### နှစ်ရှည် သရဲ ###
သရဲဆိုတာ တစ်ကယ်ရှိပါတယ်..။ ကျွန်တော် လေ့လာ မှတ်သားဖူးသမျှ ပြောရရင် ဒီဘ၀ ဒီခန္ဓာမရှိတော့ဘူး ဆိုတာနဲ့ နောက်ဘ၀တစ်ခုမှာ နောက်ခန္ဓာတစ်ခုအဖြစ် ချက်ချင်း ပေါ်ပေါက်လာ ပါတယ်..။ အဲ့ဒီမှာ ကိုယ်ပြုထားတဲ့ ကံအရ ကောင်းတဲ့ဘုံဘ၀ရောက်သွားသူတွေရှိသလို အ၀ီစိ၊ ငရဲ မှာ ခန္ဓာ သွားဖြစ်ရသူတွေလည်း ရှိပါတယ်..။ ငရဲမကျလောက်အောင် ၀ဠ်ကံမကြီးသူတွေအဖို့တော့ လူတွေထက် တစ်ဆင့်နိမ့်တဲ့ ပြိတ္တာလို့ဆိုရမယ့် သရဲ၊ နာနာဘာဝ ဖြစ်သွားရပါတယ်..။ အချိန်တန်လို့ ကျွတ်ချိန်တန်ရင် အဲ့ဒီဘ၀က ကျွတ်မှာ ဖြစ်ပြီး ကျွတ်ချိန်မတန်သေးရင်တော့ ကျန်ခဲ့တဲ့ မိသားစုက ဘယ်လောက်ပဲ ကောင်းမှုကုသိုလ်လုပ်လုပ် သာဓုမခေါ်နိုင်ပဲ ကျွတ်လွတ်အုံးမှာ မဟုတ်ပါဘူး..။
ကျွန်တော်အခုပြောမယ့် အကြောင်းကတော့ ကျွတ်ချိန်မတန်သေးတဲ့ သရဲတစ်ကောင်နဲ့ တွေ့ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်..။ တစ်နေ့ နယ်က အမျိုးတွေ အိမ်ကိုလာလည်ကြတယ်..။ အဲ့ဒီမှာ ၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ပါလာတယ်..။ ကျွန်တော်နဲ့ဆို တူ တစ်ဝမ်းကွဲလောက် တော်မှာပေါ့..။ နေ့လည်ပိုင်း မြို့ထဲမှာ လည်စရာ ပတ်စရာတွေ ရှိတဲ့ လိုက်ပို့ပေးလိုက်ပြီး ည ၈း၀၀ လောက်မှာ အိမ်မှာ ညစာစားပြီး အိမ်ရှေ့ ဘုရားစင်ရှေ့မှာ သူတို့အိပ်ဖို့အတွက် အိပ်ယာပြင်ပေးလိုက်တယ်..။
ဒီလိုနဲ့ စကားစမြည် ပြောဆိုရင်း ည၁၂း၀၀ ကျော်သွားတယ်..။ ကလေးကတော့ အိပ်နေပြီ..။ ကျွန်တော်တို့တွေသာ စကားပြောကောင်းကောင်းနဲ့ ပြောနေကြတာ..။ ခဏကြာတော့ ကလေးက ရုတ်တရက် လန့်နိုးလာတယ်..။ ပြီးတော့ အော်ငိုပါလေ ရော..။ ပြီးတော့ ကျွန်တော့်အခန်းထဲကို လက်ညှိုးထိုးပြီး ကြောက်တယ်..၊ ကြောက်တယ်..၊ ဆိုပြီး အော်ငိုပါလေရော..။ ဘယ်လိုမှလည်း ချော့လို့မရဘူး..။
အဲ့ဒါ အမျိုးတွေက အိမ်မှာ ဘာတွေ ဖြစ်ဖူးလည်း၊ ဘာညာမေးတာပေါ့..။ ကျွန်တော်တို့ ဒီအိမ်ကို ပြောင်းလာတာ ၁၀ နှစ်ကျော်ပြီ ဘာအရိပ်အယောင်မှ မတွေ့ဖူးကြောင်း၊ အရင်မိသားစုဆီကလည်း ဘာအသံမှ မကြားခဲ့ရကြောင်း ပြန်ပြောပြတော့ပေါ့..။ ကလေးကတော့ အရမ်းကြောက်နေတဲ့ ပုံပဲ..။ တုန်တောင် တုန်နေတယ်..။ ကျွန်တော်လည်း ကလေး အကြောက်ပြေအောင်…
"သားသား..၊ ဒီမှာကြည့်..၊ ဦးဦးအခန်းထဲ ဘာမှ မရှိဘူး..၊ ဦးဦးဝင်ပြမယ်.."
ဆိုပြီး အခန်းထဲဝင်ပြလိုက်တယ်..။ အခန်းက မီးပိတ်ထားတော့ မှောင်မဲနေတယ်..။ ကျွန်တော် ၀င်ဝင်လိုက်ချင်းပဲ ကြက်သီးတွေ အပြင်လိုက်ထလာပြီး ကျောတစ်ခုလုံးအေးစိမ့်သွားတယ်..။ ကျွန်တော့် အခန်းထဲကို ကျွန်တော် ၀င်နေကျ..။ ဒါမျိုး တစ်ခါမှမဖြစ်ဖူးဘူး..။ ကျွန်တော်လည်း မီးခလုပ်ကို စမ်းပြီး မီးဖွင့်လိုက်တယ်..။
"အောင်မလေးဗျ…"
ကျွန်တော့်စာကြည့်စားပွဲမှာ ကျွန်တော့်ကို မျက်လုံးပြူးပြီး စိုက်ကြည့်နေတဲ့ ကျွန်တော့်အရွယ် ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရတယ်..။ တွေ့ရတယ်ဆိုတာ လုံးဝ အရှင်းကြီး မဟုတ်ပေမယ့် ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ သူ့ခန္ဓာကိုယ်ကို အခိုးအငွေ့လိုမျိုး ဖောက်ထွင်းမြင် နေရပါတယ်..။ သူ ၀တ်ထားတဲ့ အ၀တ်အစားက ရှမ်းတိုင်းရင်းသား အ၀တ်အစား ။ သူ့မျက်နှာမှာ သွေးမရှိ ဖြူဖတ်ဖြူရော် ဖြစ်နေပေမယ့် ပြုံးနေတယ်ဆိုတာ သူ့နှုတ်ခမ်းတွေက သိသာ တယ်..။
ကျွန်တော် ယောင်ပြီး မီးခလုပ်ကို ချက်ချင်းပြန်ပိတ်လိုက်မိတယ်.။ မှောင်သွားတော့ ချက်ချင်း ကြောက်စိတ်ဝင်လာပြီး မီးခလုပ်ကို ချက်ချင်း ပြန်ဖွင့်လိုက်တယ်..။ ထိုင်ခုံပေါ်မှာ ဘယ်သူမှ မရှိတော့ဘူး..။ ကျွန်တော်လည်း စိတ်ထင်တာဖြစ်မှာပါဆိုပြီး အခန်းထဲက ပြန်ထွက်ဖို့ လှည့်ထွက် လိုက်တယ်..။ အဲ့ဒီမှာ.. ကျွန်တော့်နောက်မှာ ကပ်ပြီးရပ်နေတဲ့ အခိုးအငွေ့ ပုံသဏ္ဍာန်သူ့ကို ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးနဲ့ တိုက်မိသလို ဖြစ်သွားတယ်..။ သူက ကျွန်တော့်နောက်ရောက် နေတာကိုး..။ ကျွန်တော် ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး ကျွန်တော် မူးမေ့လဲကျသွားခဲ့တယ်..။
ကျွန်တော် သတိရလာတော့ အိမ်မှာ ဘုန်းကြီး နှစ်ပါးရောက်နေပြီး ကျွန်တော့်ကို မိုးပြီးကြည့်နေတယ်..။ ပြီးတော့ ဘယ်လိုနေလဲလို့ မေးတယ်..။ ကျွန်တော် ဘာဖြစ်သွားခဲ့တာလဲလို့ မေးတော့… မနေ့ညက ကျွန်တော် အခန်းထဲဝင်ပြီး လဲကျသွားခဲ့တယ်တဲ့..။ ပြီးတော့ ချက်ချင်းပဲ ကျွန်တော် ပြန်ထ လာပြီး ကလေးဆီကို ပြေးလာတယ်တဲ့..။ ပြီးတော့ ကလေးကိုချီပြီး တော်တော် ပျော်နေတယ်တဲ့..။ ပျော်လွန်းလို့ ငိုတောင် ငိုတယ်တဲ့..။ ဒီကလေးက သူကျွတ်အောင် ချွတ်ပေးမယ့်ကလေး..။ သူ့ကို ကုသိုလ်လုပ် အမျှဝေပေးမယ့်ကလေး..။ သူဒီကလေးကို စောင့်နေရတာ တော်တော်ကြာနေပြီ. ဖြစ်ကြောင်း သူဒီဘ၀က လွတ်ချင်ပြီဆိုတဲ့အကြောင်းကို ကျွန်တော့်အသံ မဟုတ်တဲ့ ရှမ်းဘာသာ စကားနဲ့ပြောတော့တာပဲ..။ ကလေးကတော့ ကြောက်လန့်ပြီး တစ်ချိန်လုံး အော်ငိုနေတာပေါ့..။ နောက်ဆုံး ကလေးရဲ့ပါးကိုနမ်းပြီး ကလေးကို ဂရုစိုက်ဖို့နဲ့ ရေနဲ့ ဝေးဝေးနေဖို့ပြောပြီး လဲကျသွားတယ်လို့ ပြန်လည်သိရပါတယ်..။
အဲ့ဒါနဲ့ ဘုန်းကြီးနှစ်ပါးပင့်ပြီး အိမ်ကိုခေါ်လာ ကလေးကို ပရိတ်ရေတိုက်ပြီး၊ ကျွန်တော့်ခေါင်းကိုလည်း ပရိတ်ရေစွတ်၊ ပရိတ်ကြိုးတွေစွဲပေးပါတယ်..။ ကျွန်တော် နေလာတဲ့ ၁၀နှစ်ကျော်ကာလအတွင်း သူရဲ့ အရိပ်အယောင်တစ်ခါမှ မတွေ့ဖူးပါ..။ ဘယ်ကတည်းက
ဝဋ်ကြွေး ခံနေရတဲ့ နာနာဘာဝလည်း မသိပါဘူး..၊ အဲ့ဒီအဖြစ်အပျက် ဖြစ်ပျက်ပြီးနောက်ပိုင်းလည်း သူ့ရဲ့အရိပ်အယောင်ကို အိမ်ထဲမှာ ခုချိန်ထိ မတွေ့ရတော့ပါကြောင်း……..။
Credit by Aung Tun Oo
ADMIN @_# TH!t P!N
### အခန်းထဲက သူ ###
ကို Yangon Thar ကျွန်တော်တို့ Group လေးထဲမှာ ပြောပြ ထားတဲ့ သရဲဇာတ်လမ်းလေးပါ ခင်ဗျာ..။
