ရင်းနှီးမြှပ်နှံမှုဆိုတာဘာလဲ...
တချိန်က ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်တို့ အားပြိုင်ခဲ့ကြတဲ့ 1954 လောက်က၊ အမေရိကန်ဟာ ဆိုဗီယက်နဲ့ နေရာတကာလိုက်ပြိုင်ခဲ့တယ်။ ဒုန်းကျည် ဘယ်သူသာတယ်၊ တိုက်လေယဉ် ဘယ်သူသာတယ်။ ကာလာတီဗွီ ဘယ်သူစထုတ်နိုင်တယ် (တီဗွီဈေးကွက်ကို အခု ဂျပန်နဲ့၊ တောင်ကိုရီးယားကို ပေးလိုက်ရတာတော့ အကြောင်းရှိတယ် ထားလိုက်တော့)။
အမေရိကန်ဟာ ဆိုဗီယက်ရဲ့ အသက်သွေးကြောကိုသိတယ်၊ venture capital လို့ခေါ်တယ့် နှစ်ရှည်ရင်းနှီးမြှပ်နှံမှု ငွေပင်ငွေရင်းကြီးပဲ။
အမေရိကန်လဲဒါမျိုးလုပ်ချင်တယ်။
ငွေကို ဒီအတိုင်းလဲမပေးလိုက်ချင်ဘူး။
အမေရိကန်တွေ စဉ်းစားတယ် လပေါ်ကို အမေရိကန်တွေ ပထမဦးဆုံး ခြေချနိုင်ရင် ဆိုဗီယက်ကို နောက်ကောက်ချနိုင်ပြီပေါ့။
လကမ္ဘာပေါ်ကို ဒုန်းပျံလွှတ်ဖို့ Semiconductor (နည်းပညာမြင့် ချပ်စ်ဆက်များ) တွေအမြောက်အများလိုတယ်။
CIA ကနေတဆင့် ပိုက်ဆံထုတ်ပေးပြီး Semiconductor တွေထုတ်ဖို့ Fairchild ဆိုတဲ့ company စထောင်ပေးလိုက်တယ်။
လကမ္ဘာပေါ်ကို အမေရိကန်တွေ ပထမဆုံးခြေချတယ်။ ဒါပဲ....။
ဒါပဲမဟုတ်ဘူး...အဲဒီမှာမှစတာ။ Fairchild အောင်မြင်တော့ တခြားနည်းပညာ လုပ်ငန်းတွေကို ငွေရောလူရော ကူညီခဲ့တယ်။ ကမ္ဘာ့နည်းပညာအများစု ထုတ်လုပ်နေတဲ့ Silicon valley ဖြစ်လာတယ်။ အမေရိကန်ရဲ့ venture capital လို့ခေါ်တဲ့ နှစ်ရှည်ရင်းနှီးမြှပ်နှံမှုတွေအများဆုံးရှိတဲ့ ဆန်ဖရန်စစ်စကိုရှိရာ ကယ်လီဖိုးနီးယာပြည်နယ်ရဲ့ GDP က ၂၀၁၈ မှာ အမေရိကန်ဒေါ်လာ ၂.၇ ထီလီယံရှိတယ်။
ဒီနေ့အောင်မြင်နေတဲ့ Oracle, Google, Youtube, Facebook, Paypal, Uber..... ကျန်သေးတယ်အများကြီးပဲ။ ဒီလုပ်ငန်းတွေ အောင်မြင်လာတာမေရိကန်တွေရဲ့ ရင်းနှီးမြှပ်နှံမှုပုံစံ မှန်ကန်ခဲ့လို့ပဲ။
မြန်မာနိုင်ငံမှာလဲ ပိုက်ဆံရှိသူတွေ၊ ပိုက်ဆံကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေ မှန်ကန်တဲ့ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့လိုတယ်။
စီးပွားရေးအတွေး စီးပွားရေးအမြင်
No comments:
Post a Comment