ဟာသများ
ဟာသများ / 6 months ago
( ဖြစ်နိုင်ရင် မိန်းခလေးများ မဖတ်ကြပါနဲ့ ... စောက်မြင်ကပ်သွားကြမှာ စိုးလို့ပါ .... 😁 )
အကယ်၍ ကျနော် ရည်းစားထားမယ်ဆိုပါတော့ ... ! ( စိတ်ကူးယဉ် ကြည့်ဒါဘာ 😁 )
ဆော် နဲ့ လျှောက်လည်မယ်ဗျာ ... 👫 !
- 2000 >>> ဆိုင်ကယ်ဆီဖိုးကတော့ အဲ့လောက်ကုန်မှာပဲ ... ! ( ကားနဲ့ဆို ပိုကုန် 😕 )
MDY မှာ သွားစရာ နေရာ များများစားစား မရှိပါဘူး ... 😊 !
Diamond Plaza မှာ ရုပ်ရှင် သွားကြည့်မယ်ဗျာ ... 😉 !
- 5000 >>> အဲ့ဒါ နှစ်ယောက်ပေါင်း လက်မှတ်ခ ... ! ( ဒါတောင် အတွဲခုံက မကြည့်ဘူးနော် ... 2500 တန်းက ကြည့်မှာ ... ! 😕 )
- 700 >>> အဲ့ဒါ မုန့် ဝယ်မယ် ... ( ဒီတိုင်းကြီးရုပ်ရှင်ရုံထဲ ဝင်လို့ မကောင်းဘူးလေဗျာ ... အနည်းဆုံး နေကြာစေ့ တထုပ်လောက်တော့ ဝယ်ရမှာပေါ့ ... ! 😕 )
ရုပ်ရှင်ကြည့်ပီးသွားပီ ... ဆော်နဲ့ တခုခု စားမယ် ... 🍛 ! Diamond အပေါ်ဆုံးထပ်မှာ စားသောက်ဆိုင်တော့ ရှိတယ်ဗျ ... !
- 3000 >>> အဲ့ဒါ ထမင်းကြော် တပွဲနဲ့ရေတဗူး ... ! ( ရပါတယ်လေ ... ချစ်တဲ့ စိတ်နဲ့ပဲ ၂ ယောက်တပွဲစားပီး ဗိုက်ဖြည့်မယ် ... နောက်ပီး ဆိုင်မှာ ဈေးအပေါဆုံးက ထမင်းကြော်ပဲဗျ ... 😕 )
ကဲ ... ရုပ်ရှင်လဲ ကြည့်ပီးပီး စားပီးသောက်ပီး သူ့ကို အိမ်ပြန်ပို့တော့မယ်ဗျာ ... 😩 !
- 300 >>> ( ဆိုင်ကယ်ရပ်ခ ! ကားရပ်ခ ဆိုရင် အဲ့ထက်ပိုကုန်မယ် 😕 )
သူ့ကိုလဲ အိမ်ပြန်ပို့ပီးပီ ... ကိုယ်လဲ အိမ်ပြန်တော့မယ်လေ ... !
ညကျတော့ ဖုန်းဆက် ... 📲 ( တွေ့လို့မှ မဝ လိုက်တာ ... )
"သဲကိုချစ်တယ် ... ခုမှ အိမ်ပြန်ပို့ပီးတာကို လွမ်းနေပြန်ပီ ... ဘာပုတယ် ညာပုတယ် ❤️ "
- 2000 >>> phone bill ! ( ၁ နာရီလောက် ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး ... ညလုံးပေါက်ဆို ဒီ့ထက် ပို ကုန်မယ် 😕 )
ကဲ ... တရက် လည် လိုက်တာ ... အာလုံးပေါင်း 13000 ကုန် တယ် ! အဲ့ဒါတွေ သူ့ကိုရှင်းခိုင်းလို့လဲ မကောင်းဘူးလေဗျာ ... ကိုယ်က ယောက်ျားလေးဆိုတော့ ရတယ် ... ဘာမှ ဖြစ်ဘူးးး ... ကိုယ်ပဲ ရှင်းမယ်ပေါ့ ... 😥 !
( ကပ်ဆေးနဲ တယ်လို့ မထင် ကြပါနဲ့ဗျာ ... ! ပိုက်ဆံ 13000 ဆိုတာ ... Studio မှာ duty ယူရင် 4 နာရီလောက် ... သီးချင်းကို အေးအေးဆေးဆေး Recording လုပ်လို့ရတယ် ... 😭 )
တရက် လည်ရင် 13000 ! အများကြီး မလည်ပါဘူး ... တစ်လ ကို ၄ ရက် ပဲ လည်မယ် ... ! တပက် တခါပဲပေါ့ ... !
13000 × 4 = 52000 ... ! အဲ့ဒါ ခဏ ထား ............
တခါတလေ လည်ရင်း နဲ့ မိန်းမ များက ဟိုဟာ လိုချင် ဒီဟာ လိုချင် လက်ညှိုးက ထိုးတတ်ကြသေးတယ် ... 😁 ဝယ်ပေးလို့တော့ တိုက်ရိုက်မပြောကြဘူးပေါ့ ... "ဟိုဟာလေး အရမ်းလှတယ် ... ဒါလေးက ချစ်စရာလေး" ပေါ့ ... ! ကိုယ်က သိသင့်ပီလေ 😩 ... ဝယ်မပေးလို့လဲ မကောင်း ... ! ကိုယ်က ယောက်ျားလေး ဆိုတော့ ကိုယ့်ဆော် လို ချင်နေတဲ့ ပစ္စည်း မသိချင်ယောင်ဆောင်ပီးတော့လဲ မနေနိုင် 😩 !
- 10000 >>> ဝယ်ပေးလိုက်ရပီ ... ( မိန်းခလေး အဝတ်အစား နဲ့ အသုံးအဆောင် ပစ္စည်း ဆိုရင် ဈေးက တသောင်း အောက်မှာ မရှိ ... 😕 )
ဘာမှဖြစ်ဘူး ကိုယ် ဝယ်ပေးမယ်ပေါ့ ... 😥 !
