Wednesday, July 13, 2016
ဗျက်ဝိ ဝိညာဉ် အပိုင်း ၁ ၂
#ဗျက်ဝိ ဝိဥာဉ်#
              ပုဂံပြည်တွင် အနော်ရထာ မင်း နန်းတက်၍
ရှင် အရဟံ မထေမြတ် ၏ လမ်းညွှန် ပြသမှု ဖြင့်
ဘုရင် မင်းမြတ် အနော်ရထာသည် ဗုဒ္ဓဘာသာ ကို
ယုံကြည် သက်ဝင်လျက် ဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွား
အောင် ကြိုးစား ဆောင်ရွက်ခဲ့လေသည်။
              ထိုအချိန်တွင် ပုဂံပြည် ၌ အရည်းကြီး
အယူဝါဒ ယုံကြည်သက်ဝင်၍ အနော်ရထာ
မင်းမြတ်သည် အရည်းကြီး အယူဝါဒ ကို
ဖိနှိပ်တိုက်ခဲ့လေသည်။ အရည်းကြီး
အယူဝါဒဆိုသည်မှာ တုံးခုံ ဇယ်ခတ် ရေချိုး မီးလှုံ
စသော လုပ်ရပ် များအပြင် ထိုခေတ်က အမျိုးသမီး
များ အိမ်ထောင်ပြုသော အခါ ခင်ပွန်းယောကျာ်း
နှင့် မအိပ်ခင် အရည်းကြီးများနှင့် အရင် အိပ်ရသည့်
မနှစ်မြို့ ဖွယ်ကောင်းသော ပန်းဦးလွှတ်ခြင်း ဆိုသည့်
ဓလေ့ များ ပါဝပါသည်။
              ထို့ကြောင့် အနော်ရထာမင်း သည်
ထို မနှစ်မြို့ ဖွယ်ကောင်းသော အရည်းကြီးဝါဒ ကို
တိုက်ထုတ်ခဲ့ခြင်း ဖြစ်လေသည်။
              အနော်ရထာ မင်းကြီးသည် ဘုန်းကံ ကြီးမား
လွန်း သဖြင့် သိကြားမင်း ကိုယ်တိုင် အရိန္ဒမာလှံ ဆက်
သ ခဲ့ရသော မင်းကြီး တစ်ပါး ပင်။ အနော်ရထာမင်း
နန်းတက်ပြီး ငါးနှစ်လောက် အကြာ တွင် မဟာမြေ
ငလျင်ကြီး အကြီးအကျယ် လှုပ်ခတ်သဖြင့်
ဟူးရားဖြူ  ဟူးရားညို ဟု ခေါ် သော ဗေဒင် ဝိဇ္ဇာ များကို
မေးမြန်းရာ ဤတိုင်းပြည် ၌ မင်းလောင်း ပေါ်မည်ဖြစ်ပြီး
မင်းလောင်း ပဋိသန္ဓေတည် သောကြောင့် ငလျင်လှုပ်
ခတ် ကြောင်း အနော်ရထာ မင်းမြတ် အား
လျှောက်ထားခဲ့လေသည်။
                (ထိုခေတ်က မင်းများသည်
ထီးနန်းလုခံရမှာ ကို အရမ်းကြောက်ကြလေသည်။ အနော် ရထာ မင်းကြီး၏ ခမည်းတော်ဆီမှ အစ်ကိုတော်
အိမ်ရှေ့  မင်းသားမှ နန်းလုသည်။ အိမ်ရှေ့ မင်းသားမှ
အနော်ရထာ အား "ညီသား" ဟု ခေါ်သဖြင့်
မိခင်အား မေးမြန်းရာ မိခင် ကို တော်ကောက်မည်
ဖြစ်သောကြောင့် "ညီသား"ဟု ခေါ် ကြောင်း သိရ
သဖြင့် အစ်ကိုတော် ကို စိတ်နာ၍ အနော်ရထာသည်
နန်းပြန်လုခဲ့ခြင်းပင်။)
                 အနော်ရထာ မင်း သည်
ထို မင်းလောင်း အဘယ် အရပ်မှာ ရှိမည် နည်း ဟု
မေးမြန်းရာ တောင်ဘက်စွန်း ဘက်တွင် ရှိသည် ဟု
ဟော သောကြောင့်  ထိုအရပ် ရှိ  ကိုယ်ဝန်သည်ပေါင်း
၈ ထောင် ကို သတ်ဖြတ်ပစ်ခဲ့သည်။
                 မင်းလောင်း မှာမူ နတ်နဂါး တို့ ဖွက် ထား
ပေးသဖြင့် လွတ်မြောက်ခဲ့လေသည်။
                 အခါလည်သား လောက်တွင်
ထပ်မေးမြန်းရာ မင်းလောင်း အသက်ရှင်မှန်း သိ၍
တောင် အရပ်တွင်ပင် နို့ စို့အရွယ် ကလေးပေါင်း
၇ ထောင် သတ်စေပြန်သည်။
                 နတ်နဂါးတို့ ဖွက်ပေးထားသဖြင့် မင်း
လောင်း လွတ်ခဲ့ပြန်လေသည်။
                 ထို့နောက် ၁၁ နှစ် ၁၂ နှစ်
နွားကျောင်းသား အရွယ် တွင် ထပ်မံ မေးမြန်းရာ
မင်းလောင်း ရှိသေး သည် ကြားသဖြင့် ကလေးပေါင်း
၆ ထောင် ကို ထပ်မံ သတ်စေပြန်သည်။
                 ထုံးစံ အတိုင်း ပင် နတ်နဂါး တို့
ဖွက်ပေးထားသဖြင့် မင်းလောင်း အသက်ချမ်းသာရ
တော့သည်။
                 ၁၅ ၁၆ နှစ်အရွယ် သင်္ကန်းဝတ် အရွယ်၌
သတိရ၍ မေးမြန်းကြည့်ရာ မင်းလောင်း အသက်ရှင်
သေးမှန်း သိ၍   ၅၀၀၀ ကို သတ်ခဲ့ပြန်သည်။
နတ်နဂါးတို့ ဖွက်ထားခဲ့၍ အသက်ရှင် ခဲ့ပြန်လေသည်။
