
ပန်းနု ရောက်လာသည်။
သူလှေပေါ်မှ လက်ပြတော့ ပန်းနုက လက်ပြန်ပြတော့
ချစ်ညို ၀မ်းနည်း သလို ခံစားရသည်။
သူ ခါတိုင်းသွားနေကျပါ ဒီလို မခံစားရပါဘူး။
............................
ပန်းနု မှာ လည်း တဖြည်းဖြည်း ဝေးသွားသော
ချစ်ညို တို့လှေကို ကြည့်၍ ၀မ်းနည်းလာရသည်။
ပန်းနုနှင့် အတူပါလာသော အေးကြည်က
``တော်ပါ ပန်းနုရယ် လာရင်ပဲ့ မင်္ဂလာ ဆောင်တော့မယ်
ညည်းဟာက သည်းကို သည်းလွန်းပါတယ်အေ""
""မဟုတ်ဘူး အေးကြည်
ငါ ညကအိပ်မက်တွေ မကောင်းဘူး
ငါ...ငါစိတ်ပူတယ်ဟာ
သူငါ့ကို ကတိပေးထားပြီးသားမို့
ငါလည်းမတားလိုက်ဖြစ်ဘူး""
""အေးပါ ဟာ အိပ်မက်ဆို တာ စိတ်စွဲရင်လည်း
မက်တတ်တာပဲ့လေ ဆုတောင်းပေါ့ဟာ
ခုတော့ အိမ်ပြန်ရအောင်
စိတ်ကောင်းကောင်းထား
ဒါမှ သွားတဲ့သူလည်းစိတ်အေးတယ်
ခါတိုင်းထွက်နေကျပဲ့
ဘာမှ မဖြစ်ပါဘူးဟာ""
ပန်းနု စိတ်ထဲ မကောင်းတာတော့ အမှန်ပါ။
ချစ်ညို တို့ လှေထွက်ပြီး ရာသီဥတုက ကြည်ကြည်
လင်လင် ပေမယ့်နေ့လည်လောက်ရောက်တော့ ချက်ချင်း
မိုးရိပ်တိမ်လိပ်တို့ဖြင့် အုံ့မှိုင်းလာခဲ့သည်။
ပန်းနု မှာလည်း စိတ်ပူလာသည်။
လေရော မိုးပါ ထန်လာသည်ကိုး.....
""ဘုရား ဘုရား အစ်ကိုတို့ဘေးကင်းပါစေ""
နေ့လည် တည်းက သည်းလိုက်တဲ့ မိုးက ည၉နာရီိ
လောက်မှရပ်သွားလေသည်။
..........
ညက ပန်းနု ဘယ်အချိန်အိပ်ပျော်သွားသည်မသိ။
""ညက ကိုယ် ငါ့ဆီလာသွားတာလား
ညက ပြန်လာသလိုပဲ့
ငါစိတ်စွဲလို့ အိပ်မက်မက်နေတာ များလား""
ဟုတ်သည်။ ညက ကိုယ်ပြန်လာသလိုပဲ့ ပန်းနုစိတ်ပူမှာ
သိလို့ ပန်းနုဆီအရင် လာတာတဲ့ ""
ပန်းနု စဉ်းစားရင်း အိပ်ရာမှ လူးလဲထလိုက်သည်။
""ပန်းနု ရေ ဒီည အိပ်ရာထ မနောက်ကျ စဖူးနောက်
ကျတယ် ဆွမ်းလောင်းဖို့မမီတော့ဘူး""
ဒေါ်လေး လှမ်းအော်ပြောတော့ ပန်းနု
နာရီကြည့်လိုက်တာ ခုနစ်နာရီခွဲ.....
""ဟုတ်ဒေါ်လေး ဒါနဲ့ ကိုချစ်ညို တို့
လာပြ်ီပြောသံကြားလားဒေါ်လေး""
""သြော် ညည်းကို ပြောဖို့မေ့နေတာ
ချစ်ညိုတို့ ညနှစ်နာရီလောက်က ပြန်ရောက်တယ်
ရာသီဥတုမကောင်း လို့ ပြီးတာနဲ့ ချက်ချင်း
လှည့်ပြန်လာတာတဲ့ ....""
