Saturday, July 13, 2019

တရားကိုနတ်စောင့်ပါစေ

#တရားကိုနတ်စောင့်ပါစေ

ကျောက်တန်းမြို့ အဝင် ပဲလှော်ဖို  မှတ်တိုင်နားမှာ
ပီလခတ်ဟိန္ဒူ  ဘုရားကျောင်းရှိတယ်။

ကိုယ်စိတ်နှလုံး ညှိုးချုံးပြီး လက်စားချေတာက
လွဲလို့အခြား ရွေးစရာလမ်းမရှိတော့တဲ့ လူတွေ
ရောက်လာတတ်ကြတယ်။

ကိုယ့်မိသားစုဝင် အသတ်ခံရသူတွေ
ကိုယ့်သမီးနှမ မုဒိမ်းကျင့်ခံရသူတွေ
ဘဝပျက်အောင် အလိမ်ခံရသူတွေ
သူခိုးခိုးတာကို ခံရသူတွေ အစရှိသည်ဖြင့်ပေါ့။

တရားခံကို မမိနိုင် မသိနိုင်တဲ့အခါ သို့တည်းမဟုတ်
တရားခံကို သိသိကြီးနဲ့ ငွေနဲ့ဖိလို့ အာဏာအ
အလွဲသုံးစား မှုကြောင့် တဖက်စောင်းနင်း
ဖြစ်နေတဲ့ အခါ တည်ဆဲတရားဥပဒေဟာ
အမှန်တရားကို ကိုယ်စားမပြု ပေးနိုင်တော့တဲ့
အခါတွေရှိတတ်ပါတယ်။

အဲ့ဒီအခါမှာ မတရားခံရသူတွေဟာ တရားကို
နတ်မစောင့်တော့ဘူးဆိုရင် လက်စားချေခြင်းသာ
အဖြေရယ်လို့ တွေးမိကြတယ်။

အဲ့ဒီလို လက်တုန့်ပြန်ရင်လည်း ဥပဒေဆိုတာ
တရားခံအစစ်ကိုသာ အရေးမယူနိုင်ရင်ရှိမယ်
လက်စားချေရင် အရေးမယူမရှိ ဆိုပြန်တော့
ခံရသူတွေအဖို့ထွက်ပေါက်က မရှိပြန်ဘူး။

နောက်ဆုံးမှာ ပီလခတ်ကျောင်းတော်ဆီ
ချီတက်ရတဲ့အဖြစ်ကို တွန်းပို့ခံရပါရော။

အမှန်တရားအတွက် ပေးဆပ်ရတဲ့ အဖိုးအခက
သိပ်တော့မများလှ။

ကြက်ဖတစ်ကောင် (ကြက်မ သို့မဟုတ်
ကြက်ဂန်ဒူး မဖြစ်ရ) ရဲ့ သွေးနဲ့ ပူဇော်ရတာမျိုး။

ပါဏာတိပါတ မှန်းသိကြပေမဲ့လည်း ခံပြင်းလွန်းတဲ့
အခါမှာ လူတွေဟာ ကြက်ဖတစ်ကောင်
စတေးရလို့ ငရဲကြီးချင် ကြီးပါစေ ဆိုတဲ့လမ်းကို
ရွေးလိုက်ကြတော့တာပါပဲ။

========================

ကျွန်တော် မှတ်သားမိသလောက် ပြောရရင်
မတရားမှုစစ်စစ် ဖြစ်ခဲ့ရင် ဥပဒေလက်ကသာ
အလွတ်ရုန်းနိုင်မယ်။ ပီလခတ် လက်က လွတ်တာ
တစ်ခါမှ မကြားဖူးဘူး။

မှတ်မိသလောက်ကတော့  ၉၀ % ဟာ
သွေးအန်သေတယ်။ ၉.၉ % ရူးပြီး
ဘဝပျက်တယ်။ ၀.၁ % ကတော့ရှင်ခဲ့တယ်။

ရှင်ခဲ့တဲ့  ၀.၁ % ကို မြင်ဖူးတယ်။
အဲ့ဒီလူက လူလိမ်။သူအလိမ်ခံရတဲ့သူက
အရမ်းဒေါသထွက်ပြီး ပီလခတ်ကျောင်းမှာ
ကြက်ဖတစ်ကောင်ပေးပြီး သွားကျိန်
ပစ်လိုက်တာ။

ဟိန္ဒူ နတ်ဘုရားတွေ စီရင်တဲ့အခါ အမှန်နဲ့အမှားပဲ
တိတိကျကျခွဲခြားတယ်။ တရားခံ ဖော်ထုတ်ရန်
ခက်ခဲတယ်တို့ တရားခံရဲ့ သံသယ
အကျိုးခံစားခွင့်တို့ စတဲ့ မရေမရာဂရေးဒီးယန့်
တွေမရှိဘူး။

