အငြိုးများဖြင့်လူဝင်စားကြသူ
ဖြစ်ရပ်မှန်
လွတ်လပ်ရေးပြီးကာစအချိန် ရခိုင်ရိုးမအနီး ရန်ကုန် မုတ္တမသွားရာ လမ်းမကြီးဘေး ရွာတန်းရှည်များအတွင်း
ငါးဖမ်းခြင်း၊ မိကျောင်းဖမ်းခြင်း အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြု နေထိုင်ကြသော ရွာနှစ်ရွာ ရှိလေသည်။
ဦးဘအေး ဒေါ်သက်တို့တွင် သားတယောက်ရှိလေသည်။ စီးပွားရေး အခြေနေမှာ အဆင်ပြေလှသည်မဟုတ်ပေ။ ငါးဖမ်းခြင်း ဖြင့် အသက်မွေး ဝမ်းကြောင်းပြုလေသည်။
ဦးဘအေးတို့ရွာနီး ချုပ်စပ်အများစုမှာ
မိကျောင်းဖမ်းခြင်းဖြင့်လုပ်ကိုင်ကြလေသည်။ မိကျောင်းများထဲတွင် ပါးကွက်ဆိုသော မိချောင်းမှာ မသိသူမရှိ ဘယ်သောအခါမှလဲ ဖမ်း၍ မရကြချေ။
အချို့မှာလည်း နတ်မိကျောင်း လော ပြောကြလေသည်။ ထိုကျေးရွာ၌ သားရဲတွင်း ဟု ကြားရလိုက်ရုံဖြင့် သွားဝံ့သူမရှိချေ။ အကြောင်းမူကား ရွာပြင် သုသာန်နှင့် မြစ် တဆက်တည်း။ သုသာန်သည် အခြောက်အလှန့်ကြီးသောကြောင့် မည်သူမျှ သွားလာမရှိ ။ ထိုသုသာန်နှင့် တဖက်တချက်မြစ်၌ မိကျောင်တို့ ကိန်းအောင်းရာ လိုဏ်ဂူ ရှိသောကြောင့်ပင် ဖြစ်သည်။
ဒေါ်သက် တယောက် အဖော်မပါ သားရဲတွင်းသို့ ရောက်နေလေသည်။ ကြောက်လန့်ခြင်းလဲ မရှိပေ။ ထိုအချိန်ဝယ် "ကျမကို ကယ်ပါ ကျမကို ကယ်ပါ " ဟူသော မိန်းခလေး တယောက်အသံ။ ဒေါ်သက် လိုက်လံရှာဖွေနေလေသည်။ "ကျမက ဒီမှာပါ ကျမက ဒီဘက်မှာပါ " ဟု ပြောသံကြားရာ ဒေါ်သက်လိုက်လံရှာဖွေကြည့်လေသည်။
"ဟော တွေ့ပါပြီ" ဒေါ်သက်တယောက်
ပါးစပ်အဟောင်းသား နဲ့ မိန်းကလေး တယောက် ရေစပ်မှာ ခန္ဓာကိုယ် က ရေအောက်ထဲ ခေါင်းက ကမ်းနဖူးပေါ် မှေးတင်ထားလေသည်။
ဒေါ်သက်လဲ "ကလေးမ ငါကဘယ်လိုကူညီရမလဲ ပြော "
"ကျမကို အမေတို့နဲ့နေခွင့်ပြုပါ နေခွင့်ပေးပါနော် ကျမမှာ ပစ္စည်းတွေရှိပါတယ် အမေတို့စီးပွားဖြစ်အောင်ပေးပါ့မယ်"ဟု နေခွင့်တောင်းနေလေသည်။
ဒေါ်သက်လဲ "အေးအေး နေလေ ငါတို့ စားသလို နေနိုင်ရင်တော့ နေပေါ့"ဟု ပြောလေသည်။ ဒေါ်သက်လဲ အိမ်မကိမှလန့်နိုးလာခဲ့လေသည်။
နောက်နေ့မနက် ခင်ပွန်းဖြစ်သူအား ပြောပြလေသည်။ခင်ပွန်းဖြစ်သူလည်း
"အိမ်မက်ပဲ မိသက်ရာ ဘာထူးဆန်းလဲ မိကျောင်းမက်တာ"ဟုပြောလေသည်။
ထိုသို့နေလာရာ ဒေါ်သက်မှာ ကိုယ်လေးလက်ဝန်ဖြစ်လာလေသည်။ ထိုကလေး ကိုယ်ဝန်ဆောင်ချိန်မှစ၍ စီးပွားရေးလဲ အနည်းငယ်ချောင်လည်လာခဲ့သည်။
ရာသီအလီလီကုန်ဆုံးချိန် ကိုးလ လွယ် ဆယ်လ ဖွား သမီးလေး ဖွားမြင်ခဲ့သည်။ ပါး၌ အမည်းကွက် ကြိး ပါလေသည်။
ကလေးငယ်မှာငိုမြဲငိုနေသည်။ မိခင်လဲ ယောင်္ကျားဖြစ်သူအား နားလည်တတ်ကျွမ်းသူထံမေးရန်လွှတ်လေသည်။
ဆရာကြီးထံအရောက် ပြောပြလေသည်။ ဆရာကြီးမှာ လောကီလောကုတ္တရာရေး၌ နားလည်တတ်ကျွမ်းသူပင် (အမည်မဖော်လိုပေ)
ဆရာကြီးလဲ "အိမ်း မင်း သမီးက လူဝင်စားပဲ အတိတ်ဘဝက အထုံပါခဲ့လေတော့ သူ့အမှတ်သားလဲ ပါအောင် မိနက်လို့ သာ ပေးလိုက်တော့" ဟု ပြောလေသည်။
ဦးဘအေးလဲ "ဆရာကြီး မိနက်ကတော့ မလှပေဘူး အခြား အမည်လေး ပေးပေးပါလား"ဟု ပြောလေသည်။
ဆရာကြီးလဲ "အေး သူ့အတိတ်ဘဝက အမည်ပါအောင် ပေးရတာ ဒါဆိုလဲ မဟူရာ လို့သာ ပေးပေတော့ "
"မဟူရာ မဟူရာ ဟာ ဟုတ်ပြီ ဆရာကြီး" ဦးဘအေးလဲ ပျော်သွားသည်။
"ကလေးအငိုတိတ်အောင် ခမည်းကတော့ မိကျောင်းစွယ် ဆွဲပေးရမယ်တဲ့ မိန်းမရေ" ဟု အစဆုံးပြန်ပြောပြလေသည်။ခမည်း ပေးလိုက်မှပဲ ကလေးလဲ ကျန်းမာ လာတော့သည်။
မိုးလေးအုံ့တုံ့တုံ့ ရာသီဥတု စိုစွတ် မဟူရာလေးတောင် စကားပြောတတွတဲ့အရွယ်တောင် ရောက်လာပေပေါ့။ ကလေးငယ်မှာ "မေမေ သမီး အမည်က မိနက် အမေရဲ့ " ဟုပြောနေလေရာ မိခင်လဲ ဆရာကြီးပြောခဲ့သော စကားများပြန်ကြားယောင်ကာ အံသြနေလေသည်။
"သမီးမှာလေ အဖော်လဲရှိတယ်။ သူ့နံမည်က ပါးကွက်တဲ့" အမေသူ့ကိုသိလားဟင်
မိခင်မှာ ပါးကွက်ဆိုသော အမည်ကြားတာနဲ့ အံသြရပေသည်။ ပါးကွက်မိချောင်းမှာ မသိသူမရှိချေ။ ပါး၌ အဖြူကွက်ကြီး နဲ့မိချောင်းကို မြင်ဖူးရုံသာရှိကြပြီး မည်သူမှ မဖမ်းနိုင်ခဲ့ချေ။ တခါတရံ ပါးကွက်နဲ့ အတူ မိချောင်း တကောင်ပါ တွေ့ဖူးကြလေသည်။
ထိုရွာသားများလည်း ပါးကွက်ကို လိုချင်နေကြသည်။
ကလေးငယ်မှာ "သူ့ကြောင့်ပေါ့ သမီးသေရတာ သူ့လိုက်ရှာရင်းနဲ့ လူတွေရဲ့ စလွတ်မိပြီး သေခဲ့ရတာ " မဟူရာ့ အသံမှာ အပျို မဒမ်းတယောက်သဖွယ် တရှုံ့ရှုံ့ ငိုရင်း ပြောနေရှာသည်။
"အမေရော သိလား သူဘယ်ရောက်သွားလဲ ပါးကွက်ဘယ်ရောက်နေလဲ ဟင် အမေ"
မိခင်မှာ ဝမ်းနည်းရုံမှတပါး ခေါင်းခါပြလေသည်။
"တော်ပါပြီ အမေရယ် မသိချင်တော့ပါဘူး သူတောင်ထားခဲ့သေးတာ အဟင့် အဟင့် "ဟု ကလေးငယ်မှာ ငို၍ အမေ့ရင်ခွင်ထဲ တိုးဝှေ့ စိတ်ကြိုက်ငိုလေတော့သည်။
ထိုရွာလေးသည် ကရင်သူပုန်များကို ဆက်ကြေး ပေးရလေသည်။ ပေးမလောက် ကရင်သူပုန်များမှာ ဖြစ်နေလေသည်။
တနေ့
"သူကြီးးးးး ခင်များရွာက ဆက်ကြေးက ဒါပဲလားဗျ ခင်များတို့ရွာက ရွာကြီးသလောက် အခြားရွာတွေလောက်တောင်မများပါလား " သူပုန်မှစိတ်ဆိုး ဒေါ်သထွက်လျက်ရှိလေသည်။
သူကြီးမှာ " ရာသီမကောင်းလို့ပါ ဗိုလ်ကြီးရယ် ဒီတခါတော့ ယူသွားပေးပါ။နောက်ခါ ဒီ့ထက်များစေရပါ့မယ်ဗျာ"
"ဟားဟား ဟားဟား ဒါမျိုးတော့ဘယ်ရမလဲဗျ ဒီမှာသူကြီး ခင်များမတောင်းပေးနိုင်လဲရတယ်လေ ကျုပ်ဘာသာ တအိမ်တက်ဆင်း ဝင်ယူမယ် ဒါပဲ"
သူပုန်အုပ်စုမှာ ရွာထဲတအိမ်တက်ဆင်း ရှာဖွေ ရှိသမျှ တပြားမကျန် ယူလေသည်။
မဟူရာတို့ အိမ်တွင်ရှာဖွေရာ
"အဟား ငွေတွေကများလှချေလား ဘာလုပ်ဖို့တုန်းဗျ ဟိတ်ကောင်တွေ အကုန်ထည့် တအိမ်လုံးရှာ"
ဦးဘအေးခမျာ "အကုန်တော့မလုပ်ပါနဲ့ဗျာ ရှင်ပြုဖို့စုထားတာပါ တဝက်တော့ချန်ထားပေးခဲ့ပါ"
"အဖိုးကြီး လျှာတွေမရှည်နဲ့ ကျုပ်လက်က ဥပုသ်မစောင့်ဘူးဗျ သေသွားချင်လား"
မဟူရာမှာ စူးရဲစွာ သူပုန်အား စိုက်ကြည့်နေလေသည်။ပါးစပ်မှလဲ တတွတ်တွတ်ရွတ်နေလေသည်။
သူပုန်လဲ မဟူရာအနားသွားကာ ပြန်စိုက်ကြည့်၍ အန္တရာယ်ပြုတော့မည့်အလား မိဘနဲ့အကိုမှာ စိုးရိမ်နေလေသည်။
သူပုန်ဗိုလ်လဲ ဘာမှမလုပ်ပဲ အိမ်ပေါ်မှဆင်းသွားလေသည်။ တရွာလုံးရှိသမျှ ငွေ ဆန် ပဲ စသည့်တိုပါသွားချေပြီ။
မဟူရာအကိုလဲ "ညီမလေး ခနက ဘာတွေပြောနေတာလဲ"
"သူတပါး ချွေးနဲစာ အလကားယူတဲ့သူတွေ အသေဆိုးနဲ့သေအောင်လေ ညီမလေးတို့
ငွေတွေပြန်ရလိမ့်မယ်"
ဟင်
"ဘယ်လိုပြန်ရမှာလဲ ဟ ပါသွားပြီပဲ"
"စောင့် သာ ကြည့် နေ "ဟု အေးစက်စက်ပြောလေသည်။
သူပုန်တွေလဲ မြစ်ထဲ လှေနှစ်နဲ့ သွားလေပြီ။
"ဒုတ် ဒုတ် ဒုန်း " လှေဝမ်းအောက်မှအသံပင်
"ဘာဖြစ်တာလဲဟ ဘာကြီးလဲ" အော်ဟစ်သံများနဲ့အတူ
ဖရိုဖရဲ လူတွေရော ပစ္စည်းတွေရော နဲ့
သွေးသံရဲသွားလေပြီ။
မြင်ကွင်းကတော့ မရှူမလှပေ။ သူပုန်အုပ်စု မိကျောင်းဆွဲသွားသော မြင်ကွင်းအား ရွာသူရွာသားများ အကာကွယ်များဖြင့် ကြည့်ကာ ကြိတ်၍
ပျော်နေသူများထဲတွင် မဟူရာတို့မောင်နှမအပါအဝင်။
ထွက်၍ ပေါ်တင်ကြည့်ပြန်လျှင်လည်း
မကယ်ရကောင်းလား ကျန်သူပုန်အုပ်စုမှ
အထောင်းခံရပေမည်။
ဦးဘအေးတို့သားအဖ လှေကလေးဖြင့် ငါးဖမ်းထွက်လာစဉ် ကမ်းနဖူး၌် တင်နေသူ လူတဦး။
"အဖေ ဟိုမှာ လူတဥိး သွားကြည့်ရအောင်"
"ဟာ သူပုန် ဗိုလ်ပဲ အသက်မရှိချေ။ လည်ပင်း၌ လွယ်အိတ်တလုံးပဲ ။"
ရွာမှ လုယူသွားသော ရွှေ ငွေများပင်။
ဦးဘအေးလဲ မိမိငွေ ယူပြီး။ကျန်ငွေများအား သူကြီးလက်အပ်လိုက်လေသည်။
သူကြီးလဲ မောင်းထု၍ ထူးဆန်းသော ဖြစ်ရပ်အကြောင်းနှင့် ငွေများ ပြန်ခွဲပေးလိုက်သည်။ ရွာသူရွာသားအပေါင်းလဲပျော်လို့။
ဥိးလှနဲ့မယ်မြထံ၌ သားယောင်္ကျားလေးတဦး ထွန်းကားခဲ့ချေပြီ။ ပါး၌ အဖြူကွက်ကြီးအား အစွဲပြု၍ မောင်ဖြူ ဟု တွင်စေခဲ့သည်။ သူတို့မိသားစု စီးပွားရေးမှာ တောထဲ၌ ထင်းရှာ၍ ရောင်းချခြင်းပင်။
ထိုရွာလေး၌ လိုင်စင်ရ မိချောင်းဖမ်းသူ အဖွဲ့ရှိသည်။ တောင်ထွန်းဆိုသူမှာ ခေါင်းဆောင်ပင်ဖြစ်သည်။
မောင်ဖြူ ငယ်စဉ်ခါက ခမည်းလို၍ တောက်ထွန်းထံမှ မိကျောင်းစွယ်ဝယ်ယူ၍ ဆင်ပေးခဲ့ရဖူးသည်။
တနေ့ မောင်ဖြူလေး အိမ်၌ ကစားနေစဉ် တောက်ထွန်းတယောက် အိမ်အလည်လာလေသည်။ မောင်ဖြူမှာ
ကြောက်တယ် ကြောက်တယ် ဟု အော်ကာ အိမ်ထဲဝင်ပြေးလေသည်။
ဒေါ်မြလဲ ဧည့်ခံ၍ အိမ်ထဲခေါ်လိုက်သည်။
"ထိုင်လေ မောင်တောက်ထွန်း"
"ဟုတ်"
"လာရင်းက"
"ဟို ဟိုလေ မောင်ဖြူ့အကြောင်း သတင်းရလို့ စကားပြောကြည့်ချင်လို့ပါ"
"ကလေး မင်းက ငါ့သိလို့လား"
"သိတာပေါ့ ခင်များက မိချောင်းဖမ်းတဲ့သူပဲ "
"ဒါဆို မင်းက"
"ကျုပ်က ခင်များတို့လက်ချက် စလွတ်ထိပြီး သေခဲ့ရတာ"
"မင်းက ဘယ်နားနေတာလဲ "
"ကျုပ်က သားရဲတွင်းက ပါးကွက်မိကျောင်းပဲ