(ပုဂံရှေးဟောင်းဘုရားတစ်ခု၏ နံရံ ဆေးရေးပန်းချီ ကို မှီငြမ်းရေးသားပါသည် ဤအနော်ရထာမင်းကြီး၏ မင်းလောင်း သတ်ပုံကို။)
                 ထို့နောက် အနော်ရထာမင်းသည် ဟူး
ရားဖြူ ဟူးရာညိုတို့ကို ထပ်မံ မေးမြန်းရာ မင်းလောင်း
အသက်ရှင် သေး၍ ယခု သူ၏ ထီးနန်းကို လုယူမည့်
သူလား မေးမြန်းရာ ဒီမင်းဆက်ပီးမှ  ဆက်ခံမည့် မင်း
ဖြစ်ကြောင်း သိရ၍ ထို မင်းလောင်း ကို နန်းတော်သို့
ခေါ်စေ၍ သူကောင်းပြု ထားခဲ့လေသည်။ မွေးစားသား
အဖြစ် ထားခဲ့ပါတော့သည်။
                  ထို မင်းလောင်းကား ပထမမြန်မာနိုင်ငံ
တော်ကြီး၏ ဒုတိယ မင်းကြီး ဖြစ်လာမည့်
ကျန်စစ်သား မင်းသား ပါပေ တကား။
                 ကျန်စစ်သား မင်းသား သည် ဘုန်းတန်ခိုး
လက်ရုံးရည် နှင့် ပြည့်စုံ သော သူရဲ
ကောင်းတစ်ယောက်ပင်။  ကျန်စစ်သား မင်းသား၏
ထူးခြားသော အစွမ်းပကား တစ်ခုကား
အရိန္ဒမာလှံ ထောက် ၍ ခုန်ရာ စစ်ကိုင်းတောင်သို့
ရောက်ရှိ ခဲ့လေသည်။
(ပုဂံမြို့  ရွှေစည်းခုံ ဘုရားတွင် ယခု ထက်ထိ ကျန်စစ်သား၏ လှံထောက်ရာ ကိုတွေ့ နိုင်ပါသေးသည်)
                  ကျန်စစ်သားနှင့် အတူ နောက်ထပ် သူရဲ
ကောင်း သုံးယောက်လည်း ပေါ်ထွန်းခဲ့သည်။
                 ငထွေရူး ငလုံးငဖယ် ညောင်ဦးဖီး  သူရဲ
ကောင်း သုံးယောက်တည်း။
                 ငထွေ ရူး ၏ အစွမ်းပကား ကား
တစ်နေ့ ထဲ နှင့် ထန်းပင် တစ်ထောင် ကို
တက်လှီးနိုင်ခြင်း။
                 ငလုံး ငဖယ် ၏ အစွမ်းပကား ကား
နွားအကောင် တစ်ထောင် ကို ကျောင်းနိုင်ခြင်း
လယ်ထွန်နိုင်ခြင်း။
                 ညောင်ဦးဖီး ၏ အစွမ်းပကား ကား
ဧရာဝတီ မြစ် ၏ ဒီဘက်က ငုပ်လျှင် တစ်ဖက်ကမ်း၌
ပြန်ပေါ် အောင် ရေကူးသွားနိုင်ခြင်း။
                 ထိုသို့သော သူရဲကောင်းများသည်
အနော်ရထာ ၏ တပ်တော်၌ တပ်မှူးတာဝန်
ထမ်းဆောင် နေလေသည်။
#############################
                  ဗျက်ဝိ ဗျက်တ္တ ကုလား  ညီနောင်
နှစ်ဦးသည်  မိဘ များနှင့် အတူ သဘောင်္ဖြင့်
ပင်လယ်ပြင် ကို ဖြတ်၍ မိမိတို့ တိုင်းပြည်သို့
ပြန်လာစဉ်  ပင်လယ်ပြင် ၌ မုန်တိုင်းမိ၍ သဘောင်္
ပျက်ကာ မိဘ များနှင့် ကွဲ ၍ ညီအစ်ကို နှစ်ယောက်
ပျဉ်ပြား တစ်ချပ် တင်ကျန်ခဲ့လေသည်။
                  တဖြည်းဖြည်း နှင့် မျောပါလာရာ
မြန်မာနိုင်ငံ ၏  ကျောင်းထိုင် ဘုန်းတော်ကြီး တစ်ပါး
မှ တွေ့ ရှိကာ  ကယ်ဆယ် ထားပီး ကျွေးမွေး ပြုစု ထား
လေ တော့သည်။
                 တစ်နေ့ သော အခါ တွင် ကျောင်းထိုင်
ဘုန်းကြီး မှ ဂူတစ်ဂူ တွင် ဇော်ဂျီ ဖိုလ်ဝင်သား ကို တွေ့
ရှိသဖြင့် ကျောင်းသို့ ယူဆောင်လာခဲ့သည်။
(ဇော်ဂျီဖိုဝင် သား ဆိုသည်မှာ ဇော်ဂျီ ဖြစ်ပြီး သေသွားသည်ကို ဆိုလိုသည် သို့မဟုတ် ဇော်ဂျီ မဖြစ်ခငိ ခန္ဓာ နှင့်စိတ် ခွဲခွာသွားသည် ကို ဆိုလိုသည်)
ဇော်ဂျီ ဖိုလ်ဝင် သားကို စားလျှင် ကာယသိဒ္ဓိပီး၍
အစွမ်းသတ္တိ ရှိကြောင်း ဘုန်းကြီးမှ သိသဖြင့် ဘုန်းကံ
ရှိတဲ့ ဘုရင်ပဲ စားသင့်တယ်။ ဘုရင် ကို သွားပင့်ရန်
ဇော်ဂျီ သား ကို အုပ်ဆောင်းထဲ ထည့် ၍ ဗျက်ဝိ ဗျတ္တ
ညီနောင် အား စောင့်ခိုင်းထားခဲ့သည်။
                    ညီနောင် နှစ်ပါးလည်း စောင့်နေရာမှ
ဇော်ဂျီသား၏ အနံ့ မှာ မွှေးလွန်းလှသဖြင့် မနေနိုင်တော့
ဘဲ  စားမိလေတော့သည်။
                   ထို့နောက် ဘုန်းကြီး ဘုရင်ကို
