ဟာသများ
ဆယ်ဖီ
ဟာသများ / 2 months ago
ဆယ်ဖီ တဲ့ သိုးဆောင်းလိုတော့ selfie လို့
ရေးတယ်။အမှန်ကတော့ ကိုယ့်အခွက်ကို
ကိုယ်ပြန်ပြီး ဓာတ်ပုံရိုက်တာပေါ့ဗျာ။
ဘာမှမထူးဆန်းပါဘူး။
တချို့ကတော့ကိုယ်ကိုင်တဲ့
Phoneအမျိုးအစားပါ ကြွားချင်တော့
ကိုယ်လုံးပေါ်မှန်ကြီးတွေရှေ့သွားပြီး
ကိုယ့်အခွက်ကိုယ် ဆယ်ဖီ ကြတာပေါ့လေ..။
ထားတော့..
ကိုယ်အဓိက ပြောချင်တာက
ကိုယ် ဒီရက်ပိုင်း ဆယ်ဖီရူး ရူးနေတယ်
ကိုယ့်အခွက်ကို ကိုယ် ပက်ပက်စက်စက်
ဆယ်ဖီ ချင်နေတာ..။သိတယ်မလား
အဲ့လိုရောဂါမျိုးက အောင့်ထားလေ
ပွင့်ထွက်လေပဲ..။
ကိုယ် လေ့လာတယ် သေချာအချိန်ယူပြီး
လေ့လာတယ်။
သူများတွေ သူများတွေ
selfie ရိုက်ကြတာလေ
မျက်နှာလေးက ဖွေးနုပြီး သန့်နေတာပဲ
ဟော နောက်ခံ ရှုခင်းလေးတွေကလည်း
အရောင်လေးတွေ စိုပြေပြီး တောက်ပနေတာပဲ
ပုံရဲ့ အောက်ခြေလေးတွေမှာလည်း
စာတန်းလေးပါတယ် ဘာတဲ့ B612 တဲ့..။ ။
ကိုယ်က ဆယ်ဖီ ရူး ရူးနေတာဆိုတော့
အဲ့ apk ကို down ပြီးစမ်းကြည့်နေတာ
ပထမဆုံး apk ကို ဖွင့်ကြည့်လိုက်တာ
ဘွားခနဲ ဆို လန့်ပြီး phone ပါ ပြုတ်ကျတယ်။
စဉ်းစားကြည့်လေ မလန့်ခံနိုင်ရိုးလား
ဟင်..ဒရက်ကူလာလို သွေးဆုတ်နေတဲ့
မျက်နှာဖွေးဖွေးကြီးက အထင်းသား။ ။
ဘယ်ညာနှစ်ဖက်မှာ
ပါးချောင်နားချောင်ကျနေတဲ့
မေးရိုးကားကားကြီးတွေက ငေါထွက်နေတယ်။
မျက်လုံးကြီး ၂ လုံးက
လက်သီးနဲ့ အထိုးခံထားရသလို
အကွင်းလိုက် အကွင်းလိုက် ညိုမဲနေရတဲ့အထဲ
မလေးရှား စုန်းကားတွေထဲက
မှော်ဆရာတွေ ပညာပြိုင်တဲ့ဇတ်ဝင်ခန်းထဲကလို
lighting တွေက ညိုရီရီ အုံ့မှိုင်းမှိုင်း
နီကြောင်ကြောင်နဲ့...။ ။
သူများတော့ ဘယ်လိုနေမယ် မသိဘူး
ကိုယ်ကတော့ ကိုယ့်ရုပ်ကြီး ကိုယ်ကြည့်ပြီး
ကြက်သီးတွေပါ တဖြန်းဖြန်းထလာတယ်။ ။
အဲ့ဒါနဲ့ ဟုတ်သေးပါဘူး ဆိုပြီး
နောက်ထပ် effect တစ်ခု ထပ်ပြောင်းတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး စိန်းဖန့်ဖန့်ကြီးနဲ့
ကိုယ့်မျက်နှာမဲမဲကြီးမှာ မျက်လုံး၂လုံးသာ
ချာလည်ချာလည် နဲ့လည်နေတယ်။ ။
ဒေါသတော်တော်ထွက်လာတယ်
ကြည့်လေ သူများသားသမီးတွေဆို
လှတပတလေး နဲ့ ကိုယ့်အလှည့်မှ
တောက်......!
ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး.
နှလုံးရောဂါပါ ပြန်ထလာတယ်။ ။
ခေါင်းလေးနဲနဲစောင်းပြီး ထပ်ကြိုးစားကြည့်တယ်
တရုပ်သရဲကြီး လည်လိမ်နေသလိုပဲ
သွားလေးဖြဲပြီး ရီကြည့်တယ်
သေခါနီးစုန်းမကြီး အစွယ်ထုတ်ပြနေသလိုပဲ
တော်ပြီ...ဆက်မလုပ်ရဲတော့ဘူး
ကိုယ့်အခွက်ကြီး အဲ့လောက်ကျက်သရေ
မရှိမှန်း အစက မသိဘူး..ရယ်။
B612 နဲ့ ရိုက်ကြည့်ရင်းမှ
ဖြစ်/ပျက်သဘောကို မြင်လာတယ်
မမြဲခြင်းတရားကို သံဝေဂ ရလာတယ်။
ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး
အပါယ်လေးဘုံသားတွေကို မြင်နေသလိုပဲ။ ။
အဲ့ဒါနဲ့ ကိုယ့်အခွက်ကြီးကိုယ်ကြည့်လိုက်
သံဗုဒ္ဓေ ရွတ်လိုက်နဲ့ နောက်ဆုံး
ကျက်သီးတွေ တဖြန်းဖြန်းထပြီး
အသားတွေပါ ဇတ်ဇတ် တုန်လာလို့
phone ပါ power ပိတ်ပြီး အိပ်လိုက်တာ။
ခုနမှ နိုးတယ်။
အဲ့အကြောင်းကို ရှက်လွန်းလို့ ဘယ်သူ့ကိုမှ
မပြောဘူး...ဟူး...တော်သေးတာပေါ့
လင်းညီညာ
Visit website
ဟာသများ
စနိုက်ကျော်အဂိုဏ်းအကြောင်း တစေ့တစောင်း
ဟာသများ / 2 months ago
စနိုက်ကျော်အဂိုဏ်းအကြောင်း တစေ့တစောင်း
စနိုက်ဟူသော အမည်ဖြင့် ဂိုဏ်းတခု ဖေ့ဘုတ်သိုင်းလောကတွင် တဟုန်ထိုး ကျော်ကြားလာခဲ့သည်။ ဂိုဏ်းချူပ်မှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရပဲ အဆိုပါဂိုဏ်းသည် နေ့ချင်းညချင်း အောင်မြင်ကြီးမားလာခဲ့သည်။
အမျိုးသမီး သိုင်းပညာရှင် အများစုပါဝင် သောစနိုက်ဂိုဏ်းကြီးသည် မြန်မာနိုင်ငံတွင် ခြေရှုပ်ကြီးစိုး လာခဲ့ရာ မြန်မာအမျိုးသမီး သိုင်းပညာရှင်များ တုန်လှုပ်လာကြသည်။ စနိုက်တို့၏ လျှို့ဝှက်သိုင်းများသည် ဆန်းပြားလှပြီး ခုခံနိုင်ရန် ခက်ခဲလှသည်။ မျက်ဝန်းဖြင့် တိုက်ခိုက်သော ကြာစနိုက် စကားလုံးများဖြင့် တိုက်ခိုက်သော လေစနိုက်
အထိအတွေ့ဖြင့် တိုက်ခိုက်သော နှာစနိုက်
ညီမယောင်ယောင် BFFယောင်ယောင် ဝင်လုံးတိုက်ခိုက်သော ယောင်စနိုက် အသဲကွဲနေသယောင်ယောင်ဖြင့် ငိုချင်းများဖြင့် တိုက်ခိုက်သော ငိုချင်းစနိုက် အစရှိသော စနိုက်သိုင်းတို့မှာ ခုခံရန်ခက်ခဲလှပေသည်။