ကျွန်တော့်တစ်သက် သွားခဲ့သမျှ ခရီးတွေထဲမှာတော့ အဲဒီတစ်ခေါက်ခရီးဟာ ပရလောကသားတွေနဲ့ အများဆုံး ပတ်သတ်ခဲ့ရတဲ့ ခရီးပါပဲ.........ရှေ့က ညလည်ခေါင်အော်သံမှာတော့ ကျနော်တို့ အလုပ်လုပ်ရတဲ့ Tower က အကြောင်း ပြောခဲ့ပြီးပါပြီ.........အခုကတော့ ကျနော်တို့ ခေတ္တတည်းခိုခဲ့ရတဲ့ Hotel က အကြောင်းပါ..........Hotel က ကျနော်ပြောခဲ့တဲ့ Tower နဲ့ သိပ်မဝေးကွာလှတဲ့နေရာမှာ ရှိပါတယ်..........အထပ် 6ထပ်ရှိပါတယ် (သေချာမမှတ်မိတော့ပါ)...........ကျနော်တို့ နေတဲ့အခန်းက 4ထပ်မှာပါ.......ကျနော်နဲ့ နေတဲ့2ယောက်ကိုတော့ ကိုမျိုးနဲ့ ကိုချစ်လို့ပဲ မှတ်ထားပေးကြပါ..........ကျနော်တို့ရောက်ပြီး 3ရက်လောက်နေတော့ company က အခြား အမျိုးသမီးဝန်ထမ်း 2ယောက်လည်း ရောက်လာပါတယ်........သူတို့အခန်းက 3ထပ်မှာပါ........အခန်းထဲမှာ အစကတော့ ဘာမှ မသင်္ကာစရာ မတွေ့မိပါဘူး........တစ်ရက်မှာတော့ ကျနော်တို့ညဘက်မှာ ကြက်ကြော်စားကြတယ်......စားရင်းနဲ့တောင် ပြောနေကြသေးတယ်.......ညဘက်ကြီး တံခါးဖွင့်ပြီးစားနေကြတာ ၀င်လာရင်တော့ ပြဿနာပဲဆိုပြီးတော့.............နောက်တစ်နေ့ည ပြန်တဲ့အချိန်မှာ ကျနော်က ညဈေးတန်းကနေ ဖက်ထုပ်ကြော်တွေ ၀ယ်လာတယ်......အခန်းပြန်ရောက်တော့ မိန်းကလေးတွေ အခန်းကို နည်းနည်းပေးလိုက်တယ်........ကိုမျိုးက သူ့သူငယ်ချင်းလာခေါ်လို့ အပြင်ထွက်သွားတယ်.......ကျနော်လည်း မြို့ခံသူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောပြီး အပြင်သွားတယ်.......မသွားခင်မှာ ဖက်ထုပ်နည်းနည်း စားသွားသေးတယ်.....အခန်းထဲမှာက ကိုချစ်တစ်ယောက်တည်း Laptop တစ်လုံးနဲ့ အလုပ်ရှုပ်ပြီး ကျန်ခဲ့တာ.......ကျနော် အပြင်ကနေ ပြန်လာတဲ့အချိန်မှာ ကိုမျိုးလည်း ပြန်ရောက်နေပြီ......စိတ်ထဲမှာ ဖက်ထုပ်စားချင်သလို ဖြစ်တာနဲ့ ကြည့်လိုက်တော့ ဖက်ထုပ်က ကုန်နေပြီ.......အိတ်ခွံပဲ ကျန်တော့တယ်.....ဒီကောင်တွေ စည်းကမ်းမရှိလိုက်တာ၊ စားပြီး အမှိုက်ကြတော့ မလွှင့်ပစ်ဘူးလို့ ဟို2ယောက်ကို စိတ်ထဲက အပြစ်တင်ရင်း ကျနော်ကိုယ်တိုင်ပဲ အမှိုက်တောင်းထဲ ထည့်လိုက်တယ်.........နောက်နေ့ နေ့လည်ပိုင်းလောက်မှာ စကားစပ်မိလို့ ကျနော်က ဟို2ယောက်ကို ပြောမိတယ်........ခင်ဗျားတို့ ကျနော့်အတွက်တောင် မချန်ထားဘူးဆိုတော့ သူတို့တွေက ငါတို့မစားပါဘူးတဲ့.....အသေအချာကို ပြောကြတာ........နောက်ဆုံး ဘယ်လိုမှ တရားခံ ရှာမရဘူး.......အဲဒီအထိ မထင်သေးဘူး.......ညနေပိုင်းမှာ ကျနော့်မြို့ခံသူငယ်ချင်းရောက်လာတယ်.......ကျနော်တို့ အဖွဲ့ထဲက မိန်းကလေးတစ်ယောက်ကိုတွေ့တော့ မနေ့ညက ဖုန်းထဲမှာ သီချင်းလိုက်ဆိုနေတာ သူလားလို့ ကျနော့်ကိုမေးတယ်......မင်းဘာတွေ ပြောနေတာလဲဆိုတော့ ငါတို့ညက ဖုန်းပြောနေတုန်း ဘေးကနေ သီချင်းလိုက်ဆိုနေတဲ့ ကောင်မလေးကိုပြောတာလေတဲ့.........အဲဒီတော့မှ ကျနော်တို့လည်း သိတာ......တကယ်တမ်းက အဲဒီအချိန်မှာ သီချင်းဖွင့်ထားတာမှန်တယ်.......ဒါပေမယ့် အခန်းထဲမှာ ကျနော်နဲ့ ကိုချစ်ပဲရှိတာလေ.......ယောကျာ်းလေးတွေ နေတဲ့အခန်းမှာ ဘယ်လိုလုပ် မိန်းကလေးက ရှိနေမလဲ..........ထပ်မေးတော့လည်း သူကြားတာ သီချင်းဖွင့်ထားတာကို မိန်းကလေးအသံနဲ့ လိုက်ဆိုနေတာတဲ့.......အဲဒီတော့မှလည်း ကျနော်တို့လည်း သိရတော့တာ.......ဒီလိုနဲ့ ပြန်ရမယ့်နေ့ မနက်စောစောထကြတော့ ကိုချစ်က ရေချိုးခန်းဝင်နေတယ်........ကိုမျိုးက ရေချိုးပြီး ရေသုတ်နေတယ်.....ကျနော်က အိပ်ရာထဲမှာ နှပ်နေတုန်း..........ခဏ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ခြေရင်းက မှန်တင်ခုံရှေ့မှာ ကိုမျိုးက မျက်နှာသုတ်ပုဝါ အဖြူကြီးကို ခါးပတ်ပြီး ရေသုတ်နေတာ တွေ့တယ်.........ကျနော်လည်း ပြန်မှိန်းနေတုန်း အသံကြီးတစ်ခု ကြားရတယ်.......အသံက တော်တော်ဆိုးဆိုးရွားရွား အသံကြီး.......ကျနော့်ခြေရင်းဘက်ကလာတာ........ကျနော်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ခြေရင်းမှာ မဲမဲကြီးတစ်ခု မတ်တပ်ရပ်နေတယ်.........လူပုံသဏ္ဍာန်ဆိုပေမယ့် မျက်နှာ၊မျက်လုံး စသဖြင့် ဘာမှ မတွေ့ရဘူး........မဲမဲကြီးပဲ မြင်ရတာ..........ကျနော်လည်း တော်တော်လန့်သွားတယ်.........သူက မတ်တပ်လေ.......ကျနော်က ပက်လက်ကြီး........တစ်ခုခုလုပ်လာရင်တောင် ပြန်ခုခံဖို့ သူ့ဘက်က နေရာအသာစီး ရနေပြီ........ထလိုက်တုန်း သူတစ်ခုခု လုပ်လိုက်ရင်လည်း ကျနော့်မှာ တုံ့ပြန်ချိန် ရလိုက်မှာတောင် မဟုတ်ဘူး............အဲဒီအချိန်မှာ ဘုရားစာရွတ်ဖို့လည်း သတိမရဘူး............ကျန်တဲ့လူတွေကို အော်ခေါ်ဖို့လည်း သတိမရတော့ဘူး.........အေးစက်နေတဲ့ ဆောင်းတွင်းမနက်ခင်းဟာ ကျနော့်အတွက်တော့ ချွေးပြန်ရတဲ့ ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်.........နောက်ဆုံးတော့ ကျနော် အဲဒီမဲမဲကြီးကို လှမ်းကန်လိုက်တယ်.........ခါးလည်ပိုင်းလောက်ကို ကန်တာပါ........သူနဲ့ ကျနော့်ခြေထောက်ထိခါနီးမှာ ကျနော့်မျက်စိရှေ့တင် ကျနော်ကန်တဲ့ သူခါးနေရာလောက်က အဖြူရောင်ကြီး ဖြစ်သွားတယ်.......ကျနော်လည်း အယောင်ယောင်အမှားမှားနဲ့ ရွှေ့လိုက်မိလို့ ကန်ချက်က ရှပ်ထိရုံပဲ ထိသွားတယ်.........မိမိရရ မထိတော့ဘူး........ကန်ပြီးမှ အမြန်ထပြီး ကြည့်လိုက်တော့ ခုတင်ခြေရင်းမှာက ကိုမျိုး..................ကျနော်လည်း တော်တော်ဒေါသထွက်သွားတယ်ဗျ.......ဒါက နောက်စရာမှ မဟုတ်တာ......မတော် ကျနော့်ကန်ချက် ချက်ကောင်းထိပြီး သူသေသွားရင် ကျနော်လည်း ထောင်ထဲရောက်မှာလေ.......အဲဒါနဲ့ " ခင်ဗျား ဘာသောက်ကမြင်းကြောထတာလဲ..သောက်ရူးလား " ဘာညာနဲ့ အော်ဆဲပစ်လိုက်တယ်..........သူက ပြန်ပြောရှာပါတယ်.........ကျနော်ကြားလိုက်သလို အသံမျိုး ကျနော့်ဘက်က ကြားလိုက်ရလို့ သူလာကြည့်တာတဲ့................အခန်းထဲကဟာက ဘာလဲတော့ မသိဘူး.....ဒါပေမယ့် ကျနော်တို့ကိုတော့ တော်တော်မွှေခဲ့တာဗျာ.........အဲဒီနေ့က နောက်ဆုံးဆိုတော့ ကျနော်တို့လည်း ထပ်မဆုံတော့ပါဘူး.........နောက်ထပ်ညတွေ ဆက်နေခဲ့မိမယ်ဆိုရင် ဘာတွေ ထပ်ဖြစ်ဦးမလဲ ဆိုတာကတော့..........................