လျှောက်၍ ပြန်လာသော အခါ  ညီနောင် နှစ်ပါး သည်
ကစားရင်း ဘုန်းကြီးကျောင်း ကို ပြောင်းပြန်
လုပ်ထားသည် ကို တွေ့ လိုက်ရတော့သည်။
                    ညီ နောင် နှစ်ပါး ဇော်ဂျီ သားကို စား
မိကြောင်း ဘုန်းကြီး မှ ရိပ်မိလိုက်၍ ဘုရင်ထံ
ပြန်လျှောက်ပီး ညီ နောင် နှစ်ပါးကို  ယောက်ျားတို့
တပ်အပ်သော ပညာများ သင်ကြားပေးလိုက်လေသည်။
                    ညီနောင်နှစ်ပါး အရွယ် ရောက်လာ
သောအခါ  ညီတော် ဗျတ္တ က အနော်ရထာ မင်းမြတ်၏
  နေ့စဉ် ပန်းတော်ဆက် တာ ဝန် ထမ်းဆောင်၍
ပုပ္ပါးတောင်ကို ပုဂံမှ နေ့စဉ် ပန်းသွားယူရသည်။
ထိုစဉ် ပုပ္ပါးတောင် အပိုင်စား ပန်းစားဘီးလူးမ
မယ်ဝဏ္ဍ နှင့် ချစ်သူဖြစ် ဖူးစာစုံလေတော့သည်။
(တောင်ပြုံးမင်းနှစ်ပါးဖြစ်သော ရွှေဖျင်းကြီး ရွှေဖျင်းလေး
ညီနောင်နှစ်ပါးမှာ ဗျတ္တ နှင့် မယ် ဝဏ္ဍ တို့၏ သားများ
ဖြစ်ကြသည်။)
                    ဗျက်ဝိ ကတော့ သထုံမြို့  ဝန်၏ သမီး
တော် မအိုဇာ နှင့် မေတ္တာ မျှ သည်။
မြို့ ဝန် မှာ ဗျက်ဝိနှင့် မအိုဇာ ကို သဘောမတူချေ။
အဘယ်ကြောင့် ဆိုသော် ဗျက်ဝိ တို့၏ ပုဂံဘုရင်
အနော်ရထာနှင့် သထုံဘုရင် မနူဟာ ဘုရင် တို့သည်
အစေးမကပ်ကြပေ။
                 ဗျက်ဝိ ဒီနေ့ည မအိုဇာနှင့် ချိန်းထား သော
ကြောင့် ရင်ခုန်နေရသည်။ ချစ်သူ က တွေ့ရမည်
ဖြစ်သောကြောင့် သထုံ မြို့ ထဲ သို့ ခိုးဝင် ရပေမည်။
"မအိုဇာ နှင့် ခိုးတွေ့နေစဉ် အပျော် လွန်နေသောကြောင့်
ပတ်ဝန်းကျင် ကို သတိမထားမိ။
မြို့ ဝန် နှင့် ရဲမက်များ က  ဖမ်းရန် ချောင်းနေသည် ကို
သတိမထား မိသဖြင့်  ထဘီဖြင့် ခေါင်းကို အုပ်ကာ
အဖမ်းခံလိုက် ရတော့သည်။
သူတို့ တွေ ကျွန်ုပ် ကို ကားစင် တင် ၍ နှိပ်စက်လေပီ
ကျွန်ုပ် ကို ဓါးနှင့် ထိုးသည် ခုတ်သည် ဓါးကျိုးသွားသည်
တုတ် နှင့် ရိုက်ပီး သတ်သည်။ တုတ်သာ ကျိုးခဲ့သည်
မီးနှင့် တိုက်သတ်သည်  ကျနော် အားတင်းထားသော
ကြောင့် ကျွ န်ုပ် ဘာမှ မဖြစ်ခဲ့ပါ ဇော်ဂျီ ဖိုလ်ဝင်သား
၏  အစွမ်းတွေ ကြောင့်။ ကျွန်ုပ်ကို နည်းအမျိုးမျိုးနဲ့
သတ်လည်း ကျွန်ုပ် မသေနိုင်။
ကျွန်ုပ် မအိုဇာ ကို အသက်ထက် ပိုပီး ချစ်တယ်
အရမ်းကို ချစ်တယ် ကျွန်ုပ် ကို သူတို့ ပြောတယ်
မအိုဇာ ကျွန်ုပ်ကို မချစ်တော့ဘူးတဲ့  လက်လျှော့ လိုက်
ပါတော့တဲ့  ကျွန်ုပ် လက်မခံနိုင်ဘူး လက်မခံဘူး
ဒါပေမဲ့  မအိုဇာ မျက်နှာလေး ကို ကျွန်ုပ် နောက်ဆုံး
အနေနဲ့ တွေ့ချင်သေးတယ်  ကျွန်ုပ်ကို မအိုဇာ
ကိုယ် တိုင် ကွမ်းတစ်ယာ နဲ့ ရေတစ်မှူ တ်လာတိုက်ရင်
ကျွန်ုပ် အားလျှော့ ပါ့မယ်"
"မအိုဇာ  ကျွန်ုပ် ကို ကွမ်းတစ်ယာ နဲ့ ရေတစ်မှူ တ်
လာတိုက်တယ် မအိုဇာ ကျွန်ုပ်ကို မချစ်တော့ဘူး
ဆိုတာ ကျွန်ုပ် လက်ခံ လိုက်ပါပီ  ရက်စက်လိုက်တာ
မအိုဇာရယ်
ဝမ်းနည်း မှူ များကို ရင်ဝယ် ပိုက်ပီး ကျွန်ုပ် အားလျှော့
လိုက်ပါပီ"  ***************
                 သထုံမြို့ ဝန်လည်း ဗျက်ဝိ အားလျှော့သည်
နှင့် ငယ်ပါ အား တူနှင့် ထု၍ သတ်လိုက်ပါသည်။
မအိုဇာ ကို လည်း သူ့ အဖေ က  ကွမ်းတစ်ယာ
ရေတစ်မှူ တ်တိုက်လျှင် လွှတ်ပေးမည် ဟု
လှည့်စားချင်းသာ။
                  ထို့နောက် ဗျက်ဝိ ၏ အူများကို ထုတ်ကာ
လောကီအောက်လမ်း အစီအစဉ်နှင့် ပြုလုပ်၍ မြို့  ရိုးကို
ပတ်ကာ ကြက်မတစ်ဝပ် စာ နေရာ ချန်ပီး ဗျက်ဝိ ဝိဥာဉ်