အထူသဖြင့် စုံတွဲသိုင်းပညာရှင်များ အထိနာကြသည်။ စနိုက်ဂိုဏ်းသား တို့၏လက်ချက်ဖြင့် မျက်ရည်လဲရွဲ နှပ်လဲတွဲဖြင့် အလူးလူး အလိမ့်လိမ့် ခံစားကြရသည်။ စနိုက်တို့၏ အရှိန်အဝါသည် ကြီးမာလာခဲ့ရာ သက်တမ်းရင့် သိုင်းပညာရှင်ကြီးများ ဖြစ်သော အိမ်ထောင်ရှင် အမျိုးသမီး သိုင်းပညာရှင်များပင် ထိတ်လန့်တုန်လှုပ် လာခဲ့ကြသည်။ စနိုက်ဂိုဏ်းသား တို့သည်အမျိုးသမီး အများစုဖြစ်ကြသဖြင့် မာယာသိုင်းနှင့် ပလီပလာသိုင်း တို့အားမွေးရာပါ တက်မြောက်ကြရာ စနိုက်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်များဖြင့် ပေါင်းစပ်လိုက်ရာ ပြိုင်ဘက်ကင်း စနိုက်သိုင်းပညာရှင်များ ဖြစ်လာကြသည်။
စနိုက်တို့ဒဏ်ကို အသွင်ပြောင်း သိုင်းပညာရှင်များ ဖြစ်ကြသော မာမီသိုင်းသမား တို့လဲအလူးအလဲ ခံကြရသည်။ သူတို့သည် ပြန်လည်ခုခံတိုက်ခိုက်ရန် လက်နက်အင်အားနှင့် အတွင်းအားပညာ တွင်အားနည်းလှသည်။
မာမီသိုင်းသမား တို့သည် သူတို့တက်မြောက်ရာ စပွန်ဆာသိုင်း
နှင့်အစွမ်းကုန် ခုခံတိုက်ခိုက်သော်လည်း စနိုက်တို့၏ အထိအတွေ့အားပြု တိုက်ခိုက်သော နှာစနိုက်သိုင်း ကိုတုန့်ပြန်နိုင်စွမ်း မရှိပေ။ စနိုက်တို့၏ မဟာမိတ်ဂိုဏ်းမှာ သက်တမ်းရင့် ဂိုဏ်းတခုဖြစ်သော ကြာကူလီဂိုဏ်း ဖြစ်သည်။
စနိုက်သိုင်းပညာရှင်တို့ လက်ချက်ဖြင့် အတွင်းဒဏ် အပြင်ဒဏ်များ ဖြင့်ကျန်ရစ်ခဲ့သော တကိုယ်တော် အမျိုးသမီးသိုင်းသမား မအူမလည်လေးများကို ပစ်မှတ်ထား တိုက်ခိုက်ကြသည်။ ကြာကူလီ သိုင်းသမားတို့ ၏နှစ်သိမ့်ပေး သယောင်ယောင်နှင့် အချောင်ဝင်နှိုက်သော ဖျာခင်းသိုင်းကွက် သည်နာမည်ကြီးလာသည်။
စနိုက်ဂိုဏ်းတို့ ဝင်ရောက်မတိုက်ခိုက် နိုင်သော ပညာရှင်အနည်းစုသာ ရှိသည်။ ၎င်းတို့မှာ သိုင်းလောကတွင် သီသန့်ရပ်တည်နေသော ဂေးသိုင်းသမား များသာဖြစ်သည်။ စနိုက်တို့သာမက ကျန်သိုင်းပညာရှင်များ ပင်လိုက်မမှီနိုင်သော အကွက်ဆန်းများဖြင့် ဂေးသိုင်းပညာရှင်တို့သည် ပြိုင်ဖက်ကင်း မဟာသိုင်းပညာရှင် များပင်ဖြစ်သည်။
စနိုက်တို့လက်ချက်မှ လွတ်မြောက်ခွင့်ရသူများ တွင်တကိုယ်တော် အထီကျန်းသိုင်းသမား များဖြစ်ပြီး ဖေ့ဘုတ်သိုင်းလောက ၏မထင်မရှား single သိုင်းသမားများဖြစ်ကြပေတော့သည်။
Crd 2 Org
Visit website