ယခုလို ဇာတ်လမ်းရေးသား တင်ဆက်ပေးသော ကို Yangon Thar ကို ကျွန်တော်တို့ အက်ဒမင်များမှ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ..။
ADMIN @_# TH!t P!N
### ရွှေစာရံ ဘုရားမှ ထူးထူးခြားခြား ကလေးသိုက် ###
မန္တလေးမှာ ကုသမှုတွေပြုလုပ်ရင်း ထူးခြား တာလေးတစ်ခု တွေ့လိုက်ရပါတယ်။ အဲဒါကတော့ကလေးသိုက်ကိစ္စပါပဲ။ ရှားရှားပါးပါး ကလေးသိုက် ရယ်လို့ တစ်ခါမှမကြားဖူးခဲ့ပါဘူး။ ဒါပေမဲ့ မန္တလေး ရောက်ပြီး ဒုတိယနေ့မှာ ကျွန်ုပ်အစီအစဉ်အရ မဟာ မြတ်မုနိဘုရားကြီး၊ နောက်မန္တလေးတောင်တော် ပြီးရင်ရန်ကင်းတောင်တို့ကို ခရီးဆက်ဖို့ ပြင်ဆင်ထား ပါတယ်။ဒါကလည်း မန္တလေးရောက်မှ စိတ်ကူး ပေါက်ပြီး သွားဖို့အကြံပေါ်လာတာ မဟုတ်ပါဘူး။ ရန်ကုန်ကမထွက်ခင်ကတည်းက သွားမယ့်အစီအစဉ် တွေပါ။ ရောက်စနေ့မှာ မယ်တော်ကြီးစောရှင်ကွမ်း နန်း တည်မယ့်နေရာသွားကြည့်မယ်။ နောက်နေ့မှာ ခုနပြောတဲ့အစီအစဉ် အတိုင်းသွားပြီး ပွဲတွေသွားလှူ မယ်လို့ စိတ်ကကြိုရောက်ထားပြီးသားပါ။ ပထမနေ့အစီအစဉ် အောင်မြင်ခဲ့ပြီမို့ ဒုတိ ယနေ့အစီအစဉ်သွားဖို့အတွက် လိုက်ပို့ပေးမယ့် သူကိုမျှော်ရင်း မနက်ပိုင်းကတည်းက လည်ပင်းရှည် အောင်စောင့်နေရပါတယ်။ ဒါပေမဲ့ လိုက်ပို့မယ့်သူ ရောက်မလာဘဲ ဆေးကုမယ့်သူတွေသာ ရောက် လာကြပါတယ်။သူတို့က မိသားစုလိုက် လာကြတာပါ။ အမေရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမနဲ့ မြေး သုံးယောက် ပါလာပါတယ်။ သူတို့မှ မမြင်အပ်သော မိစ္ဆာပညာနဲ့ တိုက်ခိုက်ခံထားရလို့ ပညာစက်တွေကို ရှင်းပေးလိုက်ရပါတယ်။ သိပ်အများကြီးလည်း မဟုတ်တာကြောင့် ခဏလေးနဲ့ ပြီးသွားပေမယ့် ကျန် တဲ့တစ်ယောက်ကို စစ်ကြည့်လိုက်တဲ့အခါ အင်္ဂါသမီးလေးက သိုက်ကလာတာလို့ သိလိုက်ရပါ တယ်။ဒါကြောင့် သိုက်ချုပ်ဘိုးတော်ကို ခေါ်သွင်း လိုက်တယ်။ ရောက်လာတယ်ဆိုရင်ပဲ ဘိုးတော်က တော်တော်စိတ်မကောင်းဖြစ်နေပုံနဲ့" ဒီကလေးက မလိမ္မာဘူး ...၊ ကျုပ်တို့ကို အသိအမှတ်မပြုဘူး ...၊ ဒါကြောင့် သူ့အစ်ကို နှစ်ယောက်က သူသိအောင် လုပ်ပေးထားတာပါ၊ ဒါပေမဲ့ သူတို့က သူတို့ညီမလေးကို ပြန်မခေါ်ပါဘူး" " သူ့သိုက်နန်းကဘယ်မှာလဲ ...၊ သူက ဘာကိုမသိတတ်တာလဲ ပြောပါဦး ..." " သိုက်က ရွှေစာရံမှာပါ ...၊ သူမသိတတ် တာက သူသိုက်နန်းနားကိုရောက်လာတယ် ...၊ ရောက်တာမှ ခဏခဏကို ရောက်လာတယ် ...၊ ဒါပေမယ့် ကျုပ်တို့ကိုဘာမှလုပ်မပေးဘူး သူနဲ့ မဆိုင် တဲ့သူတွေကိုပဲ လုပ်ပေးပြီးပြန်သွားတယ် ...၊ အဲဒါက သူမသိတတ်လို့ပေါ့ .." ကျွန်ုပ်လည်း နဘေးရှိ ကာယကံရှင်ကို မေး လိုက်ရာ သူမကလည်းရွှေစာရံသို့ မကြာခဏရောက် ကြောင်း ပြောပါတယ်။ " သမီးတို့ကရွှေစာရံကို တစ်ပတ်တစ်ခါ လောက်ရောက်ပါတယ် ...၊ ဒါပေမဲ့ ဘာမှမသိလို့ ဘာမှမလုပ်ဖြစ်တာပါ .."" ဘာသွားလုပ်တာလဲ ..." ကျွန်ုပ်မေးခွန်းကိုကြားဝင်ဖြေပေးလိုက်သူက အဂင်သမီးရဲ့ယောက်မဖြစ်ပါတယ်။ သူမကချက်ချက် ချာချာရှိပြီး ဝင်ရောက်ပြောပြခြင်းပါ။ " အဲဒီမှာကလေးသိုက်ဆိုတာရှိပါတယ် ဆရာ ...၊ ကျွန်မယောကျာ်းက ကလေးချစ်တတ် လို့ အဲဒီကလေးသိုက်က သိုက်နန်းရှင်ကလေးတွေ ကို အပတ်စဉ်မုန့်ဝယ်ကျွေး၊ အဝတ်အစားတွေသွား ပေး၊ အလှကုန်တွေသွားပေး လုပ်နေတာပါ ...၊ သွားရင် တစ်အိမ်လုံးသွားကြတာမို့ ဒီအင်္ဂါသမီးလည်း အမြဲပါတယ်ဆရာ .." " ကလေးသိုက် .." ကျွန်ုပ်မကြားဖူးသောကြောင့် တအံ့တသြ ဖြစ်သွားရပါတယ်။ " ဟုတ်ပါတယ်ဆရာ ...၊ ရွှေစာရံမှာ ကလေးသိုက်ဆိုတာရှိပါတယ် ." " တော်ကြီး သူတို့လာတာက ကလေးသိုက်ဖြစ်နေတာ ရယ်၊ သူကိုယ်တိုင်ကလည်း ဘိုးတော်တို့သိုက်က ဆိုတာ မသိထားတာရယ်ကြောင့် ဘာမှလုပ်မပေးဖြစ် တာကို ခွင့်လွှတ်ပေးပါ ...၊ သူနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲ ...၊ လိုအပ်တာတွေပြောပါ၊ အင်္ဂါသမီးက လုပ်ပေးပါလိမ့်မယ် ..." " ပွဲလှူပေးပါ .." " ဟုတ်ကဲ့ လှူပေးပါ့မယ် ...၊ ဘုရားမှာလာ လှူရင်ရတယ်မဟုတ်လား .." " ရတယ်ကလေးသိုက်တွေ ညာဘက်နား မှာလှူပေး၊ တို့ကိုခေါ်လိုက်၊ တို့လာခဲ့မယ် ..."" စိတ်ချပါ လှူပေးပါ့မယ် ...၊" ထို့နောက်ကျွန်ုပ်လည်း အင်္ဂါသမီးသိုက်ချုပ် ကို သစ္စာဆိုခိုင်းလိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။ ပြီးတာနဲ့ ကျွန်ုပ်စိတ်ဝင်စားနေတဲ့ ကလေးသိုက်ဆို တာကို ခေါ်လိုက်မိပါတယ်။ ရောက်လာကတည်းက ကျွန်ုပ်ကိုလည်း စိတ်မဝင်စားကြပါဘူး၊ မလှမ်းမကမ်းမှာကစားနေတဲ့ ကလေးတွေကိုလှမ်းကြည့်ပြီး တဟီးဟီးတဟားဟား လုပ်နေပါတယ်။" ဘာတွေဖြစ်နေကြတာလဲ ...၊"": ဘာမှမဟုတ်ပါဘူး ..၊ ဟိုမှာ သူငယ်ချင်း တွေတွေ့လို့ ..."" ဘာသူငယ်ချင်းလဲ ..." " သူတို့တွေလေ၊ သူတို့ကကျွန်တော်တို့ သူ ငယ်ချင်းတွေပါ ...၊ ဒီကမမတွေလာပြီး မုန့်တွေ ကျွေး၊ အဝတ်တွေပေး၊ ရှီးရှီးတွေပေးပြီးလို့ သူတို့ ပြန်သွားတာနဲ့ ကျွန်တော်တို့ကသူတို့နဲ့လိုက်သွားပြီး ခြံထဲမှာလိုက်ဆော့ပါတယ် ...၊ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေဖြစ်နေတာလ" " သြော် ဒီလိုလား ...၊ မင်းတို့လျှောက် သွားနေကြတာကို သိုက်ထဲကတာဝန်ရှိသူတွေက ဘာမှမပြောဘူးလား ..."" သူတို့မသိအောင်သွားတာပေါ့ .."" အေး ဒါဆိုရင် မယ်တော်ကြီးစောမွန်လှကို ဒီအကြောင်းတွေပြောပြလိုက်မယ် ..."" မပြောပါနဲ့ ...