ပန်းနု ခုမှစိတ်အေးသွားရသည်။
နေ့လည်လောက် ပန်းနုတို့အိမ် ချစ်ညို ရောက်လာခဲ့သည်။
ပန်းနုတို့ အိမ်က ရွာပြင်နည်းနည်း ကျ၍ အိမ်ခြေက ကျဲသည်။
ကိုယ့်ပုံစံက တစ်မျိုးပဲ့ အလုပ်ပင်ပန်းလို့လားမသိ
ဖြူဖျော့ ပြာနှမ်းနေလေသည်။
""ကို.....ပန်းနု စိတ်ပူလိုက်ရတာ
ပန်းနု မတားလိုက်မိတာ နောင်တရတယ် ""
""ခု ကိုယ်ပြန်လာပြီလေ ပန်းနုရဲ့ ""
"ဒါနဲ့ ကိုယ်နေမကောင်းတာလားဟင်""
ပြောပြော ဆိုဆို ပန်းနု နဖူးကို လက်နဲ့ စမ်းလိုက်တော့
အေးစက်စက် အထိအတွေ့က ကျောထဲထိစိမ့်သွားရသည်။
""ကိုယ် နေမကောင်းတာ လားဟင်...""
""ကောင်းပါတယ် ပန်းနုရဲ့ ဒါနဲ့ ကိုယ်တို့စော
လက်ထပ်တာ ကောင်းမလားပန်းနု""
""အာ ကိုကလည်း ပန်းနုတို့ စီစဉ်ပြီးသားလေ
နှစ်ရက်လောက် ထပ်စောင့် ရင် ဘာဖြစ်မှာ မို့လဲ
ဆရာတော်လည်း လျှောက်ထားပြီးပြီလေ
မင်္ဂလာ ဆွမ်းအတွက်""
""ဪ::::::::အင်း::::ဒါဆို ကိုယ်ပြန်မယ်တော့မယ်နော်""
ပန်းနု ပြောပြော ဆိုဆို လှည့်ထွက်သွားသော
ကိုယ့်ကျောပြင် ကြည့် လိုက်တော့
""ဘုရား:::ဘုရား::::""
ကိုယ့် ဇက်ရင်းမှာ သွေးတွေ
ဘာဖြစ်တာလဲ
""ကိုယ်နေပါဦး""
""ပန်းနု""အော်တော့ ချစ်ညို ဒီဘက်လှည့်လာသည်။
ကိုယ် ဒီဘက် လှည့်ကြည့် စမ်း သွေးတွေ
""ဟင် မရှိပါဘူး ပန်းနုရဲ့ အမြင်မှားတာပါ""
ဟုတ်သားပဲ့ ပန်းနု ဘာတွေ လိုက်မြင်နေတာလဲ
ပန်းနု သေချာ လှည့်ပတ်ကြည့်တော့ ဘာမှမတွေ့ပေ။
---++----------------
ဒီလိုနဲ့ ပြင်ဆင်ရင်း ဖြင့် မင်္ဂလာ ဆောင်ရန်
တစ်ရက်သာ လိုတော့သည်။
ပန်းနုက ချစ်ညိုအိမ်လိုက်နေမှာ ဆိုတော့
ခန်းဝင်ပစ္စည်း တွေကို ချစ်ညိုအိမ်မှာပင် ပြင်ဆင်ထားသည်။
ပန်းနုလည်း မင်္ဂလာ ဆောင်ခါနီးဘာတွေဖြစ်နေသည်မသိ
ကိုယ်ချစ်တဲ့ သူနဲ့ ပေါးင်ရမှာကို ၀မ်းသာ ရမှာကို ၀မ်းနည်းနေသလို။
ပြီးတော့ ရွာထဲ မှာ လည်း ထူးထူးဆန်းဆန်းပဲ့ တကယ်ဆို
မင်္ဂလာ ကိစ္စကို ကိုယ်နဲ့ ပန်းနု တူတူစီစဉ် ကြတာပါ
""ချစ်ညိုမတွေ့ပါလား""
""ပန်းနု တစ်ယောက်ထဲလား""
စသည်ဖြင့်မေးကြသည်။
အေးလေ ဒါကလည်း စကြနောက်ကြတာပါလို့
ပန်းနုတွေးမိသည်။
ခုဆို ကိုတို့အိမ်မှာ ပန်းနုတို့နှစ်ယောက်အတွက်
ခန်းဝင်ပစ္စည်း တွေ ပြင်ပြီးနေပြီလေ။

မင်္ဂလာ ဆောင်ဖို့ တစ်ရက်အလို ညနေတွင်ပန်းနုတို့အိမ်ရှေ့၌
""ပန်းနု......ပန်းနု...ရေ......လာ...ပါ..ဦး""

မိအေးကြည် ဘာတွေလာအော်နေတာလဲ
မျက်နှာက လည်း အစွမ်းကုန်ပျက်နေလေသည်။
ဒေါ်လေးက
""အေးကြည် ဘာဖြစ်တာလဲ အေ့
ညည်းပုံစံက မထိတ်သာမလန့်သာရှိလိုက်တာ အေ""
""ဟို ဟို ဒေါ်လေး ချစ်ညို....ချစ်ညိုလေ....
ပင်လယ်ထွက်တဲ့နေ့က မုန်တိုင်းမိပြီး ဆုံးပြီတဲ့""
ပန်းနုက
""အေးကြည်ညည်းဘာတွေ လာပြောနေတာလဲအေ့
ကို ဟိုရက်က ပြန်ရောက်လို့ ခန်းဝင်ပစ္စည်း တောင်ပြင်
ပြီးနေပြီ မင်္ဂလာ ကိစ္စ လည်း ငါတို့ အတူစီစဉ်ကြတာပါ။""
အေးကြည်က
""ငါ...ငါလည်းအံ့သြလို့သေတော့ မယ် ပန်းနု
ခုခု ရွာပြင်မှာ ချစ်ညို ရဲ့လှေနဲ့
နောက်စေ့မှာ ဒဏ်ရာနဲ့ ချစ်ညို အလောင်းရောက်နေပြီ
ညည်းစိတ်ကိုခိုင်ခိုင်ထားပန်းနု''
အေးကြည်ပြောမှ ဟိုနေ့ပန်းနုဆီလာတုန်းက
ဖြူဖျော့ ပြာနှမ်းနေတဲ့ ကိုယ့်ပုံစံနဲ့
နှောက်စေ့မှာ ပန်းနုသွေးတွေ မြင်လိုက်တာ
သတိထားမိသည်။
ဒေါ်လေးက ''ပန်းနု လိုက်သွားသမီး
ဒေါ်လေးလည်းလိုက်ခဲ့မယ်
တစ်ခုခုကို အတည်ပြုရတာပေါ့
စိတ်ကို ခိုင်ခိုင်ထားပါသမီးရယ်'''
ပန်းနု အေးကြည်နဲ့ နှစ်ယောက်လာရင်း
သွေးပျက်ခြောက်ခြားနေမိသည်။
သေချာတယ် ပန်းနု အဆိုးဆုံး အခြေနေတစ်ခုနဲ့
ရင်ဆိုင်ရတော့မယ်ဆိုတာ။
အုန်းပင်တန်းတွေကို ဖြတ်ကျော် လျှောက်လာရင်း
ပန်းနုမျက်စိထဲမှာ မြင်မြင်သမျှ ဝေဝါးလို့နေသည်။
ရောက်ခဲလိုက်တာ။
ခဏနေတော့ ရွာပြင် ကမ်းစပ် ပန်းနုတို့
နှစ်ယောက်တွေ့နေကျနေရာမှာ
လူတွေဝိုင်းအုံလို့နေသည်။
ပန်းနု လူအုပ်ကြားတိုးဝငါကြည့်လိုက်တော့
''ဘုရားရေ!!!ဘယ်လိုဖြစ်တာလဲ ကိုရယ်
ပန်းနုဆီလာတယ်လေ ပန်းနုတို့ မင်္ဂလာကိစ္စလည်း
စီစဉ်ပြီးနေပြီလေ ''
