Tuesday, July 23, 2019

နာမည်ကြီး #Whatsapp Application ကို တီထွင်ခဲ့တဲ့ ဘီလျံနာ #JanKoum ဆိုတာ




နာမည်ကြီး #Whatsapp Application ကို တီထွင်ခဲ့တဲ့
ဘီလျံနာ #JanKoum ဆိုတာ တစ်ချိန်က Facebook ကနေ အလုပ်ခန့်ဖို့ ငြင်းဆိုတာကိုခံခဲ့ရတဲ့သူတယောက်...

 အောင်မြင်သူတို့ရဲ့ နောက်ကွယ်ကဘဝတိုင်းဟာ ဘယ်တော့မှ မရိုးရှင်းကြဘူး

Jankoum ရဲ့အကြောင်း အပြည့်စုံသိချင်ရင် အောက်မှာဖတ်ပါ

Facebookမှာ အလုပ်​​လျှောက်​တာ အငြင်းခံရပြီး
နောက်​မှာ မခံချင်​စိတ်​ဖြင့်​ကြိုးစားရာမှ ဘီလျံနာ
ဖြစ်​လာသူ Jan Koum
Jan Koum ရဲ့ဘ၀ဇာတ်​​ကြောင်းက​တော့ အ​တော်
လေးဇာတ်​နာလှတယ်​လို့ဆိုရမည်​ဖြစ်​သည်​။ အသက်​၁၆ နှစ်​မှာ အ​မေဖြစ်​သူ၊အဖွားဖြစ်​သူတို့နှင့်​အတူ ယူကရိန်း က​နေ အ​မေရိကန်​သို့ ​ရွှေ့​ပြောင်း​နေထိုင်​ခဲ့သည်​။Jan ရဲ့အ​မေက ကယ်​လီဖိုးနီးယားမှာ က​လေးထိန်း အလုပ်​ကိုလုပ်​ပြီး Janအား​ကျောင်းထား​ပေးခဲ့သည်​။Jan
က​တော့ ​ကျောင်းတက်​ရင်းနှင့်​ စတိုးဆိုင်​၌ သန့်​​ရှင်း
ရေးအလုပ်​ကို အချိန်​ပိုင်းဝင်​လုပ်​ခဲ့သည်​။
ဖခင်​ဖြစ်​သူက အ​မေရိကန်​အထိ လိုက်​လာပြီးမိသားစုနှင့်​အတူတကွ​နေထိုင်​ဖို့ရန်​အတွက်​ ရရာ​အောက်​​ခြေသိမ်းအလုပ်​များကို ၀င်​လုပ်​ပြီးမိသားစုစားဝတ်​​နေ​ရေးကို
ဖြေရှင်းခဲ့ကြသည်​။ အလုပ်​ကြမ်းများကို လုပ်​ရပြီးအာဟာရဖြစ်​အောင်​မစားရ​တော့ သိပ်​မကြာခင်​မှာ​ရောဂါရပြီးတချူချူတ​ချောင်​​ချောင်​ဖြင့်​ ၅နှစ်​အကြာမှာ ဆုံးပါးသွား
ခဲ့သည်​။ Janရဲ့မိခင်​ကြီးသည်​လည်း ကင်​ဆာ​ရောဂါ
ဖြင့်​ ဖခင်​ကြီးဆုံးပြီး ၃နှစ်​အကြာမှာ ကွယ်​လွန်​ခဲ့သည်​။
ဘ၀တ​လျှောက်​လုံး ဒုက္ခ ​တွေနဲ့အ​ဖော်​လုပ်​​နေခဲ့ရတဲ့
Janအတွက်​​တော့ အခက်ခဲတို့​ဒုက္ခတို့ဆိုတာ အဆန်းမ
ဟုတ်​​တော့​ပေ။ကျောင်းကို ပြီးဆုံး​အောင်​တက်​ပြီးဘွဲ့
ရ​အောင်​ကြိုးစားပါလို့ မှာသွားခဲ့တဲ့ မိခင်​ကြီးရဲ့စကား
ကိုနား​ထောင်​လိုက်​နာချင်​လို့သာ ​ကျောင်းတက်​​နေရ
တယ်​။စိတ်​က​တော့မ​ပျော်​ခဲ့​ပေ။ဒီလိုနဲ့ ​ကျောင်း​တော့