( ကပ်ဆေးနဲ တယ်လို့တော့ မထင်ကြပါနဲ့ဗျာ ... ပိုက်ဆံ 10000 ဆိုတာ ... သီချင်း တပုဒ် Mixin ဆွဲလို့ ရပါတယ် ... 😭 )
ဘာလိုလိုနဲ့ ရည်းစား ဖြစ်တာ ၁ လ ကြာသွားပီ ထားလိုက်တော့ 😁 ... Aww ... အာ့ဆိုရင် Anniversary လက်ဆောင်က ဝယ်ပေးရတော့မယ် ... 😩 !
လက်ဆောင်ပစ္စည်းဆိုင်တွေ သွားကြည့် ... !
- 35000 >>> ဝက်ဝံရုပ် 🐻 ( အာ့တောင် အကြီးကြီး မဟုတ်ဘူး ... ! အလယ်အလတ် ထဲက 😕 )
မဝယ်ပေးလို့လဲ မကောင်းဘူးလေ ... ကိုယ့် ချစ်သူ မျက်နှာ မငယ်ရအောင်တော့ ထားရမှာပေါ့ ... 😥 !
ရပါတယ် ... ကိုယ့်ရဲ့ Anniversary လက်ဆောင်ပေါ့ ... 😥 !
( ကပ်ဆေးနဲ တယ်လို့တော့ မမြင်ကြပါနဲ့ဗျာ ... ပိုက်ဆံ 35000 ဆိုတာ တီးလုံး ကောင်းကောင်း တပုဒ်လောက် ဝယ် လို့ရတယ် ... ! 😭 )
1 လ စာ လျှောက်လည်တာက 52000
သူလိုချင်တာ ဝယ်ပေးတာက 10000
Anniversary present က 35000
အားလုံးပေါင်း 97000 .... !
အားပါးပါး .... တလ ကို1 သိန်း နီးပါး ပါလား 😱 ???
တော်ပါပီ ဆက်ပီး စိတ်ကူးမယဉ်တော့ပါဘူး ... ! အခုလို အခြေအနေနဲ့တော့ ... ကိုယ့် ဘဝ ကိုယ် နားလည်ပါဒယ် 😁 !
************** Single is the best **************
Credit to Original
Visit website
ဟာသများ
ဟာသများ / 6 months ago
မိန်းမက လင်ငယ်နဲ့ နောက်မီးလင်းနေတုန်း လင်ကြီးက တံခါးကို ဆောင့်ကန်ဝင်လာတော့ အိပ်ခန်းထဲမှာ လင်ငယ်နဲ့ ပက်ပင်းတိုးပါလေရော။ လင်ကြီးက သူ့မိန်းမကို
"နင်အပြင်ထွက်နေ သူနဲ့ငါနဲ့ ၂ ယောက်တည်းစာရင်းရှင်းမယ်"
ဆိုပြီး အိပ်ထဲက သေနတ် ၂ လက်ကိုထုတ်ပြီး ...
"ဒီသေနတ်တွေက ရုပ်ရှင်ထဲမှာသုံးတဲ့သေနတ်တွေ အသံသာမြည်ပြီး ကျည်ဆံမထွက်ဘူး။မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် ပစ်ပြီးသေချင်ယောင်ဆောင်မယ်။ မိန်းမက ဖက်ငို ခံရတဲ့သူက ဆက်ပေါင်းစေ၊ ကျေနပ်လား"
ဆိုတော့ လင်ငယ်က ``OK´´တဲ့။
ဒါနဲ့ ၂ ယောက်သား တိုင်မင်ခေါ်ပြီး
``ဒိုင်း ဒိုင်း´´ဆို မရှေးမနှောင်းပစ်ပြီး သေချင်ယောင်ဆောင်လိုက်ကြတယ်။ သေနတ်သံတွေလည်းကြားရော မိန်းမက အိပ်ခန်းထဲပြေးဝင်လာတဲ့အခါ လင်ကြီးရော လင်ငယ်ပါ ပက်လက်ကလေးတွေလန်လို့ပေါ့။
အဲဒါကိုလည်းတွေ့ရော မိန်းမက အခုလို အပေါ်ကိုမော့ကြည့်ရင်း အော်ပြောလိုက်ပါတယ်။
"ထပ်ခိုးပေါ်က တစ်ယောက် ဆင်းခဲ့တော့ ဒီမှာ ၂ ကောင်စလုံးသေပြီ"
Credit: Original Writer
Visit website
ဟာသများ
Monkey
ဟာသများ / 6 months ago
ပြီးကောင်ပေါက်မလေးတစ်ယောက် သူ့ပေါင်ခြံမှာ ဆံပင်မွှေးတွေ ထွက်လာတာကိုထိတ်လန့်ပြီးသူ့အမေကို သွားပြောတယ်။
သမီး။ ။ မေမေ့ ဆံပင်မွှေးတွေ ထွက်လာတယ်
အမေ။ ။ မပူပါနဲ့ သမီးရယ် အဲ့ဒီ ဆံပင်ပေါက်လာတဲ့နေရာကို Monkey လို့ခေါ်တယ်
အဲ့ဒါ သမီးရဲ့ Moneky လေး အရွယ်ရောက်လို့ ဆံပင်ပေါက်လာတာလေ။
ကလေးမလေးလည်း အကြောက်ပြေပြီး ကျေနပ်သွားတယ်။
ညစာစားကြလို့ အိမ်သားတွေစုံချိန်ရောက်တော့ ကလေးမလေးက သူ့အမကိုပြောပြတယ်။
မမ မမ သမီးရဲ့ Monkey လေး ဆံပင်ပေါက်လာပြီ သိလား ။
အဲ့သည်အခါ သူ့အမက
နင်ကလည်းဟာ အထူးအဆန်းလုပ်လို့ ငါ့ Monkey ဆို ဆံပင်ပေါက်ပြီးတာကြာလို့
ငှက်ပျောသီးတောင် စားတတ်နေပြီ။
ခွီးးးး မိဘများ ထမင်းသီးလေသတည်း ....