ကို မြို့ စောင့် အဖြစ် ထားလိုက်တော့သည်။
#############################
                 ပုဂံဘုရင် အနော်ရထာ မင်းမြတ်သည်
ဗုဒ္ဓ ၏ အမွေ အနှစ် ပိရကဋ် သုံးပုံ ကို ပုဂံသို့ပင့်ဆောင
ရန် သထုံ မြို့  မနူဟာဘုရင် ထံ သို့ လက်ဆောင် ပဏ္ဍာ
များဆက်သ၍ သံတမန် လွှတ်လိုက်တော့သည်။
                  မနူဟာ ဘုရင် က လက်မခံဘဲ ခါးခါးသီး
သီး ငြင်းဆို သောကြောင့် အနော်ရထာသည်
ပိရကဋ် သုံး ပုံ ကို ပင့်ဆောင် လိုသောကြောင့်
စစ်ခင်း ၍ 
ကျန်စစ်သား ငထွေရူး ငလုံးငဖယ် ညောင်ဦးဖီး
သူရဲ ကောင်း လေးယောက် နှင့် တပ်တော် ကို သထုံ
မြို့  တိုက်ခိုင်းလိုက်လေတော့သည်။
သို့သော် သူရဲကောင်းလေးယောက်နှင့် စစ်သည်များ
မြို့ ရိုး ကို မကျော်နိုင်။ ဝင်သည် နှင့် မဲမဲ အကောင်ကြီး
ဗျက်ဝိ ဝိဥာဉ် မှ တိုက်ခိုက်နေ၍  အတွင်း ကို မဝင်နိုင်။
ထို့ ကြောင့် အနော်ရထာ မင်းကြီး အား သံတော်ဦး
တင်လိုက်မှ   မင်းကြီး မှ ဗျတ္တ အား
လွှတ်လိုက်လေတော့ သည်။
                 ဗျတ္တသည် မြို့ ရိုး အတွင်း ဝင်သောအခါ
မည်းမည်းအကောင်ကြီး ထွက်လာ၍ တိုက်ခိုက်ရင်းမှ
အစ်ကို မှန်း သိကာ ငိုယိုပီးမှ သူ့ ကို မြို့ စောင့် အဖြစ်
လုပ်ထားကြောင်း မြို့ ထဲ အတွင်းသို့  ဝင် ရန်  ကြက်မ
တစ်ဝပ် စာ နေရာ ရှိကြောင်း ပြောပြမှ ဗျတ္တ က သူ
ရဲကောင်း   လေးယောက်နှင့် တပ်အား ပြန်ခေါ် ၍
ဝင်တိုက်မှ  သထုံ မြို့  ကို အောင်နိုင်ခဲ့ပါ သည်။
                 ထို့နောက် ပိရကဋ် သုံးပုံ ကို ပုဂံသို့ ပင့်
ဆောင်၍  သာသနာတော် စည်ပင်တိုးပွားအောင်
အနော်ရထာ မင်းကြီး ဆောင်ရွက်ခဲ့ပါတော့သည်။
***************************************#############################
                                 ကြိုးစားလျက်
                              အောင်ဆန်းမင်းဦး
#ဗျက်ဝိ ဝိဥာဉ်#  အပိုင်း (၂ )
                 တစ်ရက်တွင် အနော်ရထာမင်းကြီးသည်
တိုင်းပြည်၏ လယ်ယာမြေများကို ကြည့်ရှူ စစ်ဆေး
ရန် နန်းတော် အပြင်သို့ ထွက်လာလေသည်။ နန်းတော်
အထွက်တွင် မြေထဲမှ ဖားအော်သံဆူညံစွာ ကြားသဖြင့်
ဟူးရားဖြူ ဟူးရားညိုတို့ကို အား နိမိတ်ဖတ်ခိုင်းရာ ဖားဖို
သေ၍ ဖားမ အော်ငိုသံဖြစ်သောကြောင့် အပြင်သို့
မထွက်သင့် နိမိတ်မကောင်းကြောင်း ဖတ်ကြားတော့
သည်။
                အနော်ရထာမင်းလည်း
"ငါ့လို သိကြားမင်းက အရိန္ဒမာလှံ ဆက်ရတဲ့
ကြိမ်စင်္ကြာရှင် ကို အဘယ်အရာက ဒုက္ခက
ပေးနိုင်မည်နည်း "ဟု ရာဇဂုဏ်မောက်
လျှက် ထွက်လာရာ ဘုန်းကံနိမ့်ချိန် ဖြစ်သောကြောင့်
ယခင်က အနော်ရထာမင်း ကြိမ်စင်္ကြာဖြင့် ရိုက်ဖူးသော
ရုက္ကစိုးမှ အငြိုးထားလျက်  ကျွဲ ဖြူ ယောင်ဆောင်ကာ
ခတ်လေသောကြောင့် အနော်ရထာမင်း နတ်ရွာစံ
လေတော့သည်။
                  အနော်ရထာမင်း နတ်ရွာစံသောအခါ
သားတော် စောလူးမင်းနန်းတက်လာလေသည်။
စောလူးမင်းသား နန်းတက်ပီး သိပ် မကြာခင် စောလူး
မင်းသား ၏ နို့စို့ဖက် ငရန်မန်ကန်း ၏
ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရလေတော့သည်။
(ငရန်မန်ဆိုတာ သူ့ရဲ့  နာမည်အရင်းပါ
မျက်လုံးတစ်ဖက်ကန်းနေတာ ကြောင့် ငရန်မန်ကန်းလို့
အမည်တွင်ခြင်း ဖြစ်သည်။)
                  ငရန်မန်ကန်း သည် ကျန်စစ်သားမင်း
သား လာကယ်လိမ့်မည် မှန်း သိ၍
"ကျန်စစ်သား သည် နန်းလုပြီး မင်းသားကို