ချက်ချင်းကြီး စီရင်ပစ်လိုက်တာမျိုးတော့လည်း
မဟုတ်ဘူး။ Ultimatum ရာဇသံတော့ ပေးတယ်။

အဲဒါကညအိပ်တိုင်း လူမည်းမည်းကြီးတွေက
ခေါင်းကို တင်းပုတ်ကြီးတွေနဲ့ ဝိုင်းထုတာပါပဲ။

အဲ့ဒီလို အိပ်မက်ဆိုးကြီးကို နှစ်ရက်နှစ်ည ခံအပြီးမှာ
ဘေးအိမ်က မနောစိတ္ကု ပ္ပဒ် ဆရာဘိုးဘိုးကြီးဆီကို
အဲ့ဒီလူလိမ်ဟာ ကယ်ပါယူပါနဲ့ရောက်လာခဲ့တယ်။

ဘိုးဘိုးကြီးက စစ်ကြည့်ပြီးတာနဲ့ အဲ့ဒီလူလိမ်ကို
ပြောတာက ဒီလို

"မင်း လူတစ်ယောက်ဆီကငွေတွေကို
မတရားသဖြင့် ဘဝပျက်အောင် လိမ်ထားတယ်။
အဲ့ဒီလူက ပီလခတ်ကျောင်းတော်မှာ သွားပြီး
ကျိန်လိုက်ပြီ။

ငါတို့ဂိုဏ်းဟာ အမနုဿ      တွေရန်ကနေ လူတွေကို
ကယ်ဖို့အတွက်ဆိုပေမဲ့ အကြီးဆုံး စည်းကမ်းက
အမှားကို အမှန်မလုပ်ရဘူး။ လုပ်ခွင့်မရှိဘူး။
လုပ်နိုင်စွမ်းလည်း မလုပ်အပ်ဘူး။

ဖြေရှင်းနည်းတစ်ခုပဲရှိတယ် မင်းပိုက်ဆံတွေ
ပြန်ပေးပြီးတောင်းပန်လိုက်။ ပြီးတော့ 
ပီလခတ်ကျောင်း ပြန်သွားပြီးတော့ နှစ်ယောက်
အတူတကွ အကျေအလည် တောင်းပန်လိုက်။
မသေချင်ရင် ဒီညနေ အပြီးလုပ်။"

အဲ့ဒီလူလိမ်ကတော့ အချိန်မီလို့ ကပ်သီးလေး
လွတ်တာမြင်ဖူးတယ်။

လူလိမ် အလိမ်ခံရသူ နတ်ဘုရား သုံးမျိုးကြားက
ဥာဏ်အမြင်ကြီးစွာ ဖြတ်ပေးခဲ့တဲ့ အထက်လမ်း
ဆရာရဲ့ ဖြတ်ထုံးကိုလည်း တွေ့ဖူးခဲ့တယ်။

=========================

အဲ့ဒီလူလည်းဘယ်တော့မှ ထပ်မလိမ်ရဲတော့ဘူး။
ကျန်တာတွေကတော့ သေသွားကြတာချည်းပဲ
များပါတယ်။ မြင်ဖူးကြားဖူးသလောက်ကတော့။

=========================

ဒါကြောင့် ပြောချင်တာက တရားကို နတ်စောင့်
အောင် ကြိုးစားကြပါ။ နတ်မစောင့်တော့တဲ့
တရားကို ပီလခတ်က စောင့်ရင် အသေအပျောက်
များလွန်းလို့။

=========================

လက်စားချေချင်သူတွေဘက်ကလည်း စိတ်လျှော့
ကြပါ။ ဘယ်လိုတွေးတွေး ဒါဟာ ကြက်ဖ
တစ်ကောင်ရဲ့ အသက်ကိုစတေးပြီး လူတစ်ယောက်
ရဲ့ အသက်ကိုသတ်ပစ်တာပဲဖြစ်လို့ ပါဏာတိပါတ
မှ Double ပါဏာတိပါတပဲဖြစ်တယ်။

ကိုယ်လည်း ဒီဘဝမှာ လူသတ်မှုနဲ့ တရားစီရင်မဲ့
ဥပဒေလက်တံ ကနေ လွတ်ပေမဲ့
ကံ ကံ၏အကျိုး ကမ္မဖလ အတိုင်း
သံသရာတစ်လျှောက်
မလွတ်ဘူးလို့မှတ်ထားပေးပါ………
                 
#MAKZ

No comments:

Post a Comment