Visit website
ဟာသများ
တော်လိုက်တဲ့သား
ဟာသများ / 6 months ago
တော်လိုက်တဲ့သား
=============
အဖေ“ဟေ…. ဘာလဲသား”
“ကျောင်းမှာ သား ခဲတံပျောက်သွားလို့”
“ဟင်…မင်းဆရာမကို သွားမတိုင်ဘူးလား”
“တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ”
“အေး…သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ”
“ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲ့ ဖွဲ့ခိုင်းတယ်အဖေ၊ အဲဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကိုဆင့်ခေါ်ပြီး ဆရာမစိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့”
“အင်… အဲ့ဒီလိုလုပ်လို့ အဆင်ပြေပါ့မလား သားရဲ့”
“ပြေတယ် အဖေရ”
“ဟုတ်ရဲ့လား…. ဘယ်လိုပြေတာတုန်း”
“သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမဆီကို စစ်ဆေးပြီး ရလာတဲ့အဖြေကို စာတင်ရတယ် အဖေရဲ့”
“အဲ့ဒီတော့ သားခဲတံပြန်တွေ့ရောလား”
“တွေ့တော့ မတွေ့ဘူးအဖေ….ဒါပေမယ့် သားကျေနပ်တယ်”
“ဟင်….ဘယ်လိုကြီးတုန်း သားရဲ့”
“အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ…. သားရဲ့ခဲတံဟာ အိမ်ကနေ ကျောင်းအထိ ပါလာတာ မသေချာကြောင်း၊ သေချာပါကလည်း မည်သူတစ်ဦးတစ်ယောက်ဆီမှာမျှ မတွေ့သောကြောင့် အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်းစားကြည့်သောအခါ ကာယကံရှင်အား မေးမြန်းချက်အရ မည်သည့်နေရာကိုမျှ မယူသွားကြောင်း ထွက်ဆိုခြင်းကြောင့် အတန်းထဲရှိ ထောင့်တစ်နေရာများ ကျနေနိုင်ကြောင်း၊ သို့သော် တစ်ခန်းလုံးအား ပိုက်စိပ်တိုက် ရှာကြည့်သောအခါ မည်သည့်နေရာမျှ ရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသော ခဲတံအား ရှာဖွေခြင်း ပြီးမြောက်ဖို့အတွက် အောက်ပါအချက်များထဲမှ နည်းလမ်းတစ်ခုအား ဆောင်ရွက်သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည် -
(၁) ပျောက်ဆုံးသွားသောခဲတံအားအသစ်ပြန်ဝယ်ပေးခြင်း၊
(၂) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံ ဖြည့်တင်းပေးခြင်း၊
(၃) ပျောက်သွားသောခဲတံအား ထပ်မရှာဘဲနေခြင်းတို့ ဖြစ်ပါသည်။
လို့ ဆိုထားတယ်အဖေ”
“ဟ…မင်းတို့ဟာက ရှည်လျားလှပါလား၊ ပျောက်နေတဲ့ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာကလည်း ဘာကိုဆိုလိုမှန်း မသိဘူး”
“ဒါပေမယ့် သားကျေနပ်တယ် အဖေ”
“မင်းကလည်း ကျေပဲကျေနပ်နေတာပဲ…။ ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ်တာလဲ”
“အဖေပဲ စဉ်းစားကြည့်လေ”
“အင်း… ငါက ဘာကိုစဉ်းစားရမှာလဲ”
“သားခဲတံပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင်၊ အခုလို သားအတွက် အစီရင်ခံစာအရှည်ကြီး ဖတ်ရတော့ သားတန်တာပေါ့ အဖေရဲ့ ၊ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာမသင်ရဘူးလေ… အဲဒါ ကျေနပ်စရာပေါ့ အဖေရဲ့… အဖေက ဒါလေးတောင်မသိဘူး”
Credit to: ဟာသရပ်ကွက်
Visit website
ဟာသများ
ဟာသများ / 6 months ago
လုံးဝမရယ်နဲ့နော် ပြီးတဲ့အထိ
================
ဒညင်းသီးနဲ့ ပဲကြီးလှော် မစားသူများ မကြည့်ရ
ဒီနေ့ ကျွန်တော့မွေးနေ့ ... မနက်အစောကြီး ချစ်သူနဲ့ ဘုရားသွားခဲ့ပြီ... ညရောက်ရင် ကျွန်တော့အိမ်မှာ အံ့သြဖွယ် မွေးနေ့လေး ဖြစ်သွားစေရမယ်လို့ ချစ်သူကပြောတယ်... လုံးဝ suprise ဖြစ်စေရမယ့်တဲ့... ဒီသတင်းထူးလေးကို ရင်မှာပိုက်ပြီး... ကျွန်တော်ရဲ့အထည်ဆိုင်လေးကို ရောက်ခဲ့တယ်... ချစ်သူလည်း သူ့အလုပ် ကို သွားပြီ...
ကျွန်တော် ဒီနေ့ အလုပ်လုပ်ရတာ တအားပျော်နေတယ်... ဖောက်သည်တွေနဲ့ စကားဖွဲ့နေလိုက်တာ ... ထမင်းစားချိန်တောင်ကျော်သွားခဲ့တယ်..ထမင်းဆိုင်ကိုရောက်တော့ ညနေ၃နာရီရှိပြီ ဟင်းက ဘာမှ သိပ်မကျန်တော့ဘူး ... ပဲကြီးလှော်သုပ်နဲ့ ဒညင်းသီးချက်... ကျွန်တော်အကြိုက်ဆုံးဟင်း၂ခွက် ... ပြီးတော့ ကျွန်တော် မစားရဲဆုံး ဟင်း၂ခွက် မတတ်နိုင်တော့ပြီ ... ဒါမှ မစားရင် စားစရာမရှိ ခဏနေ ဆိုင်မှာ ပစ္စည်းရောက်လို့ အလုပ်ကလုပ်ရအုံးမယ်.. အားမရှိလို့မဖြစ်... ထမင်း၂ပန်းကန် ကုန်တော့ ကျွန်တော် ဆိုင်ကိုပြန်လာခဲ့တယ်...