လုပ်ကြံပေလိမ့်မည် "ဟု စောလူးမင်းသား
ကို သွေးထိုးထားတော့သည်။ ကျန်စစ်သား မင်းသား
လာကယ်သောအခါ စောလူးမင်းသားသည်
ငရန်မန်ကန်း အား ယုံကြည်နေ၍ မလိုက်ပေ။
ကျန်စစ်သားလည်း စောလူးမင်းအား ထမ်း၍ ပြေးတော့
သည်။ ထမ်း၍ ပြေးသောအခါ စောလူးမင်း လည်း
ငရန်မန်ကန်းကြားအောင် အော်ဟစ်လေတော့သည်။
ထိုအခါ  ငရန်မန်ကန်းနှင့်
ရဲမက်များလိုက်လာကြသဖြင့်
ကျန်စစ်သား သည် စောလူးမင်းအား 
"အော် ငါ က ကျေးဇူးရှင်၏ သားတော် မို့ လို့
ကောင်းစေချင်လို့   လာကယ်ရတယ် 
လာကယ်တဲ့လူကို ပြန်ဒုက္ခရောက်အောင်
လုပ်တယ်  ကဲ  မင်းယုံကြည်တဲ့ ငရန်မန်ကန်းဆီ
မင်း နေခဲ့ပေတော့"
လို့  ပြောပြီး ကျန်စစ်သား ထွက်ပြေး
ခဲ့ပါတော့တယ်
ငရန်မန်ကန်း ရောက်တဲ့အခါမှာ ကျန်စစ်သား
လွတ်သွားလို့  ဒေါသထွက်ပီး စောလူးမင်းကို
ကွပ်မျက်လိုက်ပါတော့တယ်။
                    စောလူမင်း သေသွားတဲ့အခါမှာ မူးမတ်
တွေ နဲ့ တိုင်းသူပြည်သားတွေ က ကျန်စစ်သားကို
နန်းသိမ်းဖို့ ပန်ကြားပါတယ်။ ကျန်စစ်သားက
ငရန်မန်ကန်းကို သုတ်သင်ပီးမှ နန်းတက်မယ် လို့
ပြောပီး မြှားပစ်ဝိဇ္ဇာတစ်ဦး ကို သုတ်သင်ဖို့
လွှတ်လိုက်ပါတော့တယ်။ တစ်ရက်မှာ ငရန်မန်ကန်း
ဟာ ဧရာဝတီ မြစ်ကြောင်း အတိုင်း ဖောင်နဲ့ ထွက်ပြေး
ရာမှာ မြှားပစ်ဝိဇ္ဇာဟာ ကုန်းပေါ်က သစ်ပင်ပေါ်က
ချောင်းနေပါတယ်။ ရောက်လာတဲ့အခါ မှာတော့
ငရန်မန်ကန်းရဲ့  ကောင်းနေတဲ့ မျက်လုံးတစ်ဖက်ကို
တည့်တည့်မှန်အောင် ပစ်ပီး
သုတ်သင်လိုက်ပါတော့သည်။
                ငရန်မန်ကန်းကို သုတ်သင်ပီးတဲ့အခါ
ကျန်စစ်သား ဟာ မိဖုရား သုံးပါးနဲ့ အတူ နန်းတက်ခဲ့
ပါတော့သည်။ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်
ကျွေးမွေးပီး သာသာနာတော် ကို စည်ပင်ပြန့်ပွားအောင်
ဆောင်ရွက်ပါတော့သည်။
                 မကြာခင် သမီးတော်လေး ရွှေအိမ်စည်ကို
ဖွားမြင်လာပါတော့သည်။ ရွှေအိမ်စည် မင်းသမီးလေး
ဟာ လိမ်မာရေးခြားရှိပီး ပညာဘက်မှာလဲ ထူးချွန်ခဲ့ပါ
တယ်။ သူမ အရွယ် ရောက်လာတဲ့ အခါ မှာ 
ကျန်စစ်သားမင်းကြီးဟာ ပုဂံဆိပ်ကမ်းမှာ အတိုင်းတိုင်း
အပြည်ပြည်က လာရောက်ကုန်သွယ် ဆိုက်ကပ်တဲ့
စာရင်းမှတ် အကောက်ခွံ ဋ္ဌာန ကို အပိုင်စားပေးပြီး
နေစေခဲ့ပါတယ်။
#############################
                  ပဋိက္ခယား ဟာ ကုလားပြည် က ဘုရင့်
ရဲ့ သားတော် ပါ။ငယ်ရွယ်စဉ်မှာ ပဋိက္ခယားရဲ့  ဖခင်
ဟာ သူ့ ရဲ့  ဦးရီးတော်ကလုပ်ကြံပီး နန်းလု
လိုက်ပါတယ်။ အဲ့ ဒီမှာ ပဋိက္ခယား ဟာ မိခင်နဲ့
ရံရွှေတော်တို့ နဲ့ တိုင်းပြည် ကနေ ထွက်ပြေးပီး
ကျွန်း တစ်ကျွန်းမှာ သွားရောက် နေထိုင်ပါတော့သည်။
                   ပဋိက္ခယား မင်းသားဟာ မိခင်မွေးလာ
ကတည်း က ပြဒါးရှင်လုံး ကို လက်က ကိုင်ပီး ဖွားမြင်
လာပါသည်။ အဲ့ဒီ ပြဒါးရှင် လုံးကို ပဋိက္ခယား ဟာ
ပါးစပ်ထဲ ငုံလိုက်ပီ ဆိုရင် မိုးပေါ်ကို ပျံ နိုင်တဲ့ အစွမ်းရှိ
ပါတယ်။
                  အဲ့လိုနဲ့ ပဋိက္ခယား မင်းသား
အရွယ်ရောက်လာတဲ့အခါ မှာ မိခင်ကို မေးတဲ့အခါ
မိခင် က အကြောင်းစုံ ရှင်းပြတဲ့အတွက် ဖခင်ရဲ့ 
တိုင်းပြည် ကို ပြန်လည် ရယူရန် အတွက် ခရီးထွက်ခွင့်
တောင်းပီး ကုန်သင်္ဘော တစ်စီးနဲ့အတူ လိုက်ပါလာခဲ့ပါ
တော့သည်။
                  ကုန်သဘောင်္နဲ့ လိုက်လာရင်း သဘောင်္
ဟာ တစ်နေရာ ရောက်ရင်  ပါတဲ့ကုန် ရောင်း  ကုန်ပြန်