ခင်များတို့လက်ထဲ သေမဲ့အတူတူ ရေအောက်မှာ စလွတ်ကြိုးတွေနဲ့ရစ်ပြီး အသေခံလိုက်တာ "ဟုပြောပြီး အခန်းထဲပြေးဝင်သွားလေသည်။
"ဟာ အာစိ ဒါဆို ကျုပ်တို့စလွတ်နဲ့မိပြိး ကျုပ်တို့မရလိုက်တာ ဒီကောင်ပေါ့"
"အေး ငါတို့ ဒီကောင့်ကို ဖမ်းတုန်းက စလွတ်၃ချောင်းတောင် ပြန်ပေါ်မလာတာ ငါပြောသလိုပဲ ရေအောက်မှာ သွားသေခဲ့တာတဲ့။"
"ဟာကွာ အလကား နမြောစရာ ကျုပ်တို့က နတ်မိကျောင်းလော ဘာလော ထင်ခဲ့တာ။"
မိကျောင်းဖမ်းလျှင် စလွတ်ချက်မိပါက ထိုမိကျောင်းသည် ဝေးဝေးမပြေးနိုင်ပေ။ ကုန်းနေရေနေမို့. ဒဏ်ရာက သွေးတွေနဲ့ ရေထဲနေလျှင် အခြား အသားစားငါးများ ဝိုင်းအုံ့ကိုက်သောဒဏ် မခံနိုင်ပေ။ထို့ကြောင့် စလွတ်မိလျှင် ကုန်းပေါ်တက်ပြေးကြသည်။ စလွတ်ကြိုး၌လည်း ထိုမိကျောင်းသွားလေရာ သိရန် ဖော့ ကို ရေပေါ်၌ တပ်ထားသည်။ ထိုအခါမှ မိကျောင်းဖမ်းသူက အလွယ်ဖမ်းနိုင်သည်။(စာဖတ်သူ ဗဟုသုတ အဖြစ်)
မောင်ဖြူလည်း လူပျိုအရွယ်ရောက်ချိန်တွင် မိဘကို ထင်းရှာသော အလုပ် လုပ်ကိုင်ကျွေးလေသည်။ သူငယ်ချင်း အောင်တိုး စိန်တိုး တို့ကတော့ ငါးဖမ်းသော အလုပ်လုပ်က်ုင်ကြသည်။
မြစ်ထဲတွင် အောင်တိုး စိန်တိုး တို့ငါးဖမ်းနေတာကို ကြည့်၍ မောင်ဖြူကြည့်၍ ရယ်မောနေလေသည်။
"ငါးကလဲကွာ တိုးကိုမတိုးဘူး ဟူးးး"
"ဘယ်ရမလဲ မင်းတို့က ငါးမရှိတဲ့နား ပိုက်ချနေတာကိုးကွ ဟားဟား "
"အောင်မာ မင်းကသိလို့လား "
"သိတာပေါ့ကွ မြင်နေတာပဲ"
"ဒါဆို ပြောပြစမ်းပါကွာ ငါ့အမေ ဆေးဖိုးနဲ့ အကြွေးဝိုင်းနေတာ မင်းလဲအသိပါ"
"ဟိုနားချ ဟိုနေရာချ "
မောင်ဖြူပြောသော နေရာများချရာဝယ် မရဖူးသော ငါးကြီးများ ရလေသည်။
မောင်ဖြူ မင်းဒီလို သိနေတာ ငါးဖမ်းစားပါလားကွာ"
"ငါမလုပ်ဘူးကွ ရေလုပ်သား ရေထဲက လာတဲ့ငါက ရေသတ္တဝါတွေ မဖမ်းချင်ဘူး"
ဟုပြောပြသည်။
သူငယ်ချင်းတွေပါ ငါးမဖမ်းပဲ ထင်းရှာ ထင်းကုန်သည်လုပ်ရန် တိုက်တွန်းလေသည်။
အစတော့ အင် တင် တင် မလုပ်ချင်ကြပေ။နောက်တော့လဲ ထင်းကုန်သည်ပဲ လုပ်ကိုင်ကြလေသည်။
မောင်ဖြူ အိမ်မက်ထဲ၌ မိချောင်းမလေးသည် လူအသွင်ဖြင့် မက်လေသည်။
သူငယ်ချင်းများ ပြောပြရာ တဖက်ရွာ၌ မိချောင်ဝင်စားသည် ကြားဖူးကြောင်း ပြန်ပြောပြကြသည်။
"ဟျောင့် ငါတို့သွားစုံစမ်းကြမလား"
"မဟုတ်မှဖြင့် ဘာလား ညာလား အထင်ခံနေရပါဦးမယ်ကွာ"
မဟူရာ တို့ရွာ၌ အလှူကြီး တစ်လှူရှိလေသည်။ဆိုင်းသံ ဗုံသံ တခြိမ့်ခြိမ့် ဖြငိ့ ခမ်းနားထည်ဝါစွာ ကျက်သရေရှိ အလှူကြီးပင်။
မဟူရာ အလှပြင်နေရာ မှန်ရှေ့မှ
"ဟဲ့ ညိုမြ ထွေးလှ ကျုပ်ကဖြင့် သွားတောင်မသွားချင်ဘူးတော်"
"ညည်းအေ ဘယ့်နယ့်ဖြစ် အလှူက တနှစ်နေ တခါတောင် မရှိဘူး ကျုပ်တိုကတော့သွားမှာပဲ"
"ငါ အိမ်မက်ထဲမှာ ဟိုလူတွေ့ရလို့အေ သူနဲ့တွေ့မှာစိုးလို့"
"ဘယ်သူလဲအေ"
"ဟို ပါးကွက်ပေါ့အေ သစ္စာမရှိတဲ့သူ မဆုံချင်ဘူး"
"မတွေ့လောက်ပါဘူးအေ. သွားမယ် လာ လာ"
အောင်တိုး စိန်တိုး မောင်ဖြူ တို့လဲ အလှူရှိရာ ရွာသို့ ခြေဦးလှည့်လာကြသည်။ အလှူလာချင်သည်က တကြောင်း မိကျောင်းဝင်စားသည်ဆိုသော ကောင်မလေးကတစ်ကြောင်း စုံစမ်းရန် လာကြလေသည်။
အလှူထဲ၌ "အောင်တိုး ဟို၃ယောက်ထဲက အနက်နဲ့မိန်းခလေးက ငါ့အိမ်မက်ထဲ မိနက်ပဲ"
"သေချာ လို့လားကွ"
"သေချာတာပေါ့ မှားစရာလား"
"ဒါဆို ငါတို့ သွားမေးမယ်"
"မဟူရာ ငါတို့ ပွဲခင်းအပြင်သွားမို့ ညည်းလိုက်မလား"
"တော်ပြီ ဟိုမယ် သူတို့နဲ့ မတွေ့ချင်ဘူး အဲ့ဒါ ပါးကွက်လေ"
"နင်မလိုက် သွားပြီနော် ခနပဲ"
မိန်းခလေး တွေအနား ကပ်သွားသူက စိန်တိုးနဲ့အောင်တိုး
"ဟိတ် ဟိတ် ဟို မဒီတို့"
"ကျုပ်တိုခေါ်တာလား"
"အေး အေး ဟိုလေ ဟို အနက်နဲ့ မိန်ခေး အမည်က ဘယ်လိုခေါ်လဲ"
"သိချင်သူ့သွားမေးပေါ့"
"ကူညီပါဟာ သူက မိကျောင်းဝင်စားတယ်ဆိုတာလား"
"အေး လေ"
"ငါတို့က အကျိုးဆောင်ဟ ဟိုကောင်ကြီး သိချင်တာဟ"
"မသိဘူး မသိဘူး မဟူရာ ခွင့်ပြုချက်မပါဘဲ ဘာမှမပြောဘူး"
"အေး အေး မဟူရာတဲ့လား ကျေးဇူး"
"ဟော တော့လာပါအေ သွားစို့"
"မဟူရာ"မဟူရာတဲ့ကွ အမည်က"
"သူက ငါ့ကို မုန်းနေပုံရတယ်"
ရွာထဲ ပြေးသူကပြေး အော်သူကအော် အုတ်အော်သောင်းနင်း မြင်းခွာသံများနှင့်အတူ
"ခွပ် ခွပ် ခွပ် ဟိုင်း ဟိုင်း"
အလှူမဏ္ဍတပ်ထဲ မြင်းစီးလူတစု ရောက်လာကြသည်။
"ဟားဟား အလှူ့ဒကာကြီး ဗျို့ အလှူ့ဒကာ အတော်ကြွယ်ဝနေပုံပဲ အလှူကြီးလှူလို့ပါလား"
သူကြီး အပါဝင် လူအများ ပြားပြားဝပ်ကုန်သည်။
"ကျုပ်တို့ ဆက်ကြေးကျ မသထာရေဆာပေးတယ် ခင်များတို့ရွာ ဒီညနေ ဆက်ကြေး ၁၀၀၀ ဆက်ရမယ် မဆက်နိုင်ရင် တရွာလုံး မီးလောင်တိုက်သွင်းပစ်မယ်
ကျုပ်တို့ ရွာပြင် သင်္ချိုင်းကစောင်မယ့်
ဆက်ဆက်လာပေးပါ
ကျုပ်တို့မှာ အချိန်မရှိဘူး ဒီတခါ များများရမှ ဖြစ်မယ်"
"ဟိတ်ကောင်တွေ ရွာသား ၃ယောက် ဖမ်းခဲ ဓါးစာခံ လာမပေးရင် ဒီ၃ယောက် ခေါင်းပြတ်ပြီ"
ဖမ်းသွားသူထဲတွင် မဟူရာ့ အကိုလဲ ပါလေသည်။
တရွာလုံးမှာ အကြပ်ရိုက်ချေပြီ။
ငွေတထောင်ဆိုတာ ညနေ မဖြစ်နိုင်။ရောင်းချ ချိန်လဲ မမှီ ။
"မြေ တွေ ယာတွေ တော့ရှိပါတယ် သူကြီးရယ် ဘယ်လိုရောင်းမလဲ ခု"
"ကျုပ်လဲ အလှူထဲ အကုန် ၁၀၀၀ ဖိုး ထဲ့လိုက်တာ မရှိတော့ဘူးဗျာ"
တယောက်တပေါက် ပြောပြနေကြသည်။
ထိုအချိန်တွင် မောင်ဖြူတယောက် သူကူညီမည် ဖြစ်ကြောင်း သို့သော် မဟူရာဆိုသော မိန်းခလေးနဲ့ စကားပြောခွင့်ပေးရမည်ဖြစ်ကြောင်း ပြောလေသည်။
သူကြီးလဲ မဟူရာ အိမ်ရှိရာ ခေါ်သွားလေသည်။
"ကိုဘအေးရေ ဒီသူငယ်က တဖက်ရွာက ကျုပ်တို့ကို ကူညီမည့်သူ မဟူရာနဲ့လဲ တွေ့ပါရစေတဲ့"
"မဟူရာ ငါတို့ ၂ယောက်ပိုင်တဲ့သားရဲတွင်းက ပစ္စည်းတွေသွားယူမို့ နင်သဘောတူလား"
"တူတယ် တူတယ် နင်ဘယ်လိုယူမှာလဲ အဲ့မှာ အကောင်တွေရှိနေတာပဲ"
"ငါတို့ ပစ္စည်း ငါတို့နှစ်ယောက် သဘောတူညီလျှင် ယူလို့ရအောင် သစ္စာဆိုခဲ့တာပဲ ရမှာပါ"
"ကျန်တဲ့ ပရလောကသားတွေက ငါတို့သစ္စာကြောင့် ရပေမဲ့ မိကျောင်းတွေ ဘယ်လိုလုပ်မှာလဲ"
"ငါ ကြိုးစားရမှာပေါ့ ငါသွားပြီဟာ"
"စိန်တိုး အောင်တိုးတို့ ငါမပြောခဲ့တာ ငါတို့နှစ်ယောက်သဘောမတူပဲ ယူရင်တောင်မရလို ငါ့မိဘတွေတောင် မပြောပြခဲ့ဘူး"ဟု ရှင်းပြလေသည်။
ရွာပြင်သင်္ချိုင်း ရောက်သော် သူပုန်များအား အချိန်ပေးရန် သူတို့သားရဲတွင်းမှ ယူပေးမည် ဖြစ်ကြောင်းပြောပြရာ မယုံကြည်ပေ။
"နောင် နောင် နောင်"
ကြေးစည်သံ ထိုအချိန်တွင် ဖိုးသူတော်တပါး ဘယ်ကကြွလာသည်မသိ။
"မင်းတို့ ဒီသူငယ်က မညာတတ်ဘူး မယုံရင် မင်းတို့လူ ထဲ့လိုက်"
ဖိုးသူတော်မှာ မောင်ဖြူတို့နှင့် တီးတိုးတိုင်ပင်လေသည်။ ရတနာများမှာ အခြားသူယူမရကြောင်း ပြောပြလေသည်။
သားရဲတွင်း သို့ မောင်ဖြူ စိန်တိုး အောင်တိုးတို့က ရှေ့က သူပုန်တပည့်၃ယောက် က သေနတ်ကြီး တကားကားနဲ့ ဆင်းသွားလေသည်။
ရတနာများကား ဟိုတစု ဒီတစု တလက်လက် အမှောင်ထဲ လက်နေသည်။
ထိုအချိန် မဲမဲအကောင်ကြီးများ ဝင်ရောက်တိုက်ခိုက်လေသည်။ သေနတ်သံများဖြင့် ဆူညံသွားလေသည်။
နောက်ထက် သူပုန်တွေ ဆင်းလာ ဆင်းလာနဲ့ ပရလောကသားများ တိုက်ခိုက်ခံရလေသည်။
"ဟို၃ကောင်တွေ့ရင် အသေသာပစ် "
သူပုန်များ တယောက်ပြီး တယောက် မရှူမလှ သေပွဲဝင်ကုန်ပြီ။
သားရဲတွင်းထဲ၌ မိကျောင်းတို့အတွက် အစာရှာစရာမလိုတော့ပေ။
ရေထဲငုပ်နေရာမှ ၃ယောက်သား ရတနာများ ယူကာ တက်လာကြသည်။
ဖိုးသူတော်မှ နဝင်းကိုးဆူဘုရားလှူရန် တပုံ အလှူခံသွားလေသည်။
တပုံက အဖမ်းခံရသော မဟူရာ အကိုအား ပေးလိုက်လေသည်။
မဟူရာသိရန် အမှာစကားပါးလိုက်လေသည်။
ပါးကွက် ဘဝက သု့ကို အစာရှာထွက်ရင်း တောက်ထွန်းတို့ စလွတ်မိပြီး သူရှိရာ ပြန်လာရင် သူ့ပါ မိသွားမှာစိုးသောကြောင့် ရေအောက်မှာ စလွတိကြိုးရစ် အသေခံခဲ့ကြောင်းပြောလိုက်သည်။
"မဟူရာလဲ သူသွားတာ ပြန်မလာတော့ လိုက်ရှာရင်း အစာမစားရတော့ ကုန်းပေါ်က ဝက်တက်ဆွဲရင်း လူတွေလက်နဲ့သေခဲ့ရတာပဲ ကိုကြီး
ညီမလေးက သူထားသွားခဲ့တာ ထင်ပြီး စိတ်နာခဲ့တာ"ဟု ငိုရင်း မိသားစုကိုပြောပြလေသည်။
အဖမ်းခံရတဲ့ ရွာသားထဲက တယောက် တောက်ထွန်းဆီ ဖောက်သည်ချလေပြီ။
အကောက်ကြံသော တောက်ထွန်းမှာ တပည့်ငစဉ်းလဲများနှင့် ကြံလေပြီ။
မဟုရာ ပျောက်သွားလေပြီ။
"တောက် မိုက်ရိုင်းလိုက်တာ အမေရာ ညီမလေးကို သားတို ရတနာတွေနဲ့ မြစ်ထဲမှာ တဦးထဲ လာလဲပါတဲ့"
"ဟာ မဟူရာကို ငါ့ရတနာတွေနဲ့ လာလဲဖို့ စာပဲ "
စိန်တိုး အောင်တိုးတို့နဲ့ တိုင်ပင်လေပြီ။
လပြည့်ညမို့ လကလဲ သာနေချေပြီ။
ရေထဲမှာ တလူးလူး ခတ်လာတာ မဟူရာ့အကို
"ဘယ်မလဲ ငါ့ညီမ မင်းတို့လိုချင်တဲ့ရတနာ"
"နေပါဦး ဆန္ဒစောလှချေလား နောက်တယောက်လာဥိးမှာ"
မောင်ဖြူ့အသံပင်