ဆိုင်သိမ်းချိန်က ညနေ ၆နာရီခွဲ .. ဆိုင်သိမ်းဖို့ တံခါးပိတ်နေတုန်းမှာ ဗိုက်ထဲက စစ်ဖြစ်လာပြီ ... အထက်ပိုင်းနယ်မြေက အောက်ဘက်ကို ဖိတိုက်နေတယ်... ညနေပိုင်းနေအေးချိန်မို့လားဆိုင်ရှေ့လမ်းမှာ လူအနည်းငယ် ရှိနေတယ်... တခါးကိုအသံထွက်အောင် ဆောင့်ပိတ်လိုက်တယ်... ဒိန်း ..( ဘူ ....) .. တပြိုင်းတည်းဖြစ်အောင် စည်းချက်ညီညီပဲ ဘယ်သူမှမသိအောင်အီးပေါက်လိုက်တယ်... ပိုင်သကွာ... ဒါပေမယ့် ... နေ့လည်စာ ပဲကြီးလှော်နဲ့ဒညင်းသီးက ပညာပြပြီးရင်းပြပဲ ... အနံ့သက်က လမ်းသွားလမ်းလာ တွေ နှာခေါင်းရှုံ့သွားကြစေတယ်... ဗိုက်ထဲမှာ နောက်တစ်ကြိမ်လေစုနေပြန်ပြီအပြင်ထွက်ဖို့အားခဲနေတယ်.. လမ်းသွားလမ်းလာတွေကို အားနာလို့ အားခဲပြီးအောင့်ထားလိုက်တယ်.. မျက်နှာကြီးကို နီလို့ ... ကားရပ်နားတဲ့နေရာကို ခြေထောက်လေးစုပြီး လမ်းလျှောက်လာလိုက်တာ... အခြောက်လို့ အထင်ခံရပြီး အစခံလိုက်ရသေး ... ကားတံခါး သော့ကို remote နဲ့နှိပ်လိုက်တယ် "တီ .. တီ .."
တံခါးဖွင့်ပြီး ကားထဲအမြန်ဝင်လိုက်တယ်... " ဘူ ... ." ဟား ... နံစော်နေလိုက်တာ... စက်နိုးပြီး ကားပြတင်း မှန် ချ မယ် အလုပ်မှာ ကားသော့က သော့ပေါက်ထဲ မထည့်ရသေးဘူး ဖုန်းကမြည်လာတယ်... ringtone ကို နားထောင်တာနဲ့သိတယ်.. ချစ်သူစီက ဖုန်း ...
၂ခါမြည်လို့မှ မကိုင်ရင် စိတ်ကောက်နေကြချစ်သူ ကြောင့် ဖုန်းအရင်ကိုင်ဖို့ဆုံးဖြတ်တယ်...
သော့ကိုင်ထားတဲ့လက်နဲ့ ဖုန်းကို အိပ်ထောင်ထဲကနေ လှမ်းအယူမှာ သော့က ထိုင်ခုံအောက်ကိုပြုတ်ကျတယ်... အားပါးပါး သေပြီ ... " ဟဲလို .. အော့ .."
" ဘာ အော့ လည်း ကိုကိုနော်... မွေးနေ့ပွဲ ပျက်ချင်တာလား ..."
"မဟုတ်ပါဘူး အော့ရယ်.. အာ .. မှားပြန်ပြီ ..." လက်တစ်ဖက်နဲ့ နှာခေါင်းကို ပိတ်ထားလိုက်တယ်... " ဂျစ်ရေး ပြော .."
" ကိုကို စကားကောင်းပြောမလို့ ... မပြောချင်လည်း ချပြီ ... တီတီ တီ ..."
" ဟာ .. ချစ်လေး ချစ်လေး ... " ကားထဲမှာ က အီးစော် နံထောင်းနေပြီ ... တံခါး ပြန်ဖွင့်ပြီ အသက်ရှူရတယ်...
အပြင်ရောက်တော့ ဖုန်းပြန်ဆက်လိုက်တယ်.. " ချစ်လေး sorry နော် .. ခုန ကိုကို မပြောချင်လို့မဟုတ်ပါဘူး ... ကိုကို .................. " ဖုန်းသာ ပြန်ဆက်လိုက်တယ်... ခုနကဘာဖြစ်နေတယ်ဆိုတာ ကို ဘယ်လို ဆင်ခြေပေးမလည်း စဉ်းစားဖို့မေ့နေတယ်...
"ထားလိုက်တော့ .. ကိုကို ချစ်လေးပြောမယ်... ကိုကို အခုပြန်လာနေပြီလား ..."
" အင်း .. ပြန်လာနေပြီ .. "
" ကိုကို ချစ်လေးကို ဝင်မကြိုနဲ့တော့ .. ကိုကို့ အိမ်ကို ချစ်လေး သွားနှင့်လိုက်မယ်... ပြင်စရာ ရှိတာ ပြင်ထားမလို့ ... ကိုကို အိမ်ရောက်ရင် ချစ်လေးစီ ဖုန်းဆက် ... ချစ်လေး ထွက်လာခဲ့မယ်.. အိမ်ထဲ မောင်းမဝင်ခဲ့ရဘူးနော်..."
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ ..."
" အဲဒါဆို ဒါပဲ ... ရင်တွေခုန်မနေနဲ့နော် ... ထူးခြားတဲ့ မွေးနေ့ဖြစ်ဖို့ချစ်လေးတာဝန်ထား ... ဂရုစိုက်မောင်း... တာ့တာ ... "
ကျွန်တော် ဖုန်းချပြီး ကားတံခါးကို ဖွင့်လိုက်တော့ အနံသက်က မကင်းသေးဘူး ... ထိုင်ခုံအောက် က သော့ကို ယူပြီး ကားစက်နိုး ပြတင်းပေါက် ဖွင့်ပြီးမှ ကားပေါ်တက်နိုင်တော့တယ်...