ဝယ် အဲ့ လို နဲ့  မြန်မာ နိုင်ငံ ရဲ့  ပုဂံ ကို ရောက်ရှိလာပါ
တော့တယ်။
                  ပုဂံ ဆိပ်ကမ်းရောက်တော့ ပဋိက္ခယား
မင်းသား ဟာ အကောက် ခွံ တွေ ကို စာရင်း လိုက်မှတ်
နေတဲ့ ရွှေအိမ်စည် မင်းသမီးလေး ကို တွေ့ လိုက်ရပီး
စွဲလမ်း သွားပါတော့ သည်။  ရွှေအိမ်စည် မင်းသမီးလေး
ကို သွားရောက် နုတ်ဆက်တော့ မင်းသမီး က စကား
တောင် ပြန်မပြောပါဘူး။ ထို့ ကြောင့် ရွှေအိမ်စည်
အကြောင်းစုံစမ်း ကြည့်တဲ့ အခါမှာတော့ ကျန်စစ်သား
မင်းကြီး ၏ သမီးတော် မှန်း သိလိုက်ရပါတော့တယ်။
                   ကုန်သဘောင်္ ကုန်ဝယ် ကုန်ရောင်း
ပီးလို့ ပြန်ထွက်တော့မယ့် အချိန်မှာ ပဋိက္ခယား ဟာ
မင်းသမီးလေး ကို စွဲလမ်းတဲ့ စိတ်ကြောင့် ပြန်မလိုက်
သွားတော့ ပဲ ပုဂံမှာ ပဲ နေခဲ့ပါတော့တယ်။ သူဟာ
သူ့ရဲ့  နန်းပြန်လုမဲ့ ကိစ္စ တွေ ကို လည်း
အချစ်စိတ်ကြောင့် မေ့လျော့ သွားပါတယ်။
                   ပဋိက္ခယား ဟာ ရွှေအိမ်စည်ကို
အမ် ဳိးမ် ဳိး ကြိုးစားပေမဲ့ မရပါဘူး။ နောက်ဆုံးမှာတော့
ရွှေအိမ်စည် စံမြန်းတဲ့ ခုနှစ်ဆောင်ခန်း အပေါ် ကို
ပြဒါးလုံး ရဲ့  အစွမ်းနဲ့ သွားရောက်ပီး ရွှေအိမ်စည်ကို
သူ့ ရဲ့ မိုးပေါ် ပျံ နိုင်တဲ့ အစွမ်းကို ပြသပါတော့တယ်။
ထိုအခါ မှ ရွှေအိမ်စည်ဟာ အထင်ကြီး လေးစားပီး
ချစ်သူဖြစ်သွားပါတော့သည်။
                   ပဋိက္ခယား သည် ညစဉ်ညတိုင်း
ရွှေအိမ်စည် အဆောင်တော် သို့ မိုးပေါ်မှ ပြန်လာပီး
လာတွေ့ပါတော့ တယ်။ ချစ်သူနှစ်ဦးဟာ ပျော်ရွှင်
ကြည်နူးစွာနဲ့ တွေ့ဆုံကြပါတော့သည်။ အောက်မှာ
အစောင့် အကျပ်တွေ ရှိပေမဲ့ ပြဒါးရှင် လုံး ရဲ့  ကို ပါးစပ်
ထဲ ငုံပြီး ကောင်းကင်မှ လာတဲ့အတွက် ဘယ်သူမှ မရိပ်
မိခဲ့ပါဘူး။
                   အဲ့လို နဲ့ တစ်ရက်မှာ လာတွေ့တာကို
ရံရွှေတော် တစ်ဦးမှ မြင်သွားပီး ကုလား နဲ့  ချစ်သူ
ဖြစ်နေတာကို ကျန်စစ်သား မင်းကြီးထံ ကျရောက်သွား
ပါတော့သည်။ ကျန်စစ်သားမင်းကြီးလည်း သမီးတော်
ကို ငုံထားမတတ်ချစ်မြတ်နိုးသော်လည်း တိုင်းပြည်နဲ့
လူမျိုးအတွက် သမီးတော် ကို နားချ ပါတယ်။
နိုင်ငံ ၏ ဘုရင့် သမီးတော် အနေဖြင့် ဘာသာခြားသွေး
နှော သွားလျှင် အများ သဘောမတူသဖြင့် သမီးတော်
၏ နှလုံးသားကို စတေးစေခဲ့ပါတယ်။ စောလူးမင်း၏
သားတော် နှင့် ပေးစား လက်ထပ်စေခဲ့ပါသည်။
                   ခရီးလွန်နေသဖြင့် ထိုအကြောင်းတွေကို
ပဋိက္ခယား မသိလိုက်ချေ။ ပြန်ရောက် ရောက်လာခြင်း
ရွှေအိမ်စည် ကို လွမ်းနေသောကြောင့်
မနက်စောစောပင်  ကောင်းကင် ခရီး ဖြင့် ရွှေအိမ်စည်
ဆီသို့ ထွက်လာခဲ့ပါတော့သည်။ ကောင်းကင်ပေါ်တွင်
ဈာန်နှင့် ကြွပီး ဆွမ်းခံပြန်လာတဲ့ ရဟန္တာတစ်ပါးနှင့်
ဆုံတွေ့လိုက်ပါတယ်။ဆုံတွေ့ သည်နှင့် လက်ထဲပါလာ
သည့် မုန့် များကို သပိတ်ဖွင့် လောင်းလှူ တဲ့အခါမှာ
သပိတ်က ပြည့်နေတာကို တွေ့တဲ့အတွက်
"အရှင်ဘုရား အဘယ်အရပ်မှ ဆွမ်းခံ ပြီး ပြန်လာပါ
သလဲ ဘုရား "ဟု မေးမြန်းလိုက်ပါတယ်။
"ဒကာတော် ကျန်စစ်သားမင်းကြီး ၏ သမီးတော်
ရွှေအိမ်စည် နှင့် စောလူးမင်း၏ သားတော်
မင်္ဂလာ ဆွမ်းကျွေးမှ ပြန်လာပါတယ် "ဟု မိန့်
လိုက်တော့  
ပဋိက္ခယား မင်းသား ဟာ ပါးစပ်က အံ့သြသွားပီး
"ဟာ " ခနဲ့   အာမေဋိတ် သံ ထွက်သွားတဲ့အခါမှာ
ပါးစပ်မှာ ငုံထားတဲ့ ပြဒါးရှင် လုံးဟာ ထွက်ကျသွားပါ