၊ မယ်တော်ကြီးသိသွားရင် ကျွန်တော်တို့နောက်ဆို သူငယ်ချင်းတွေ အိမ်သွား လို့မရတော့ဘူးဖြစ်နေပါ့မယ် .." သူတို့ဆီကိုအပါတ်စဉ်လာနေတဲ့ အင်္ဂါသမီး မိသားစုကိုလည်း ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ရင်း-" မမ ...နောက်ဆို ရှီးရှီးတွေ များများ ယူလာခဲ့နော် .."" အေးပါ အေးပါ ယူလာခဲ့ပါ့မယ် ..."" ဘော်ဒီစပရေးလို၊ ရေမွှေးလို နှိပ်ရတဲ့ ဘူး မျိုးတွေကို သူတို့က သိပ်ကြိုက်တာတဲ့ ...၊ ကျွန်မ တို့ကို အိပ်မက်ပေးပြီးပြောဖူးတယ် ..."" နေပါဦး ...၊ သူတို့ကမင်းတို့ကို အမြဲလာ ပေးနေ ...၊ ကျွေးနေတယ် ...၊ မင်းတို့ကရော သူတို့ကို ဘာတွေပြန်လုပ်ပေးလဲ ..."" မမတို့စိတ်ချမ်းသာအောင်လုပ်ပေးတယ်၊ ပိုက်ဆံတွေအများကြီးဝင်အောင် လုပ်ပေးတယ်၊ (လက်ညှိုးနှစ်ချောင်းပူးပြပြီး) သူတို့ နှစ်ယောက် တည့်အောင်လည်းလုပ်ပေးတယ် ..." ရွှေစာရံကိုရောက်ကြတဲ့ မန်းသူမန်းသားများ နဲ့ ဘုရားဖူးများကိုသိစေဖို့ ဒီအကြောင်းကိုရေးပြ လိုက်တာပါ။ ရွှေစာရံဘုရားပရဝဏ်ထဲမှာ ကလေး သိုက်ဆိုတာရှိပြီး သူတို့ကို မုန့်တွေ၊ ရေမွှေးနဲ့ ကစား စရာတွေပေးရင် ကိုယ့်အိမ်ကကလေးတွေနဲ့ ကိုယ့် မိသားစု စိတ်ချမ်းသာအောင် စောင့်ရှောက်ပေးတတ် ကြောင်း အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ တစ်ခေါက်တစ်ခါရောက်သွားရင် ကလေး သိုက်နေရာကို မေးပြီး မုန့်ပဲသရေစာနဲ့ အလှအပ ပစ္စည်းလေးတွေ ဒါနပြုပေးဖို့မေတ္တာ ရပ်ခံလိုက်ပါရ စေ ...။
Credit by Sayar Paing ( MaNawMaYa )
ADMIN @_# TH!t P!N
### ကျွန်တော် သတ်မိခဲ့ပါတယ် ###
--- GTCကျောင်း၁ကျောင်းရဲ့ကျောင်းသားရေးရာဌာန
၌ထောင်ထားသော ဘုတ်ပြားများအား ကျောင်းသူ/သားများတိုးဝှေ့ကာ
သူ့ထက်ငါလုယက်ကြည့်နေကြသည်၊ တချို့မှာလဲ.
'သားကြီးတို့ မင်းတို့အကုန်D-barထိတယ်ဟ,'
'ဟာ...$ပြဿ နာပဲကွာအိမ်ရောက်ရင်ဘိုးတော်တော့
ငါ့ကိုသတ်တော့မှာပဲ,,,Shittttttt'
'နေစမ်းပါဦး မင်းအခွက်ကဖြီးနေတယ်ဆိုတော့ မင်း
က Rollcallပြည့်တယ်ဆိုတဲ့သဘောလား'
'ငါလား? ဟီ:::::::ငါလဲထိတာပဲလေ'
'နှမပေး,*÷×+#$÷+×##"'@$' အသံများမိုးမွှန်သွား
ကာထို၁ယောက်အား ကျန်သူငယ်ချင်းများမှလိုက်
ရိုက်၍ တဟား၂ရယ်ရင်းထွက်ပြေးသွားသော
ကျောင်းသားဘဝ၏ပေါ့ပါးသောမြင်ကွင်းများ,,,,,
တချို့D-barထိသူများထဲမှ ခပ်နောက်၂ကျောင်းသား
များမှာလဲ ဆရာ/မများနားနေခန်းသို့ဝင်သွားကာ,,,
သက်ဆိုင်ရာClassteacherများကိုကျီးကန်းတောင်း
မှောက်ရှာလျှက်တွေ့သော်,ထိုနေရာသို့စုပြုံသွားကျ
ပြီးလျှင်,
'ဆရာမ'
'အေး ပြော'
'ကျွန်တော်တို့ကဆရာမအခန်းထဲကပါ'
'အော် ဟုတ်လား,,,ငါနင်တို့ကိုမမြင်ဖူးပါဘူး'
'ဟုတ် အဲ့ဒါကြောင့်,အရင်မိတ်ဆက်လိုက်တာပါ'
'ဒါနဲ့ ငါ့ဆီဘာကိစ္စရှိလို့လာတာလဲ?'
ဆရာမကထိုသို့မေးသော် စပ်ဖြီး၂ မျက်နှာများနဲ့
'ဟီ::::ကျွန်တော်တို့D-barထိလို့လေ,အဲ့ဒါ...'
'မိဘခေါ်လာပြီးလက်မှတ်လာထိုးတယ်ဆိုပါတော့'
'ဟုတ်ကဲ့ ဆရာမ'
'ဒါနဲ့ နေပါဦး,ဘယ်မှာလဲနင်တို့မိဘတွေက'
ထိုသို့မေးလိုက်ရာ, အသီး၂ပင်၎င်းတို့အိတ်ထဲမှစာ
ရွက်၁ရွက်အားထုတ်ပြကြလျှက်,,,,
'ဒီမှာဆရာမ, ဒါကျွန်တော့်အဖေမနက်ကရုံးမသွား
ခင်ကမှထိုးခိုင်းလိုက်တာပါ'ပြောနေရင်းတပြိုင်နက်
ဖုန်းအားဖွင့်၍ 'ဖုန်းနဲ့လဲ အဖေလက်မှတ်ထိုးနေ
တုန်းဓာတ်ပုံရိုက်ခဲ့ပါသေးတယ်,ဒါကျွန်တော့်အဖေ
လက်မှတ်ထိုးနေတဲ့ပုံပါ,ဆရာမ'
နောက်မှသူများဆီမှလဲ,,,
'ဟုတ်တယ် ဆရာမ,ဒီမှာကျွန်တော်တို့မိဘတွေ
လက်မှတ်ထိုးနေတဲ့ပုံပါ,'ထိုသို့လက်မှတ်ထိုးထားသော
စာရွက်အား၁ဖက်မှကိုင်ကာ,နောက်၁ဖက်မှလဲ
မိဘတွေလက်မှတ်ထိုးပေးနေစဉ်ဓာတ်ပုံရိုက်ယူထား
၍ထိုဖုန်းအားထောင်ပြကာ,
'ဒီမှာက လက်မှတ်ထိုးနေတဲ့ပုံပါ,ဆရာမ'ဟု တပြိုင်
နက်တည်းပြောကြလေသည်။
ထိုအခါ ဆရာမမျက်နှာကြီးမှာရုတ်ချည်းတင်းမာလျက် ဩဇာ
ပြည့်ဝသောအသံခပ်ဩ၂ ကြီးဖြင့်,😅😅😅
'အားလုံးတိတ်ကြစမ်::::::::,နင်တို့ကဆရာ/မ တွေကို
မခန့်လေးစားလာလုပ်နေတာလား'
ဟု ၁ချက်ငေါက်
လိုက်မှ အားလုံးမျက်နှာလေးငယ်ကာ,အသံလေးများ
တိုးလျိုးသွား၍ဇက်လေးများပင်ပုဝင်သွားတော့သည်၊
ထိုထဲမှ ၁ယောက်က 'ဒါ,,သားတို့သဘောနဲ့လုပ်တာ
မဟုတ်ပါဘူး,ဆရာမ'
'ဟို,ဟို မင်းပြည့်,ကခုလိုလုပ်ရင်ဆရာမတွေကမိဘ
ခေါ်စရာမလိုဘဲ RollCallပြန်ဖြည့်ပေးတယ်ဆိုလို့'
ထိုသို့ပြောလိုက်ရာ ဆရာမက
'မင်းပြည့် ဆိုတဲ့ကိုယ်တော်ချော,ဒီအုပ်ထဲမှာရှိနေရင်
ကိုယ်ထင်ပြပါလား,ကျွန်တော်မျိုးမ,ရှင့်ရဲ့မျက်နှာ
လေးကိုဖူးမျှော်ချင်လွန်းလို့ပါ'ဟုခပ်ထေ့၂ပြောအပြီး
လူအုပ်ထဲမှလက်၁ချောင်းထောင်လာသဖြင့်,,,
'ဟဲ့,, ငါနင့်ကိုလက်ညှိးထောင်ခိုင်းနေတာမဟုတ်ဘူး
ရှေ့ကိုလာခိုင်းနေတာ'
'ဟုတ်,လာမယ်ဆရာမ, ကျွန်တော်ပခုံးကြောညပ်နေ
လို့ အကြောဆန့်လိုက်တာပါ,ဆရာမ'ဟု ပြန်အော်
ပြောလိုက်ရာ,တခြားသောကျောင်းသားများမှာ'ဝါး'
ကနဲဝိုင်းရယ်ကြသဖြင့် ဆရာမပိုဒေါသထွက်သွားကာ,
'အားလုံး တိတ်ကြစမ်း'
'မင်းပြည့်, နင်အခုထွက်လာ'
ထိုအခါမှ လူအုပ်ထဲက'မင်းပြည့်'၁ယောက်ကျောင်း
သားအုပ်ထဲမှလွယ်အိတ်လေးအားရင်ဝယ်ပိုက်လျှက်
ခါးလေးညွတ်ကာ ကုပ်၂,ကုပ်၂နဲ့ထွက်လာလေသည်
'ဟင်,နင်..နင့်ကိုငါမြင်ဖူးသလိုပဲ'
'သိပြီ, နင် ဟို၁နေ့ကငါ့ဆိုင်ကယ်ကိုလေလျှော့သွား
တယ်မလား?'