ဟာသများ
စကားမပြောချင်သူ
ဟာသများ / 3 months ago
ကိုယ်က လူတွေနဲ့ စကားအများကြီးပြောရတာ
မကြိုက်ဘူး။ဘာလို့လဲ ဆိုတော့စိတ်မရှည်လို့။
အဲ့ဒါကြောင့် အလုပ်လုပ်မယ်လို့စဉ်းစားတော့
ခေတ်နဲ့လည်း ညီအောင် စကားလည်းမပြောရတဲ့
Moblie Phone တွေကို Service လုပ်မယ်လို့
စဉ်းစားမိတယ်။
ဟုတ်တယ်လေ.....။
Phone Service လုပ်တာ လူတွေနဲ့သိပ်ပြီးတော့
ပတ်သတ်စရာမလိုဘူးပေါ့။
"ညီလေးရေ ဒီphone speaker မကောင်းဘူး လဲပေး"
"ဟုတ်ကဲ့ ၃၀၀၀ ကျမယ် ရော့..အင့်"
ကဲ..ဘယ်လောက်ကောင်းလဲ
စကားလည်း အများကြီးပြောစရာမလိုဘူး
လူမျက်နှာလည်း ကြည့်စရာမလိုဘူး
Phone မျက်နှာကို ကြည့်ရုံပဲ...ဟုတ်တယ်မလား။
ဒါပေမယ့်...ဒါပေမယ့်ဗျာ.....တောက်...!
တချို့ကိစ္စတွေက ထင်သလို ဖြစ်မလာဘူး။
အခုလည်းကြည့်လေ ကောင်လေးတစ်ကောင်
ဆိုင်ကိုရောက်လာတယ် Facebook ဖွင့်ပေးတဲ့။
"အေး..၂၀၀၀ ကျမယ် ညီလေး"
"ရတယ် ပေးမယ် ဒါပေမယ့် Phone No နဲ့
မဖွင့်နဲ့နော် Email နဲ့ဖွင့်ပေး" တဲ့
ပြောပုံကိုက ပါးရိုက်ချင်စရာ။ကိုင်တဲ့phoneက
G 610 ။လုပ်တဲ့အလုပ်က ပန်းရံနောက်လိုက်။
အဲ့ဒါကိုများ Email လေးဘာလေးနဲ့။Emailကို
သူက ဘယ်နေရာမှာ သွားသုံးမှာလည်းမသိဘူး။
ထားပါတော့လေ....ကိုယ်က ပိုက်ဆံလိုချင်တာဆိုတော့ သည်းခံ...သည်းခံ....။
"အေး..အေး..Gmail နဲ့ဖွင့်ပေးလိုက်မယ်နော်"
"အာ..အကိုကလည်း Email ကဘာဖြစ်လို့လဲ"
"ဟင်...."
ဒီနှမဇောင်းလေးတော့ ပါးချည်းဖြတ်ရိုက်လိုက်လို့
သွားချီး ယိုးဒယားက က သွားဦးမယ်။
Gmail ဆိုတာ Emaiပဲ ဘာညာ ပြောနေရင်လည်း
စောက်စကားအများကြီး ပြောနေရဦးမယ်....
"အဟင်း..ဒီလိုကွ ညေး စဉ်းစားကြည့်လေ
A B C D E F G မို့လား Email က အရင်ပေါ်တာ
Gmail က နောက်မှ ပေါ်တာ ပိုအဆင့်မြင်တယ်
အဲ့ဒါကြောင့် Gmail နဲ့ ဖွင့်ပေးမှာ ဟဲ ဟဲ"
"ဩော် အဲ့လိုလား ဒါဆို Zmail နဲ့ ဖွင့်ပေးပါလား"
"ဟမ်..အဲ...ဟိုဒင်း Zmail က မထွက်သေးဘူးကွ
နောက်နှစ်လောက်မှ ထွက်မယ်ထင်တယ်
အခုတော့ Gmail နဲ့ပဲ ဖွင့်သွားလိုက်ပါကွာ နော်"
"အင်း ရပါတယ်လေ ဒါနဲ့ အကောင့်ဖွင့်ပြီးရင်
စော်အလန်းလေးတွေ ၁၀ ဗွေလောက်ထည့်ပေး
လိုက်နော်..."
"ဘာ....."
