💗 ခြံစည်းရိုးလေးတွေ ပြန်စစ်ကြရအောင် 💗
ကိုယ်ယူထားတဲ့ မိန်းမကို သိပ်ချစ်ပြီး
အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝကို
တန်ဖိုးထားတဲ့ Bro တို့ရေ...
ကိုယ့်အိမ်ထောင်ဖက်မဟုတ်တဲ့
မိန်းမ ကြီးကြီး ငယ်ငယ် ပျိုပျို အိုအို အားလုံးနဲ့
ပတ်သက်ပြီး အိမ်ထောင်ရေးကို ထိခိုက်လာနိုင်တဲ့
ကိစ္စ .. ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ....
ဘာကိစ္စတွေပဲ ဖြစ်ဖြစ် ...
ဘာကိစ္စနဲ့ပဲ ကြုံကြုံ ...
အလုပ်တွေများပြီး ပင်ပန်းနေတဲ့ မိန်းမကို ..
➡️ပိုပင်ပန်းမှာစိုးလို့ ဆိုပြီး ဘာမှမပြောပဲ မနေပါနဲ့..
လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးစေတာ
မို့လို့ပါ..
➡️စိတ်ရှုပ်သွားမှာ မစိုးရိမ်ပါနဲ့..
တစုံတခုကို နောက်ကျမှ သိလိုက်ရရင်
ပိုစိတ်ရှုပ်ရနိုင်ပါတယ်..
➡️စိတ်ညစ်သွားမှာကိုလည်း မကြောက်ပါနဲ့..
ကိုယ့်ယောက်ျား ကိုယ့်ဘက်မှာရှိနေတယ်လို့
ခံစားရသရွေ့ ဘယ်မိန်းမမှ သေလောက်အောင်
စိတ်မညစ်ပါ..
➡️အရေးမကြီးဘူးလို့လည်း မတွေးပါနဲ့..
ယောက်ျားတစ်ယောက်ရဲ့ သစ္စာတရားဟာ
သူ့မိန်းမအတွက်တော့ အဖိုးထိုက်တန်ဆုံး ဆုလာဒ်ပါ..
➡️တစ်ယောက်ထဲ ဖြေရှင်းနိုင်တယ်လို့လည်း
မထင်ပါနဲ့...
မိန်းမတွေရဲ့ ဥာဏ်နီ ဥာဏ်နက်တချို့ကို မိန်းမတွေကပဲ
ပိုပြီး သိမြင်နားလည်နိုင်တာပါ...
🔥လူတွေရဲ့ အာရုံခံစားမှုမှာ ကိုယ့်အပေါ်
တခြားတယောက်က မရိုးဖြောင့်တော့ဘူးဆိုရင်
မသိစိတ်က အလိုလို ခံစားမိတတ်ကြတာမို့..
အိမ်ထောင်ရေးကို ထိခိုက်စေမယ့်အရာတွေဆိုရင်
👉သဘောမကျရင် ရှောင်ပါ..
👉မဖြစ်သင့်မှန်းသိရင် စောင့်ထိန်းပါ..
👉ကြုံလာသမျှကိစ္စမှန်သမျှကို
အိမ်ထောင်ဖက်ကို ပွင့်လင်းစွာပြောပြပါ...
👉ကိုယ့်မိသားစုထက် သနားစရာကောင်းတဲ့
သူစိမ်းမိန်းမ မရှိဘူးလို့ အမြဲခံယူထားပါ...
👉ကိုယ့်အိမ်ထောင်ဖက်ကလွဲလို့ တခြားအမျိုးသမီးကို အားနာဖို့မလိုအပ်ပါ....
👨👩👧👦ယောက်ျားကို ချစ်ပြီး သာယာတဲ့အိမ်ထောင်ရေး
ဖြစ်ဖို့ ကြိုးစားနေထိုင်နေတဲ့ Sis တို့ရေ...
တို့က ညီအစ်ကို မောင်နှမတွေလိုပဲ ရိုးရိုးသားသားပါ
ဆိုတဲ့ စကားလုံးလှလှသုံးရင်း
အိမ်ထောင်သည်ရောဘာရော
သင့်လျော်၏ မသင့်လျော်၏ မစဉ်းစားနေတော့ပဲ
စည်းလွတ်ဘောင်လွတ် နေထိုင်ပြုမူတတ်ကြတဲ့
အသိုင်းအဝိုင်းတွေလည်းရှိကြတယ်..
ဘယ်မောင်နှမမဆို လူမှု ပတ်ဝန်းကျင်မှာ
အမြင်မသင့်တော်တာ လုပ်ကြဖို့
ဘယ်မိဘက ခွင့်ပြုပေးထားဖူးလို့လည်း....
(ကျမကတော့ လက်မခံပါ...)
➡️ကြုံလာခဲ့ရင် ကိုယ့်အိမ်ထောင်ဖက်ကို
ဒေါသမပါပဲ
ဝမ်းမနည်းပဲ မပြုလုပ်သင့်ကြောင်း
သတိပေးပါ..
ထပ်ကာထပ်ကာ သတိပေးပါ...
တားမြစ်ပါ..
➡️ယောက်ျားတွေမှာ သူ့စန်းနဲ့သူရှိကြပါတယ်..
ချမ်းသာမှ ရုပ်ချောမှ အပြောကောင်းမှရယ် မဟုတ်ဘူး..
သဘောကျတဲ့ မိန်းကလေးက
အဖိုးကြီးဖြစ်လည်းသဘောကျတယ်..
ပိုက်ဆံ သိပ်မရှိလည်းသဘောကျတယ်..
ရုပ်သိပ်မလှလည်း သဘောကျတယ်...
အလုပ်အကိုင် မယ်မယ်ရရမရှိလည်းသဘောကျတယ်..
သူ့မိသားစုကို ပျော်ရွှင်အောင်ထားနိုင်တဲ့သူဆို
သူ့ မိန်းမ နေရာကို သဘောကျနေတတ်တာတွေလည်း
ရှိတယ်..
သူများယောက်ျားကို ဘာမဆိုင် ညာမဆိုင်
သနားနေတတ်တဲ့ သူတွေလည်းရှိတယ်..
ကိုယ့်မိသားစု ပြိုကွဲအောင် ကြံဆောင်နေသူဟာ
ကိုယ်ထင်မှတ်မထားတဲ့သူလည်း ဖြစ်နိုင်ပါတယ်..
လျှော့မတွက်ပါနဲ့..
ကိုယ့်ဘက်က ခြံစည်းရိုးကို ကာနိုင်သလောက်
ကာရံထားပါ..
လုံခြုံခြင်း မလုံခြုံခြင်းက ကိုယ်သာမက
ကိုယ့်အိမ်ထောင်ဖက်နဲ့လည်းသက်ဆိုင်ပါတယ်..
➡️ဘယ်လောက်အလုပ်များများ
ကိုယ့်ယောက်ျားကိုယ် ဂရုစိုက်ကြပါ..
➡️ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် စိတ်ရောကိုယ်ပါ
လှပအောင်နေထိုင်ပါ..
ကိုယ်လှဖို့ လိုအပ်ပြီလို့ သိလိုက်တဲ့အချိန်ဟာ
ကိုယ့်လက်တွဲဖော် တခြားဘက်ခြေဦးလှည့်ချိန်မှ
မဖြစ်ပါစေနဲ့...
➡️မာန မထားပါနဲ့..
ချစ်ပြစရာရှိရင် ချစ်ပြလိုက်ပါ..
တောင်းဆိုစရာရှိရင် တောင်းဆိုလိုက်ပါ..
မကျေနပ်တာရှိရင် ဖွင့်ပြောလိုက်ပါ..
ကျေနပ်တာလေးတွေလည်း ပြောဖို့ မမေ့ပါနဲ့ ..
သူမမြင်အောင် ရင်မှာကြိတ်ခံစားပြီးနေတဲ့
အတွင်းကြေဆိုတာ သီချင်းလိုပဲ ဆိုလို့ကောင်းတာပါ..
အိမ်ထောင်ရေးအတွက် မကောင်းပါဘူး...
➡️အိမ်မှာ အစစအရာရာ လိုလေသေးမရှိ
ပြုစုယုယထားပြီး ..
အိမ်အလုပ် မိသားစုအလုပ်တွေမှာ
အိမ်ဦးနတ်ကြီး ပါဝင်စရာမလိုတော့လောက်အောင်
အလိုက်မသိပါနဲ့..
တချို့သောလုပ်စရာများကို ယောက်ျားအတွက်
ချန်ထားပေးပါ...
နှိပ်စက်တာမဟုတ်ရပါ
အားကိုးကြောင်းပြတာပါ..
➡️မိသားစုတွေ စုစုစည်းစည်းနဲ့
အိမ်သန့်ရှင်းရေးသော်လည်းကောင်း..
ပစ္စည်းတွေ နေရာချတာသော်လည်းကောင်း
တယောက်တလက် ဝိုင်းကူလုပ်ပေးကြခြင်းဟာ
မိသားစု ရဲ့ ပျော်ရွှင်မှုတွေကို တိုးပွားစေပါတယ်..
➡️ယုံကြည်ပေးပါ..
စုံလုံးကန်း အသိမဲ့ ပညာမဲ့ ယောက်ျားပြောသမျှတိုင်းကို အမှန်ထင်တဲ့ ယုံကြည်ပေးခြင်းမျိုးတော့
မဟုတ်ပါဘူး...
🔥အိမ်ထောင်ရေးပြဿနာဟာ လူတိုင်းမှာ
အနည်းနဲ့အများတော့ရှိတတ်ကြပါတယ်..
စိတ်ကောက်ကြတယ်
စိတ်ဆိုးကြတယ်..
စကားနာထိုးကြတယ်..
ရစ်ကြတယ် ...
မတွေ့ရင်ရှာကြတယ်..
တွေ့ရင် သတ်ကြတယ်...
အဲ့ဒါလည်း သံယောဇဉ်တစ်မျိုးပါပဲ..
လိုတာထက်ပိုရင်တော့ ဘာမှ မကောင်းပါ..
➡️နေကောင်းလို့ သွားလာလှုပ်ရှားနေတာ မြင်ပေမယ့်
နေကောင်းရဲ့လား.. မေးပါ
ကြင်နာမှုတွေပြည့်နေတဲ့ Action လေးတော့ပါပါစေ..
➡️အလုပ်တွေ အဆင်ပြေရဲ့လား..
သူ့အလုပ် ကိုယ်ဘာမှမသိ ဝင်မကူတတ်ပေမယ့်
မေးဖြစ်အောင်မေးပါ... နားထောင်ပေးပါ.
➡️သူ့ဝေယျာဝစ္စကို အားလုံးမဟုတ်တောင်
ကိုယ်လုပ်ပေးဖြစ်အောင် ကြိုးစားပါ..
➡️အိမ်ထောင်ရေးမှာ တယောက်နဲ့တယောက်
အေးစက်တဲ့ ဆက်ဆံရေးမျိုးဖြစ်တဲ့အထိ
မေ့လျော့မနေသင့်ပါ..
➡️ကိုယ့်သားသမီးတွေကိုလည်း
လူမှုရေး ဖောက်ပြန်ခြင်းဟာ မျိုးရိုးစဉ်ဆက်
ထိခိုက်ခံရမယ့် ...
ဘဝမှာ ထိချက် အပြင်းထန်ဆုံး
စာရိတ္တပျက်ပြားခြင်း ဆိုတာကို နားလည်အောင်
သင်ကြားပေးဖို့ မမေ့ပါနဲ့..
🔥ငါ့သား ငါ့သမီး ငါ့လင် ငါ့မယားလို့ တွေးလိုက်ရင်
ရင်ပူစရာတွေချည်းပါပဲ..
ဒါပေမယ့် မတွေးလို့လည်းမရပါ..
သူတို့ တစ်ခုခု ဖြစ်ရင် ကိုယ်ဒုက္ခခံရမှာဖြစ်သလို
ကိုယ်တစ်ခုခုဖြစ်ရင် သူတို့ပဲ ဒုက္ခခံရမှာမို့လို့ပါ...
ကျမတို့က မိသားစုတွေ မဟုတ်လား ...👨👩👧👦👨👩👧👦👨👩👧👦
Mo£sU
Credit
No comments:
Post a Comment