အိမ်ပြန်တဲ့ တစ်လမ်းလုံးလည်း ... ကားထဲမှာ တဘူဘူ နဲ့ ... ဗိုက်ထဲက တကယ်ကို နေမကောင်းနေတာ ... အားရပါးရ ပေါက်ထားမှ... အိမ်ရောက်လို့ birthday သီးချင်းဆိုနေတုန်း တဘူဘူ ဖြစ်နေရင် ရှက်စရာကြီး ....
ကျွန်တော် ကားကို အရှိန်တင်လိုက်တယ်... ပြီးတော့ အီးကို တဘွတ်ဘွတ် ပေါက်တော့တယ်.. ကားအရှိန်တင်လိုက်တော့ လေတိုးတဲ့အရှိန်ကြောင့် ကျွန်တော် အီးနံ့မရှူမိတော့မှာပါ ...
ကျွန်တော် ကားအရှိန် တင်လိုက်ချိန်မှာ ဆိုင်ကယ်တစ်စီးကို ကပ်ကျော်မိတယ်... အဲဒါကို ကိုယ့်လူက မကျေနပ်ဘူးထင်တယ်.. တတီတီ နဲ့ ဟွန်းတီးပြီး ဆဲဆိုကျော်တတ်တယ်... သူကလည်း မကျေနပ်ချက်နဲ့ ကပ်ကျော်တယ်ဗျာ ... ကားဘေးနားရောက်တော့ ... ထက်လိုက်မလာတော့ဘူး .. နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ .. ကိုယ့်လူ တအော့အော့ အန်နေတာတွေ့တယ်.. ဟိုက်ရှားပါ ... ကျွန်တော့အီး အဲဒီလောက်တောင် နံသလား ....
ရပ်ကွက် လမ်းထဲ ချိုးဝင်လိုက်တော့ ဗိုက်က နည်းနည်းသက်သာလာပြီ ... အိမ်ရှေ့ရောက်တော့ ချစ်သူစီ ဖုန်းဆက်လိုက်တယ်... ချစ်သူက အိမ်ရှေ့ထွက်လာပြီး လာကြိုတယ်...
"အဲ .. ကိုကို ဒီနေ့ဘာဖြစ်လို့ ကား အဲကွန်မဖွင့်တာလည်း ... ကားမှန်တွေကလည်း လေးခုလုံး တောင် ချထားတယ်..."
" အင်း ဟုတ်တယ်... နေ့တိုင်းအဲကွန်းနဲ့ စီးနေတော့ ကားလေတိုးတဲ့အရသာ မတွေ့ရတာကြာလို့ ဒီနေ့ဖွင့်လာတာ ... ကိုကို ရင်တွေ ပူနေတယ်လေ ... ချစ်လေးရဲ့ suprise ကိုသိချင်နေတာ .. ကားအဲကွန်းလောက်နဲ့ မအေးနိုင်တော့လို့ သဘာဝ လေကို ရှူလာတာ " ... ' သဘာမဝတဲ့ လေတော့ ကားအရှိန်နဲ့ ကျန်ခဲ့ပြီ ..ဟိဟိ ..'
" ကိုကို လာ ဒီအဝတ်နဲ့ မျက်စိ စီးထား ... အိမ်ထဲသွားမယ်..." ထူးထူးဆန်းဆန်းလေး ဖြစ်စေချင်လို့ပါ လို့ ချစ်သူကပြောတယ်...ဒါနဲ့ ကျွန်တော် ဘာမှ မမြင်ဘဲ ချစ်သူလက်လေး တွဲပြီး အိမ်ထဲဝင်ခဲ့တယ်... တံခါဖွင့်ဘုကိုလှည့်တယ်... အိမ်ထဲမှာ ဘာအသံမှ မကြားဘူး .. ရင်ထဲအိကနဲ ဖြစ်သွားတယ်... ဘယ်သူမှ မရှိတဲ့ နှစ်ယောက်တည်း ကမ္ဘာငယ်လေးပေါ့ ဒီညတော့ ပျော်စရာကြီးပဲနေမှာ... အိမ်ထဲလည်း ဝင်လိုက်ရော ... ဗိုက်ကတစ်စခန်းထလာပြန်ပြီ ... ဧည့်ခန်းထဲရောက်တော့ မအောင့်နိုင်တော့ဘူး .. " တီ တီ ဖုန်းလာနေတယ်... တီတီ ဖုန်းလာနေတယ်.. " ကယ်တော်မူမယ့် ဖုန်းပါလား .. ချစ်သူဖုန်းရဲ့ ringtone ကိုကြားလိုက်တော့ ...ကျွန်တော် ပျော်သွားတယ် ...
" ချစ်လေး ကိုယ်ခဏ ဧည့်ခန်းထဲနားအုံးမယ်လေ .. ဖုန်းပြောပြီးရင်ခေါ်နော်.."
" အင်း ဟုတ်ပြီလေ .. အလုပ်ရှင် က ခေါ်တာဆိုတော့ အလုပ်အကြောင်းမေးမလို့နဲ့တူတယ်.. ခဏပြောပြီးရင် ချစ်လေး ပြန်ဝင်လာခဲ့မယ်..မျက်လုံးစီးထားတာ လုံးဝ မဖြုတ်ရဘူးနော်.. ဖြုတ်ရင် သေခန်းပြတ်ပဲ ..." ဧည့်ခန်းတံခါးဖွင့်ပြီး ချစ်သူထွက်သွားတယ်... တံခါး ဂျက်ကို ကမန်းကတန်း ချပြီး ......................... " ဘူ ........" ဟိုက်ရှားပါး ... ပေါ့သွားတာပဲ ... .. ဟင် .. နံလိုက်တာ .. အနံ့ကလည်း ခုထိ မပျောက်သေးပါလား .. ဒညင်းသီးပုပ်နံ့လိုလိုပဲ ... ဘယ်လိုလုပ်မလဲ .. စာကြည့်စားပွဲပေါ်မှာ လိုက်စမ်းတယ်... ဂျာနယ်လား သတင်းစာလားမသိ စမ်းမိတယ်.. အားရပါးရ ယပ်ခပ်တော့တယ် ... ချစ်သူဖုန်းပြောနေတဲ့အသံကိုလည်း ဂရုစိုက်လိုက်သေးတယ်.. ပြောလို့မပြီးသေး .. အနံ့ကတော့ သက်သာသွားပြီ...