တောက်...စဉ်းစားကြည့်လေးဗျာ ပြောပုံကိုက
မသိရင် ကိုယ်က ရပ်ကွက်ထဲမှာ
ခေါင်း လုပ်စားနေတဲ့ အကောင်ကျနေတာပဲ
မအေဘေးလေး မြန်မြန်ပြန်မှ နို့မို့ဆို လူသတ်မှူ
တွေဖြစ်ကုန်တော့မယ်..တောက်...!
''ဩော်..အေး..အေး ထည့်ပေးလိုက်မယ်
စိတ်ကြိုက်သာ တော်ကီပစ်တော့ သက်လား"
"ဟင်း..ဟင်း..ကျွန်တော့တော်ကီနဲ့ဆို စော်တွေ
ကြွေသွားမှာဗျ ဟင်း ဟင်း.."
ဒီသူတောင်းစားလေးကို ခေါင်းရိုက်ခွဲပြီး
အချုပ်ထဲမှာ သွားနေရင်ကောင်းမယ်လို့ တောင်
တွေးမိတယ်..စဉ်းစားကြည့်ဗျာ..လူကြည့်တော့
စကားကမပီနဲ့ လက်မှာလည်း ဘိလပ်မြေမှုန့်က
မပြောင်သေးဘူး..စောက်အကြီးကြီးတွေ
လာပြောနေတယ်။အဲ့ဒါနဲ့.....အရင်ဆုံး
BUMi Gp ထဲ ထည့်တယ်။မြန်မာနိုင်ငံရေး
Gp ထဲ ထည့်တယ်။ 2015 ဒီမိုပုရစ် Gp ထဲထည့်တယ်။
ပြီးတော့ ဖင်နာရှာတက်တဲ့ အကောင် ၁၀ ကောင်
လောက်ကို Add ပြီး ပြန်လွှတ်ပေးလိုက်တယ်။
အေဘေးလေး အဲ့မှာ အကုသိုလ်တွေ
စိတ်ကြိုက်သာ ယူပါစေတော့....ဟူး...မောတယ်
**********
"ကွီး...သီချင်းထည့်လို့ရလား"
ဒါကနောက်တစ်ယောက် ကောင်မလေးဗျ
ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။မိန်းကလေးတွေက
အာရုံသိပ်မစားဘူး။ပြောလို့ဆိုလို့ရသေးတယ်။
"အာ..ရတာပေါ့..ညလေးရ ပြော
ဘာသီချင်းထည့်ပေးရမလဲ"
"ဟိုဟာလေ သီချင်းနာမည်တော့ မသိဘူး"
"အင်း..."
"သီချင်းထဲမှာ "မျက်စိလုံးလေး မျက်စိလုံးလေး"
ဆိုတဲ့စာသားပါတဲ့ သီချင်းလေ အဲ့ဒါထည့်ပေး"
ဘုရား ဘုရား .....
ခေါင်းတွေပါ ချာခနဲလည်သွားတယ်။
ကိုယ်ကြားဖူးတဲ့ အင်္ဂလိပ်သီချင်း ဗမာသီချင်း
ကုလားသီချင်း ကိုရီးယားသီချင်း ဂျပန်သီချင်း
တွေအားလုံးကို အပြေးအလွှားစဉ်းစားကြည့်တယ်
သူပြောတဲ့ "မျက်စိလုံးလေး" ဆိုတဲ့ သီချင်းကို
ဘယ်လိုမှ စဉ်းစားမရဘူး။
"ဟိုဒင်း...အဲ့သီချင်းတော့ အကိုလည်း မကြားဖူးဘူး
ဟွာလေ အဆိုတော်က ဘယ်သူလဲ"
"အင်း အဆိုတော် နာမည်က အကုန်း "
"ဘာ.....!အဆိုတော်နာမည်က အကုန်း ဟုတ်လား"
"အင်းလေ အကုန်း တဲ့ ကွီးကလည်း ဒါတောင်
မသိဘူးလား"
ကိုယ်ဆို ငိုပါငိုချင်လာတယ်။
အဆိုတော်နာမည်က အကုန်း
သီချင်းနာမည်က မျက်စိလုံးလေး တဲ့
တစ်ခါ......မှ မကြားဖူးဘူး..။အဆိုတော်က
မိန်းကလေး ဆိုရင်တော့ နာမည်နဲ့တင်
တော်တော်အောင်မြင်မှာ...ခက်တာက
ကိုယ်က မသိဘူး ဖြစ်နေတယ်။
"ဟိုဟာလေ အဆိုတော်က မိန်းကလေးလား
ယောက်ျားလေးလား ပြီးတော့ မြန်မာအဆိုတော်
လား နိုင်ငံခြားကလား"
"အာ ကွီးကလည်း ခစ် ခစ် အင်္ဂလိပ်အဆိုတော်
လေ ယောက်ျားလေး အဆိုတော် ကပ္ပလီကတုံး"
"ဟား......"