"မင်းတို့ လိုချင်တဲ့ ရတနာတွေက မထိုက်ရင် မရဘူးနော် အသေဆိုးနဲ့တွေ့တတ်တယ်ကွ"
"အပိုတွေမပြောနဲ့ အဲ့ဒါ သားကဲတွင်းမှာ"
"ဒုတ် ဒုတ် ဒုတ် "
လှေအောက်မှအသံ
"ဘာလဲဟ ဘာလဲ သေချာကြည့်ကြစမ်း ဟိတ်ကောင်တွေ"
"မင်းတို့ကို သေမင်း လာခေါ်နေတာကွ"
ထိုအချိန်တွင် တောက်ထွန်းမှ မောင်ဖြူထံ စလွတ်ကြိုးပစ်လိုက်သည်။
မောင်ဖြူ ရှောင်လိုက်၍ လိုက်မောင်း ထိသွားလေပြီ။
မောင်ဖြူလဲ
"မင်းကြောင့် ငါသေခဲ့ရတာ ခုဘဝ မင်းကို ငါ လက်စားချေခွင့်ရပြီ။ ဟားဟား ငါနဲ့မဟူရာ အတွက် ကွ"ဆိုပြီး လှော်တက်နှင့် ရိုက်ချက်လိုက်လေသည်။
လှေအောက်မှလဲ ဆွဲချသွားလေသည်။
လှေဝမ်းလဲ ကွဲ ရေတွေ ဝင်ပြီး ရေအောက် ကြမ်းပြင်ဆီသို့သာ။
ရေအောက်၌ ငုပ်နေသော စိန်တိုးတို့ တက်လာကြလေသည်။
မကောင်းသောသာများသည် အကုသိုလ်လမ်းသာ။
သူတပါး ပစ္စည်းဥစ္စာ အချောင်လိုသောသာများ၏ သွားရာလမ်းပင်။
မောင်ဖြူလဲ ရွာ၌ လက်မောင် ဒဏ်ရာ ကုသခံနေရသည်။
"ပါးကွက် ပါးကွက် "
"ဟင် မိနက် နင် လာတွေ့တယ်"
"နင် ဒဏ်ရာသက်သာလား ငါကိုကြီးပြောပြလို့ သိပြီးပါပြီ'
"ဝမ်းသာလိုက်တာ မိနက်ရယ်"
အတိတ်ဘဝက ချစ်သူနှစ်ဦး လွှတ်ထွက်သွားမည်စိုးသည့်အလား တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။(သျှင်အိမ့်ခ)
### သံယောဇဉ် ###
ပရလောက ရှိမရှိနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပုံပြင်တွေ ၀တ္တုတွေ အတော်များများ ဖတ်ဖူးပါတယ်။ တချို့ကလည်း ကိုယ်တိုင်တွေ့ဖူးမှယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင်မကြူံဘူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေကို တွေ့ပြီး ယုံကြည်ကြပါတယ်။ ဘုရားဟော ဇတ်တော်တွေမှာလည်း နတ်၊ နဂါး၊ ပြိတ္တာ တွေအကြောင်းပါဝင်ပါတယ်။ ကျွှန်တော်အယူအဆကတော့ ကိုယ်တိုင်မမြင်ဘူးသော်လည်း ယုတ္တိတန်တယ်ဆိုရင် ယုံကြည်သင့်တယ် ထင်ပါတယ်။ ပရလောကသားတွေကို တစ်ခါလောက်မျက်ဝါးထင်ထင် မြင်ဘူးချင်တယ်။ တစ်ခါတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေး တစ်ခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်လေးကို အားလုံးသိအောင် ရေးသားလိုက်တာပါ။ ဒီဇတ်လမ်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ် တွေရဲ့ အမည်နာမ၊ ရွာအမည်များကို လွှဲပြောင်းထားတာကလွဲလို့ ဇတ်လမ်းတစ်ခုလုံးက ဖြစ်ရပ်မှန်ပါပဲ။
ကျွန်တော် ဘွဲရပြီ ကျွန်တော့်မွေးရပ်မြေဖြစ်တဲ့ ရမ်းဗြဲကျွန်းကို အလည်တစ်ခေါက် ပြန်ဖြစ်ပါတယ်။ မွေးရပ်မြေက အပြန်မှာ ကျွှန်တော့် အဖေဘက်က ဦးလေးတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုနဲ့ ဆွေမျိုးတွေရှိရာ အမ်းမြို့ နယ်ကရွာတစ်ရွာကို ကျွှန်တော် အလည်အပတ်သဘောမျိုးနဲ့ ရောက်သွားပါတယ်။ အဲဒီရွာနာမည်က မင်းဒင်ရွာလို့ခေါ်ပါတယ်။ အိမ်ခြေနှစ်ရာငါးဆယ်လောက်ရှိတဲ့ ရခိုင်ရိုးမ အနောက်တောင်ခြေ တစ်ခုမှာတည်ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ တစ်ရွာလုံး ရခိုင်လူမျိုးတွေဖြစ်ပြီး သူတို့ ရခိုင်ဘာသာစကားက ကျွန်တော်တို့ ဒေသမှာပြောတဲ့ စကားထက်ပိုပြီး လေယူလေသိမ်းက ပိုပြီးဝဲပါတယ်။ ရခိုင်အချင်းချင်းတောင် နားလည်အောင် တော်တော်နားစိုက် ထောင်ရပါတယ်။
အဲဒီရွာကို တတ်တောင်ဆိုတဲ့ ရွာကနေ ၆ နာရီကြာ မော်တော်ဘုတ် စီးပြီး၊ ၂ နာရီခန့် လမ်းလျှောက်မှ ရောက်တာပါ။ ကျွှန်တော်တို့ရွာကိုရောက်သွားတဲ့ အချိန်မှာ ညနေ ၆ နာရီနီးပါးရှိပါပြီ။ ရွာကိုရောက်ခဏနားပြီး ရေမိုးချိုး ထမင်းစားကြပါတယ်။ ထမင်းဝိုင်းမှာပဲ ထူးခြားတဲ့သတင်း တစ်ခုကိုကြားရပါတယ်။ ကျွှန်တော် တည်းတဲ့အိမ်ရဲ့ ဘေးအိမ်မှာ ကျောင်းသူမိန်းကလေးတစ်ယောက် ဖျားနာနေတာ သုံးပတ်လောက်ကြာနေပြီပါတယ်။ ဘယ်လိုဆေးဆရာကို ခေါ်ကုသော်လည်း မသက်သာပဲဖြစ်နေပါတယ်။ ကျွှန်တော့်အတွက်တော့ ကြားကြားချင်း ဒီကိစ္စကိုလက်မခံနိုင်ပါဘူး။ တကယ်နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ အထူးကုတွေနဲ့ သေချာကုရင် ပျောက်ကိုပျောက်နိုင်တယ်ပေါ့။ သူဖြစ်တာဘယ်လိုရောဂါဆိုတာ ဒီတောက ဆေးဆရာရမ်းကုတွေက ဘယ်သိနိုင်မလဲပေါ့။ စိတ်ထဲ့စဉ်းစားမိတာပါ။ နုတ်ကတော့ ကိုယ်နဲ့သိပ်မဆိုင်တော့ ထုတ်မပြောဖြစ်ပါဘူး။ အဲဒီမိန်းကလေးကို အင်္ဂလိပ်ဆေးနဲ့ ဘယ်လိုမှကုမရလို့ ပရောဂဆရာနဲ့ ကုမယ်ဆိုပြီးသူ့မိသားစုက စီစဉ်နေကြတယ်ဆိုပဲ။ ကျွှန်တော်လည်းနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ ပရောဂကုတာ ရုပ်ရှင်ထဲမှာပဲ မြင်ဘူးတယ်လေ။ အပြင်မှာတစ်ခါမှ မမြင်ဖူးဘူး။ ဒီတစ်ခါတော့ မလွတ်တန်းကြည့်ရမယ် ဆိုပြီး စိတ်ထဲ တေးထားလိုက်တယ်။ ကျွှန်တော့်ဦးလေးကလည်းရွာမှာ ရပ်မိရပ်ဖထဲမှာပါလေတော့ နေရာတကာသူမပါရင် မပြီးဘူး။ စကားပြောရင်လည်း သူ့အလှည့်ချည်းပဲ သူများကိုသိပ်အလှည့်မပေးတတ်တဲ့သူမျိုး။ သဒ္ဒါတရား ကောင်းပြီးနေရာတကာပါလွန်းလို့ သူမိန်းမက သူကိုအမြဲဘရိတ်အုပ်နေရတဲ့ သူမျိုး။
ညနေစာစားပြီး ဦးလေးကဘေးအိမ်ကိုသတင်းသွားမေးကြမယ်လို့ ကျွှန်တော့်ကိုလာခေါ်ပါတယ်။ သူစကားထဲမှာပါသေးတာက နေမကောင်းတဲ့ကောင်မလေးက အတော်ကိုချောတယ်ဆိုပဲ။ ကျွှန်တော်တို့ရောက်သွားတော့ ညရှစ်နာရီကျော်လောက်ရှိနေပါပြီ။ တောရွာမှာဆိုတော့ ရှစ်နာရီဆိုတာ အားလုံးအိပ်ယာ ၀င်တဲ့အချိန်ပါပဲ။ ဒါပေမဲ့ နေမကောင်းတဲ့သူရှိတဲ့ အတွက် သတင်းလာမေးတဲ့သူတွေနဲ့ သူတို့အိမ်မှာ လူစည်နေပါတယ်။ အိမ်က ကျွှန်းတိုင်တွေအများကြီးနဲ့ဆောက်ထားတဲ့ နှစ်ထပ်ရခိုင်အိမ်ကြီးပါပဲ။ အပေါ်ထပ်ကိုတက်သွားတော့ လူနာကိုဘုရာခန်းမှာ သိပ်ထားပြီး ဘုရားခန်းရှေ့ ၀ရန်တာမှာ လူနာရဲ့ဖခင်၊ မိခင် နဲ့ အတူဧည့်သည် လူကြီးနှစ်ဦး ထိုင်နေကြပါတယ်။ ဦးလေးက ကျွှန်တော့်ကို ရန်ကုန်က သူ့တူဖြစ်ကြောင်း ဘွဲ့ရပြီး အလုပ်မ၀င်ခင် ဆွေမျိုးများရှိရာသို့ ဒေသန္တရဗဟုသုတ အလိုငှာ လာရောက်လည်ပတ်ကြောင်း စသည်ဖြင့် ပြောဆို မိတ်ဆက်ပေးပါတယ်။ သူမိဘတွေပြောပြတာကတော့ မကျန်းမာ ဖြစ်နေတဲ့ မိန်းကလေးက သားသမီးတွေထဲမှာ အကြီးဆုံးပါ။ ဆယ်တန်းဖြေဖို့ လုပ်နေပါတယ်။ သူ့အောက်က တစ်ယာက်က ၆ တန်း မိန်းကလေးပါပဲ။ အငယ်ဆုံးတစ်ယောက်က ယောက်ကျားလေးဖြစ်ပြီး တစ်တန်းပါ။ သူ့မိဘများပြောပြချက်အရတော့ နေမကောင်းဖြစ်တာ သုံးပတ်လောက်ရှိပါပြီ။ အစမှာ အသံဝင်သွားတာကစတာပါ။ အသံဝင်ပြီး သုံး၊ လေးရက်လောက်မှာ ဖျားပါတယ်။ နောက်ပြီး အစာမစားနိုင် အိပ်ယာထဲ လဲတာပါပဲ။ ညဆိုရင်ကယောင်ကတမ်းထပြောပြီး ငိုတယ်ဆိုပါတယ်။ ဆရာဝန်ကိုပင့်ပြီး ပြပါသော်လည်း မသက်သာသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်တဲ့အတွက် လူကြီးသူမတွေက အကြံပေးတဲ့အတိုင်း ပရောဂဆရာကိုခေါ်ပြဖို့ လုပ်နေကြတာဖြစ်ပါတယ်။ စကားစမြည်ပြောနေကြတဲ့ အချိန်မှာပဲ လူနာကို ဆန်ပြုတ်တိုက်ဖို့ လုပ်ပါတယ်။ မကျန်းမာတဲ့ မိန်းကလေးက ဦးလေးပြောတဲ့အတိုင်း အသားဖြူဖြူနဲ့ တော်တော်ကိုချောပါတယ်။ သူညီမဖြစ်တဲ့ ၆ တန်းကျောင်းသူလေးလဲ သူ့အမလိုပဲ တော်တော်ချောပါတယ်။ ကျန်တဲ့ မိဘနှစ်ပါးနဲ့ အငယ်ဆုံးကလေး၊ သူတို့ဆွေမျိုးတွေကတော့ ကျွှန်တော့မျက်စိထဲ သာမန်ပါပဲ။ ပရောဂဆရာကို နောက်နေ့ညနေ ၆ နာရီမှာချိန်းထားတယ်ပြောပါတယ်။ ဆရာကလည်း ပရောဂကုတဲ့နေရာမှာ အဲဒီနယ်တ၀ိုက်အလွန်နာမည်ကြီးတဲ့ ဆရာဆိုပဲ။ အဲဒီညတော့ လူကြီးတွေ အာလာပသာလာပပြောကြတာကို နားထောင်ပြီး ပြန်ခဲ့ပါတယ်။
