အလှူခံပုဂ္ဂိုလ်(၁၄)ဦး။
#############
ဘုရားရှင်အားလှူခြင်း။
ပစ္စေကဗုဒ္ဓအားလှူခြင်း။
ရဟန္တာအားလှူခြင်း။
ရဟတ္တဖိုလ်ကိုမျက်မှောက်ပြုရန်
ကျင့်သောသူအားလှူခြင်း။
အနာဂါမ်ပုဂ္ဂိုလ်အားလှူခြင်း။
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်
ကျင့်သောသူအားလှူခြင်း။
သကဒါဂါမ်ပုဂ္ဂိုလ်အားလှူခြင်း။
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန်
ကျင့်သောသူအားလှူခြင်း။
သောတာပန်ပုဂ္ဂိုလ်အားလှူခြင်း။
သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန်
ကျင်သောသူအားလှူခြင်း။
သာသနာပဝယ် ကာမဂုဏ်တို့၌ တပ်မက်ခြင်း
ကင်းသော ပုဂ္ဂိုလ်တို့အားလှူခြင်း။
သီလရှိသော ပုထုဇဉ်အားလှူခြင်း။
သီလမရှိသော ပုထုဇဉ်အားလှူခြင်း။
တိရစ္ဆာန်အားလှူခြင်း။ ။
တိရစ္ဆာန်အားလှူလျင် ဘဝတစ်ရာ
ကောင်းကျိုးချမ်းသာကိုရ၏။
သီလမရှိသောပုထုဇဉ်အားလှူလျင်
ဘဝတစ်ထောင်ကောင်းကျိုးပေး၏။
သီလရှိသော ပုထုဇဉ်အားလှူလျင်
ဘဝတစ်သိန်းကောင်းကျိုးချမ်းသာပေး၏။
သာသနာပဝယ် ကာမဂုဏ်တို့၌ တပ်မက်ခြင်း
ကင်းသောပုဂ္ဂိုလ်အားလှူလျင် ဘဝကုဋေတသိန်း
ကောင်းကျိုးချမ်းသာကိုရ၏။
သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သူ
အားလှူလျင် မရေမတွက်နိုင်သော ကောင်းကျိုး
ချမ်းသာကိုပေး၏။
သောတာပန်ပုဂ္ဂိုလ်အားလှူဒါန်းလျင် ဆိုဖွယ်ရာမရှိ
ကောင်းကျိုးချမ်းသာကိုပေး၏။
ဘုရားအစရှိသောအရိယာဂ္ဂိုလ်တို့အားလှူလျင်
ရေတွက်၍မရနိုင်သော ကောင်းကျိုးချမ်းသာ
တို့ကိုပေး၏။
ချစ်သားအာနန္ဒာ.....နောင်အနာဂါတ်ကာလ၌
သင်္ကန်းကိုလည်၌ပတ်ထား၍ ရဟန်းဟူသော
အသွင်ကိုဆောင်ပြီး၊ ယုတ်မာသည့်အကျင့် သီလ
မရှိသော သီလမရှိသော ပုဂ္ဂိုလ်များသာဖြစ်ပေါ်
လာလိမ့်မည်။ ထိုအခါ၌သော်လည်း သံဃာအား
လလှူဒါန်းခြင်းကို မရေတွက်နိုင်သော အကျိုးရှိ၏
ဟု ငါဘုရားဆို၏။ ငါဘုရားသည် မည်သည့်နည်း
ပရိယာယ်နှင့်မျှ (သံဃဒါန ထက်၊ပုဂ္ဂလိကဒါနက
သာလွန်အကျိုးများ၏ဟု ငါဘုရားမဟော။
အာနန္ဒာ....အလှူပေးသူသည် အကျင့်သီလနှင့်ပြည့်
စုံသည်ရှိသော် အလှူရှင်ဘက်မှစင်ကြယ်သည်
မည်၏။ အလှူရှင်သည် သီလမရှိသော် အလှူရှင်
ဘက်မှ မစင်ကြယ်သည်မည်၏။
သီလရှိသောပုဂ္ဂိုလ်သည် ကံ ကံ၏အကျိုးကိုယုံ
ကြည်လျက် တရားသဖြင့် ရသောပစ္စည်းကို သီလရှိ
သောသူအားလှူလျင် ထိုအလှူသည် အလှူရှင်ဘက်မှ
သာစင်ကြယ်၏။ သီလမရှိသောသူသည် ကံ ကံ၏
အကျိုးကိုမယုံကြည်ဘဲ မတရားရသောပစ္စည်းကို
သီလရှိသောသူအားလှူလျင် ထိုအလှူသထိုအလှူ
သည် အလှူခံဘက်မှသာစင်ကြယ်၏။
သီလမရှိသောသူသည် ကံ ကံ၏အကျိုးကိုမယုံ
ကြည်ဘဲ မတရားသဖြင့်ရသောပစ္စည်းကို သီလ
မရှိသူအားလှူလျင် ထိုအလှူသည် အလှူရှင် အလှူ
ခံနှစ်ဘက်စလုံးမှမစင်ကြယ်ပေ။
ရာဂကင်းသောပုဂ္ဂိုလ်သည် ကံ ကံ၏အကျိုးကို
ယုံကြည်လျက် တရားသဖြင့်ရသောပစ္စည်းကို
ရာဂကင်းသောပုဂ္ဂိုလ်အား လှူလျင် ထိုအလှူသည်
(အမြတ်ဆုံးသောအာမိသဒါနဖြစ်၏ဟုငါဘုရား
ဟောတော်မူ၏။)
(ဒဏ္ခိဏဝိဘင်္ဂသုတ်)
Credit;Original Writer
No comments:
Post a Comment