မျက်စိထဲ လင်းခနဲ ဖြစ်သွားတယ်။သူပြောတာ
AKON သီချင်းနာမည်က LONELY
သီချင်းထဲမှာက Mr.lonely.....Mr Lonely
ဆိုပြီး ဆိုတာကို သူ့နားထဲမှာ
မျက်စိလုံးလေး မျက်စိလုံးလေး ဆိုပြီးကြားနေတာ
ဩော်...Akon ကို များ အကုန်း တဲ့။ဟိုကောင်သာ
ကြားရင် နီးစပ်ရာ သင်္ချိုင်းမှာ မှီရာရောဂါနဲ့
ပြေးသေပစ်မှာ။
"သိပြီ သိပြီ တစ်ခွေလုံးထည့်ပေးလိုက်မယ်နော်
၃၀၀ ပဲပေး...ဟူး...."
***********
"ညေး...ဟဲ ဟဲ"
ဒါက နောက်တစ်ယောက်
အသက်လေးဆယ်လောက်ရှိပြီ
ဗလာချီကြီး လာရီပြနေတယ်။
မျက်နှာကြီးက အဆီတွေပြန်လို့....။ ။
"ဟုတ်ကဲ့ အကို ဘာလုပ်ပေးရမလဲ"
"ဟီး..ဟီး...ကိုရီးကို ဟိုဟာ ဘာညာ ကားလေး
၅၀၀ ဖိုးလောက်ထည့်ပေးပါ"
ကြည့်....ထင်တဲ့အတိုင်းပဲ
ဆိုင်ရှေ့မှာ ညစ်ညမ်းခွေမကူးပါ ဆိုပြီး A4 size နဲ့
ပလပ်စတစ်လောင်းပြီးကပ်ထားတာကို
တမင်တကာ အချက်ပေးထားတယ် ထင်နေလား
မသိဘူး....။
"ဟုတ်ကဲ့ အကို ကျွန်တော့ဆိုင်မှာ အဲ့လို
ဇတ်လမ်းတွေ မကူးပေးဘူး အကို..."
ခုနက မြင်းဟီသလို တဟီဟီ လုပ်နေတဲ့
မျက်နှာကြီးက ချက်ခြင်းတည်ပြီး ပြာတက်သွားတယ်။
"မင်းကလဲ ယောက်ျားလေး မဟုတ်တာ ကျနေတာပဲ"
ဟာ..ဒီဘဲကြီးကတော့ ခံချင်လို့ဉာဏ်ဆင်နေတယ်
ကိုယ့်ကိုများ ယောက်ျားမဟုတ်ဘူးလား တဲ့
ဝုန်းခနဲ ထရပ်ပြလိုက်လို့ အိမ်သာတက်တိုင်း
သတိရနေဦးမယ် တောက်....!
"ဟုတ်ကဲ့ sorry ပါအကိုရယ် တခြားဆိုင်မှာ
သွားသွင်းလိုက်ပါ"
**********
"မောင်လေးရေ mec ၅၀၀၀ တန်တစ်ကတ်လောက်"
"အမရေ mec ကတ်က ဝယ်မရသေးလို့"
"ဟယ် နင်တို့ဆိုင်တွေကလည်း ဝယ်မရဘူး
ဆိုတာကြီးပဲ ငါတို့က ဘာနဲ့ငွေဖြည့်ရမလဲ"
"မသိဘူးဗျာ ကျုပ် company ကထုတ်ထားတာမှ
မဟုတ်တာ ဝယ်ချင်တဲ့နေရာသွားဝယ်"
***********
"သားရေ ကြာနီကန် ဆရာတော်ရဲ့
သူခိုးစုံတွဲ သေဆုံးပွဲ ဆိုတဲ့ တရားခွေလေး
သွင်းပေးပါ"
"ကြာနီကန်ဆရာတော် တရားတွေအကုန်
ထည့်ပေးလိုက်မယ် ခုနပြောတဲ့ တရားတော့
ပါမပါ မသိဘူး"
"ဟယ်..အဲ့တရားပဲ နာချင်တာ ဒါလေးတောင်
မသိဘူးလား တရားလေးဘာလေး နာဦး"
"မသိဘူးဗျာ တရားနာဖို့မပြောနဲ့ ဘုရားရှိခိုးချိန်တောင်
မရှိဘူး..."
**********
"အကိုကြီး coc မှာ gem တွေ ခိုးချင်လို့
ဘယ်လို ခိုးရလဲ"
"တောက်...နောက်ဖေးပေါက်က ဝင်ခိုး..ဘောပဲ"
**********
"ကျွန်တော့စော်ရဲ့ viber mgs တွေကြည့်ချင်လို့
ဘယ်လိုကြည့်ရမလဲ"
"အေး..သူနဲ့တွေ့မှ တောင်းကြည့်...ကွာ"
**********
"ကျွန်တော့phoneက Game ဆော့ရင် ပူလာလို့"
"ရေခဲများများနဲ့သာ စိမ်ထားလိုက်စမ်းပါကွာ "
*************
ဟုတ်ကဲ့ အခုတော့ ကျွန်တော့ဆိုင်ပြုတ်သွားပါပြီ
ပိုက်ဆံတွေသာ ရှုံးရုံတင်မက တစ်ရပ်ကွက်လုံးကလူတွေဆို
ကျွန်တော့ကို မြင်ရင် ပါးရိုက်မယ် ဆိုတာကြီးပဲ။
Credit & လင်းညီညာ
Visit website
ဟာသများ
ဟာသများ / 3 months ago
အင်း
မောင် အိပ်ပျော်သွားပြီ
ချစ့်ကိုစိတ်မဆိုးနဲ့နော်
မောင်သောက်တဲ့ သံပုရာရည်ထဲချစ်အိပ်ဆေးနှစ်ပြားထည့်ထားတာ....
မပူပါနဲ့မောင်ရဲ့
မောင့် ကိုချစ်ကမဟုတ်တာမကြံပါဘူး
ခုတော့ မောင့်ကိုခဏကြိုးတုတ်ထားချင်တယ်.....ပြီးရင် ပြန်ဖြည်မယ်လေ...နော်
မောင် ကလေ အိပ်ပျော်နေရင်လည်း သိပ်ချစ်ဖို့ကောင်းတယ်.....
ဒါနဲ့
ဟော့ဒီ့မှာတွေ့လား....
အော် sorry sorry....
မောင် အိပ်ပျော်နေတာချစ်မေ့သွားလို့.....
ဒါ ရေခဲမုန့်ခြစ်တဲ့ ညှပ်လေ.....
မောင်ကကောင်မလေးချောချောလေးဒေကို လိုက်ကြည့်တတ်လွန်းလို သူတို့အကြောင်းချစ်ရှေ့မာပြောတဲ့အခါချစ်နားလည်ပေးရင်းသာခေါင်းညိမ့်နားထောင်နေပေမယ့်။ နောက်ကွယ်မှာ မချိအောင်ခံစားရတဲ့နာကျင်မှုကိုမောင်သိလား.....
ဒီလိုမျိုး ထပ်မဖြစ်ရလေအောင် ဟော့ဒီ့မျက်လုံးကို ချစ်သိမ်းထားပေးမယ်......
ချစ် မနေ့ညကတည်းက ညှပ်ရဲ့ထိပ်နားလေးတွေ သွေးထားတယ်......
တုံးနေရင် မောင်နာသွားမှာစိုးလို့.......
မောင် နဲနဲလေးသည်းခံနော်.....
.......
.......
.......
