Friday, July 19, 2019

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်

မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆)ယောက်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

.
.
■ (က) ဥပကာရက မည်သော ကျေးဇူးပြုတတ်သော မိတ်ဆွေစစ် (၄)ယောက်

၁။ မိမိက နေမကောင်းလျှင်၊ ဒုက္ခရောက်နေလျှင် စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
.
၂။ မိမိက မေ့လျော့တတ်လျှင် စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
.
၃။ မိမိက ကြောက်ရွံ့တတ်လျှင် အားကိုး အားထားရာဖြစ်သော မိတ်ဆွေစစ်။
.
၎။ မိမိက ပြုဖွယ် ကိစ္စရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီတတ်သော မိတ်ဆွေစစ်။
.
.

■ (ခ)သမာနသုခဒုက မည်သော ဆင်းရဲအတူ ချမ်းသာအမျှ
မိတ်ဆွေစစ် (၄)ယောက်

၁။ သူ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုမိမိ အားသာ ပြောပြတတ်သော မိတ်ဆွေစစ်။
.
၂။ မိမိ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကိုသူတစ်ပါးအား မပြောဘဲ နှုတ်လုံတတ်သော မိတ်ဆွေစစ်။
.
၃။ အခက်အခဲ ဘေးရန် အန္တရာယ် နှင့် ကြုံတွေ့လာလျှင်မိမိ ကို စွန့်ပစ်မသွားတတ်သော မိတ်ဆွေစစ်။
.
၎။ မိမိ အကျိုး အတွက် အသက်ကိုပင် စွန့်နိုင်သော မိတ်ဆွေစစ်။
.
.

■ (ဂ) အတ္ထက္ခာယီ မည်သော အကျိုးရှိသောစကားကိုသာ
ပြောသော မိတ်ဆွေစစ် (၄)ယောက်

၁။ မကောင်းမှု မပြုရန် တားမြစ်တတ်သော မိတ်ဆွေစစ်။
.
၂။ ကောင်းမှု ပြုရန် တိုက်တွန်းတတ်သော မိတ်ဆွေစစ်။
.
၃။ မကြားဘူးသေးသော သိမ်မွေ့ နက်နဲ့သည့် အကြောင်းအရာ ပညာရပ်တို့ကို ပြောကြားတတ်သော မိတ်ဆွေစစ်။
.
၎။ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ၍ ဓမ္မလမ်းကြောင်းပေါ်သို့
မရောက်ရောက်အောင် ပြောဆိုတတ်သော မိတ်ဆွေစစ်။
.
.

■ (ဃ) အနုကမ္ပက မည်သော အမြဲကြင်နာ စောင့်ရှောက်သော
မိတ်ဆွေစစ် (၄)ယောက်

.
၁။ မိမိ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်စီးမှုကိုမနှစ်သက်သောကြောင့် စိတ်ထဲမနေနိုင်ပဲ
ကူညီတတ်သော မိတ်ဆွေစစ်။
.
၂။ မိမိ၏ အကျိုးစီးပွား တိုးတက်ကြီးပွါးလျှင်ကျေနပ်နှစ်သက်တတ်သော မိတ်ဆွေစစ်။
.
၃။ တစ်ပါးသောသူက မိမိ၏ အကြောင်း မကောင်းပြောလျှင် မခံနိုင်ပဲ တားမြစ်တတ်သော မိတ်ဆွေစစ်။
.
၎။ တစ်ပါးသောသူက မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမြှောက်ပြောဆိုလျှင် ထောက်ခံပေးတတ်သောမိတ်ဆွေစစ်။
.
.
Credit

No comments:

Post a Comment