အဲလိုနဲ့ပဲ နောက်တစ်နေ့ ညနေ ၅ နာရီကျော်လောက်ကတည်းက သူတို့ အိမ်ဘက်က လှုပ်လှုပ်ရှားရှား စကားပြောသံတွေ စကြားရပါတယ်။ ကျွှန်တော်တို့လည်း ထမင်းစောစောစားပြီး နေရာကောင်းရအောင် ထိုင်တောင်မထိုင်ပဲ သူတို့အိမ်ကို ထွက်ခဲ့ကြပါတယ်။ လူနာကိုဘုရားခန်းရှေ့ မှာသိပ်ထားပြီး သူ့မိသားစုတွေကတော့ ထုံးစံအတိုင်း သူဘေးမှာ ၀ိုင်းထိုင်လို့ပေါ့။ ကျွှန်တော်ကတော့ ဘုရားခန်းအရှေ့ ၀န်ရတာမှာ လူကြီးတွေနဲ့ထိုင်နေပါတယ်။ ကျွှန်တော့်မှာပြောစရာစကားလည်းမရှိပါဘူး။ အားလုံးကလူကြီးတွေပဲဆိုတော့ သူတို့အချင်းချင်းပဲ ပြောဆိုနေကြတာပါ။ သူတို့ပြောတဲ့ စကားကလည်း အရမ်းဝဲတော့ တော်တော်အာရုံစိုက်နားထောင်ရပါတယ်။ ဒီလိုနဲ့ပဲ လေ့လာအကဲခတ်ရင်း ဆရာအလာကို စောင့်နေပါတယ်။ အဲလိုစောင့်နေရင်း ဆရာမလာခင် မိနစ်ပိုင်းအလိုမှာပဲ လူနာကကောက်ကာငင်ကာ ထငိုပါတော့တယ်။မိသားစုဝင်တွေက ချော့မောပြီးဘယ်လိုပဲမေးမေး ငိုတာကရပ်မသွားသလို စကားလည်းလုံးဝပြန်မပြောပါဘူး။ ဆရာက ၆ နာရီကျော်လောက်မှာ သူ့တပည့်တစ်ယောက်နဲ့ ရောက်လာပါတယ်။ ဆရာကအသက် ၇၀ ကျော်လောက်ရှိမယ်ထင်ပါတယ်။ ဆရာက အိမ်ပေါ်ကိုတက်လာပြီး လူနာဘေးမှာထိုင်လိုက်တာနဲ့ပဲ လူနာက အသံထွက်ငိုတာရပ်ပြီး ကြိတ်ငိုနေပါတော့တယ်။ ဆရာက လူနာဘေးကလူတွေကို ဖယ်ခိုင်းပြီး သူ့မှာပါတဲ့ရေပုလင်းထဲကရေနဲ့ လူနာပတ်လည်ကိုဖြန်းပါတယ်။ ပြီးတော့ဘုရားရှေ့ ခိုးပါတယ်။ အားလုံးစီမံစရာတွေ စီမံပြီးမှ လူနာဘေးကထိုင်ပြီး ''ကဲ အခုဒီသမီးငယ်ရဲ့ခန္တာမှာ ပူးကပ်နေတာ ဘယ်သူလဲပြောစမ်း'' ဆိုပြီး ငေါက်လိုက်ပါတော့တယ်။ ဘာမှပြန်မပြောပါဘူး။ ဆရာကနှစ်ခွန်းငေါက်လိုက်မှ လူနာက ''အရင်ဘ၀ကသူ့အမပါ'' ဆိုပြီးပြန်ပြောတယ်။ လူနာကို ဘေးကသူအမေနဲ့ အဒေါ်ဖြစ်သူက ထိုင်ပြီးစကားပြောနိုင်အောင် တွဲကိုင်ပေးထားလိုက်ပါတယ်။ ဆရာက ဘာလို့ဒီလိုလုပ်ရတာလဲလို့ဆရာက ဆက်ပြီးမေးတော့ စကားကိုဆက်ပြီးပြောပါတယ်။ သူမပြောပြတာက သူတို့တွေက အရင်ဘ၀ကညီအမလေးယောက် အတူရှိနေကြတာပါတဲ့ သူတို့ရဲ့သိုက်နန်းက မင်းဘူးမြို့နယ်ထဲကပါတဲ့။ သူကအကြီးဆုံးဖြစ်ပြီး အလတ်မ ဖြစ်သူ (ယက္ခု နေမကောင်းဖြစ်နေသူ) က လူပြည်ကိုသွားချင်တဲ့ အတွက်ခွင့်ပြုလိုက်တာပါ။ အလတ်မပြီးတော့ နောက်အငယ်တစ်ယောက်ကလည်း သွားချင်ပြန်တော့ ခွင့်ပြုလိုက်ပြန်သတဲ့။ သူတို့ကတိပြုခဲ့တာက အိမ်ထောင်မပြုပါဘူး။ အိမ်ထောင်မပြုခင်ပြန်လာမယ်ဆိုလို့ အခုသူတို့ကို ခေါ်ဖို့လုပ်နေရတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ပါဘူး။ သူတို့ညီအမလေးယောက်ကို မခွဲပါနဲ့ဆိုပြီး ပြောလိုက်ငိုလိုက် တော်တော်ကြာပါတယ်။ ဒီနေရာမှာကျွှန်တော်ပြောချင်တာက သူမပြောတဲ့စကားပါပဲ။ သူမပြောတဲ့စကားက ကျွှန်တော့်ကို အရမ်းကိုအံသြစေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလောက်စကားအလွန်ဝဲပြီး ရခိုင်အချင်းချင်းတောင် အတော်နားထောင်ရတဲ့ ရခိုင်ရွာကြီးမှာ ဗမာလိုပီပီသသပြောတတ်တာဆိုလို့ ရန်ကုန်ကလာတဲ့ ကျွှန်တော်တစ်ယောက်တည်း ပါတယ်ဆိုတာ ရဲရဲကြီးပြောရဲတယ်။ ကျွှန်တော်ကငယ်ငယ်ကတည်းက ရန်ကုန်မှာကြီးလို့ ကျွှန်တော်ဗမာစကားပြောရင် ကျွှန်တော့်ကိုရခိုင်မှန်း ဘယ်သူမှ မသိပါဘူး။ ပရောဂဆရာကလည်း ဒီဘ၀မှာ သူလည်းသူမိသားစုနဲ့သူဖြစ်နေပြီဖြစ်တဲ့အတွက် အဲလိုပြန်ခေါ်ဖို့မဖြစ်နိုင်ကြောင်း ရခိုင်စကားနဲ့ပြောပါတယ်။ လူနာကလည်း ဗမာစကားနဲ့ပြန်ပြီးဖြေပါတယ်။ ငိုတဲ့အခါလည်း သူတို့ညီအမတွေဘယ်လောက်ချစ်ကြတယ် ဆိုတဲ့အကြောင်းကို ဗမာလိုဖွဲ့နွဲ့ပြောပြီးငိုပါတယ်။ နောက်ဆုံးတော့ ဆရာက အမိန်ပြန်တမ်းထုတ်ပြီး သိုက်ကြိုးဖြတ်လိုက်ပါတယ်။ အဲလိုဖြတ်တာ သူတစ်ယောက် တည်းကိုမဟုပ်ပါဘူး။ သူညီမကိုပါဖြတ်လိုက်တာပါ။ သိုက်ကြိုးမဖြတ်ခင် အတော်ကြီးကို တောင်းပန်ပြီး ငိုခဲ့ပါသေးတယ်။ နောက်ဆုံးဆရာသိုက်ကြိုးဖြတ်ပြီးတော့ လူနာမိန်းကလေးက ဘုန်းကနည်းလဲပြီး နဲနဲလေးငြီးပြီး အိပ်ပျော်သွားပါတယ်။ ကျွှန်တော်တို့လည်း အံသြခြင်းများစွာနဲ့ အိမ်ကိုပြန်ခဲ့ကြပါတယ်။
နောက်နေ့မနက်မိုးလင်းတော့ လူနာသတင်းမေးဖို့ အစောဆုံးဦးလေးကိုပူဆာသူက ကျွှန်တော်ပါ။ ကျွှန်တော့်ခေါင်းထဲမှာ မေးစရာမေးခွန်းပေါင်းများစွာ တန်းစီနေပါတယ်။ ဒါပေမဲ့ ဦးလေးက မိန်းကလေးနေကောင်းပါစေဦး စောင့်ပါဦးဆိုလို့ ၄ ရက်တိတိစောင့်ခဲ့ပါတယ်။ အဲနေ့ကစပြီး ကောင်မလေးလည်း လူကောင်းပကတိအလားနေကောင်းသွားပါတယ်။ အားရှိလာအောင်တော့ အားပြန်မွေးရတာပေါ့။ ၄ ရက်ကြာလောက်စောင့်နေတဲ့ အတောအတွင်းမှာပဲ သူ့ရဲ့ညီမဖြစ်သူ၊ သူမိသားစုတွေနဲ့ ကျွှန်တော် အတော်လေးရင်းနီးသွားခဲ့ပါတယ်။ ၄ ရက်မြောက်တဲ့နေ့မှာ ကျွှန်တော်သူတို့အိမ်ကို သွားလည်တော့ မိန်းကလေးက အိမ်ရှေ့ မှာ ထိုင်နေရာက ကျွှန်တော်လာတာမြင်တော့ ထပြေးဖို့လုပ်ပါတယ်။ လူကြီးတွေက အတင်းတားပြီး နင့်ကို ဒီဧည့်သည်လေးက စကားပြောချင်လို့ ဆိုပြီးအတင်းခေါ်မှာ ဆက်ထိုင်နေပါတယ်။ အဲနေ့က ကျွှန်တော်သူကို မေးတဲ့မေးခွန်းတွေကတော့ ဗမာစကားပြောဘူးလား၊ ပြောတတ်လား။ ကျောင်းမှာဆရာမက ဗမာလိုပြောပြီးသင်တာလား။ ရခိုင်စကားနဲ့သင်တာလား။ ရန်ကုန်ရောက်ဘူးလား။ အဲညက အဖြစ်တွေကိုမှတ်မိလား စသဖြင့် စုံလို့ပါပဲ။ သူအဝေးဆုံးရောက်ဘူးတာ အမ်းမြို့ ပါ။ အမ်းမြို့ ကလွဲပြီး ဘယ်မှမရောက်ဘူးပါဘူး။ ဗမာစကားကိုဘယ်နေရာမှာမှ ပြောစရာနေရာမရှိပါဘူးတဲ့။ ဗွီဒီယိုကားတွေကို ကြည့်တဲ့အတွက်နားလည်ပြီး သီချင်းတွေလည်း နည်းနည်းပါးပါးနားထောင်ဘူးပါတယ်တဲ့။ (ရခိုင်တော်တော်များများက ဗမာစကားကိုနားလည်ကြပါတယ်။ ပြန်မပြောတတ်ကြပါ) ပရောဂကုတဲ့ညက ကိစ္စတွေ သူဘာမှမသိပါဘူးတဲ့။
သို့သော် သူ့ကိုပရောဂ ကုတဲ့ညက သူပြောခဲ့တာတွေကိုကျွှန်တော့်နားနဲ့ ဆက်ဆက်ကြားခဲ့တဲ့ အတွက် ကျွှန်တော့်အဖို့တော့ သူ့ကိုကြည့်ရင်း အံသြပြီးရင်းအံသြနေရပါတယ်။ သူ့မိသားစုတွေကတော့ သူတို့သမီးလေး နေကောင်းသွားတဲ့ အတွက်ဘာမှထွေထွေထူးထူး မစဉ်းစားကြတော့ပါဘူး။ သူ့သူငယ်ချင်းတွေကတော့ အဲဒီညက သူဗမာစကားပြောတာကို နဲနဲအံသြကြပါသတဲ့။ ကျွှန်တော်ကတော့ ပရလောကဆိုတဲ့ စကားလုံးကိုကြားတိုင်း သူမကိုပြေးပြီးမြင်ယောင်မိပါတယ်။ သူမရဲ့အရင်ဘ၀က အမဖြစ်သူကော အဆင်မှပြေပါလေစ ဆိုပြီးတစ်ခါတစ်ရံ စဉ်းစားမိပြီး စိုးရိမ်မိပါတော့တယ်။
# Credit
ADMIN @_# TH!t P!N
*လွမ်းသက်သေတည် ချစ်မျက်ရည်*
12 / July / 2015
အရေးကြီးအလုပ်ကိစ္စဖြစ်သဖြင့် မနက်စာပင်မစားတော့ဘဲ တောင်ကြီးမှ တိုက်ရိုက်ပင် မနက်စောစော မောင်းထွက်လာခဲ့သည် ။
စိတ်ဆန္ဒပြင်းထန်စွာဖြစ်နေသည့်အလျှောက် ကားကို လည်း အရှိန်ပြင်းစွာ မောင်းနှင်နေမိသည် ။
မိုးသည်းထန်စွာရွာနေလေရာ လမ်းကို အထူးဂရုစိုက် မောင်းနေရသဖြင့် အချိန်နှောင့်နှေးစေသည်ကိုပင် မိုးနတ်မင်းကြီးအား အပြစ်တင်မိလေသည် ။....။
ကျိုင်းတုံ မြို့သို့ ရောက်ရှိရန် မိုင် ၃၀ခန့် အလိုသို့အရောက် တွင် နေမင်းကြီးသည်လည်း တောင်ကွယ်သို့ဝင်ရောက်ကာ အမှောင်ထုကြီးတဖြည်းဖြည်းကြီးစိုးလာပြီဖြစ်သည်..
ထို့ကြောင့် ကားကို အရှိန်အမြန်တင်ကာ လမ်း ကို ဂရုစိုက်မောင်းနေသည့်အလျှောက် လမ်းအကွေ့တစ်နေရာ
" ကျွီးးးးးး....
ဟာာာ... ... ..... ဒုန်းးးး "
တောင်စွန်းတစ်နေရာအားအရှိန်ပြင်းစွာတိုက်မိပြီး မိမိအသက်ရှိနေသေးကြောင်းသာ မှတ်မိ၍ အရာရာ အမှောင်ဖုံးသွားလေတော့သည်.....။....။
××××××××××××××××××××××××××××
" အား.. ကျွတ်ကျွတ် "
"ပေါ့ပေါ့ရေ ... ပေါ့ပေါ့
သူ သတိလည်လာပြီ "
ကျွန်တော်သတိလည်လည်ချင်း ဘေးမှ ကြားလိုက်ရသော ပထမဆုံး ချိုသာလွန်းသော အသံပိုင်ရှင်ကြောင့် နာကျင်မှုပင် အနည်းငယ်တော့သက်သာသွားသလို ခံစားမိသည်..။..။
" လာပြီ ... နန်းနောင့် ... လာပြီ "
မိမိအနားသို့ကပ်လာနေသော လေးတွဲတွဲခြေသံတစ်စုံ
ကျွန်တော်အားယူရင်း မျက်လုံးဖွင့်ကြည့်လိုက်သည်..။
ထို့နောက်
"ကျွန်တော် ဘယ်ရောက်နေတာလည်းဟင် "
" တူလေး ဘဘတို့ အိမ်မှာစိတ်ချရပါတယ် ။ ။
တူလေးတောင်စွန်းကြီးကို ကားဘီးချော်ပြီးဝင်တိုက်ထားပြီးသတိလစ်နေတာ တွေ့လို့ ဘ တို့အိမ်ခေါ်လာတာ
ကားကတော့ ဒီအနီးအနားကဆိုင်တစ်ဆိုင်မှာပို့ထားတယ်..ပျက်စီးတာတွေကများတော့
မြို့ပေါ်တက်ပြီးပစ္စည်းဝယ်နေရတယ်ကွဲ့
တစ်ပတ်လောက်တော့ကြာမယ်.... "
" အားနာစရာ ဘဘ တို့ရယ် .. ကန်တော့ပါနော် "
"ရပါတယ်..တူလေးရယ်
အကူညီလိုအပ်နေသူကို ကူညီရတာ ပိုပြီး မြတ်ပါတယ်"
"ဟိုလေ...ကျွန်တော်... ဟို "
"ပြောလေ...တူလေး "
"ဟို .. ကန်တော့နော်... ကျွန်တော်ရေဆာလို့ "
"ခစ်ခစ် "
ဘေးမှရယ်သံလွင်လွင်လေးတစ်သံ
ခုမှအသံပိုင်လေးကို သေချာကြည့်မိသည် ။
လှလိုက်သည့် သူမ
ပါးချိုင့်လေးပါရှိသည့်ပြင် သွေးကြောစိမ်းလေးများကိုပင် ခပ်ရေးရေးမြင်နေရသည် ။
ထင်ရှားသောနှာတံ နှင်းဆီဖူးနှုတ်ခမ်း တင့်တယ်သောကိုယ်နေဟန်ထားက ဆွဲဆောင်နိုင်လွန်းလှသည်။
ရေနံဆီမီးအောက်တွင်ပင် သူမ၏ အသားရည်မှာဖြူလွန်းကြောင်းသိသာနေလေသည် ။
" ဘာရယ် တာလည်း နန်း နောင့်"
" ဘာမှမဟုတ်ပါဘူး... ပေါ့ပေါ့ ..ခိခိ "
"ကဲကဲ..ဒါဆိုလည်း ဒီက တူလေးတွက်ရေတစ်ခွက်သွားခပ်ပေးပါကွယ် "
"အော့ခ "
သူမထွက်သွားရာ လိုက်ကြည့်မိရင်း ...အတွေးထဲမှ
"အို .... လှပကျော့ရှင်းလိုက်တာ နန်းရယ် "
ထိုစဉ် ဘဘ ဆိုသူမှ
"သူက နန်းစုဧကရီတဲ့
ဘဘ တို့ရဲ့တစ်ဦးတည်းသော မြေးလေးပေါ့
သူ့မိဘတွေက ငယ်ငယ်တည်းက ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကတည်းက ဘဘ တို့ပဲ ပြုစုပျိုးထောင်ပေးခဲ့ကြတာ ဒီအရွယ်ထိဆိုပါတော့ "
ထိုစဉ်
" ပေါ့ထောက်ရေ .... ထမင်းဝိုင်း ပြင်ပြီးပြီ "
" လာပြီ..မယ့်ထောက် ...