'ဟာ...မဟုတ်ပါဘူး,အဲ့ဒါဆရာမကျွန်တော့်စေတနာ
သက်၂စော်ကားတာ,ကျွန်တော်က ဆရာမဆိုင်ကယ်
ဘီးလေတွေတင်းနေလို့ လေနဲနဲလေးလျှော့
ပေးတာ,ဆရာမကိုစိုးရိမ်လို့ပါဗျာ'ဟူ၍ပြောရာ
'တော်,အပိုတွေပြောမနေနဲ့,အဲ့နေ့ကငါအတန်းပြီးတော့
ငါ့ဘီးလေလျော့နေလို့အိမ်သာကိုအမြန်ပြေးရ
တာ,အိမ်သာရောက်ကာနီးဆက်မအောင့်နိုင်တော့
လို့ အဲ့ဒီနားကချုံပုတ်ထဲကမန်းကတန်းဝင်ပြီး အပေါ့
သွားလိုက်ရတာ,အဲ့ဒါနင့်ကြောင့်ဟဲ့,'
ဆရာမလဲဒေါသထွက်နေသဖြင့်ပြောချင်ဇောနဲ့
ပတ်ဝန်းကျင်အားသတိမထားမိဘဲလွှတ်ကနဲပြောမိရာ,
နောက်မှသတိပြန်ဝင်၍ကိုယ့်ပါးစပ်အား
လက်ဖြင့်အမြန်ပိတ်လိုက်ရသည်၊
ဒီ၁ကြိမ်တွင်တော့ ဆရာမစကားကြောင့်
၁ခန်းလုံးတွင်ရှိသောကျောင်းသားများသာမက
ဆရာ/မများပါ'ဝါး'ကနဲရယ်မိကြတော့သည်၊
'ဆရာမ လဲသူ့စကားနဲ့သူမို့ရှက်ကာပြုံးဖြီး၂ဖြင့်,သို့
သော်သူ့အပြုံးမှာ မင်းပြည့်အတွက်မဟုတ်,မင်းပြည့်
အားစူးစိုက်ကြည့်လျှက်
'မင်းပြည့်,မနက်ဖြန်နင့်မိဘတွေခေါ်ခဲ့,'
'ဆ.ဆရာမ'
'တော်,,,ဘာမှမပြောနဲ့!နင်သွားလို့ရပြီ'
ကျန်တဲ့သူများမှလဲ 'ဆရာမ, ကျွန်တော်တို့ကော'
'နင်တို့လဲခေါ်ခဲ့ကြ'
'ဗျာာာာာ,သွားပါပြီကွာ,'တပြိုင်တည်းငြီးငြူ တော့သည်
ကျွန်တော့်နာမည်'မင်းပြည့်'ဗျ,2nd yrs,MPမေဂျာက
သူငယ်ချင်းတွေကတော့ကျွန်တော့်ကို'ကုတ်ပြင်း'လို့ခေါ်ကြတယ်,
အကြောင်းက Fresher Welcome,မေဂျာအလိုက်
King&Queen ရွေးကြတုန်းက ကျွန်တော်ဝင်ပြိုင်
တယ်လေ,အဲ့မှာပဲ မဲလေးမဆိုစလောက်လေးကွာပြီး
ကျွန်တော်Kingနေရာကပြုတ်ပြီး,MPမေဂျာရဲ့ကိုယ်
တော်လေး,Princeဖြစ်သွားတာ,အဟီ:::
အာ့ကြောင့် သယ်ရင်းတွေကျွန်တော့်ကို'ကင်းပြုတ်-
ကုတ်ပြင်း'ဆိုပြီး ဝိုင်းစ,ကြတာ,Kingပြုတ်ပေမဲ့လဲ
ကျွန်တော်ကPrinceလေဗျာ,အဟဲ...
အတော်အသင့်တော့Fineပါသေးတယ်,
ကျွန်တော့်မှာသူငယ်ချင်းတွေအများကြီးရှိတယ်,ကျွန်
တော်တို့၁မေဂျာလုံးနီးပါးပဲ,အားလုံးကကျွန်တော့်ကို
ပျော်၂နေတတ်လို့ခင်ကြတယ်လေ,အဲ့ဒါတွေက Uni
ရောက်မှခင်သွားကြတဲ့ friတွေပါ,
ဒါပေမဲ့ အမြဲအတူသွားအတူပေါင်းတဲ့သူငယ်ချင်း
တွေကတော့ကျွန်တော်အပါအဝင်၎ယောက်တည်း,
ကျွန်တော်'မင်းပြည့်'ရယ်,နဒီလှိုင်းရယ်,ကျော်၂ရယ်,
ဟန်ငြိမ်း'ရယ်ပေါ့,ကျွန်တော်တို့ကမူလတန်းတည်း
ကသူငယ်ချင်းတွေဗျ,နေတာလဲ၁ရပ်ကွက်တည်းရယ်,
ကျွန်တော်တို့၎ယောက်ကအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဗျ,
၁၀တန်းအောင်လို့ တက္ကသိုလ်တက်တော့
လဲ အားလုံးကGTCပဲ,Majorတွေတော့မတူကြဘူး
ပေါ့ဗျာ,ဟန်ငြိမ်းနဲ့နဒီလှိုင်းတို့ကလွဲလို့ပေါ့,သူတို့၂ယောက်
ကCivil,ကျွန်တော်ကMP,ကျော်၂ကEPက,
ကျွန်တော်၁၀တန်းအောင်ပြီးတက္ကသိုလ်စ,တက်တည်းက
ကျွန်တော့်စိတ်တွေ'နဒီ့'အပေါ်မရိုးတော့ဘူး'
ကျန်တဲ့၂ကောင်လဲကျွန်တော့်လိုပဲ,အဲ့ဒါကြောင့်ကျွန်
တော်တို့၃ယောက်တိုင်ပင်ခဲ့ကြတယ်,ဒီနှစ်ပြီးတာနဲ့
၃ယောက်လုံး'နဒီ့'ကိုပြိုင်တူဖွင့်ပြောကြမလို့,
နဒီက၃ယောက်ထဲက၁ယောက်ကိုရွေးချယ်ခဲ့ရင်လဲ
ကျန်တဲ့၂ယောက်ကကြည်၂ဖြူ ၂နဲ့ကျေနပ်ပြီးနောက်
ဆုတ်ပေးရမယ်,အားလုံးကလဲသဘောတူထားကြတယ်,
'ဟိတ်,ကလေး'
'နင်Menuကိုင်ထားပြီး မျက်လုံးကအပေါ်ကြည့်ပြီး
ဘာတွေတွေးနေတာလဲ,ငါရပ်နေတာ၁၀မိနစ်လော
က်တောင်ရှိနေပြီ,ဘာတွေတွေးနေလဲမသိဘူး'
ကန်တင်းကအဒေါ်ပြောမှကျွန်တော်လဲစဉ်းစားနေရာ
မှသတိပြန်ဝင်လာကာ,
'ဟီ:::ဆောရီး,ဆောရီး အဒေါ်,ကျွန်တော်အတွေးလွန်
သွားလို့,ကျွန်တော့်ကို လက်ဖက်ထမင်း,ကြက်ဥ
half-friedနဲ့ Star Power ၁လုံးပေး'
မှာအပြီး အပြင်သို့ကြည့်လိုက်ရာ ကျော်၂ လာနေ
သည်ကိုတွေ့လိုက်ရသည်,အနားအရောက်,
'ဟေ့ကောင် ငပြည့်,နဒီနဲ့ငြိမ်းကြီးကော'
'မင်းကလဲကွာ,သိရဲ့သားနဲ့ ခုမှ၁၀ခွဲပဲရှိသေးတာကို
သူတို့လိုစာဂျပိုးတွေကခုချိန်ဘယ်လာမလဲ,အတန်း
ပြီးမှလာမှာပေါ့
****************
'ကျွန်တော့်ကိုလဲ မင်းပြည့်'မှာသလိုပဲပေးပါ'
ကျော်၂မှာအပြီး လာချပေးသည်များအားစား၍
ပိုက်ဆံရှင်းကာ ကိုယ်စီဖုန်းခဏသုံးနေကြစဉ်,
ကျွန်တော့်ဆီ'ဟန်ငြိမ်း'ဖုန်းဆက်လာလေသည်။
'ဟဲလို,ငြိမ်းကြီး ပြော....'
'အေး...ငပြည့်,မင်းနဲ့'ကျော်၂'အခုငါတို့အတန်းဘက်
လာခဲ့,ဒီမှာ စာသင်နေရင်း နဒီ မူးလဲလို့'
ကြားရသောစကားမှာကျွန်တော့်အတွက်မိုးခြိမ်းသံ၁ခု
သဖွယ်,ကျွန်တော်လဲ'ကျော်၂'အားပြောပြပြီး,ကန်တင်းမှ'
ဟန်ငြိမ်း'တို့အခန်းဆီသုတ်ခြေတင်ခဲ့တော့သည်။နောက်
တွင်လဲ'ကျော်၂'ကကျွန်တော်နှင့်ထပ်ချပ်
မကွာပြေးလိုက်လာလေသည်။
နဒီ့အား'ဟန်ငြိမ်း'မှပွေ့ထူလျက်,ကော်ရစ်တာမှပြေး
ထွက်လာသည်ကိုရောက်၂ချင်းတွေ့ကြရသည်။
ထို့နောက် ကျွန်တော်တို့လဲ ဟန်ငြိမ်း ကိုကူကာ'နဒီ့'
အား ကျော်ကျော့်ကားဆီသို့ဝိုင်းမ,ပေးရင်း ကားထဲသို့
ထည့်ကာနီးစပ်ရာဆေးခန်းသို့သွားကြလေတော့သှ်။
ဆေးခန်းအရောက် ဆရာဝန်မှစမ်းသပ်အပြီး
'လူနာရှင်တွေ ကျွန်တော်နဲ့စကားခဏပြောရအောင်'
ဟုလှမ်းခေါ်သဖြင့် ကျွန်တော်တို့၃ယောက်လဲ
ဆရာဝန်ရှိရာဆီသို့ ကမန်းကတမ်းပြေးသွားပြီး
သော် 'ဆရာ,,,လူနာအခြေအနေဘယ်လိုရှိလဲ'
'ရောဂါကဘာများလဲ ဆရာ?'