ပြီးခဲ့သည်​။ကျောင်းပြီး​ဘာလုပ်​ရမှန်းမသိဖြစ်​​နေသည့်​အချိန်​မိမိဝါသနာပါတာကို အ​ကောင်​ထည်​​ဖော်​မှဘဲလို့ ​တွေးပြီးစဉ်းစားကြည့်​လိုက်​​တော့၊ဘာကိုဝါသနာပါလို့ပါမှန်းလည်းမသိ​တော့ ပိုဆိုးတာ​ပေါ့၊​နောက်​​တော့ ကမ္ဘာကြီးမှာ ဘယ်​လုပ်​ငနိး​တွေ ​ခေတ်​စား​နေပြီး၊အနာဂတ်​၌လည်းဘယ်​လုပ်​ငန်း​တွေက ​အသုံးတွင်​​ခေတ်​စားနိုင်​မလဲဆိုတာ ၁၅မိနစ်​​လောက်​​တွေးကြည့်​လိုက်​​တော့ ကျွန်​​တော်​လုပ်​ချင်​တဲ့အလုပ်​ကို လုပ်​ချင်​စိတ်​ဖြစ်​လာ​တော့တာပါဘဲလို နယူး​ယောက်​ခ်​တိုင်​မ်း သီးသန့်​အင်​တာဗျူး၌​ပြောကြားခဲ့သည်​။သူစိတ်​၀င်​စားမှု့ရှိတဲ့ လုပ်​ငန်းက​တော့ Computers and networks ပါတဲ့။ အဲဒါ​တွေနဲ့ ပတ်​သက်​လို့ ကိုယ်​တိုင်​​လေ့လာ၊စာအုပ်​​တွေဖတ်​ပြီး
San Jose တက္ကသိုလ်​ ၌ စာရင်းအပ်​နှံခဲ့ပြီး​နောက်​computer science and mathematics ဘာသာရပ်​ကို ​လေ့လာဆည်းပူးခဲ့သည်​။အထက်​တန်း​ကျောင်းသားဘ၀တုန်း ကလိုဘဲ ​ကျောင်း ကို ငြီး​ငွေ့လာပြီး၊စာသင်​ချိန်​စိတ်​ကုန်​လာပြန်​ပြီး​​နောက်ထွက်လိုက်​​​သည်​Forbes အင်​တာဗျူး၌ Janက ​ပြောကြားရာ၌ "I hated school".ဟူ၍​ပြောကြားခဲ့​လေသည်​။
ကောလိပ်​တက်​​နေစဉ်​ Janသည်​ အချိန်​ပိုင်းအလုပ်
အဖြစ်​ Ernst&Youngကုမ္ပဏီကြီး၌ ကွန်​ပျူတာ
စာရင်းအင်းလုံခြုံစိတ်​ချမှု့ရှိ​စေ​ရေး တာဝန်​ကို ယူရ
သည့်​အလုပ်​အားလုပ်​ခဲ့သည်​။၎င်းကုမ္ပဏီရဲ့​ဖောက်
သည်​တစ်​ဦးက ချိတ်​​ပေးလို့ Yahooကုမ္ပဏီ၌အလုပ်
ရခဲ့သည်​။ ထိုအခါ၌ ​ကျောင်းတက်​တာကိုရပ်​ပြီးအချိန်
ပြည့်​ဝန်​ထမ်းအဖြစ်​အလုပ်​လုပ်​ခဲ့သည်​။
မကြာပါဘူး။အဲဒီအလုပ်​မှာလည်းမ​ပျော်​ပြန်​။အသက်​က
၃၁နှစ်​​ကျော်​​နေပြီ ။အလုပ်​က မမြဲ။ ဖြစ်​ချင်​ရာဖြစ်​ဆိုပြီး
Yahooက​နေ အလုပ်​ထွက်​ပြီး ​ဦး​နှောက်​​ဆေးမည်​ဆို
ပြီး သူငယ်​ချင်း များနှင့်​အ​ပျော်​ခရီးထွက်​ခဲ့သည်​။
Jam ရဲ့​ပြောပြချကိအရ ခရီးစထွက်​တဲ့အထိ အလုပ်
ကမရှိ။ ဘာလုပ်​ရမှန်းလည်းမသိနှင့်​။ အ​ပျော်​ခရီးမှာ
ဒါ​တွေမစဉ်းစားတာ ​ကောင်းပါတယ်​ဆိုပြီးစိတ်​ကိုမနည်း​ဖြေခဲ့ရတယ်​လို့ ​အင်​တာဗျူးမှာ အမှတ်​တရအဖြစ်​​ပြောကြားခဲ့သည်​။
ခရီးက ပြန်​​ရောက်​​တော့Facebookမှာ အလုပ်​​လျှောက်​ခဲ့တယ်​။ အရည်​အချင်းမရှိဘူး ဆိုပြီးငြင်းပယ်​တာ ခံခဲ့ရတယ်​။ဒီလိုနဲ့ ၂နှစ်​​လောက်​​ဝေ​လေ​လေဖြစ်​ခဲ့ရ။ အဲဒီ​နောက်​Appleက​နေ iPhoneအသစ်​​မော်​ဒယ်​​ရောင်းတာကို ​တွေ့မိ​တော့ ဒီလူ​တွေ သူတို့ပစ္စည်းကို ​ဈေးကြီးကြီးနှင့်​လည်း​ရောင်း​သေး။ ၀ယ်​မယ့်​Customers​တွေကိုလည်း တန်းစီပြီးမှ ၀ယ်​ခိုင်း​သေးတယ်​။ ဘာ​တွေထူးခြားမှု့ ရှိ​နေပါလိမ့်​ဆိုပြီး ကိုယ်​တိုင်​တန်းစီပြီး iPhoneကို ၀ယ်​ခဲ့ပြီး​လေ့လာ့ကြည့်​ခဲ့တယ်​။
