Thursday, July 7, 2016

အီစွတ်ပုံပြင်တိုလေးပါဖတ်ကြည့်ပေါ့

တခါတုန်းကပေါ့…
နာမကျန်းဖြစ်နေတဲ့ သမင်လေးတစ်ကောင်ရှိတယ်တဲ့!

သမင်လေးရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့ သူ့မိတ်ဆွေတွေဟာ လူမမာလာမေးကြတာပေါ့…

ဒီလိုနဲ့
သမင်လေးဟာ နာလန်တော့ထလာတယ်…
ဒါပေမယ့် နာလန်ထသမင်လေးဟာ အစာငတ်ပြီး
သေသွားခဲ့လေရဲ့…။

ဘာလို့လဲဆိုတော့
လူမမာလာမေးကြတဲ့ မိတ်ဆွေတွေဟာ အနီးအနားက စားစရာတွေ အားလုံးကို စားပြစ်ခဲ့ကြတော့ နာလန်ထစ သမင်လေးဟာ ဝေးဝေးလံလံအစာရှာဖို့ အားမရှိ အနားမှာလည်း စားစရာမရှိတော့တာကြောင့် အားပြတ်သေသွားခဲ့ရတယ်တဲ့…။

………………×××…………

ကျွန်တော်ဖတ်ပြီး သဘောကျခဲ့ရတဲ့
ကမ္ဘ္ဘာ္ဘကျော် အီစွတ်ပုံပြင်လေးတွေထဲက တစ်ပုဒ်ပေါ့…

#လူပိန်းတွေရဲ့ချစ်ခင်မှုကြောင့်ဒုက္ခအကြီးအကျယ်ရောက်ရတာကိုဆိုလိုချင်ပုံရတယ်…။

ဘုရားရေ…
ကျွန်တော်တို့ နိုင်ငံတော်ကြီးလည်း နာဖျားနေတယ်ဆိုပါ့လား!

လေးစားလျက်…။
Zar Ni Nyunt Lyin


No comments:

Post a Comment