'ရောဂါအခြေအနေကောပြင်းထန်သလား?'
၃ယောက်ဝိုင်းမေးကြရာ ဆရာဝန်မှ,,,
ညီလေးတို့က လူနာနဲ့ဘယ်လိုများတော်ဆက်သလဲ?
'ကျွန်,,ကျွန်တော်တို့သူ့အစ်ကိုဝမ်းကွဲတွေပါ'ဟူ၍
ကျွန်တော်မှ'ကျော်၂'နဲ့'ငငြိမ်း'အားလက်အသာကုပ်
၍ပြောလိုက်ရာ, ဆရာဝန်မှ,,,သက်ပြင်းချလျှက်
'အင်း,,ညီလေးတို့အတွက်သတင်းဆိုးလား,သတင်း
ကောင်းလားတော့မပြောတတ်ဘူး;နားနဲ့မနာ ဖဝါး
နဲ့သာနာကြကွာ,လူနာမှာ ကိုယ်ဝန်က၂လရှိနေပြီ'
သွားပြီ,,,ရုတ်တရက်ကြားလိုက်ရသောစကားကြောင့်
ကျွန်တော်,ယိုင်နဲ့သွားသောကိုယ်လုံးအား,အားပြုရပ်
တည်ရင်း,ကျန်၂ကောင်လဲကျွန်တော့်လိုပဲဖြစ်ပေလိမ့်
မည်မှာအသေအချာပင်။
'ဆရာရယ်,,,သေ.သေချာရဲ့လားဗျာ,ကျွန်တော့်ညီမဆီမှာ
ရည်းစားရှိတယ်လို့လဲ ၁ခါမှမကြားမိလို့ပါ'
'ညီလေး,ကို့၁သက်နဲ့၁ကိုယ်ဆေးကုလာတာ,၁ခါမှ
အမှားအယွင်းမဖြစ်ခဲ့ဘူး,ညီလေးတို့မယုံရင် တခြား
ဆေးခန်းတွေမှာလဲသွားပြကြည့်လို့ရတယ်,အကယ်
၍များခု,ကို ပြောတာနဲ့လွဲချော်နေခဲ့မယ်ဆိုရင်,ဟိုက
ချိတ်ထားတဲ့ ကို့ရဲ့ဆေးကုသခွင့်မှတ်ပုံတင်ကိုမီးရှို့
ပေးလိုက်မယ်,ဘယ်လိုလဲ?'
ထိုအခါ အမြဲတည်၂ငြိမ်၂ရှိသော'ဟန်ငြိမ်း'မှ
'ဆောရီး,,,ဆရာ,ကျွန်တော့်အကိုစိတ်လောပြီးစကား
မှားသွားလို့ပါ,သူ့အစားကျွန်တော်ကပဲတောင်းပန်ပါ
တယ်,ဆရာ့စစ်ဆေးချက်ကိုလဲယုံပါတယ်ဗျာ,
ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦး'ထိုအခါမှ ကျော်၂က
'စမ်းသပ်ခဘယ်လောက်လဲ ဆရာ'
'နေ,နေ ညီ,၁ပြားမှမပေးနဲ့,ကို ပြောတဲ့အတိုင်းမှန်
တယ်ဆိုမှသာ ကို့နာမည်နဲ့အလှူ၁ခု၂ လုပ်ပေး'
ဆရာဝန်လဲကျွန်တော့်စကားကြောင့်တော်၂feelဖြစ်
သွားပုံရတယ်,
'ကျွန်တော် စိတ်လောသွားလို့ပါ,ဆရာ, ကျွန်တော်
အနူးအညွတ်တောင်းပန်ပါတယ်'ထိုသို့ ထပ်ခါ၁လဲ
လဲတောင်းပန်မှဆရာဝန်လဲ ကျော်၂ အတင်းထိုးပေး
သောပိုက်ဆံ၁သောင်းအားမယူချင်ယူချင်နဲ့ယူလိုက်ရ
တော့သည်။ထိုအခိုက်
'ငါ့ကို နင်တို့၃ယောက်လမ်းမှာသတ်ပြီးထားခဲ့'ဟု
ခန်းစီးနောက်ကွယ်မှပြောသော'နဒီ့'အသံကြောင့်
ကျွန်တော်တို့၃ယောက်လဲ ပြာ၂သလဲဖြစ်သွားကာ
'နဒီ,လာဟာ, သွားကြရအောင်'ဟုပြောလျှက်
နဒီ့အား တွဲကာပြန်ကြလေတော့သည်။
၁လမ်းလုံးကျွန်တော်တို့ဘာမေး၂ ခေါင်းကိုသာ
အတင်းခါ၍ဘာမှမပြော,ထူးဆန်းသည်က 'နဒီ'
လုံးဝမငိုခြင်းပင်။၁စုံ၁ခုအားစိတ်နာနေသည့်ပုံစံဖြင့်
အံကိုတင်း၂ကြိတ်၍ ကားပြတင်းဆီမှအပြင်သို့ငေး
ကြည့်လျှက်။
'နဒီ့'အားအိမ်သို့ပို့အပြီး,ကျွန်တော်တို့၃ယောက်ပြန်
ခဲ့ကြသည်။သို့သော် အိမ်သို့တန်းမပြန်ကြပဲမိဘများ
အား 'ခဏ'ဟုပြောလျှက်၃ယောက်သား ပြန်ထွက်
ကာ ကန်ဘောင်သို့သွားရင်းအရက်သောက်မိကြသှ်။
ည ၁၀နာရီကျော်မှအိမ်သို့ပြန်ကာ အိပ်ကြသည်။
အိပ်မက်ထဲမှာ နဒီ ကဂါဝန်အဖြူ လေးနဲ့ကျွန်တော့်
ဆီမြူ ခိုးတွေကြားမှ လျှောက်လာကာအနားရောက်
သော်, ကျွန်တော့်အားမျက်ရည်များစီးကျနေသော
မျက်လုံးများနဲ့အတန်ကြာစိုက်ကြည့်အပြီး,ခဏနေ
'တာ့တာ'ပြကာ မြင်ကွင်းထဲမှမြူ ခိုးများနဲ့ရော၍
ပျောက်ကွယ်သွားတော့သည်။လက်ထဲမှာလဲ ကြိုးစ
၁ချောင်းအားကိုင်လျှက်,,
နောက်နေ့မနက်,,,အမေ့ရဲ့နှိုးသံက ကျွန်တော့်အဖို့
ကမ္ဘာကြီးပြောင်းပြန်လည်သွားသလိုပင်,
'ဟဲ့,,,,သား,မင်းပြည့်, ထစမ်း! နဒီလေး သူ့ကိုယ်သူ
ဆွဲကြိုးချပြီးသတ်သေလို့တဲ့' 'ကြား၂ချင်း ကျွန်တော်
ကိုယ့်နားကိုယ်မယုံမိ,
'အမေ,,,သေချာလို့လားဗျာ,မနေ့ကမှအကောင်းကြီး
ကို,ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
'အေး,,,မယုံရင်သွားသာကြည့်တော့,နင့်အဖေလဲအခု
ဆေးရုံမှာ,နဒီ့အဖြစ်ကိုတွေ့ပြီး သတိလစ်သွားတဲ့
သူ့အမေကိုဆေးရုံသွားပို့ကြတယ်,နင့်အဖေလဲလိုက်
သွားတယ်,မယုံနင်ဖုန်းဆက်မေးကြည့်'
ကျွန်တော်လဲ ဝရံတာသို့ပြေးသွားကာ နဒီတို့အိမ်သို့
လှမ်းကြည့်စဉ်,နဒီ့အလောင်းအား ထမ်းစင်နဲ့သယ်
၍ထွက်သွားကြသည်ကိုတွေ့ရလေသည်။
ကျလာသောမျက်ရည်များမှာလဲမရပ်တန့်နိုင်တော့,
ထိုစဉ် ဖုန်းRingtoneမြည်လာ၍ကောက်ကိုင်ကြည့်
သော်,ဟန်ငြိမ်း ဆီမှဖြစ်နေကာ,
'င,ငပြည့်, နဒီဆွဲကြိုးချသွားလို့ဆို,အဲ့ဒါတကယ်လား
ကောလဟာလ မဟုတ်လား?'တုန်၂ယင်၂အသံဖြင့်
မေးလာသော ငြိမ်းကြီးအား ကျွန်တော့်တွင်ဖြေစရာ
ပင်စကားမရှိတော့ချေ။ကျွန်တော်တို့၃ယောက်ထဲမှာ
သူက'နဒီ့'အနွံတာအခံဆုံး,အလိုလိုက်ဆုံး,
ကျွန်တော်တို့ထက်ပင်ပို၍'နဒီ့'ကိုအချစ်နိုင်ဆုံး,
'အေး,,,ဟုတ်တယ် ငြိမ်းကြီး,နဒီ သေပြီကွ,အခု ငါ့
မျက်စိရှေ့မှာ နဒီ့အလောင်းကိုကားပေါ်တင်ခေါ်နေ
ကြတာ,ဟီ:::::::::::::::'ကျွန်တော် ငြိမ်းကြီးရဲ့အမေး
ကို ဖြေလဲဖြေ,ငိုလဲငို။
'ဒုန်း,ဒုန်း,ဒုန်း, မောင်မင်းပြည့်,အခု မင်းထွက်ဆို
သွားတာတွေဟာ တကယ်နော်?' တရားသူကြီး၏
အမေးအားချက်ချင်းပင်ပြန်လည်ဖြေဆိုကာ,
'ဟုတ်ကဲ့,,,တကယ်ပါ'
'သေဆုံးသူနဒီ့ကိုသံယောဇဉ်ရှိနေကြတဲ့သူငယ်ချင်း
၃ယောက်မှာ မင်းက သေဆုံးသူနဲ့မျက်နှာချင်းဆိုင်
နေကြတာဆိုတော့ သုံးသပ်ချက်များအရ သံသယ
အရှိဆုံး တရားခံဟာ,မင်းပဲ'
'ဟုတ်ပါတယ်,ကျွန်တော် နဒီ့ကို သံယောဇဉ်ရှိပါခဲ့
ပါတယ်,ဒါပေမဲ့ ခုနကကျွန်တော်ပြောသွားတာတွေ
အားလုံးကအမှန်ပါ, ကျွန်တော် နဒီ့ကို မယုတ်မာ
ခဲ့ပါဘူး'
'ကောင်းပြီလေ,ဒါဆို ကျမ်းကျိန်ရမယ်,'
'ဟုတ်ကဲ့, ကျိန်ပါ့မယ်'
ကျွန်တော် ကျမ်းကျိန်ပြီးနောက် အလှည့်ကျ
ဝင်ရောက်လာသူကား 'ကျော်၂'
'မောင်ကျော်၂,နဒီ့မှာကိုယ်ဝန်ရှိမှန်း မင်းဘယ်အချိန်
က စ,ပြီး သိခဲ့သလဲ?'