အဲဒီမှာ ကျွန်​​တော့်​စိတ်​ကူးတစ်​ခု ရရှိလိုက်​တာက ငါလည်းဘဲ App Storeမှာ ​ရောင်းလို့ရနိုင်​မည့်​Application တစ်​ခု​လောက်​​တော့ ကိုယ်​တိုင်​​ရေးဆွဲဖန်​တီးပြီး ​ငွေရှာအုံးမှာဘဲလို့ ​တွေးမိပြီး စ​ရေး​တော့တာဘဲဟု Jan က ​ပြန်​​ပြောပြခဲ့သည်​။
၂၀၀၉ထဲ၌ Janရဲ့အသက်​က ၃၄နှစ်​ထဲ​ရောက်​လာ
ခဲ့ပြီဖြစ်​သည်​။ သူ့ရဲ့Applicationကို ​အောင်​မြင်​လိမ့်
မယ်​၊ သုံးတဲ့သူများလိမ့်​မယ်​လို့​တွေးမထင်​ထားခဲ့။သို့​သော်​၂၀၁၄ထဲအ​ရောက်​မှာ​တော့ Usersဦး​ရေ သန်း
၄၀၀အထိ​ရောက်​ရှိလာခဲ့သည်​။အဲဒီApplicationက​တော့ တခြားမဟုတ်​။WhatsAPP ပင်​ဖြစ်​သည်​။၎င်းWhatsAPPအား Facebookက ​ဒေါ်လာ၁၉.၃
ဘီလီယံဖြင့်​ဝယ်​သွားခဲ့သည်​။ Janက ​ပြောကြား
ရာမှာ ကျွန်​​တော်​က Facebookမှာ အလုပ်​လုပ်
ီဖို့ ​လျှောက်​​လွှာတင်​ခဲ့​တော့ သူတို့က လက်​မခံကြ။
အခု​တော့ ကျွန်​​တော့်​ဆီက​နေ ​ဒေါ်လာ၁၉ဘီလီယံ​ကျော်​အထိ​ပေးဝယ်​​နေရတာ။ သူတို့ဆီမှာသာ ကျွန်​​တော်​ အလုပ်​လုပ်​ခွင့်​ရရင်​ လုပ်​ခလစာ​လောက်​နဲ့တင်​ ရရှိမည့်​အခွငိ့အ​ရေးကြီးလို့ အင်​တာဗျူး၌ ​ပြောကြားခဲ့
သည်​။
၂၀၁၄ထဲ၌ Jan ရဲ့ WhatsAPP usersအ​ရေအတွက်​ဟာ သန်း၄၀၀​လောက်​သာရှိ​နေခဲ့ရာက​နေ Facebookက​နေ၀ယ်​လိုက်​ပြီး​နောက်​၂၀၁၇
ထဲမှာusersဦး​ရေ ၁.၃ဘီလီယံအထိရှိလာခဲ့သည်​။
၂၀၁၈ထဲမှာ Janဟာ WhatsAPPလုပ်​ငန်းစဉ်
တွေအားလုံးကို ဦးစီးစီမံ​ဆောင်​ရွက်​လုပ်​ကိုင်​​နေခြင်း
က​နေ လက်​​လွှတ်​လိုက်​ပြီဖြစ်​​ကြောင်းနှင့်​ Facebookရဲ့ ဒါရိုက်တာဘုတ်​အဖွဲ့ဝင်​အဖြစ်​က​နေလည်း နုတ်​ထွက်​လိုက်​ပြီဖြစ်​​ကြောင်း​ကြေညာခဲ့သည်​။ ကျွန်​​တော်​က လွတ်​လွတ်​လပ်​လပ်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​ သာ​နေချင်​လို့ ကုမ္ပဏီ ဒါရိုတ်​တာ​တွေ သ​ဘောထားကွဲ​နေပြီး စိတ်​ရှုပ်​စရာ အလုပ်​​တွေထဲဝင်​မပါချင်​​တော့လို့ နုတ်​ထွက်​လိုက်​တာဟူ၍ ဆိုထားသည်​။
လက်​ရှိ၌​တော့ Jan Koumဟာ Forbes ကထုတ်
ပြန်​တဲ့အ​မေရိကန်နိုင်ငံရဲ့​​အချမ်းသာဆုံးအေ​ယာက်၄၀၀​စာရင်း၌ နံပါတ်​၆၂​နေရာ၌ ရှိ​​နေသည်​ဟု သိရသည်​။
Janရဲ့ဘ၀ဇာတ်​​ကြောင်းကို ဖတ်​ကြည့်​ရင်းကေ​နစိတ်​၀င်​စားစရာ​ကောင်းပြီး လူငယ်​​တွေအတုယူလို့ရ​အောင်
အမြည်းသ​ဘော ​ရေးသားလိုက်​ခြင်းဖြစ်​သည်​။
Credit

No comments:

Post a Comment