ဟား.. .. လာပြန်ပြီး ... ဗိုက်ထဲကနေ တလိတ်လိတ်နဲ့ တက်လာလိုက်တာ... မဟုတ်ဘူးမှားသွားတယ်.. ဆင်းသွားလိုက်တာပြောရမှာ တက်လာလိုက်တာဆိုရင်.. ပါးစပ်ကနေပဲ အီးပေါက်ရမလိုဖြစ်နေပြီ ... အေး .. တလိတ်လိတ်နဲ့ ဆင်းသွားလိုက်တာ.... ဖင်နားလေးလည်းရောက်တော့ ... " ဘွတ် .. " ... အားလားလား ... နေရလည်းခက် နံကလည်းနံ ... မထူးပါဘူးကွာ.. .. ကျွန်တော်ဝတ်ထားတဲ့ စတိုင်လ် ပန် ဘောင်းဘီ ရှည် ကြီးကို လုံးဝ ချွတ်လိုက်ပြီး... အီးပေါက် ပါတော့တယ်.. လွတ်လွတ်လပ်လပ် ပေါက်နေရတော့ ဖင်နေလို့ကောင်းပေမယ့် နှာခေါင်းက နေလို့မကောင်းဘူးဗျ ... အဲဒါနဲ့ လက်ကလည်း အငြိမ်မနေရဘူး ... ယပ်ခပ်လိုက် ပေါက်လိုက်နဲ့ ...လက်ညောင်းလာတော့ ကျွန်တော် စမ်းတန်းစမ်းတန်း နဲ့ သွားလိုက်တာ ... ဝရံတာ တံခါးနား ရောက်လာတယ်... ဟဲဟဲ .. ည ၇ နာရီလောက်ဆို ဘယ်သူမှ မမြင်လောက်ပါဘူး လေ ... တံခါးကို ဖွင့် ဖင်ကို ပင့်လို့ သဘာဝလေတိုက်တဲ့ အပြင်ဘက်ကို ဖင်ထုတ် အီးပေါက် ပါတော့တယ်... လေးငါး ဆယ် ချက်လောက် ပေါက်ပြီးတော့ ဗိုက်ထဲတော်တော်လေးကို သက်သာသွားပြီ ... တံခါးကိုပိတ် ပြီး ... ဧည့်ခန်းတံခါးနားကို ပြန်လာခဲ့တယ်...ဂျက်ချထားတာ ပြန်ဖွင့်ထားလိုက်တယ် ... အပြင်မှာဖုန်းပြောနေတဲ့ ချစ်သူ " ဟုတ်ကဲ့ရှင့် ကောင်းသောညချမ်းပါ " ပြောနေတာ ကြားနေရပြီ .. ဖုန်းပြောလို့ ပြီးတော့မယ်.. အသက် ကို တစ်ချက် ရှိုက်ရှူ ကြည့်တယ်.. အနံ့ပျောက်သွားပြီ ..ဘောင်းဘီ သေသေသပ်သပ်ပြင်ဝတ်လိုက်တယ် ဟဲဟဲ. . တော်ပါသေးရဲ့ ... ချစ်သူရှေ့ မွေးနေ့မှာ အရှက်ကွဲတော့မလို့ ....
တံခါးဖွင့်သံကြားရတယ်.. ချစ်သူဝင်လာပြီထင်တယ်.. "ကိုကို ... ခိုးကြည့်သေးလား ... "
"မကြည့်ပါဘူးချစ်လေးရယ်... " အားရဝမ်းသာတဲ့အပြုံးနဲ့ ချစ်သူကို ကြိုနေတယ်.. ပြုံးနိုင်ပြီပေါ့လေ... ဗိုက်က လုံးဝ သက်သာသွားပြီပဲ... ချစ်သူက သူဒီလောက်ဖုန်းအကြာကြီးပြောလိုက်လို့ တောင်းပန်တယ်... တကယ် ခိုးမကြည့်ဘူးနော်လို့ ထပ်ခါထပ်ခါ မေးပြန်တယ်.... ပြီးတော့ ကျွန်တော့ မျက်စိ စီးထားတဲ့ အဝတ်ကို ဖြေးဖြေးလေး ဖြုတ်ပေးတယ်... " အံသြသွားစေရမယ် အနောက်ကို လှည့်ကြည့်လိုက်.... "
ကျွန်တော် လှည့်အကြည့်မှာ ....................................
" အံ့သြသွားပြီလား ... ကိုကို မိတ်ဆက်ပေးထားလို့ပြောတဲ့ ချစ်လေးရဲ့သူငယ်ချင်းတွေလေ... သူတို့ကလည်း ကို့ကို့ကို တွေ့ချင်နေတာ ဓါတ်ပုံထဲမှာ အရမ်းချော အရမ်းကျက်သားရေ ရှိတယ်တဲ့ အဲဒါနဲ့ ကိုကို နဲ့ မိတ်ဆက်ပေးဖို့ မွေးနေ့ပွဲမှာ ခေါ်လာခဲ့တာ ... ဟိုမှာ စားပွဲရှေ့မှာ ထိုင်နေတဲ့ ၃ ယောက်က ချစ်လေးနဲ့ ဌာနတစ်ခုထဲက ဟိုဘက် ဆိုဖာခုံပေါ်မှာ ထိုင်နေတဲ့ ၂ယောက်က ချစ်လေး အချစ်ဆုံး ငယ်သူငယ်ချင်း၂ ယောက်လေ ..."