နန်းရေ ... တူလေးကို ဆန်ပြုတ်ခွံ့ကျွေးလိုက်ပါကွယ်.. သူထနိုင်ပုံမပေါ်သေးဘူး "
"အော့ခ...အီပေါ့ "
သူ ကျွန်တော့်နားကပ်လာတော့ စပါယ်ပန်းရနံ့လေးသင်းလို့..
"မွှေးလိုက်တာ .... "
သူမတစ်ဇွန်းချင်းစိတ်ရှည်လက်ရှည်ခွံ့ကျွေးနေလေသည်။
ကျွန်တော့သိချင်ဇောဖြင့်မေးကြည့်သည်
" ဒီအိမ်မှာ နန်းတို့ မိသားစု ၃ ယောက်တည်းနေတာလားဟင် "
"အင်း .. ဟုတ်တယ်လေ
အဘိုးတွေအဘေးတွေခေတ်ကတည်းက ဒီအိမ်မှာပဲ နေလာခဲ့ကြတာ "
"နန်းတို့ ပုံစံက ရှေးဆန်ကြတယ်နော် "
"အင်း... နန်းတို့က ...... မျိုးနွယ်ကပါ
ခုခေတ်ပုံစံမျိုးကိုလည်း ပေါ့ပေါ့တို့ သဘောမကျကြဘူးလေ .. စည်းကမ်းကြီးတယ် ...
သူသဘောမကျတာတွေ့ရင် ဟိုမှာတွေ့လား ..အဲ့ဒါကြီးနဲ့ထိုးခြောက်တာ "
ကျွန်တော်သူမညွှန်ပြရာ နံရံတစ်ခုဆီလှမ်းကြည့်လိုက်သည် ။
တိုင်တွင်ကပ်ထားသော [ ၂ လုံးပြူး သေနတ် ]
ကျွန်တော်ကျောအနည်းငယ် ချမ်းသွားသည် ။
ထို့နောက် သူမကိုကြည့်လိုက်တော့ သူမ ပြုံးစိစိ လုပ်နေသည် ။
ကျွန်တော်လည်းပခုံးတွန့်ပြကာ သူမကျွေးသော ဆန်ပြုတ်ကိုသာဆက်စားနေလိုက်သည်...။ ဘာမှတော့မပြောဖြစ်တော့......။...။
×××××××××××××××××××××××××××
ညနက်သန်းခေါင်ထိ ကျွန်တော်အိပ်မပျော်နိုင် ။
နန်း ဟူသော ချစ်စဖွယ်ကောင်မလေး၏ အမူအရာထဲအတွေးထဲတဝဲလည်လည်
ကျွန်တော့်ဒိုင်ယာရီမှတ်တမ်းစာအုပ်ထုတ်ယူလိုက်သည်..။
ထို့်နောက် စာရွက်လွတ်တစ်နေရာတွင်....
"နန်းစုဧကရီတဲ့
နာမည်နဲ့လူနဲ့ လိုက်ဖက်ပုံက မဟာဆန်လိုက်တာ ....
အမြဲတမ်းလိုလို အချစ်ရေးကို မယုံကြည်တတ်တဲ့ လူတစ်ယောက်ရဲ့နှလုံးသားကို နန်းက တစ်ရက်တည်းအနိုင်ယူလိုက်လေပြီ...။..။
နန်းရယ်....
ဒါအချစ်လားဟင်...
ကိုယ်တစ်သက်လုံးသာ လူနာဖြစ်လိုက်ချင်ပြီ " ..။..။
×××××××××××××××××××××××××××××
၆ ရက်ပင် ကြာခဲ့ပြီ...။
သူမတို့ မိသားစုနှင့်လည်းအတော်ပင်ရင်းနှီးခဲ့သည်။
အမည်မှာ ဦးအိုက်ဆာ နှင့် ဒေါ်နန်းလှဟူ၍ဖြစ်ပြီး ရွာသူကြီးဖြစ်ကြောင်း သိရ၍ သာ၍ပင်လေးစား၍ အားနာမိသည် ။
ထို့အတူ နန်းဧကရီ ဟူသော ရှမ်းတိုင်းရင်းသူလေးနှင့်လည်း ချစ်သံယောဇဉ်ကြိုးများ တစ်စ တစ်စ တွယ်ရစ်မိလေပြီဖြစ်သည် ။
ရွာအားဖြင့် ရှမ်းရွာကလေးဖြစ်ပြီး လယ်ယာစိုက်ပျိုး၍ သီးပင်စားပင်များနှင့်ပင် နေ့စဉ် စားသောက်ကြ၏ ..။
ထူးခြားချက်မှာ ရွာသားအားလုံးလိုလိုပင် အမြပြုံးနေတတ်လေသည် ။
ပကတိ ဖြူစင်သော အပြုံးများဖြစ်ကြောင်းကြည့်ရုံနှင့်သိသာသကဲ့သို့
ဝတ်စားဆင်ယင်မှု နှင့် ပြောဆိုမှုများမှာလည်း လွန်စွာရှေးကျကြောင်းသိသာလှသည် ။
ရွာလမ်းတစ်လျှောက် ကျွန်တော်လမ်းလျှောက်စဉ် နန်းစုဧကရီသည်လည်း ကျွန်တော်နှင့်အတူပင်လိုက်ပါလာလေသည် ..
လမ်းတွင်တွေ့သော် တစ်ဦးနှင့်တစ်ဦး "မိုင်ဆုန်ခ " ဟု
လက်အုပ်ချီနှုတ်ဆက်ရသည်မှာလည်း အမော ။
သို့သော်ထိုချစ်လက်အုပ်ချီနှုတ်ဆက်ရသည်မှာလည်း အမော ။
သို့သော် ထိုချစ်စရာဓလေ့ ကျွန်တော့မြတ်နိုးသည် ။
မပီကလာ ပီကလာနှင့် ကျွန်တော်လည်း ပြန်နှုတ်ဆက်သော် နန်း က တခစ်ခစ် ရယ်လေသည် ။..။သူမသိပ်ပျော်နေလေသည်။
သို့သော်သူမ၏အပျော်များကို ကျွန်တော်စကားတစ်ခွန်းက ဖျက်ဆီးပစ်မိလေပြီ....။..။
" နန်း... ကိုယ်မနက်ဖြန် ပြန်ရတော့မယ် "
သူမမျက်နှာ ရုတ်တရက်ညှိုးကျသွားသည် သို့သော် ချက်ချင်းပြန်ပြင်လိုက်သည်ကို ကျွန်တော်လှစ်ခနဲမြင်လိုက်လေသည် ။
လူလည်း နည်းနည်းရှင်းလေသည် ဖြစ်ရာ ကျွန်တော်အရဲစွန့်ကာ သူမလက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။
ပကတိ နူးညံ့ပျော့ပြောင်းလျှက် ..
" ကိုယ် တစ်ပတ်လောက်ပဲကြာမှာပါ ...
ပြီးရင် ကိုယ်ဒီကိုပြန်လာခဲ့မယ် ။ နန်းနဲ့ပဲ ဒီရွာလေးမှာတစ်သက်လုံး အတူတူနေသွားတော့မယ် ..။
နန်း ကို ကိုယ်အရမ်းချစ်တယ် "
"တကယ်လား.. ကိုကို "
"တကယ်ပေါ့.. နန်းရဲ့
ကိုကိုပြန်လာရင် နန်းကို ကိုကိုလက်ထပ်မယ်..ခနလေးစောင့်ပေးပါနော် "
" နန်း ကိုကိုနဲ့မခွဲချင်ဘူး..ကိုကိုရယ် "
"ခနလေးပါ... ပီးရင်ကိုကိုတို့ထာဝရ မခွဲတော့ဘူးနော့်"
"ဟုတ် "
သူမ မောဟိုက်စွာ ကျွန်တော့်ရင်ခွင်ထဲ ခေါင်းအပ်လိုက်လေသည် ။
ကျွန်တော်အလိုက်တသိ ဖက်ထားလိုက်သည်
သူမထံမှ စပါယ်ပန်းရနံ့လေးသင်းလျှက်......
×××××××××××××××××××××××××××
ဒီညလည်း ဘယ်လို အိပ်ပျော်နိုင်လေမလဲ
တစ်သက်တာ ဆုံဆည်းဖို့ခနတာ ဝေးကြစို့လေ
တကယ်ပါ.. နန်းသာ
ကိုကို့ရဲ့ ပထမဆုံးနဲ့နောက်ဆုံးအချစ်ပါ...
ချစ်တယ်...နန်းရယ်
××××××××××××××××××××××××××
ကွန်တော်စောစီးစွာထကာ မျက်နှာသစ်ကိုယ်လက် သန့်ရှင်းရေးလုပ်၍ ဘုရားစင်ရှေ့ ဘုရားရှိခိုးပီးနောက်
ကျွန်တော့်အသက်သခင်ကျေးဇူးရှင်ဖြစ်သော ဘဘနှင့် ဒေါ်နန်းလှတို့အားတလှည့်စီရှိခိုးဦးချလေသည်...။
ဆုများ တစ်သီတစ်တန်း ခံယူပြီးသော် အဝတ်ထုပ်များသယ်၍ ကားဆီသို့ သွားရန်ပြင်သော် နန်းစုဧကရီ လိုက်ပို့ပေးရှာ၏ ။
ကျွန်တော်ကားပေါ်သို့တက်သော် သူမ၏ မျက်ဝန်းတွင်းမှမျက်ရည်များဝိုင်းနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရလေသည်။
"အော်...နန်းရယ်
ကိုကို့ကို ဒီလောက်တောင် ချစ်ရလားဟင် " ရင်တွင်းမှ တဆစ်ဆစ်နာကျင်ရင်း.. ။
သူမလည်ပင်းမှ ဆွဲကြိုးကိုဖြုတ်ယူနေသည် ။
ထို့နောက်ကားအတွင်းရှိ ကျွန်တော့်ဆီလှမ်းပေးသည် ။
ကျွန်တော်အလိုက်သိစွာ ယူ၍ ကြည့်လိုက်သည်။
အသည်းပုံလေးနှင့်...
အထဲသို့ဖွင့်ကြည့်သော် နန်းစုဧကရီဟူသော စာတန်းလေးနှင့် သူမ၏ ချစ်စဖွယ်ပြုံးပြနေသောပုံလေး ...
ကျွန်တော်တုံ့ဆိုင်းမနေပဲ ကျွန်တော့်လည်ပင်းတွင်ဆွဲပစ်လိုက်သည် ။
သူမလေး၏မျက်နှာ လဝန်းလေးပမာ ဝင်းထိန်သွားသည်..
ထို့နောက်
"ကိုကိုမြန်မြန်ပြန်လာခဲ့မယ် .... နန်းစောင့်နေပါနော်"
သူမဘာမှမပြော
ပြုံးရင်းမျက်ရည်ကျနေသော သူမ ကျွန်တော့်ကိုခေါင်းတစ်ချက်သာညိတ်ပြရှာလေသည်...။
ကျွန်တော်စတင်ထွက်ခွာလေပြီ...။
သူမ ထိုနေရာမှမခွာသေး ကျွန်တော့်ကားဆီလှမ်းကြည့်နေသည်
ကျွန်တော့်နောက်ကြည့်မှန်မှတစ်ဆင့်
တဖြည်းဖြည်း သူမနှင့်ဝေးသထက် ဝေးရာ...
...
×××××××××××××××××××××××××××
နန်းနာကျင်နေမှာ သိတယ်
နန်းသိပ်လွမ်းနေမှာ ကိုယ်သိတယ်
ဒါပေမယ့်ခနလေးပါ...ချစ်သူရယ်
ခနလေးစောင့်နေပေးပါ.......
××××××××××××××××××××××××
" ဟာ....ချမ်းငြိမ်း...ဘယ်ကဘယ်လိုရောက်လာတာလည်း ..
တစ်လလုံးပျောက်နေပြီး..ဖုန်းဆက်မရဘာမရ "
ကျွန်တော်အံ့အားသင့်စွာ
" ဗျာ..ဖေဖေ... Car Accident ဖြစ်လို့ရွာတစ်ရွာမှာဝင်တည်းနေတာ..ပြီးတော့ တစ်ပတ်တည်းပါဗျ "
"ဘာတစ်ပတ်တုန်း
မင်း ကျိုင်းတုံ ကိုဆင်းလာမယ်ပြောတုန်းက ၇လ ၄ ရက်နေ့လေ... ခု ၈ လပိုင်း ၄ ရက်နေ့ရောက်နေပြီ "
" အာ...ဖေဖေကလည်း
ဒီမှာ ခုမှ ၁၁ ရက်နေ့ပဲရှိသေးတာ "
ဟုပြောရင်းကျွန်တော့်နာရီလှမ်းအကြည့်
၁၁ ရက်တော့ ၁၁ ရက်
သို့သော်
နာရီလက်တံများမလှုပ်ရှားတော့
တစ်ခုခုတော့လွဲနေလေပြီ...
ထိုစဉ် ဘယ်ကဘယ်လိုရောက်လာမှန်းမသိ
မေမေသည် ဘုရားစင်ပေါ်မှ ပရိတ်ရေဗူးကို ယူကာ တစ်ခေါင်းလုံးလောင်းချလိုက်လေတော့သည် ...။
" ဟာ.. မေမေ
မေမေ့ H2O တွေတစ်ကိုယ်လုံးရွဲကုန်ပြီ "
"အို.. H2O မက လို့ H3O ပဲဖြစ်ဖြစ် စိုစို
ပြီးမှအဝတ်စားသွားလဲ .. "
ကျွန်တော့်ဖေဖေ့ကိုလှမ်းကြည့်လိုက်သည် ။
ဖေဖေကျွန်တော့်ကို စူးစူးရှရှ ကြည့်ရင်း
မေးဆတ်ပြသည် ။
သဘောက အဝတ်သွားလဲ ပြီးရင် စကားပြောစရာရှိတယ်ဟူသည့်သဘော ...
××××××××××××××××××××××××
"အေးသား... မင်းရဲ့အလုပ်ကိစ္စတွေမပူနဲ့တော့
ဖေဖေအကုန်လုပ်ပြီးသွားပြီ ...
ပို့စရာတွေလည်းအကုန်ပို့ပြီးပြီ...
မင်း လမ်းခရီးမှာ ဘာတွေဖြစ်လာတာလည်း "
"ဖြစ်ပုံကဒီလိုပါ..ဖေဖေ.........................................."