တော့သည်။ ထိုအခိုက်မှာ ပင် ပဋိက္ခယား ဟာ
အောက်ကို ပြုတ်ကျပီး သေဆုံးသွားခဲ့ပါတော့သည်။
ပြဒါးရှင် လုံးကတော့ ဝါး ပင် ထဲသို့ ကျ ၍ ဝါးပင်က
ငုံသွားပါတော့သည်။
                   အဲ့လိုနဲ့ ရွှေအိမ်စည် မင်းသမီးလေးမှာ
ကိုယ်ဝန် ရှိလာပါတယ်။ ပဋိက္ခယား မင်းသားဟာ
ရွှေအိမ်စည် ကို ချစ်လွန်းတဲ့ အတွက် ရွှေအိမ်စည်ကို
စိတ်စွဲပီး သေဆုံးတဲ့ အတွက် ကြောင့် ရွှေအိမ်စည်၏
ဝမ်းမှာ ဝင်စားပီး သန္ဓေတည်လာပါတော့တယ်။
                   အဲ့ဒီ ကလေး မွေးလာတဲ့ အခါ မှာ
ဘုန်းရှင် ကံရှင် ဖြစ်တဲ့အတွက်ကြောင့် မြေငလျင်တွေ
ကြီးစွာလှုပ် မိုးတွေသည်းထန်စွာရွာပီး
မွေးဖွားလာပါတော့တယ်။
အဖိုးတော် ဖြစ်တဲ့ ကျန်စစ်သား မင်းကြီးဟာ
သမီး အချစ် မြေးအနှစ် ဆိုတဲ့ အတိုင်း ချစ်မြတ်နိုး
တော်မူလွန်းသောကြောင့် ရွှေလင်ပန်းနှင့် အချင်းဆေး
ပြီး  ထီးညွန့် နန်းလျာ အိမ်ရှေ့  မင်းသားအဖြစ်
သတ်မှတ် ထုတ်ပြန် ပေးခဲ့ပါတယ်။
                   အဲ့ဒီ ကလေး က တော့  ရာဇဝင်မှာ
ထင်ရှားတဲ့
"လက်ညှိုး ညွှန်ရာ ရေဖြစ်တဲ့
အလောင်းစည်သူမင်းကြီး" ပါပဲ
                    အဲ့ဒီကလေး ငယ် ဟာ အမြဲ တန်း ငိုငို
နေပါတယ်။ ဘယ်လို ချော့ချော့ မရပါဘူး။
အဲ့ဒါ နဲ့ ဟူးရားဖြူ ဟူးရားညိုတို့ ကို နိမိတ်ဖတ်တွက်ချက်
စေတဲ့အခါ
" ဒီကလေး ဟာ ပဋိက္ခယား ဝင်စားသည့် ကလေးဖြစ်
ကြောင်း သူ ငိုငို နေသည်မှာ သူ၏ ပြဒါးရှင် လုံးမှာ
ဝါးပင် က ငုံသွားသဖြင့် လေတိုက်လျှင် ဝါးရုံတော
က လှုပ်ရှားသဖြင့် ငိုကြွေး ကြောင်း ဟောသဖြင့် "
ထိုဝါးရုံ တော ကို ယူ ၍   ပြဒါးရှင်လုံး ငုံထားသော
ဖောင်ဦးထိပ်ထား၍ ဖောင်တော် တစ်စင်း ပြု
လုပ် လိုက်သောအခါ မှ ကလေးငယ် သည်
အငို တိတ်သွားပါတော့သည်။
                     တစ်နေ့ နန်းရှေ့  တွင် အမျိုးသမီး
တစ်ဦး ကလေး တစ်ယောက်အား လက်ဆွဲ၍
ကျန်စစ်သားမင်းကြီး ကို လက်စွပ် တစ်ကွင်း ပြ၍
တွေ့ခွင့်တောင်းလိုက်ပါသည်။
                    ကျန်စစ်သားမင်းကြီး လည်း သူ၏
လက်စွပ်မှန်း သိ၍ တွေ့ ခွင့် ပေးလိုက် ရာ
ထုိအမ် ဳိး သမီး မွာ
သူ မင်းပြစ်မင်းဒဏ် သင့်စဉ်
အချိန်က  ထွက်ပြေးရင်း တွေ့ဆုံ ချစ်ကြိုက်ခဲ့သော
မိန်းမပျို ဖြစ်ပီး ကိုယ်ဝန် ရခဲ့ပါတယ်။
"ထိုမိန်းမပျို ကို သူ၏ လက်စွပ် ချွတ်၍ ပေးပီး
ယောက်ျားလေး ဖြစ်လျှင် ဤလက်စွပ်ကို ပြ၍
နန်းတော် ကို လိုက်ခဲ့ပါ
မိန်းကလေးဖြစ်လျှင် ဤလက်စွပ် ကို ရောင်းချပြီး
ရင်းနှီးလုပ်ကိုင်စားသောက်ပါ " ဟု ပြောကြားခဲ့ကြောင်း
ပြောပြတဲ့အခါ မှာ ယခု သားယောက်ျားလေး
ဖွားမြင်တဲ့အတွက် နန်းတော် သို့ လိုက်လာခဲ့ကြောင်း
ပြောမှ ပြန်လည် အမှတ်ရပီး
ထိုအမျိုးသမီး ကို မိဖုရား မြှောက်လိုက်ပါတယ်။
သားတော် ကို တော့" ရာဇကုမာရ " လို့ ဘွဲ့ အမည်
ပေးပြီး လယ်တွင်း ကိုးခရိုင် နှင့် တောင်စဉ် ခုနှစ်သွယ်
ကို စားစေခဲ့ပါတယ်။ ထီးမွေ နန်းလျာကို သားတော်ကို
ပေးရမှာ ဖြစ်ပေမဲ့  မင်းတို့ ၏ စကားသည် ထွက်ပီး
သား ဆင်စွယ် ကဲ့ သို့ ပြန်မဝင် သဖြင့် မြေးတော် ကို
ထီးမွေ နန်းလျာ အိမ်ရှေ့ မင်း အဖြစ် သတ်မှတ်ပီး
ဖြစ်သောကြောင့် ပေးမရတော့ပါ။ ရာဇကုမာရ မင်းသား
သည်  ကျန်စစ်သား မင်းကြီး နတ်ရွာစံမည့်အချိန် တွင်
သူ စားရသော အပိုင်နယ်များမှ အခွန်အကောက်များ
ဖြင့်   ရေစက်သွန်းချ အမျှဝေ လှူ ဒါန်းပီး ကျောက်စာ
ရေးထိုး ခဲ့ပါတော့တယ်။
( ရာဇကုမာရ ကျောက်စာဟု အမည်တွင်ပါသည်။)
                   အလောင်းစည်သူသည် ကျန်စစ်သား
မင်းကြီး နတ်ရွာစံသောအခါ နန်းတက်လာခဲ့ပါတော့
သည်။
                   အလောင်းစည်သူ မင်းကြီးသည်
တိုင်းခန်းလှည့် လည် သည့် အခါ ပြဒါးရှင်လုံး ငုံထား
သည့် ဖောင် တော် ဖြင့် တိုင်းခန်း လှည့်လည် ပါတော့
သည်။ ဖောင်တော် ဦးထိပ် တည်လိုက် သည် နှင့်
ပြဒါးရှင် လုံး၏ အစွမ်းကြောင့်  ရေပြင်ဖြစ်သွားပီး
ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည် ပါတော့သည်။
                   ထို့ ကြောင့် အလောင်းစည်သူမင်းကြီး
သွားချင်သည့် နေရာ ကို လက်ညှိုးညွှန်လိုက်သည်နှင့်
ဖောင်ဦး လှည့် လိုက်သည် နှင့် ရေပြင်ဖြစ်သွားသော
ကြောင့် ရာဇဝင်တွင် "လက်ညှိုးညွှန်ရာ ရေဖြစ်သော
မင်း" ဟု သတ်မှတ်ခံရပါတော့သည်။
                  အလောင်းစည်သူ မင်းကြီးသည်
တစ်နေ့ တွင်" မြင့်မိုရ်တောင် အမှန် တကယ် ရှိလား"
ဟု မေးမြန်းရာ အမှန်တကယ် ရှိသည် ဟု ဖြေကြား
၍  မင်းကြီး လည်း သွားချင် သောကြောင့် ဖောင်တော်
ဖြင့် ထွက် လာခဲ့ လေတော့သည်။ တဖြည်းဖြည်း
မြင့်မိုရ်တောင် နှင့်  နီးကပ် လာသည့်အခါ
သိကြားမင်းသည်  အဖိုးအိုယောင် ဆောင်လျက်
"အရှင်မင်းကြီး  အဘယ် ကို အလိုရှိ ၍ လာသနည်း"
ဟု မေးမြန်းရာ
"မြင့်မိုရ်တောင် ကို ရောက်ဖူး ချင် သောကြောင့်
ထွက်လာခဲ့ ကြောင်း" ပြောပြရာ  အဖိုးအိုက
"ကျွန်ုပ်သည် ပင် မြင့်မိုရ်တောင် ကို ရောက်ဖူးချင်သော
ကြောင့် ငယ်ငယ်ကတည်းက  လာရှာတာ ခုချိန်ထိ
ရှာမတွေ့ ကြောင်း  ပီးတော့ မြင့်မိုရ်တောင် သည်
ရတနာတောင်ကြီးတွေ အတိပီးသောကြောင့် လူသာ
မန်တို့ မျက်လုံးဖြင့် မကြည့်နိုင်ကြောင်း အလွန်စူးရှ
ကြောင်း နတ်ဗြဟ္မာများသာ မြင်နိုင် ကြည့်နိုင်ကြောင်း
လူသားတို့ ထိုနေရာ ရောက်လျှင် အကျိုးမရှိ ကြောင်း"
ပြောဆို မှ  အလောင်းစည်သူမင်းလည်း အသိတရား
ရရှိသွားပါတော့သည်။ အဖိုးအို က ပင်  အရှင်မင်းကြီး
ဇမ္ဗူ့ သပြေပင် အနီးနားသို့ လိုက်ပို့ ပေးမည် ဖြစ်ပြီး
ပြီးလျှင် တိုင်းပြည် သို့ ပြန်ကြွပါရန် ပန်ကြားပါတော့
သည်။ အလောင်းစည်သူ မင်းကြီး လည်း "ကောင်းပြီ"
ဟု ဝန်ခံ၍  ဇမ္ဗူ့ သပြေပင် အနားရောက်သောအခါ
"ပလုတ်  တုတ်  ဗြုန်း" "ပလုတ်  တုတ် ဗြုန်း"
ဟူသော အသံ ကြားရ ၍ ဘာအသံလဲ အဖိုးအို အား
"ပလုတ်" ဆိုသော အသံက မြေပြင်ပေါ် ကျသည့်အသံ
"တုတ် " ဆို သည် က တစ်ချက်ခုန်သွားသံ
"ဗြုန်း" ဆိုသော အသံက ရေထဲ ကျသည့် အသံ
ဖြစ်ကြောင်း ဖြေကြားလိုက်မှ အလောင်းစည်သူမင်းကြီး
ကျေနပ်သွားပြီး တိုင်းပြည်သို့
ပြန်လှည့်လာပါတော့သည်။
အလှူ ပွဲ များ အပီးတွင် အောင်ပြီဟု အဓိပ္ပါယ် ရသော
ဆိုင်းဝိုင်း များ တီးခတ်ပေးသော ဗျောသံ ဆို သည်မှာ
"ပလုတ် တုတ် ဗြုန်း"  "ပလုတ် တုတ် ဗြုန်း"
***************************************
#############################
ကျနော်သည် ဤစာပေကို ပရလောက Page နှင့်
မကိုက်ညီသော်လည်း စာဖတ်သူများ ဆက်လက်တင်
ပေးရန် တောင်းဆိုသောကြောင့် တင်ပေးရခြင်းဖြစ်ပါ
သည်။ဗဟုသုတ ရနိုင်ကြပါစေ။ သရဲအကြောင်းမပါသဖြင့် ခွင့်လွှတ်ပါ စာဖတ်ပရိတ်များ
ခင်ဗျာ။
                                       ကြိုးစားလျက်
                                   အောင်ဆန်းမင်းဦး
1 comment: