Thursday, July 7, 2016

လူချစ်လူခင်ပေါဖို့ အချက်ဆယ်ချက်တဲ့

ဆယ်ကျော်သက်တို့ ချစ်ခင်စေလိုလျှင် (၁၀) ချက်
--------------------

(၁) နာမည်လေးတွေခေါ်ကြည့်ပါ။ ကျွန်တော်တို့ဟာ ကိုယ်နဲ့စကားပြောသူက ကိုယ့်နာမည်ကို ခေါ်ပြီးပြောဆိုတာကို နှစ်သက်တတ် ကြပါတယ်။

(၂) ပျော်ရွှင်စွာ ပြုံးပြပါ။ ကျွန်တော်တို့ စိတ်ဖိစီးနေတဲ့အခါ ဒီလို အပြုံးလေးတွေ တွေ့လိုက်ရရင် အလွန်သက်သာတတ် ကြပါတယ်။

(၃) နားထောင်ပါ။ နားနဲ့ ရိုးရိုး နားထောင်တာထက်ပိုတဲ့ လိုလိုလားလား နားစိုက်ထောင်ခြင်းမျိုနဲ့ ကျွန်တော်တို့ စကားကို အလေးထားရင် အလွန်ကျေနပ်တတ်ပါတယ်။

(၄) အပြန်အလှန် ပြောဆိုပါ။ ကိုယ့်စကားကို လိုက်ပါတွေးတော ဆွေးနွေးပေးနိုင်တဲ့လူဆိုရင် ကျွန်တော်တို့ အကောင်းဆုံး စကားပြောဖော် အဖြစ်ကို မှတ်သားထားတတ် ကြပါတယ်။

(၅) အသိအမှတ်ပြုပါ။ ကိုယ့်စကားကို အလေးထားလို့ သုံးသပ်တာ ကောင်းတဲ့နေရာလေးတွေကို ချီးမွမ်းရင် ကျွန်တော်တို့ ကြိုက်တတ် ကြပါတယ်။

(၆) လှို့ဝှက်စွာ ဝေဖန်ပါ။ ကိုယ့်အမှားကို ထောက်ပြတဲ့ လူဟာ လူရှေ့မှာ မပြောပဲ အနောက်မှာ တိုးတိုးတိတ်တိတ် လာ အသိပေး တာမျိုးကို ကျွန်တော်တို့ ကျေနပ်တတ်ကြပါတယ်။

(၇) ညွှန်ကြားချက်မပါတဲ့ မေးခွန်းတွေနဲ့ ခိုင်းပါ။ ကျွန်တော်တို့ကို ဟိုဟာ လုပ်ပေးစမ်း ဒီဟာ လုပ်ပေးစမ်း ဆိုတာထက် ကျွန်တော်တို့ပါ လိုက်လံ တွေးတော မိစေမယ့် ခေါင်းစဉ်လေးတွေနဲ့ ဆွေးနွေးပေးပါ။ ကျွန်တော်တို့ အဲဒီကျရင် ညွှန်ကြားချက်လို ခိုင်းတာထက်ကို ပိုမို လုပ်ပေးနိုင်ပါလိမ့်မယ်။

(၈) စကားပြောကောင်းပါ။ ကျွန်တော်တို့ကို ပုံပြင်ကောင်းကောင်းလေးတွေက လေ့ကျင့်ခန်း ဆယ်ခုစာမက အသိတွေ ပေးနိုင်ပါတယ်။

(၉) မျှတစွာ ဆက်ဆံပါ။ ကျွန်တော်တို့ကို မျှစွာ ဆက်ဆံပါ။ ဟိုလူနဲ့ ငါနဲ့ ပိုရင်းနှီးလို့ သူ့ကိုတော့ ပိုတယ် ဆိုတာမျိုး ကျွန်တော်တို့ မနှစ်သက်ပါဘူး။

(၁၀) အသားအရောင် မခွဲခြားပါနဲ့။ ကျွန်တော်တို့ကို လူသား လူငယ် တစ်ယောက်ထက် ဘာမှ ပိုမမြင်ကြပါနဲ့။

- မှတ်စုကြမ်း #kyawnge


No comments:

Post a Comment