"ကျွန်တော်သူ့ကိုချစ်တယ်ဗျာ..သူ့ကိုလက်ထပ်ချင်တယ်."
"အင်းပါ.. ဖေဖေတို့မနက်ဖြန်သွားကြတာပေါ့ "
"မရဘူးဗျာ..ခုသွားချင်တယ်..ခုသွားမှဖြစ်မှာ
သူစောင့်နေလောက်ပြီ "
" မနက်ဖြန်မှဖေဖေကိုယ်တိုင်လိုက်ပို့မယ်
မင်းခုမှခရီးပန်းလာတာလေ "
"မရဘူးဗျာ..ခုသွားချင်တယ် .. အခုပဲ "
ပြောရင်းဆိုရင်း ကျွန်တော်မျက်ရည်များကျလာ၏..။.။
ထိုအဖြစ်ကိုမမြင်ရက်သော မေမေက
"တော့်သားလေးဒီလောက်သွားချင်တာ ပို့လိုက်ပါ..ယောက်ျားရယ်.. တော့်သားလည်း ကလေးမှမဟုတ်တော့တာ "
ဖေဖေ့လေးတွဲတွဲသက်ပြင်းချသံအဆုံး
"မင်းလဲကလေးမဟုတ်တော့ဘူးဆိုတော့
ဖေဖေလိုက်မပို့တော့ဘူး
ရော့..ဖေဖေ့ကား ယူသွားပါ "
ကျွန်တော်သုတ်ကနဲ ယူရင်း ကားဆီသို့အပြေးတပိုင်းဖြင့်.....
"နန်းရေ....
ကိုယ်လာပြီ...ကိုယ်ပြန်လာနေပြီ....
ကိုယ့်ခုချက်ချင်းပြန်လာနေပြီ....နန်းရေ"
လည်ပင်းမှအသည်းပုံဆွဲကြိုးကလေးအား ညင်သာစွာ နမ်းရင်း....
စိတ်တွင်းမှာတော့ ကြည်နူးခြင်းများစွာ မျှော်လင့်ချက်များစွာနှင့်.........။....။
×××××××××××××××××××××××××
" ဒါမဖြစ်နိုင်ဘူး ....ဒါလုံးဝ မဖြစ်နိုင်ဘူး "
မျက်စိရှေ့တွင်ပင်ရှိနေသော အရာရာတိုင်းကို သူလုံးဝမယုံနိုင်
မနက်ကပင် မြင်ခဲ့သော မြင်ကွင်းများမဟုတ်တော့
နန်းရပ်ခဲ့သော နေရာတွင် တစ်ဆုံးကြည့်လျှင် သာ၍ ယုံဖွယ်ရာမရှိ
အကြောင်းမူကား......
သာယာသော ရွာကြီးတစ်လျှောက်နေရာကား ခြုံနွယ်ပိတ်ပေါင်းများစွာ စိုးစံလျှက်
နန်းတို့၏ အိမ်တည်နေရာကား ဆိုဖွယ်ရာမရှိ
ခြုံနွယ်ပိတ်ပေါင်းအတိ
ကျွန်တော်ရှာကြည့်သည်...
နေရာမှားသည်အထင် ဟိုနေရာ ဒီနေရာ ကျွန်တော် လျှောက်သွားကြည့်သည်
နေရာတိုင်းလိုလို ခြုံတန်းတောတန်းကြီးများနှင့်သာ
ထိုလမ်းတစ်လျှောက်ဖြတ်သန်းသွားသောထိုလမ်းတစ်လျှောက်ဖြတ်သန်းသွားသော ခရီးသည်များ ကားရပ်၍တစ်ဖုံ ဆိုင်ကယ်ရပ်၍တစ်ဖုံ ဂရုဏာသက်စွာ ကြည့်သွားကြသည်..။
ကျွန်တော် ဂရုမစိုက်
သူမ မနက်ကမှ သူမရပ်ကျန်ခဲ့သောနေရာတွင် ခြေရာလေး ကျန်နေခဲ့သေးသည်..။
ယခုမှု ခြေရာလေးမှတစ်ပါး အရာရာအားလုံးပြောင်းလဲခဲ့လေပြီ....။..။
×××××××××××××××××××××××
ညနေ နေဝင်ရီတရောအချိန်ပင်ရောက်လုပြီ
သူရူးတစ်ယောက်ကဲ့သို့ ထိုနေရာတစ် ပတ်ရှာနေသည်မှာ အကြိမ်ပေါင်းထောင်သောင်း မကတော့ပြီ...။
မျက်ဝန်းများလည်း ငိုရလွန်းသည်ဖြစ်၍ ဖောင်းကားလွန်းနေပြီ..။..။
ထိုစဉ် အနီးအနားမှ ဖြတ်သန်းသွားသော အသက် ၇၀နီးပါး အရွယ်ရှိအဘိုးအိုတစ်ဦးမှ
" လူလေး ... ဘာရှာနေတာလည်းကွဲ့ "
ကျွန်တော်အားတက်စွာ...
"ဒီမှာရှိတဲ့ ရှမ်းရွာလေးတစ်ရွာလေ
..... ရွာတဲ့.. အိမ်ခြေသိပ်မများဘူး
အဲ့ဒါကျွန်တော်များနေရာမှားနေလားလို့ "
"ဒီဖက်မှာ ဘာရွာမှမရှိပါဘူး..လူလေး
အဘ ငယ်ငယ်ကတည်းကဒီဖက်ဝန်းကျင်မှာနေလာခဲ့တာပါ"
"မဟုတ်ဘူး.. ဘဘ
မနက်ကတင် ဒီမှာရွာလေးတစ်ရွာရှိခဲ့တယ်
ကျွန်တော့်ချစ်သူကောင်မလေးကိုယ်တိုင်ကျွန်တော့်ကိုဒီနေရာထိလိုက်ပို့ခဲ့တာ..ဒီမှာကြည့်ပါလား...သူ့ခြေရာ"
"မမြင်နိုင်တော့ပါဘူးကွယ် .. ဘဘ မျက်လုံးတွေမှုန်လို့ "
"ကျွတ် "
ကျွန်တော် စိတ်ပျက်လွန်းစွာစုတ်တစ်ချက်သပ်လိုက်သည်။
ထို့နောက်လက်က လည်ပင်းပေါ်ရှိ ဆွဲကြိုးဆီအလိုလိုရောက်သွားသည် ။
ကျွန်တော်ပျော်ရွင်စွာ....
"ဒီမှာ..ဒီမှာ
သူ့ပုံရှိတယ်... သူ့နာမည်ကော .... "
" ............................................ "
"သြော်.... နန်းစုဧကရီ ကိုး "
"ဗျာ.. ဘဘ....ဘဘ. သူ့ကိုသိလား "
"အင်း ... သိတယ် လူလေး "
"ဒါဆို သူ သူ ဘယ်မှာလည်းဟင်
သူခုဘယ်ရောက်နေလည်း... သူဘယ်မှာလည်း "
မေးလည်းမေး ငိုသံလည်းပါမိပြီလေ....
မတတ်နိုင်
ကျွန်တော်အမှန်တကယ်သိချင်နေမိသည်
အဘိုးအိုက ကျွန်ုပ်အား အဓိဟ္ပယ်များစွာနှင့် ဂရုဏာသက်စွာကြည့်ရင်း
"လူလေး... မင်းရှာနေတဲ့နန်းစုဧကရီဆိုတာ မင်းတို့ငါတို့လို လူသားမဟုတ်ဘူးကွဲ့..။..။
ပြီးတော့ မင်းပြောတဲ့ရွာဆိုတာကလည်း လွန်ခဲ့တဲ့ နှစ် ၅၀ လောက်တည်းက ထာဝရပျောက်ကွယ်ခဲ့ပါပြီ "
"ဗျာ... မဖြစ်နိုင်တာ
ကျွန်တော် ခုမနက်လေးတင် နန်းနဲ့ကော ဦးအိုက်ဆာ နဲ့ ဒေါ်နန်းလှနဲ့ကော တွေ့လာခဲ့တာ...
မဟုတ်တာတွေလျှောက်ပြောမနေနဲ့ ""
"အော်...အိုက်ဆာ...အိုက်ဆာ...
ခုထိမကျွတ်လွတ်သေးပါလားနော်... "
အဘိုးအိုကား သူ့သူ ညည်းရင်း ကျွန်တော့်အား
" လူလေး .....
မင်းပြောတဲ့သူတို့ဆိုတာ ငါတို့လိုလူသားမဟုတ်တဲ့ အပါယ်ဘုံသားဘဝရောက်နေပြီ..
လူလေးမယုံဘူးဆိုလည်း သူတို့ရှိတဲ့နေရာလိုက်ပြပါ့မယ်..။
လိုက်လာခဲ့ပါ..။..။"
ကျွန်တော်မယုံနိုင်
သူပြောတာအမှန်မဟုတ်ပါစေနှင့်ဟု
ကျွန်တော်ကြိမ်ဖန်ထောင်သောင်းမက ဆုတောင်းနေမိသည်
နန်း၏ ပုံကလေးကို ကြည့်ရင်း စိတ်တွင်းမှ တိုးတိတ်စွာရေရွတ်နေမိသည်
" နန်း.. ကိုလာပြီ... ကို နန်းဆီလာနေပြီ..
သူပြောတာတွေအားလုံးက အမှားတွေချည်းပဲဖြစ်မှာပါ "
ကျွန်တော့်ဆုတောင်းမဆုံးခင်မှာ....
"လူလေး... အရှေ့မှာရောက်ပါပြီ "
ကျွန်တော်ကြည့်လိုက်သည်
မယုံနိုင်..။
ခြေဖျားလက်ဖျားများအေးစက်ကုန်သည်
နှုတ်ခမ်းများ လူအကဲ့သို့ စွန့်အ ကုန်ပြီ
မျက်စိရှေ့မြင်တွေ့လိုက်သော အရာများကားနန်းစုဧကရီ (နန်းနောင့်)
အသက် (၂၀ ) နှစ်
စောဝ်စိုင်းခမ်းဆာ (ဦးအိုက်ဆာ)
အသက် ( ၅၀ ) နှစ်
ဒေါ်နန်းခမ်းလှ (နန်းလှ)
အသက် (၄၇ ) နှစ်
++++
ဂူဖြူဖြူလေးများပေါ်မှ နာမည်များ
ဖတ်ကြည့်ရင်းအမြင်အာရုံများဝေဝါးလာသည်
ကျွန်တော်မယုံချင်
ကျွန်တော်လက်မခံသေး
သို့သော် ဂူအပေါ်မှ ထိုးနှက်ထားသော ပုံများမှာ
ကျွန်တော်မြင်ဖူးသူများ တစ်ပုံတည်း
"သူတို့မိသားစု သနားဖို့သိပ်ကောင်းသလို သိပ်ရင်နာဖို့လဲကောင်းလွန်းတယ်
လူလေးရယ်
နန်းနောင့်ဆိုရင် ငယ်ကတည်းက မိဘတွေရှေ့ဆင့်နောက်ဆင့်ဆုံးသွားခဲ့ကြတယ်
သူကြီး လုံးအိုက်ဆာ လက်ထဲ ငယ်ငယ်ကတည်းက ကြီးပြင်းလာခဲ့ရတယ်..။
သူအုပ်ချုပ်တဲ့ရွာကလေးဆိုအရမ်းသာယာတာ.. ဒါပေမယ့် ဘဝကံကြမ္မာမလှ ခေတ်ပျက်ကာလဖြစ်လေတော့ သူပုန်တွေရွာကိုဝင်စီးပြီးသူတို့တစ်မိသားစုလုံးသတ်ခံလိုက်ရတယ်.. .. အဲ့အချိန်က အဘက ချာတိတ်လေးအရွယ်ပေါ့ကွယ်... "
သူတစ်လုံးချင်းရှင်းပြနေသည်..။.
နားထဲကြားတစ်ချက်မကြားတစ်ချက် *****
နန်း၏ အုတ်ဂူလေးနားတရွေ့ရွေ့တိုးကပ်သွားနေမိသည်
စိတ်ပျက်အားငယ်လွန်းစွာ နန်းစုဧကရီ၏ အုတ်ဂူဘေး၌ထိုင်ချ၍ ငူငူကြီးထိုင်ကြည့်နေမိသည်..။
" ကိုကို့ကို လှည့်စားခဲ့တာလား နန်းရယ်
ဒါတွေအားလုံးက အတုတွေပဲမဟုတ်လား
ကိုကိုပြန်လာပြီလေ...နန်း
နန်းမခွဲရက်နိုင်ဘူးဆိုတဲ့ ကိုကိုပြန်လာပြီလေ
နန်း ကိုကို့ကိုစောင့်နေမယ်ဆို......