'ကျွန်တော်လဲမင်းပြည့်ထွက်ဆိုသွားသလိုပါပဲ,
ကျောင်းမှာ နဒီမူးလဲလို့ဆေးခန်းပြမှ ဆရာဝန်ပြော
လို့ သိရတာပါ'
'ကောင်းပြီလေ ဒီ့မတိုင်ခင်ကော,သေဆုံးသူမှာအနေ
အထိုင်အစားအသောက်,အပြုအမူအပြောအဆိုအမူ
အရာပျက်နေသေးလား?'
'မပျက်ပါဘူး,အားလုံးပုံမှန်ပါပဲ'
တရားသူကြီးလဲစဉ်းစားရကြပ်သွားပုံဖြင့်,
'ဒုန်း,ဒုန်း,ဒုန်း'လက်ထဲမှတူအားထုပြီး,
'ကောင်းပြီလေ,ဒီအမှုရဲ့နောက်ထပ်သံသယရှိထား
သူ မောင်ဟန်ငြိမ်း ဆေးရုံကဆင်းမှပဲ ထပ်ပြီးစစ်
ဆေးကြတာပေါ့,'
'ဒီနေ့အဖို့အမှုစစ်တာရပ်ပြီးရုံးချိန်းကို မောင်ဟန်ငြိမ်း
ဆေးရုံကဆင်းတဲ့နေ့အထိရွှေ့တယ်........'
*****************
- နဒီ ဆုံးပြီးနောက်နေ့ည,
'သွာ::::::,နင် ငါ့ရှေ့ကထွက်သွား,အီးဟီ:::::::::'
'ငါတောင်းပန်ပါတယ် နဒီ ရယ်,ငါ့ကိုမခြောက်ပါနဲ့'
'ငါ,ငါ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူးဟာ'
'ချောက်'ကနဲ မီးဖွင့်သံနဲ့အတူ,
'သား,,,သားလေး,ဟန်ငြိမ်း, ဘာတွေဖြစ်နေတာလဲ,
လန့်လိုက်တာကွယ်'အမေပုတ်နှိုးလာမှကျွန်တော်
လဲအိပ်မက်ဆိုးကြီးမှလွတ်မြောက်လာကာ အမေ့
ရင်ခွင်ထဲခေါင်းကိုတိုးဝှေ့လျက်,
'အီးဟီ:::::::::,သား...သားကြောက်တယ် အမေ,
အိပ်မက်ထဲမှာ နဒီ ကသားကို'နင့်ကိုငါသတ်
မယ်'ဆိုပြီး သူသေတုန်းကလိုကြိုးတန်းလန်းကြီးနဲ့
လာ၂ ခြောက်နေတယ်,အီးဟီ::::::::'
'အေးပါကွယ်,ရော့,ရော့ ရေ၁ခွက်လောက်သောက်
လိုက်,သား'
အမေပေးသောရေခွက်အား ကုန်သည်အထိမော့၍
'အမေ, ဒီညသားနဲ့အိပ်ပေးပါနော်'
'အေးပါကွယ်,သားလေး အိပ်တော့,အမေ
ထိုင်စောင့်ပေးနေမယ်'ထိုသို့ပြောမှ ကျွန်တော်လဲ
ခေါင်း၁ချက်ငြိမ့်ပြကာ အမေ့ပေါင်ပေါ်၌ပင်ပြန်၍
အိပ်ပျော်သွားတော့သည်။
နောက်နေ့မနက်,အိပ်ယာထပြီး ရေချိုးရန်ရေချိုးခန်း
ထဲသို့ဝင်၍ မျက်နှာသစ်နေစဉ်,
'ချောက်'ကနဲမြည်၍ရေချိုးခန်း လော့ခ် မှာသူ့အလို၂
ကျသွားသဖြင့်ကျွန်တော်လဲနောက်သို့လှည့်ကြည့်ရန်
အပြင်,၁စုံ၁ရာကကျွန်တော့်ပုခုံးအားထိလာ၍အပေါ်
သို့မော့အကြည့်,,,
'နင့်ကိုငါသတ်မယ်'ဟု မျက်လုံးများပြူးကာ လက်ညှိး
ကြီးထိုးလျှက် ကျောချမ်းဖွယ်ဝမ်းခေါင်းအသံကြီးဖြင့်
ပြောနေသော 'နဒီ့'အား ကျွန်တော်တို့ရေချိုးခန်းမျက်
နှာပျက်၌ ကြိုးဆွဲချ၍တန်းလန်းကြီးဖြင့်ကျိန်းဝါးနေ
သော မြင်ကွင်းကိုမြင်ပြီး,,,
ကျွန်တော့်အသိ,အမြင်၁ခုလုံးမှောင်အတိကျသွားလေ
တော့သည်။
ကျွန်တော်နိုးတော့ဆေးရုံ၁ခုပေါ်မှာ,
'ကဲ...ဆေးသောက်ရအောင်'
'အသံကြား၍ဘေးသို့စောင်းအကြည့် ကျွန်တော့်အား
သွေးအေးစွာပြုံး၍ကြည့်နေသော'နဒီ့'အား မြင်သဖြင့်
'အာ::::::::::::::'ဟုအော်ကာ ဒုတယမ္ပီသတိမေ့ခြင်းသို့
ရောက်ရှိသွားတော့သည်။နောက်နေ့တွေမှာလဲ ကြား
နေရသမျှက နဒီ၏'ဟန်ငြိမ်း,နင့်ကိုငါ သတ်မယ်'ဟူ
သောကျောစိမ့်ဖွယ်အသံကြီးနဲ့ပြောသောစကားသံများ
မြင်နေသမျှမှာလဲ ကျွန်တော့်အားလက်ညှိးကြီးထိုး
လျက် လည်ပင်းတွင်ကြိုးတန်းလန်းဖြင့် မျက်နှာမှာ
ဖြူဖွေးစွတ်နေသည့် ၁စုံ၁ရာအားကြိမ်းဝါးနေဟန်တူ
သော နဒီ့ ရုပ်ပုံများ,,,,
၁ပတ်လောက်အကြာကျွန်တော်မှိန်း၍နေစဉ်
ကျွန်တော့်ကုတင်ဘေး အမေနဲ့အဖေတီးတိုးပြောနေ
သည်များကိုအတိုင်းသားကြားနေရသည်။
'အဖေကြီး,မောင်မင်းပြည့်နဲ့မောင်ကျော်ကျော်တော့
တရားရုံးမှာ အစစ်ဆေးအမေးမြန်းခံနေရတယ်တဲ့,
ထိုအခါစိတ်ထဲမှ 'အော်....သူတို့ငါ့ဆီသတင်းလာမ
မေးကြတာ ဒါ့ကြောင့်ကိုး'ဟုစိတ်ထဲမှပြောဆိုလျှက်,
'အမေနဲ့အဖေ,သားကို တရားရုံးလိုက်ပို့ကြပါ,သား
ဝန်ခံစရာဖြောင့်ချက်ပေးစရာတွေရှိလို့ပါ'ဟုပြော၍
'သား...မခံစားနိုင်တော့ဘူး,ဒိအတိုင်းနေရင်လဲ နဒီ
က သားကိုအလွတ်ပေးမှာမဟုတ်ဘူး,သားဘယ်
သွား၂ သူကအမြဲလိုက်နှောင့်ယှက်နေမှာ,သား
တရားရုံးသွားပြီး ဖြောင့်ချက်ပေးချင်တယ်,သားကို
သနားရင်လိုက်လျောပေးကြပါနော်'ဟုပြောလာသော
သား၏အဖြစ်အားကြည့်လျှက် မျက်ရည်များစို့တက်
လာကာ
'အေးပါသားရယ်,,,အဖေခုပဲ ဆရာဝန်ဆီသွားပြီး
အကျိုးအကြောင်းပြောလိုက်ပါ့မယ်,ဆရာဝန် ကခွင့်
ပြုတယ်ဆိုရင် အဖေတို့သွားကြတာပေါ့'
ထိုအခါမှကျွန်တ်ေလဲအနဲငယ်စိတ်သက်သာရာ ရကာ '
အဖေ...ဆရာဝန်ကိုသေချာပြောခဲ့ပေးနော်'ဟု
အဖေ့အား အားကိုးတကြီးကြည့်လျှက်ပြောမိတော့
သည်။
ထို့နောက် ၁ဖက်သို့စောင်း၍အိပ်မည် အပြု
ကျွန်တော့်အားကုတင်ဘေး၌ မျက်လုံးများပြုတ်
ထွက်မတတ်ကြည့်နေသော
နဒီ့ရဲ့ဖြူ ဖတ်ဖြူ ရော်မျက်နှာကြီးအားတေ့လိုက်
ရသဖြင့်နှလုံးခုန်များမြန်လာကာ 'အာ:::::::::::::'ဟုအော်လျှက်
တတိယမ္ပိအမှောင်တောထဲသို့ကျွန်တော့်
စိတ်များရောက်ရှိခဲ့ရတော့သည်။
ကျွန်တော်သတိမမေ့မြောခင် နားထဲ၌လည်း
နဒီ့ ၏ အေးစက်၂ ရယ်သံကြီးအားကြားမိလိုက်သ
လို၂ ပင်။
ဆရာဝန်လဲအမှုကိစ္စဖြစ်နေသဖြင့် ခွင့်ပြုသော
ကြောင့် နောက်နေ့ဆေးရုံမှတရားရုံးသို့သွားကာ,
'ဒုန်း,ဒုန်း,ဒုန်း,,, ကဲ လူလဲစုံပြီ, ဖြောင့်ချက်ပေးမဲ့
မောင်ဟန်ငြိမ်းလဲရောက်နေပြီဆိုတော့ တရားခွင်
ကိုပြန်စ,လိုက်ရအောင်'
'ကဲ,,,ဆရာကြီးတို့,သံသယရှိသူ မောင်ဟန်ငြိမ်းကို