ဘယ်ထွက်ပြေးလို့ ထွက်ပြေးရမှန်းမသိ ဘယ်ပုန်းလို့ ပုန်းရမှန်းမသိဝရံတာကနေပဲ ခုန်းချရမလား ဝရံတာကို လှမ်းအကြည့် ... ချစ်လေးက ဝရံတာ တံခါး ဖွင့်တာတွေ့လိုက်တယ် ... " ဒီမှာ ကိုကို ပိုပြီး အံ့သြသွားအောင် ချစ်လေးရဲ့မေမေ ဖေဖေ နဲ့ ကိုကြီးရယ် ညီမလေး ရယ် ... "
ငယ်ထိပ် တည့်တည့် မိုးကြိုးပစ်တာက ပိုနေလို့ ကောင်းမယ်ထင်တယ်.. . ကျွန်တော့ ခေါင်းတစ်ခုလုံး ပူထူနေတာပဲ ... ဧည့်ခန်းထဲက မိန်းကလေး ၅ယောက် ချစ်လေးရဲ့ မိသားစု ၄ ယောက် သူတို့ တွေ ကျွန်တော့ ရဲ့ suprise ဖြစ်စရာ ထူးထူးခြားခြား မွေးနေ့ပွဲလေးကို ... လူတိုင်းရဲ့ မျက်နှာမှာ ထူထူခြားခြား အပြုံးနုနုလေးတွေနဲ့ ... အဘယ်သို့သော ဘာသာစကားနဲ့ အဓိပ္ပါယ် ဖွင့်ရမည် မသိသော အကြည့်တွေနဲ့ ... ကျွန်တော့ကိုကြည့်နေကြတယ်... စကြာဝဠာ မှာ မပါတဲ့ ဂြိုလ်ကြီး တစ်ခုက လာတဲ့ ဂြိုလ်သား ကို ရှာဖွေတွေ့ရှိတဲ့ အကြည့်မျိုးနဲ့ ပေါ့ ... . .. .. ...
ကျွန်တော် အဲဒီနေ့က စပြီး ... ဒညင်းသီးမစားတော့ပါ ... ပဲကြီးလှော် မဝါးတော့ပါ ... ချစ်သူကတော့ မိဘသဘောမတူလို့ဆိုပြီး .. .. ဝမ်းမနည်းပဲ(ကျွန်တော့အဲဒီနေ့ကအဖြစ်အပျက်ကိုသိသွားလို့နေမယ်) နောက်တစ်ယောက်နဲ့ စေ့စပ်သွားပါတယ် ###### ဘူ @@@@@ ဘွတ် %%%%% ဘူ
--------------------------------------------
မပြီးသေးပါဘူး ... စာရေးဆရာ အင်တာဗျူးချင်တဲ့သူလေးတွေကို အင်တာဗျူးအုံးမလိုပါ ...
စားပွဲရှေ့မှာ ထိုင်နေတဲ့ အမတို့က သူ အီးပေါက်တုန်း လန့်မသွားဘူးလား ...
" အီးပေါက်တုန်းက မလန့်ပါဘူး ဘောင်းဘီချွတ်မှ လန့်သွားတာ ... "
" အီးစပေါက်တုန်းက နံလိုက်တာ ... ရေမွေးဖျန်းထားတဲ့ လက်ကိုင်ပဝါ မပါရင် ကျွန်မ အန်မိမှာ အမှန်ပဲ ..."
"အီးပေါက်ကလည်း ကြမ်းလိုက်တာ အီးကလည်းနံ ... သူယပ်ခပ်ဖို့ လိုက်ရှာနေတာတွေ့လို့ ဂျာနယ်ကို လက်ထဲ ထိုးထည့်ပေးလိုက်ရသေးတယ်... ယပ်ခပ်လို့ ပြီးတော့ ရပ်မယ်မှတ်နေတာဘောင်းဘီတောင်ချွတ်ပြီးပေါက်လိုက်သေးတယ် .. အော့ .. တွေးရင်းနဲ့တောင် အန်ချင်လာပြီ"
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အမ ၂ ယောက် ကော လန့်မသွားဘူးလား.. ဘောင်ဘီ ချွတ်တုန်းက အမတို့ ဘက် လှည့်ချွတ်တာလေ ...
" အမလေး .. မပြောချင်တော့ပါဘူး .. ရှက်လိုက်တာ... အီးပေါက်ကတည်းက သူ့ရုပ်ကို မကြည့်ချင်တော့တာ .. သူက ဘောင်ဘီ များတောင် ချွတ်ပြလိုက်သေး ... "
" ဟုတ်တယ် ကျွန်မ လည်း ရှက်လိုက်တာ သူ ခါးပတ် ဖြုတ်ကတည်းက ဘာလုပ်တော့မယ် သိလို့ မျက်စိ မှိတ်ထားလိုက်ပြီ .. ဘေးမှာ ထိုင်တဲ့ သူ့ကိုတောင် လက်နဲ့ မျက်စိ လိုက်အုပ်ပေးသေးတယ်... သူက ဆွဲဆွဲချနေလို့ မအုပ်တော့ပဲ ကြည့်ခိုင်းထားလိုက်တော့တယ်... တကယ်လည်း ချွတ်တော့ .. သူ့ကို ပါးစပ် အုပ်ထားလိုက်တော့တယ်..." (မျက်စိက သူ့ဟာသူ့ မှိတ်ပါ့မလား O(∩_∩)O~ )
ဝရံတာက ဦးဦးနဲ့ ဒေါ်ဒေါ် တို့ ဝရံတာတံခါးဖွင့်လာတော့ဘယ်လိုဖြစ်သွားလည်း
" အေးကွာ ဦးကတော့ ပြောင်ပြောင် ပြောင်ပြောင် နဲ့ ဘာကြီး ထွက်လာလည်းပေါ့ ပြီးတော့ ၂ခုတောင်၊ ဘာကြီးမှန်းလည်းသိရော ပြောင်ပြောင် ၂ခု ကြားကနေ 'ဘူ' ကနဲ အသံ ထွက်လာတာပဲ "
" ယောက်ျားကလည်း ဘူ မဟုတ်ပါဘူး .. ဘွတ် လို့ ထွက်တာပါ .. မိန်းမ သေသေချာချာ ကြည့်လို့ သိလိုက်တယ်.."