ကို့ကို့ကို တစ်သက်လုံးလွမ်းနေစေဖို့ ဒီဆွဲကြိုးလေးပဲ အမှတ်တရ ချန်ခဲ့တာလား...နန်းရယ်"
ရင်ဘတ်တွင်းမှ နာကျင်မှုဒဏ်ရာပြင်းထန်သည်ထက်ပြင်းထန်လာသည်
ပတ်ဝန်းကျင်မှ အသံများကိုလည်းကြားတစ်ချက်မကြားတစ်ချက် ။
နန်းစုဧကရီ ၏ အုတ်ဂူကလေးကိုတင်းကြပ်စွာဖက်ရင်း
" နန်းးး နန်းလေးရယ်"
ဟု အော်ကာ တစ်လောကလုံးနှင့် အဆက်သွယ်ပြတ်သွားခဲ့လေတော့သည်...။..။
ဆွဲကြိုးလေးအတွင်းရှိ နန်းစုဧကရီ၏ ပုံမှမျက်ရည်များ
စီးကျနေသည်ကိုတော့
ချမ်းငြိမ်းတစ်ယောက်မသိနိုင်စွမ်းတော့ပါ.....။...။
××××××××××××××××××××××××××
"အချစ်ရဆုံး နန်းလေးရယ်
သံသရာဆိုတာ ရှိခဲ့ရင်လေ ဘဝဆက်တိုင်း
နန်း ဒီဘဝလို ဖြစ်ရပ်ဆိုးမျိုး မကြုံရပါစေနဲ့လို့
ကိုကို တောင်းဆုပြုပါတယ်
နန်းနဲ့ ကိုကို က ဒီဘဝမှာ ပေါင်းဖက်ဖို့ မဖြစ်နိုင်တော့
လို့ နန်းလေး ငြိမ်းချမ်းရာ သွားပါတော့နော်
တွေ့ဆုံခွင့်ပေးပြီး ပေါင်းဖက်ခွင့် မပေးတဲ့ကံကြမ္မာကို
လည်း ကိုကို စိတ်နာတယ်
ကိုကို့ရဲ့ တစ်သက်မှာ နန်းလေး တစ်ယောက်ပဲ
ကိုကို ချစ်ခဲ့ဖူးပါတယ်
တရားနာပြီး၍
ရေစက်ချရန် ခွက်ကို ကိုင်ထားသော်လည်း အတွေးများက နန်းလေး ဆီမှာသာ
ကျွန်တော့်စိတ်တွင်းဆူးအောင့်သောဒဏ်ရာများ
တဆစ်ဆစ်နာကျင်ရင်း မျက်ရည်စများ တွဲခို၍ ကျလာလေတော့သည်။
ထိုအခိုက် ကျွန်တော်လည်ပင်း၌ ဆွဲထားသော အသဲပုံဆွဲကြိုးလေးအဖုံးပွင့်လျှက် ပြုတ်ကျလာလေသည်
အသဲပုံအတွင်းမှာ နန်းလေးက
အပြစ်ကင်းစင်စွာ ပြုံးပြနေလျှက်
ရနံ့တစ်ခုကိုလည်း ကောင်းမွန်စွာ ရရှိလိုက်သည်
ကျွန်တော် ထိုရနံ့ကိုဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ်ပါ
ထိုရနံ့ကား ကျွန်တော်၏ ချစ်သူ နန်းစုဧကရီ ၏ ကိုယ်သင်းနံ့စပါယ်ပန်းရနံ့လေးပင်။
မျက်ရည်များကြား နွမ်းလျ စွာ ကျွန်တော်ပြုံးရင်း
" အမျှ အမျှ အမျှ ပါ.... နန်းလေးရယ် "
"နန်းလေး အချစ်ရယ် -------
ဒီဘဝမှာ ကိုကို နဲ့ မပေါင်းရပေမဲ့လည်း
နောက် ဘဝကျရင် နန်းလေးနဲ့ ကိုကို
ပေါင်းဖက်ကြမယ်နော် ဒီဘဝမှာလည်း
ကိုကို ဘယ်သူ့ကိုမှ မချစ်တော့ဘူးးးး
ကိုကို့ကို စောင့်ပေးပါ ချစ်သူလေးရယ်
ကိုကို နန်းလေးကို တွေ့အောင် လိုက်ရှာမယ်
ဘုန်းတော် ကြီးမြတ်လှစွာသော မြတ်စွာဘုရား
တပည့်တော်တို့ ချစ်သူနှစ်ယောက်
ဆုံစည်း ပေါင်းဖက်ရပါစေလို့
တောင်းဆုခြွေရင်း ******************
#############################
စာမူပေးပို့ပေးသော ညီလေး စိုင်းစွမ်ဆိုင်ဝမ်း အား
ကျေးဇူးတင်ပါသည်။
ကြိုးစားလျက်
အောင်ဆန်းမင်းဦး
သရက်ခြံထဲက ဟိုလူကြီး
ကျမကိုယ်တွေ့ဖြစ်ရပ်မှန်လေးတွေပါ
သရဲကို အယုံကြည်မရှိဘူးဆိုပြီး ပြောနေတဲ့သူတွေလဲရှိနိုင်ပါတယ်။ကျမကတော့ ကိုယ်တွေ့တွေကြောင့်ယုံကြည်ပါတယ်။ ကဲ ပြောပြမယ်နော်။သရဲဆိုတာ အခြောက်ခံရမှ ကြောက်စရာကောင်းမှ သရဲမဟုတ်ပါဘူး။ ဖြစ်စဉ်က ကျမအသက်၅နှစ်အရွယ် အဖေနဲ့အမေက တောင်ငူမြို့မှာနေပါတယ်။အမေတို့က နဂိုအိမ်ကနေ သရက်ကုန်းရွာဘက်ကိုပြောင်းကြပါတယ်။ မနေခင်ကတည်းက အဲ့အိမ်ကြီးက နံမည်ကြီးပေါ့။ အိမ်ပတ်လည်မှာ သရက်ပင်အိုကြီးတွေနဲ့ပေါ့။ စရောက်တဲ့ နေ့ခင်းမှာ အဖေက ကျမကို ပုခုံးပေါ်ထမ်းထားပြီးအလာ သရက်ပင်အောက်က ဆံပင်ဂုတ်လောက် ငုတ်တုတ်ထိုင် ပြီး ဆေးလိပ်သောက်နေတဲ့ ဦးလေးကြီးတယောက် ကျမကို လက်ယက်ပြီး လာဖို့ခေါ်နေပါတယ်။ 'မေမေ ဟိုမှာ ဦးလေးကြီးက သမီးကို လာဖို့လက်ယက်ခေါ်နေတယ်'လို့ပြောတော့ အမေက ပြာပြာသလဲ ဘယ်မလဲ ဘယ်မလဲနဲ့ ဟိုမှာလေ လို့ ပြောတော့ အမေတို့က မမြင်ရပါဘူးတဲ့။ကျမကြောက်မှာစိုးပြီး 'သမီး အဲ့ဒါ အရူးကြီး မကြည့်နဲ့မကြည့်နဲ့ 'လို့ပြောပါတယ် ။ ညရောက်တော့ လေတွေကတိုက် လျှပ်ကလက်နေတော့ သစ်ပင်အိုကြီးတွေရဲ့ အခက်လက်တွေက တစ္ဆေ အိုကြီးတွေလား ကြက်သီးထဖွယ် ယိမ်းထိုးပြီး "ကျွီ ဖြောင်း ဖြုန်း" အသံပေါင်းဆုံနဲ့ ကခုန်နေလျှက်။ လျှပ်စီးများ ဝင်းခနဲ ဝင်းခနဲ လက်လို့ မြင်လိုက်ရရင် လိပ်ပြာငယ်သူတို့အဖို့ မတွေးဝံ့စရာပင်။
လျှပ်စီးမီးဆိုတာ ကြားတောင်မကြားဖူးချေ။
ကျမလဲ ကလေးဆိုတော့ ဆိုးတာပေါ့။ ခုချိန်မှာဆို အဲလိုပူဆာခဲ့မိမှာမဟုတ်ပါဘူး။
သမီးငယ်အား အကြိမ်ကြိမ်အိပ်ရန် ချော့သိပ်နေသော်လည်း ငိုမြဲငိုနေသည်။
မိခင်ဖြစ်သူမှာ မိုးကရွာ မှောငိမှောငိမဲမဲ
ကလေးကငို ကြောက်စိတ်ကဝင်နဲ့
ပြောမပြတတ်တဲ့ စိတ်ရှုပ်မှုကြီးတခုခံစားနေရလေသည်။ ဖခင်ကလည်း "သမီးလေး အိပ်တော့လေ
မိုးချုပ်နေပြီနော် မငိုရဘူး ဒေဝေါကိုက်လိမ့်မယ်" ဟုချော့ကာပြောနေသော်လည်း
ကလေးမှာ "မကြောက်ဘူး ဘယ်ဒေဝေါလဲ ခေါ်ပေး ခေါ်ပေးကွာ ဟိုဦးလေးကြီးရော ခေါ်ပေး" အော်၍ ငိုပြောနေသည်။
အမေမှာ "ဟောတော့ သမီးရယ် ဘာတွေပြောနေတာလဲ ဘယ်သူမှမရှိဘူး လိမ္မာတယ် အိပ်ရအောင်ပါသမီးရယ်" ဟုပြောလိုက်ရာ
ကလေးမှာ ငိုနေရာမှ တဟီးဟီး လုပ်ပြကာ အိမ်ပြင်သို့လက်ညိုးထိုးနေသည်။
"ဖေဖေ သရက်သီးစားချင်တယ် ခူးပေး ခူးပေး"ဂျီကျလေပြီ။
"အွမ် " ဖခင်မှာ သွားမခူးရဲချေ။ "သမီးရယ် မနကိကျ ဖေဖေ တပင်လုံးခူးပေးမယ်နော်"
"မရဘူး မရဘူး ထုခုပေး ထု ထုမှထုကွာ " င်ုရန်ဟန်ပြင်လိုက်လေသည်။
အေးပါကွာ အေးပါ
"မိန်းမ နင် သမီး ပွေ့ထား ကြားလား ငါ ဆင်းခူးလိုက်ဦးမယ် "မှောင်ကြီးမဲထဲ လျှပ်ရောင်အားပြု အိမ်ပေါ်မှဆင်းသွားသည်။
အမေမှာ ယောင်္ကျားလုပ်သူအား လိုက်ကြည့်နေလေသည်။
ကလေးမှာ လာရန် လက်ယက်နေလေသည်
သမီး ဘယ်သူ့ပြနေတာလဲ ဘာလို့အဲလိုလုပ်နေတာလဲ မလုပ်ရဘူး
သမီး ဟိုဦးလေးကြီးကိုပါ အမေ
နေ့လည်က ဦးလေးပါ သူက အိမ်ပေါ်လာချင်လို့တဲ့
ဟင် မလာနဲ့လို့ပြောလိုက်သမီး
မခေါ်ရဘူး သမီး အမေစကားနားထောင်စမ်း
မတိဘူး အမေ သူလာနေပြီ
ထိုချိန် လှေကားပေါ် လူတက်လာသံ
ယောင်္ကျားရေ မြန်မြန်လာလာ တက်ခဲ့တော့
မဟုတ်ဘူး အမေ ဟိုဦးလေးကြီး
သမီးစကားကြားတာနဲ့ အမေလဲ ကလေးပွေ့ပြိး ကသောကပျော အောက်ဆင်းပြေလေပြီ
လှေကားဝတွင် လူတယောက်အား တိုးတိုက်မိသလို
ပါးစပ်မှလဲ အမေရေ ယောင်္ကျားရေစုံလို့
ညတွင်းချင်းပဲ အမျိုးတွေရှိတဲ့ဆီပြန်လာခဲ့ရပါတယ်
အတော်ဒုက္ခရောက်ခဲ့ရတယ်တဲ့။ ခြေလျင်သွားရတာပါ
ကျေးဇူးတင်ပါသည်
ကလေးက အိမ့်ပါ
သျှင် အိမ့်ခ👩👩👩
ချစ်သူ့ ဝိညဉ်
"ဒီအချိန်မှာ ငါ လွမ်းနေတာ မင်းမှ မသိတာ ရင်ခွင်မှာ ငိုကြွေးနေ မင်းမသိလို့ပါ နောက်ဘဝထိစောင့်လို့နေပါ အချစ်ဆုံးလေးရာ ငါလည်းပဲ တစ်နေ့တော့ မင်းနောက် လိုက်လာခဲ့မှာ--------" သီချင်းလေး ကြားလိုက် ရ တာနဲ့ ရင် ထဲမှာ တစ်တစ်ဆို့ဆို့ နဲ့ ရင်ထဲမှာ အရမ်း ခံစားရတာ ဘာရယ် ကြောင့်မှန်းတော့မသိ။ စိတ်ထဲမှာ တော့ ဒီသီချင်းလေး ကြားတိုင်း ဝမ်းနည်း ကြေကွဲမိသည် က အမှန်ပါ။
ကျွန်မ က တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတစ်ယောက်ပါ။ ဒုတိယနှစ် စတက်ကတည်းက ကျွန်မ နောက် ကို ညနေ ကျောင်းဆင်းချိန်တိုင်း ကောင်လေးတစ်ယောက် အမြဲ စက်ဘီးကလေး နဲ့ ကျွန်မအိမ်ပြန်ရောက်တဲ့ အထိ စကားလိုက်ပြောခဲ့ပါတယ်။ ကောင်လေး က အသားဖြူ ဖြူ အရပ်ကတော့ နည်းနည်း ပုပါတယ်။ ကျွန်မ ကျောင်းဆင်းချိန် ရောက်တိုင်း လမ်းထိပ်က ရောက်နေပီး ကျွန်မ နောက် ကို အမြဲတမ်း အတင်းကပ်လိုက် စကားပြောပါတယ်။
"မမ ကျနော် မမ ကို ခင်ချင်လို့ပါ ကျနော့် နာမည် က သူရိန် ပါ "
" ကျနော် မမ နဲ့ စကားတွေ အရမ်းပြောချင်မိတယ် မမရယ်"
"မမ ကျနော့် ကို စကား ပြန်ပြောပေးပါလားဟင်"
ကျွန်မ ဆီကို အမြဲ တန်း ကျွန်မ ကျောင်းဆင်းချိန် တိုင်း ရောက်ရောက် လာပီး လိုက်စကားပြောတတ်ပါတယ်။
ကျွန်မ ကတော့ သူ့စကား လိုက်ပြောတိုင်း တစ်ကြိမ်မှ ပြန်မပြောမိ။
အဲ့လိုနဲ့ စကား လိုက်ပြောတာ နှစ်တစ်ဝက် လောက် ကို ရှိလာပါတယ် ။ ကျွန်မ ရဲ့  စိတ်ထဲ မှာတော့ နည်းနည်းတော့ နေရာ ပေးမိလာပါတယ်။
"မမ ရယ် မမ ရဲ့  မျက်နှာလေးကို မမြင်ရရင်လေ
ကျနော် အရမ်းခံစားရတာပဲ "
"မမ ကို လေ ကျနော် နေ့တိုင်း တွေ့ချင်မိတယ် မမရယ်"
" မမ ကို ကျနော် အရမ်းချစ်တယ် မမ"
ဒါပေမဲ့ သူ တတွတ်တွတ် ပြောနေပေမဲ့ ကျွန်မ တစ်ခွန်းမှ ပြန်မပြောမိ။
အိမ် ကို ပဲ အပြေးပြန်မိပါတယ်။
ကျောင်းပိတ်တဲ့ ရက်တွေဆိုရင်လည်း အိမ်ရှေ့  မှာ စက်ဘီးလေးတစ်စီးနဲ့ ခေါက်တုံ့ခေါက်ပြန်
ကျွန်မ ကို လာကြည့်ပါတယ်။ ကျွန်မ မြင်ပေမဲ့လည်း အိမ်ထဲက အိမ်ပြင် ကို တောင်
မထွက်တော့ သူ့မျက်နှာလေး ညှိုးနွမ်းပီး
ပြန် သွားတာကို ကျွန်မ အမြဲ တွေ့နေမိတာပဲ။
ဒုတိယနှစ် တစ်နှစ်လုံး ကျွန်မ နောက်ကို မပျက်မကွက် အမြဲ စကား လိုက်ပြောတော့ ကျွန်မ သူ့ကို အမှတ်တွေ ပေးမိလာပါတယ်။
ညနေ ကျောင်းပြန်ပီဆို ရင် သူ စောင့်တတ်တဲ့ နေရာ လေးမှာ သူ့ ကို ရှာတတ်နေပါပီ။
သူ့ ကို မတွေ့လိုက်ရင် ကျွန်မ ရင်ထဲ တစ်ခုခု ဟာသလိုလို။
တွေ့ရင်လည်း မျက်နှာ ပူသလိုလို စိတ်ညစ်သလိုလို။
"မမ ရယ် ကျနော့်ကို စကားလေး တစ်ခွန်းလောက် ပြန်ပြောပေးပါလား"
" မမ အသံလေး ကြားလိုက်ရရင်
ကျွန်တော့ ကမ္ဘာကြီး တစ်ခုလုံး
ပြည့်စုံသွားပါပြီ"
"မမ က ကျနော့် ရဲ့ ကမ္ဘာပါ မမရယ်"
အိမ် ပြန်ရောက်ရင် ပဲ ရေမိုးချိုး ထမင်းစား
အိပ်ရာပေါ် တက်လိုက်တာနဲ့
သူ့ အသံတွေ သူ့ ပုံရိပ် တွေ ဟာ
ကျွန်မ ရဲ့  နှလုံးသား ထဲမှာ နေရာ ယူတတ်လာပါပီ။
ညည ဆို သူ့ ကို ပဲ သတိရ တတ်လာပြီ။