''စိတ်ထိန်းပါ သမီးရယ် ဖြစ်ပြီးသွားပြီလေ ဟိုမှာ
ဆရာတော် ပင့်လာပြီလေ သရဏဂုံတင်ရအောင်''
သူကြီးက နှစ်သိမ့်လေ သည်။
''ထထ သမီး ပြီးမှ သမီးကို အားလုံးရှင်းပြပါ့မယ်ကွယ်
ဟိုမှာ မင်းဒင်တို့ အုပ်စုလဲရောက်နေပြီ''
ပန်းနု အိပ်မက်ထဲ လမ်းလျှောက်နေသလိုပါပဲ့
ဘာလို့ဘာလို့ ပန်းနုတို့မှ ဒီလို ဖြစ်ရတာလဲ။

ရွာ ဦးကျောင်းဆရာတော် သရဏဂုံ တင်ပြီး ရေစက်ချ အမျှဝေတော့
''အမျှ ယူပါ ကိုယ်ရယ် ပန်းနုတို့ ဘဝခြားခဲ့ပြီလေ။''
ထို့နောက် ချစ်ညို အလောင်းအား ရွာပြင်မှာ ပင်သဂြိုလ်
လိုက်ကြသည်။
ချစ်ညိုတို့ လှေထွက်တဲ့ ရက်က
နံနက်ပိုင်းသာသာယာယာ ရှိပေမယ့်
နေ့လည်တော့ ချက်ချင်းအုံ့မှိုင်းလာကာ
မုန်တိုင်းမိခဲ့လေသည်။
မုတိုင်းမိတော့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး
မင်းဒင်တို့ သုံးယောက် ကရေထဲ လွှင့် စင် ကျသွားကာ
ချစ်ညိုက လှေထဲ ကျန်ခဲ့သည်။
မင်းဒင်တို့က ရေထဲမှာ မျောနေရင်း
ကင်းလှည့်ထွက်လာသော စစ်တပ်လှေနဲ့တွေ့၍
ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့သည်။
စစ်တပ်လှေ အကူညီ ဖြင့်ပင်
ပင်လယ်ထဲမှာ လိုက်ရှာ ရာ
နှောက်စေ့၌ဒဏ်ရာ ဖြင့် အသက်ပျောက်နေသော
ချစ်ညိုကို တွေ့ရသည်။
ချစ်ညိုသေဆုံးသွားတာ အမှန် ဆိုရင် ပန်းနု
ဆီလာသွားတာက ချစ်ညိုရဲ့ဝိညာဉ်ပေလော။
---------------------------------------
မိန်းကလေးတစ်ယောက် ပင်လယ်ဘက် ကို
မျက်နှာ မူ၍ ငြိမ်သက်စွာ ရပ်နေလေသည်။
လေ ကတဖြူးဖြူး တိုက်ခတ်နေတာမို့
အကျီင်္စတွေ ဆံပင်စတွေက တဖျတ်ဖျတ် လွှင့်နေလေသည်။
အဝေးဆီသို့ ငေးကြည့်နေသည့် မျက်ဝန်းတို့မှာ
မျက်ရည် တို့က အကျည်းတန်စွာ တွဲခိုနေကြသည်။
လက်ထဲမှာတော့
ပုလဲပုတီးလေး တစ်ကုံး
''ကိုယ်ရယ် နောက်ဘဝ ဆိုတာ ရှိခဲ့ရင် ဒီလို
အဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့''
😥😥😥😥😥😥

Credit by Mon Mon Khaing
ADMIN @_# TH!t P!N


No comments:

Post a Comment