" နင်က မျက်မှန်မေ့ခဲ့လို့ အဝေးမှ မမြင်တာ ဘယ်လို သေချာကြည့်လဲ ပြီးတော့ သေချာကြည့်တာနဲ့ အသံကြားတာနဲ့ ဘာဆိုင်လို့လဲ"
" ယောက်ျားကလည်း အဝေးမမြင်ရလို့ ဖြူဖြူကြီးထွက်လာတော့ ဘာကြီးလည်း ဆိုတာ အနီးကပ် သွားကြည့်လိုက်တာလေ .. နှာခေါင်း က ဖြူဖြူ ၂ ခု ကြား နား ရောက်တော့ ဘွတ် ဆို ပြီး အသံ ထွက်လာတာ ... "
အဲဗျာ .. ဒေါ်ဒေါ် အဲလိုကြီး ရှူမိတာ မနံဘူးလား ...
" အဲဒီနေ့က အအေးမိပြီ နှာခေါင်းပိတ်နေတယ်လေ .. ဘွတ်လို့ကြားမှ ယောက်ျားက နောက်ကလှန်းဆွဲပြီး တိုးတိုးပြောလို့ သိရတာ .. အဲဒါ ဖင်ကြီး အီးပေါက်နေတယ်လို့ .... "
ဒီက ညီလေးနဲ့ ညီမလေး ရော် ဘာတွေ ပြောအုံးမလည်း
" သမီးက သောက်မြင်ကပ်လို့ သားရေကွင်းနဲ့ ပစ်မလို့ ... ကိုကို ကြီး ဆွဲထားလို့ ... မဟုတ်ရင်လား .. ဟင်း ... ."
ဒီမှာပဲ ပြီးတော့ပါမယ်... ဒါနဲ့ ခဏနော် တစ်ယောက် ဗျူးဖို့ ကျန်နေသေးတယ်.. ခုန လမ်းမ ပေါ် ထွက်ရှာတာလည်း မတွေ့မိဘူး .... ဆိုင်ကယ်သမားကိုပြောတာ ... ဆေးရုံရောက်နေတယ် သတင်းရလို့ ဆေးရုံကို ပဲ ဖုန်းဆက် ပြီး ဗျူးလိုက်ပါတယ်..
" ကျွန်တော် ဗျာ ... ကံဆိုးပါတယ်... ထွက်ခါ စ အီးကို မှ သွားရှူမိတာကိုးဗျ ... ... နံလိုက်တာ အန်လိုက်တာ ... ရှော့ခ် ဝင်သွားတဲ့အထိပါပဲ ... ကျွန်တော် အခု ပုလင်း ချိတ်နေရတယ်... အားမရှိဘူး စကားမပြောနိုင်တော့လို့ ဒါပဲဗျာ .. တူ . တူ . တူ .. "
အီးမင်းသားကိုရော ဗျူးကြအုံးမလား ...
" လား မဗျူး နဲ့ .. သွား .... "
"ဒီတစ်သက် ဒညင်းသီးလည်း မစားတော့ဘူး ... ပဲကြီးလှော် လဲ မဝါးတော့ဘူး..."
*အားလုံးပျော်ရွင် ကြည့်နူးကြပါစေ*
Credit ပေး၏
Visit website
ဟာသများ
ဟာသများ / 6 months ago
လူတစ်ဦးကွယ်လွန်ပြီး ကောင်းကင်ဘုံသို့ ရောက်ရှိလာရာ ကောင်းကင်ဘုံတခါးဝ၌ သူတော်စင်စိန့်ပီတာအားတွေပြီးသူ့အနောက်ဖက်တွင်လည်း ကြီးမားသော နံရံကြီးတစ်ခုရှိပြီး နံရံပေါ်၌အမျိုးမျိုးသောနာရီများကိုချိတ်ထားသည်ကိုတွေသဖြင့် စိတ်ဝင်စားစွာဖြင့်
လူသစ် - အဲဒီနာရီတွေ ဘာအတွက်ချိတ်ထားတာပါလဲခင်ဗျာ
စိန့်ပီတာ - လူ့ပြည်ကလူတွေရဲ့ လိမ်ညာမူ့ကိုပြတဲ့နာရီတွေပါ လူတစ်ယောက်တစ်ခါလိမ်တိုင်း နာရီလက်တံ တစ်ခါရွေပါတယ်
လူသစ် - အိုး အံ့စရာပဲ ၊ ဒါနဲ့ ဒီနာရီကဘယ်သူ့ကိုကိုယ်စားပြုပါသလည်း
စိန့်ပီတာ - မာသာထရီစာပါ ၊ သူကဘယ်တော့မှလိမ်ညာမပြောခဲတော့ သူ့ကိုယ်စားပြုနာရီလက်တံတွေက လုံးဝမရွေပါဘူး
လူသစ် - မယုံနိုင်စရာပဲ ၊ ဟိုတစ်လုံးကကော
စိန့်ပီတာ - အေဗရာဟင် လင်ကွန်းပါ ၊ သူ့ဘဝတစ်လျှောက်လုံး နှစ်ခါပဲလိမ်ခဲဘူးလို့ သူ့နာရီလက်တံက နှစ်ခါပဲ ရွေပါတယ်
လူသစ် - ဒါနဲ ကျွန်တော်တို့လက်ရှိ သမတကြီးအတွက်နာရီလည်း မတွေပါလား
စိန့်ပီတာ - ရှိပါတယ် သူ့နာရီကိုတော့ ဂျီးစပ် ရဲရုံးခမ်းမှာ မျက်နှာကျက်ပန်ကာလုပ်ထားပါတယ်
လူသစ် - တိန် !
(မှတ်ချက်- လက်ရှိသမတဆိုတာ အိုဘားမား ကိုပြောတာနော်) :P
Credit ပေး၏
Visit website
Wednesday, July 6, 2016
ဟာသအပိုင်း ၎
Subscribe to:
Post Comments (Atom)
No comments:
Post a Comment