သူ့ အသံလေးတွေ ကြားချင် လာမိတော့သည်။
မနက် ကျောင်းတက်ပီ ဆိုရင်လည်း စာထဲ စိတ်မပါ။ အချိန်တွေ အမြန် ကုန်ပီး ညနေ ကျောင်းဆင်းပါစေ လို့ အမြဲ ဆုတောင်းနေမိတော့ပါတယ်။
ညနေ သူနဲ့ တွေ့လို့ စကားလိုက်ပြောရင် လည်း
ဘာမှ ပြန်မပြောရဲ။
သူ ပြောတဲ့ စကားလေးတွေ ကိုပဲ
နားထောင်ပီး အိမ်ပြန်ရောက်တဲ့
ရက်ပေါင်း က မနည်း။
ညဆိုရင် သူ့ စကားလေးတွေ ကြားယောင်ပီး
ပီတိ ဖြစ် ကြည်နူး လိုက်ရတာ။
"အော် ငါ သူ့ ကို ချစ် မိနေပီ ထင် တယ်။
ဟုတ်တယ် ငါ သူ့ ကို ချစ်မိနေပီ။
ငါ ရဲ့  ရင် ထဲ က သူ့  ကို
ခေါ်နေပီ "မောင်"တဲ့
တတိယနှစ် ဒုတိယ နှစ်ဝက် ရောက်လာတော့ တစ်ရက်မှာ သူက ကျွန်မ ကို
ညနေခင်း စကား လိုက် ပြောပါတော့တယ်။
"မမ ရယ် မမ ကို ကျနော် သိပ်ချစ်တယ်"
"မမ ကျနော့် ကို အဖြေပေးပါတော့ လားဟင်"
"ဟုတ်ပီ မမ မနက်ဖြန် အဖြေပေးမယ်
မနက်ဖြန် ဆက်ဆက်စောင့်ပါ လို့ " ကျွန်မ အားယူပီး ပြောလိုက်ပါတော့တယ်။
"မမ ကျနော့် ကို စကား ပြန်ပြောတယ်နော်
ပျော်လိုက်တာ မမ ရယ်"
"ကျနော် မနက်ဖြန် မပျက်မကွက် စောင့်နေမယ်
မမ"
"ကျနော် သေသွားရင် တောင် ကျနော့်
ဝိညဉ်လေး အ့ဖြစ်နဲ့ စောင့်နေမှာ သိလား မမ"
ဆိုပီး အရမ်း ပျော်ရွှင် သွားတဲ့ ပုံ ကို
ကျွန်မ ပါ လိုက်ကြည်နူးမိပါတော့တယ်။
အဲ့ လိုနဲ့ အိမ် နား ရောက် လာတော့
"ပြန်တော့ နော် မမ အိမ် ရောက်တော့မယ်
တာ့တာ နော် " ဆိုပီး နှူ တ်ဆက်ပီး အိမ်ထဲကို
ဝင်ခဲ့ ပါတော့တယ်။
အိမ်ထဲ ရောက်တာနဲ့ လွယ်အိပ်လေး ကို ပစ်ချပီး
အိပ်ယာပေါ် ချက်ချင်းတက်ကာ
က ခုန် နေမိပါတော့တယ်။
မွှေးပွ အရုပ်ကလေး ကို ဖက်ရင်း
"မောင် ရယ် မမလဲ မောင့် ကို အရမ်းချစ်တယ်
သိလား မောင်နဲ့ တွေ့ ရင် မမ နှူ တ်ခမ်းတွေ အလိုလို စွန့်အ သွားတယ် သိလား"
"ဘာဖြစ်လို့ ဖြစ်မှန်းကို မသိဘူး
ပီးတော့ မမ မောင့်ကို ဘာပြောလို့ ပြောရမယ်
မှန်းလဲ မသိဘူး "
"မနက်ဖြန်တော့ မောင့်ကို ပြောမယ် သိလား
သိပ် သိပ်ချစ်ရပါတယ် မောင်" လို့
ခ်ခ် ခ်ခ် ရင်ခုန်လှိုက်မောမှူ အပြည့်ဖြင့်
မနက်ဖြန်ကို မျှော်လင့်လျက်
မနက်ရောက် ကျောင်းရောက်တော့
အရာရာတိုင်းက လှပ နေသလိုပဲ။ စာထဲလည်း
စိတ်မပါ ။ စာ သာ သင်နေရတာ စိတ်က တော့
မောင့်ဆီ ပဲ ရောက်နေတယ်။
အချိန်တွေ ကလည်း ဒီနေ့ မှ ကုန်နိုင်ခဲ သလိုပဲ။
ကုန်မကုန် နိုင်ဘူး။ဟူးးး စိတ်ညစ်ပါ့။
အဲ့လိုနဲ့ ကျောင်းဆင်းချိန် ရောက်လာတော့
အခန်း အပြင်ကို အရင်ဆုံး ရောက်သည် က ကျွန်မ။ ချက်ချင်း ပြန်လာခဲ့ပါတယ်။
သူ စောင့်နေကြ နေရာ ရောက်တော့
ဘယ်သူမှ မရှိ။
"ဟင် စောသေးလို့နဲ့ တူတယ် မောင်ကလဲ နောက်ကျလိုက်တာ အဖြေမဲ့သူက စောင့်မယ် မရှိဘူး
ဟွန့် ကို က ပြန်စောင့်နေရတယ်"
ဘာမှန်း လည်း မသိဘူး။
နာရီဝက်လောက် ကြာတဲ့အထိ မောင် က ပေါ်မလာသေး။ စိတ်က တော့ မရှည်နိုင်တော့ နည်း နည်း တိုချငိ လာပီ။
လာခဲ့ပါစေအုံး။ လာမှ ကောက်ပစ်လိုက်အုံးမယ် ဟွန်းးးးးး။
တစ်နာရီလောက်ကြာလာတော့ စိတ်က တိုလာသည်။သူ ငါ့ ကို အလေး မထားဘူး ငါ့ဆီကို ရောက်မလာဘူး။ အရမ်း မုန်းဖို့ ကောင်းတယ်။
ဝမ်းနည်းကြေကွဲမှူ ကြောင့် မျက်ရည်တွေက သူ့အလိုလို ဝဲတက်လာပီး မျက်နှာပေါ်သို့ စီးကျလာပါတယ်။ သူ လာမှာ မဟုတ်တော့ ပါဘူး။ အိမ်က ဒီထက်နောက်ကျရင် လိုက်လာတော့မယ်။ ပြန်တာပဲ ကောင်းပါတယ်
ဆိုပီး အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ပြန် လျှောက်လာသည့် ခြေလှမ်းများက အသက်မပါတော့။
အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း အိပ်ရာပေါ် ပြေးပီး ငိုနေမိတော့သည်။
"မောင် ရယ် ဒီနေ့ ဘာလို့ မလာတာလဲဟင်။
မမ မှာ မျှော်လိုက်ရတာ မမ ကို တကယ် မချစ်လို့ ရောက်မတာလား ဟင်"
"မောင် ရယ် တကယ် မချစ်ခဲ့ရင် ဘာလို့
မမ ကို ချစ်ခွင့် ပန်ခဲ့တာလဲဟင်"
"ဒါမှမဟုတ် မောင် တစ်ခုခုဖြစ်နေလို့လား"
ည အိမ်မက်ထဲ မှာ မောင် က ကြေကွဲတဲ့ မျက်နှာနဲ့ မမ ရယ်
"မမ နား မှာ မောင်ရှိတယ် မမ ရောက်လာတာလဲ ကျနော် သိတယ်
ကျနော် စောင့်နေကြ နေရာ လေး မှာ
မမရောက်လာတာ ကျနော် တွေ့တယ်
မမ ကို ကျနော် စကား ကပ်ပြောနေတာ
မမ ကျနော့် ဘက်ကို လည်း လှည့် မကြည့်ဘူး
ရှေ့ တည့်တည့် က လာတော့ ကျတော့လည်း
မမ ကျနော့် ကို မတွေ့ ဘူးနဲ့ တူတယ်ဗျာ
မမ မျက်နှာလေး က အရမ်း ချစ်ဖို့ ကောင်းတာပဲဗျာ
တောင်ဖက်ကို ပဲ လှမ်းလှမ်းကြည့်နေတာ
ကျနော် တွေ့ရတယ်
ပီးတော့ မမ မျက်နှာလေးက ညို့ လာပီး
မျက်ရည်ဝိုင်းနေတာလဲ ကျနော် မြင်တယ်
ဟော မျက်ရည်တွေ ကျလာပြန်ပါပြီ
ကျနော် ပူထူပီး မမ ကို သုတ်ပေးနေတယ်လေ
ပီးတော့ မမ တတွတ်တွတ် နဲ့ စကားတွေ ပြောနေတယ်
မမ ကျနော့် ကို ကြည့်ပါအုံး မမ ရယ်
ပီးတော့ မမ နာရီကို ငုံ့ကြည့်ပြီး
မမအိမ်ဖက်ကို လမ်းလျှောက်ပြန်တယ်
မမ ဘေးမှာ ကျနော် အရင်လိုပဲ စကားတွေ
လိုက်ပြောနေတယ်လေ မမ ကျနော့်ကို စကား
တစ်ခွန်းလောက် ပြန်ပြောပါအုံး မမရယ်
မမ အိမ်ပေါက် ရောက်တော့ မမ ဝင်သွားတယ်
ကျနော် အိမ်ထဲ လိုက်ဝင်တာ
ဝင်လို့ မရဘူး မမရယ် မမ ကို အကျယ်ကြီး အော်ခေါ် နေတယ်လေ မမ တစ်ချက်လေးတောင် ကျနော့်ကို မကြည့်ပါလား မမရယ် " တဲ့ ကျွန်မ လန့်နိုးလာတော့
ကျွန်မမှာ ချွေးတွေ ရွှဲလို့။
ကျွန်မ ငိုလိုက်မိတယ် မောင် တစ်ခုခု ဖြစ်နေပီ နဲ့ တူတယ်။
မောင် ဘာမှ မဖြစ်ပါစေနဲ့ ငါ စိတ်စွဲ လို့ မက်တာ ဖြစ်မှာပါ မောင် ထွက်မသွားပါဘူး ကိုယ့်စိတ်ကို အားပေးရင်း ငိုရင်းနဲ့ ပဲ အိပ်ပျော်သွားပြန်ပါသည်။
မနက် ကျောင်းသွားတော့ စိတ်တထင့်ထင့်နဲ့။
ကျောင်းရောက်တော့ သူငယ်ချင်းက လာပြောပါတယ်။
"သူငယ်ချင်း နင့်ကို အမြဲ လိုက် စကားပြောတဲ့
ကောင်လေးလေ မနေ့ကနေ့ခင်းက ကားအက်စီးဒင့် ဖြစ်လို့ ဆုံးသွားပြီတဲ့ "
ကျွန်မ ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလို ခံစားလိုက်ရပါတယ်။ ခေါင်းက မိုက်ခနဲ့
မူးလဲ မလို ဖြစ်လို့ သူငယ်ချင်း က ထိန်းထား
လိုက်ရပါတယ်။ သူငယ်ချင်းက မေးတယ်
"နင် အဆင်ပြေရဲ့ လား"တဲ့
ကျွန်မ က ခေါင်း နည်းနည်းမူးလို့ ပြန်တော့မယ်
အတန်း မတက်တော့ ဘူး ပြန်တော့မယ်
နင် ငါ့ကို ခွင့်တိုင်ပေးပါ ဆိုပီး ပြန်လာခဲ့ပါတော့တယ်။
အိမ်ရောက်တာနဲ့ အမေ့ ကို
နေမကောင်းလို့ ပြန်လာတာ ဆိုပီး
အိပ်ရာထဲကို သွား ပီး ငိုနေမိလိုက်ပါတယ်။
"မောင် ရယ် ဘယ်လို ဖြစ်ရတာလဲဟင်
မမကို အရမ်းချစ်တယ်ဆို
ခုတော့ မမ အရမ်း ကြေကွဲ ဝမ်းနည်းရတယ်
မောင်ရယ်
မမ လေ မောင့်ကို အရမ်းချစ်တယ် ဆိုတဲ့
စကားလေး ကို မောင့်ကို မပြောလိုက်ရဘူး
မောင် သိရဲ့ လား
မမ မောင့် ကို အရမ်းချစ်တယ်
မမ မောင့် ကို အရမ်းချစ်တယ်
မမမောင့် ကို အရမ်းချစ်ရတယ် မောင်ရယ် "
ကျွန်မ သုံးရက်လောက် အိပ်ယာထဲ က မထ
နိုင်ပါဘူး။ မောင့် မျက်နှာကို တစ်သက်လုံး
ဘယ်တော့မှ မြင်ရမှာ တွေ့ရမှာ မဟုတ်တော့ဘူး ဆိုတာ တွေးမိလိုက်တိုင်း
အမြဲ ငိုနေမိတာပါ။
ပီးတော့ ရပ်ကွက်ထဲမှာလည်း
ပြောနေကြတယ်။ မောင့် ကို စက်ဘီး လေး နဲ့
မကြာခဏ တွေ့ရတယ် တဲ့။
မောင့် ဝိညဉ်လေး ဒီ အနီးနား တစ်ဝိုက်မှာ
ကျင်လည် နေတာပေါ့နော်။
"မမ အရမ်းလွမ်းမိတယ် မောင် ရယ်
မမ အချစ်ဟာ မောင်တစ်ယောက် အပေါ် မှာပဲ
တစ်သက်လုံး ချစ်သွားတော့မှာပါ မောင်ရယ်"
တစ်နေ့ ကျွန်မ နဲ့ မေမေ ညဆယ်နာရီ
လောက် အပြင် က ပြန်လာပီးတော့ မေမေ က
အိမ်ထဲ အရင်ဝင် သွားတဲ့အချိန် ကျွန်မ က အိမ်ဘေး နားက စတိုးဆိုင် က လက်ဖက်ဝင်ဝယ်ပီး ခြံ တံခါး ပိတ်တဲ့အချိန်
အပြင်ဖက် က "ချွတ်ချွတ်" ခေါ်သံကြားလို့
ကြည့်လိုက်မိတော့ ကျွန်မ အံ့သြထိတ်လန့်
သွားပါတယ်
"မောင်" ကျွန်မ ကို ခြံ အပြင်ဖက်ကနေ လှမ်းပြီး
ပြုံးရယ် ပြနေတာ ကို ရှင်းရှင်းလင်းလင်းကြီး
တွေ့လိုက်ရပါတယ်
ပီးတော့ နောက်ကို ပြန်လှည့်သွားပီး
တဖြည်းဖြည်း နဲ့ ပျောက်ကွယ် သွားပါတော့တယ်။
ကျွန်မ အိမ်ပေါ် ကို ပြေးတက်သွားပီးတော့
ငိုကြွေးမိပါတယ်
"မောင် ရယ် မောင့်ကို မမ အရမ်းချစ်ရတယ်
မမ အနား မှာ မောင် အမြဲ ရှိနေမယ် ဆိုတာ
မမ ယုံတယ် သိလား မောင်"
"မမ နဲ့ မောင် က ဘဝခြားသွားပီ ဆိုပေမဲ့
မမ ရဲ့  နှလုံးသား ထဲမှာ မောင်က အမြဲ
ရှိနေမှာပါ မောင်ရယ်"
"မမ မောင့်ကို အရမ်းလွမ်းတယ်
မမ ဘုရား ရှိခိုးတိုင်း ဆုတောင်းမိတယ်
မောင်နဲ့ ဘဝဆက်တိုင်း ခုလို သေကွဲမကွဲ
ရပါစေနဲ့ လို့"
"မောင် ကြားရဲ့ လားဟင် မမ ကို
စောင့် နေပါနေိာ မောင် ရှိတဲ့ ဆီ ကို
မမ တစ်နေ့ ကျရင် အရောက်လာခဲ့ပါ့မယ်
ခုချိန် မှာ တော့ မမ အထီးကျန်ဆန်လွန်း
လှပါတယ် ဒါ ပေမဲ့ မောင် မမ အနား မှာ
ရှိနေတာကို မမ ခံစားမိတယ်
မမ အနားမှာပဲ အမြဲရှိနေပေးပါနော်
မမလေ တွေးရင်း တွေးရင်း မောင့်ကို
အရမ်းလွမ်းတယ် အရမ်းလွမ်းတယ်"
----------------------------------------------
"ဒီအချိန်မှာ ငါ လွမ်းနေတာ မင်းမှ မသိတာ
ရင်ခွင်မှာ ငိုကြွေးနေ မင်းမရှိလို့ပါ
နောက်ဘဝထိ စောင့်လို့နေပါ
အချစ်ဆုံးလေးရာ ငါ လည်းပဲ
တစ်နေ့တော့ မင်းနောက်လိုက်လာခဲ့မှာ-----"။
ဒီအဖြစ်အပျက်လေးကို ပြောပြပေးတဲ့ ညီမ လေးကို ကျေးဇူးတင်ပါတယ်။
ကြိုးစားလျက်
အောင်ဆန်းမင်းဦး
Saturday, July 16, 2016
သရဲဝတ္ထုတို ငါးပုဒ်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment