Thursday, July 18, 2019

#ကလေးသူငယ်များအားနှောင့်ယှက်ညှဉ်းပန်းနှိပ်စက်ခြင်း၊မဖွယ်မရာပြုမူခံရခြင်းမှကာကွယ်နိုင်ရန်

#ကလေးသူငယ်များအားနှောင့်ယှက်ညှဉ်းပန်းနှိပ်စက်ခြင်း၊မဖွယ်မရာပြုမူခံရခြင်းမှကာကွယ်နိုင်ရန်

၁။ သမီးမိန်းခလေးများအား မိမိဖခင်မှလွဲ၍ အခြားမည်သည့်အမျိုးသား၏ ပွေ့ချီခြင်း၊ ရင်းနှီးစွာ ကိုင်တွယ်ခြင်းကို မခံရန်သွန်သင်ပါ။

၂။ မိမိသားငယ်သမီးငယ်များ၏ရှေ့တွင် မိမိကိုယ်ခန္ဓာ ပွင့်လင်းမြင်သာစွာဖြင့် အဝတ်အစားလဲခြင်းကို ရှောင်ကြဉ်ပါ။

၃။ အခြားသူတဦးဦးမှ မိမိသားငယ်သမီးငယ်အား "ငါ့ယောက်ျား(သို့) ငါ့မိန်းမ"ဟု ရည်ညွှန်းခေါ်ဆိုခြင်းကို တားဆီးပါ။ ထိုသို့စနောက်ခွင့်မပြုပါနှင့်။

၎။ ကလေးများအတူတူကစားနေသည်ကို လစ်လျူရှုမထားပါနှင့်။ ခပ်လှမ်းလှမ်းမှ အကဲခတ်၍ ကြည့်ပါ။ ကလေးများအချင်းချင်းလည်း မဖွယ်မရာနှောင့်ယှက်ပြုမူခြင်းများရှိတတ်သည်။

၅။ ကလေးငယ်မနှစ်သက်သောသူ တဦးဦးထံ အတင်းသွားစေခြင်း၊ အတူနေစေခြင်း မပြုပါနှင့်။ ဆန့်ကြင်ဖက်လိင်လူကြီးတဦးဦးကို အလွန်ရင်းနှီးခင်တွယ်နေခြင်းမရှိစေရန် သတိထားပါ။

၆။ တက်ကြွစွာနေတတ်သော ကလေးငယ် ရုတ်တရက်ငေးမှိုင်နေလျှင် ဂရုတစိုက် မေးခွန်းမြောက်များစွာမေး၍ အဘယ်ကြောင့်ဆိုသည်ကိုသိရအောင်လုပ်ပါ။

၇။ သားသမီးများကို လိင်နှင့်ပတ်သက်သော သိသင့်သိထိုက်သည့် ဗဟုသုတများကို သင်ကြားပေးပါ။ သင်မပြောပြပါက အခြားသူများ၏ မှားယွင်းသောအယူဝါဒများသွန်သင်ခြင်း ခံရမည်။

၈။ ကာတွန်း၊ စာအုပ်၊ ဗွီဒီယိုခွေများကို ကလေးငယ်များ မဖတ်မကြည့်ခင် မိမိအရင် ကြည့်၍ သူတို့ကြည့်ရန်သင့်မသင့် သိရအောင်လုပ်ပါ။

၉။ သင့်အိမ်ရဲ့ အင်တာနက်အသုံးပြုမှုကို အရွယ်မရောက်သေးသူများမကြည့်ရသည့် (Parental Control) ထိန်းချုပ်စနစ်ထည့်ထားပါ။ အထူးသဖြင့် အိမ်ကို မကြာခဏ လာလည်တတ်သော ကလေးများ၏ မိဘများကို ထို့အတူပြုရန် အကြံပေးပါ။

၁၀။ ၃နှစ်အရွယ်မှစ၍ သူတို့၏ အတွင်းပိုင်း(private part)ကို သန့်ရှင်းစင်ကျယ်စွာ ဆေးကျောတတ်အောင် သင်ကြားပေးပါ။ ထိုနေရာကို သင်အပါအဝင် အခြားမည်သူ့ကိုမျှ မထိမကိုင်စေသင့်ကြောင်းသွန်သင်ပါ။

၁၁။သင့်ကလေး၏ ဖြူစင်မှုကို ထိခိုက်စေနိုင်သော အရာများကို (Blacklist) စာရင်းပြုစုထားပေးပါ။ (နားမထောင်သင့်သော သီချင်းများ၊ မကြည့်သင့်သော ဗွီဒီယိုခွေများနှင့် အတုယူမှားဖွယ် သူငယ်ချင်း၊ မိသားစုဝင်များအပါအဝင်)

၁၂။လူထူထပ်သောနေရာများတွင် လူအုပ်ကြားမှ ခပ်ခွာခွာ ရှင်းလင်းစွာ နေသင့်ကြောင်း ရှင်းပြထားပါ။

၁၃။တဦးတယောက်၏ ကလေးငယ်အပေါ်မနှစ်မြို့ဖွယ်ပြုမူဆက်ဆံနေမှုကို တွေ့ရှိပါက (သို့) ကလေးငယ်ကတိုင်ကြားပါက ရေငုံနှုတ်ပိတ်မနေပါနှင့်။ သင်တားဆီးဖြေရှင်းနိုင်ကြောင်း ပြသပါ။

ကျွန်ုပ်တို့ အားလုံးသည် မိဘများနှင့် မိဘဖြစ်လာမည့်သူများသာဖြစ်သည်။
ကလေးဘဝ၏ စိတ်ဒဏ်ရာသည် တသက်လုံးနာကျင်စေသည်ကို မမေ့ပါနှင့်။
(ဆိုဒ်တခုမှ "Help Stop Child Abuse" ကို အနီးစပ်ဆုံး ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)

Sophia Seng Seng Mai

(ဖြစ်ပြီးသွားမှတော့ ဘာမှ ပြင်ဆင်လို့ မရတော့ပါဘူး။ မိဘများရဲ့ ပေါ့လျော့မှုကြောင့် သားသမီး ရေတိမ်နစ်ရရင် မိဘများလည်း တသက်လုံး စိတ်ဆင်းရဲရမှာပါ။ ထိခိုက်တဲ့ သားသမီးလည်း ဘဝတလျောက်လုံး  စိတ်ဒဏ်ရာနဲ့ ကြီးပြင်းရမှာ ဘယ်လောက် ကြေကွဲဖို့ ကောင်းသလဲ။ မိသားစုဝင် အရင်းအချာတွေကလွဲလို့ တခြား ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့၊ မျက်ကွယ်မပြုပါနဲ့လို့ပြောရင် လွန်အံ့မထင်ပါ။)

Credit
မေသတင်းရပ်ကွက်လေး

No comments:

Post a Comment