ခေါ်လာပေးပါ'ဟုတရားသူကြီးပြောအပြီးထွက်သွား
သောရဲသား၂ယောက်လဲ မကြာခင်ဟန်ငြိမ်းအား
ဘေး၁ဖက်၁ချက်စီမှတွဲလျှက် ပြန်ဝင်လာစဉ်
မြင်လိုက်ရသော ဟန်ငြိမ်း အဖြစ်အား,
ကျွန်တော်အပါအဝင် အားလုံးသောသူများမှာ
ဂရုဏာသက်မိကြသည်။မျက်ကွင်းများမှာလဲညို၍
ချိုင့်ဝင်နေကာ မျက်လုံးများမှာလဲ ဟိုကြည့်လိုက်,
ဒီကြည့်လိုက်ဖြင့် ဂနာမငြိမ်,အရူး၁ယောက်ပမာ,
သို့သော် ကျော်ကျော်၁ယောက်သည်သာ ဟန်ငြိမ်း
အား စားမတ်ဝါးမတတ်မျက်လုံးများဖြင့်စူးစိုက်ကြည့်
လျှက်,,,,
'ဒုန်း,ဒုန်း,ဒုန်း'
'ကဲ...မောင်ဟန်ငြိမ်း,ထွက်ဆိုဖို့အသင့်ဖြစ်ပြီလား'
ထိုအခါ ဟန်ငြိမ်းလဲတရားသူကြီးအားကြည့်လျှက်
ချုံးပွဲချငိုလေတော့သည်။ခဏအကြာ
'ဟုတ်ကဲ့,,,ကျွန်တော်ဒီအဖြစ်မှန်တွေကိုဖွင့်ပြောချင်
တောကြာပါပြီ,ကျွန်တော်အမှန်အတိုင်းမပြောမချင်း
နဒီ့'ဝိဥာဉ်က ကျွန်တော့်ကိုဘယ်သွား၂ အရိပ်လို
လိုက်နှောင့်ယှက်နေလို့ပါဗျာ'
'ဟော,,,,,,န.န.နဒီ ဒီထဲရောက်နေပြန်ပြီ,သူဟိုဘက်
ထောင့်ကနေ ကျွန်တော့်ကိုစိုက်ကြည့်နေတယ်'
ဟန်ငြိမ်း လက်ညှိးထိုးပြ၍ပြောသောစကားကြောင့်
တရားသူကြီးအပါအဝင် ကျွန်တော်နဲ့အခန်းထဲရှိလူ
များအားလုံး ဟန်ငြိမ်း ထိုးပြသောနေရာအား
ကြည့်သော်လည်းရေအိုးစင်၁ခုမျှလွဲ၍ဘာမျှမတွေ့,
ဟန်ငြိမ်း ထိုသို့ပြောလိုက်သောအခါ နဒီ့အမေမှာ
ရုတ်တရက်မျက်နှာအားလက်ဝါးဖြင့်အုပ်ကာ,,,,
'အမယ်လေ::::သမီးလေးရယ်,အဖြစ်ဆိုးလှချည်
လား'ဟု ချုံးပွဲချ ငိုနေသဖြင့် နဒီ့အဖေလဲသူ့ဇနီး
အားဖက်၍နှစ်သိမ့်နေတော့၏။သို့သော် သူ့မျက်ဝန်း
ထဲတွင်လည်း မျက်ရည်ဥများခိုတွဲလျှက်,,, နဒီ့အမေရှိရာသို့
ကျွန်တော့်မိဘတွေနဲ့ကျော်ကျော့်မိဘတွေလဲ အပြေး
သွားကာ ပြေရာပြေကြောင်းချော့မြူ ပြောဆို၍အားပေး
နှစ်သိမ့်နေကြသည်။
သို့သော် ထိုရေအိုးစင်၌လိပ်ပြာလေး၁ကောင်နားနေ
သည်ကိုတော့ကျွန်တော်သတိထားမိလိုက်လေသည်,
တခြားသူများကတော့ဖြင့် တွေ့သည်မတွေ့သည်ကို
ကျွန်တော်မပြောတတ်ပေ။
**********************
'ကဲ မောင်ဟန်ငြိမ်း,အဆင်သင့်ဖြစ်ရင် ထွက်ဆို
လို့ရပြီ'
'ဟုတ်ကဲ့,,,အဖြစ်ကဒီလိုပါ,တရားသူကြီးမင်း...'
ကျွန်တော်က မင်းပြည့်တို့ရဲ့၂လမ်းကျော်မှာနေတာပါ
ကျောင်းသွားမယ်ဆိုတိုင်း ကျွန်တော်က ၂လမ်းကျော်
က မင်းပြည့်အိမ်အရင်သွား,မင်းပြည့်ကိုခေါ်,ပြီးရင်
မင်းပြည့်တို့အိမ်ရဲ့မျက်နှာချင်းဆိုင်က 'နဒီ့'ကိုခေါ်ပြီး
၃ယောက်သားလမ်းမကြီးပေါ်ထွက်ပြီးလျှောက်လာ,
ပြီးရင် ဈေးထိပ်က'ကျော်ကျော့်'အိမ်ဝင်ပြီးသူ့ကားနဲ့ပဲ
ကျောင်းကိုသွားကြတယ်,အဲ့ဒါ ကျွန်တော်တို့နေ့စဉ်
ကျောင်းသွားတဲ့ ပုံစံပဲ,
၁နေ့,ကျွန်တော်ကျောင်းသွားဖို့ ရေချိုးပြီးအဝတ်
အစားလဲနေတုန်း 'ပွမ်ပွမ်' အိမ်ရှေ့
က ကားဟွန်းတီးသံကြားလို့ထွက်အကြည့်, ကျော်၂
ကျွန်တော့်အိမ်ရှေ့ စော၂စီး၂ရောက်နေတယ်,
'ဟား,ဒီနေ့တော့ နွေခေါင်၂မိုးရွာတော့မှာပဲ,
လာ,လာ ဟေ့ကောင် အိမ်ပေါ်တက်,ခဏစောင့်ဦး,
ငါ ပြီးတော့မယ်' ကျွန်တော်လဲ ကျော်ကျော့်ကိုလှမ်း
စ,၍ အိမ်ပေါ်ခေါ်ကာ ခဏစောင့်ခိုင်းလိုက်တယ်,
ခဏအကြာ ကျွန်တော်လဲအဝတ်အစားလဲပြီး
အဆင်သင့်ဖြစ်ပြီမို့
'လာ,ဟေ့ကောင် သွားကြစို့' ဟုကျော်ကျော့်ကိုပြော
ကာ ကားပေါ်တက်၍ မင်းပြည့်ဆီသို့လာခဲ့ကြတော့
သည်။မင်းပြည့်,အိမ်ရှေ့အရောက် ကားဟွန်း၂ချက်
နချက်တောက်လိုက်ရာ,တံခါးဖွင့်ပြီး, မင်းပြည့် အိပ်
ချင်မူးတူးနဲ့ထွက်လာပြီး,ရေချိုးလိုက်ဦးမယ်.ခဏစောင့်
ဟုလက်ဟန်ခြေဟန်နှင့် ပြသဖြင့်,ကျွန်တော်တို့
လဲ ခေါင်းငြိမ့်ပြလိုက်သည်။ပြီး,ကျော်ကျော်က
'ဟေ့ကောင် ငြိမ်းကြီး, နဒီ ကသရဲကြောက်တတ်
တယ်မလား?,ငါတို့ သူ့အိမ်ထဲတိတ်၂လေး ဝင်ပြီး
သွားခြောက်ကြမယ်'ဟုပြောလာ၍
'အေး, သွားကြမယ်'
ထို့နှင့် နဒီ့အားခြောက်လှန့်ရန်တံခါးအားအသာတွန်း
ဖွင့်ကာ ဝင်လာစဉ်,နဒီ့အမေမှ,,,
'ဟယ်,,,ဒီမျောက်လောင်းလေးတွေ,အိမ်ပေါ်ကိုခိုး
ကြောင်ခိုးဝှက်နဲ့တက်ပြီး ဘာတွေမွှေမလို့လဲ,နင်
တို့သူငယ်ချင်းကတော့ ခုမှရေချိုးတုန်း,ခဏစောင့်
အန်တီ သားတို့အတွက် ကော်ဖီနဲ့မုန့်သွားပြင်ဦး
မယ်'ဟုပြော၍ နောက်ဖေးဝင်သွားသဖြင့်,
'ဟေ့ကောင် ငြိမ်းကြီး,အကြံ၁ခုတော့ပျက်သွားပြီ,
'အေးကွာ, ဟာ.ငါအကြံရပြီ,ဟေ့ကောင်, ရှေ့မှာ
နဒီ့ စာကြည့်စားပွဲပဲ,သရဲမခြောက်ရလဲ သူ့စာအုပ်
တွေဖွက်ယူသွားမယ်ကွာ,ကျောင်းရောက်မှပေးမယ်'
'အေး,မင်းအကြံမဆိုးဘူးငြိမ်းကြီး,ဒါလဲကောင်းတာ
ပဲ'ဟုပြောလျက် ကျော်၂သည်စာကြည့်စားပွဲဆီသို့
လျှောက်သွားကာစာအုပ်များအားယူလိုက်စဉ်,
'ဘုတ်' ဒိုင်ယာရီစာအုပ်လေး၁အုပ်က ထိုစာအုပ်များ
ကြားမှထွက်ကာ ပြုတ်ကျသွားတော့သည်၊
'အမယ်, ငနဲမက ဒိုင်ယာရီတွေဘာတွေရေးလို့'
ကျော်၂ လဲထိုစာအုပ်အားကောက်၍စာမျက်နှာများ
အားလှန်လှောကြည့်နေရာ,၁နေရာအရောက်.
ကျော်၂ မျက်နှာကွက်ကနဲပျက်သွားသဖြင့်ကျွန်တော်
လဲ သိချင်၍သွားကြည့်ရာ,စာအုပ
Sunday, July 31, 2016
သရဲအကြောင်းစုစည်းမှု့ ၃
Subscribe to:
Post Comments (Atom)
No comments:
Post a Comment