ဟော မော့င့်မျက်လုံးလေးတွေက လှချက်ပဲကွာ....ဟူးးး
ချစ်ရင်မောမိတာအာ့တွေကြောင့်ပါတယ်....ခုတော့ မပူရတော့ပါဘူး
ချစ်လက်ထဲမှာ မောင့်မျက်လုံးလေ.....
ခဏ............
...........
.........
ပြီးရင်.......
အော်.....သိပြီ
ဒီမှာ......ပင်အပ်
မောင်ကလေ ပြသနာဖြစ်တိုင်း မောင်နဲ့လမ်းခွဲဖို့ပြောတယ်.....
မောငိကတော့ ပြောလိုက်တာဘာမှမဟုတ်ပေမယ့်
ချစ်မှာ အရမ်းခံစားရတယ်မောင်ရဲ့.....
မောင်စိတ်တိုတိုင်း အရွဲ့တိုက်တဲ့စကားလုံးတွေက မောင်နဲ့ဝေးသွားစေဖို့အကြောင်းအရင်းလို့ချစ်ခံစားရတယ်
မောင်..
ဒီအပ်ကလေ ပိုးသတ်ထားတယ် သိလား......
မောင်ဘာမှမဖြစ်ဘူး မကြောက်နဲ့နော်.......
မောင့်ရဲ့ပါးစပ်ကို စိပေးရုံလေးပဲ........
..............
..............
..............
ပြီးပြီ မေးခိုင်ပိုးမဝင်စေရဘူး စိတ်ချနော်.....
ဟူးးး မော့င့်မျက်နှာလေး နည်းနည်းတော့ပုံပျက်သွားပြီ....
ဘာပဲဖြစ်ဖြစ်ပါချစ်က မော့င့်ကို့ချစ်တာ ရုပ်ရည်မှမဟုတ်တာ
မောင်က မောင်မို့လို့ချစ်တာ.....မပူနဲ့ချစ်ကအမြဲတမ်းမောင့်ကိုချစ်နေမှာ....
တစ်ခါတစ်လေ ပြေးထွက်ဖို့ကြိုးစားတတ်တဲ့မော့င့်ရဲ့နှလုံးသားကို
ချစ်ဒီနေ့ ချုပ်နှောင်ပါရစေ......ချစ့်ကိုစိတ်မဆိုးပါနဲ့နော်.....ချစ့်ရဲ့ဘဝမှာ ပိုင်ဆိုင်တာဆိုလို့မောင်ပဲရှိတာ....မောင့်ကိုအဆုံးရှုံးမခံနိုင်ဘူး....
မော့င်ကိုဆုံးရှုံးရမှာချစ်ကြောက်တယ်
နည်းနည်းနာမယ်နော်.....ဓားက သေးသေးလေးပါမောင်ရဲ့ သိပ်လဲမကြောက်သွားနဲ့........
.......
.......
.......
.......
ကြည့်စမ်း မောင့်ရဲ့နှလုံးသားကိုချစ်ပိုင်ဆိုင်ရပြီ....
ဒီကမ္ဘာပေါ်မှာ ဘယ်မိန်းကလေးမှ မော့ငိဆီချဉ်းကပ်ခွင့်
မရှိတော့ဘူး......
ဟား.....ဟားး...ဟား......
.............................
မောင်အိပ်ပျော်နေတာပဲ.....ငါမရယ်သင့်ဘူး....
Sorry နော်မောင်အေးအေးဆေးဆေးအိပ်....
ချစ် မော့င့်အနားမှာထိုင်စောင့်ပေးနေမယ်....
ဟာ.....
ချစ် စောင့်ရင်း အိပ်ပျော်သွားနေတုန်း မောင် အဝေးကိုထွက်သွားရင်ထွက်သွားမှာ.....
အဲ့လိုတော့အဖြစ်မခံနိုင်ဘူး
မော့င့်ခြေထောက်တွေ.....ချစ်ခဏ သိမ်းထားမယ်....
နေပါဦး....လွှဘယ်မာထားမိပါလိပ့်
.............
ညှယ်အိပ့်မက်မက်ဝါးတာ...😁😁
အလကားသက်သက်စတာသိပ့်ကြောက်သွားနက်😝
Credit Si Thu Hein
Visit website
Wednesday, July 6, 2016
ဟာသအပိုင်း ၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment