Wednesday, July 10, 2019

အလုပ်အရှာတော်တဲ့သူတွေမှာတွေ့ရတတ်တဲ့ အချက် (၁၀)ချက်

#အလုပ်အရှာတော်တဲ့သူတွေမှာတွေ့ရတတ်တဲ့ အချက် (၁၀)ချက်
==============================

အလုပ်တစ်ခု ရဖို့ ရာ အရမ်းကို ခက်ခဲ့ပါတယ်။ အခုလို အပြိုင်အဆိုင်များတဲ့ ခေတ်မှာ ပိုပြီး ခက်ခဲ့ပါတယ်။ ကိုယ်က ပညာတွေ တတ်နေပါစေဦး၊ ဘွဲ့ တွေအများကြီးရနေပါစေဦး၊ အလုပ်ရှာဖို့ နည်းလမ်းမမှန်လျှင် အခက်ကြုံရပါတယ်။

ဒါပေမယ့် အချို့ လူတွေအတွက်ကျတော့ အလုပ်ရှာတာဟာ လွယ်ကူပြန်ရော။ သူများတွေ အလုပ်တစ်ခု ရဖို့ ခက်နေတဲ့အချိန်မှာ ထိုသူတွေ အဖို့ က ၃ခု ၄ ခု တပြိုင်နက်ရတတ်ပြီး ကြိုက်ရာရွေးယူရုံပါပဲ။

အဲ့ဒါဆိုလျှင် သူတို့ မှာ ဘာလျှို့ ဝှက်ချက်တွေ ရှိလို့လဲ။ အောင်မှာဆက်ပြီး လေ့လာကြည့်ရအောင်။

၁။ အလုပ်ရှာခြင်းကို အချိန်ပြည့်အလုပ်၊ တကယ့်အလုပ် ကဲ့သို့ အားစိုက်လုပ်ခြင်း။

တော်တော်များများဟာ အလုပ်ရှာတဲ့အခါမှာ အားစိုက်ထုတ်မှုနည်းတတ်တယ်။ အလုပ်တစ်ခုတွေ့ လျှင်လည်း သေချာမလေ့လာပဲ CV form ကောက်တင်လိုက်တာများပါတယ်။ အလုပ်ခေါ်တဲ့ information တွေကိုလည်း ကိုယ်တိုင် အားထည့်လိုက်ရှာတာနည်းတယ်။

အရှာတော်တဲ့သူတွေကတော့ အလုပ်ရှာခြင်းကိုလည်း တကယ့်အလုပ်တစ်ခုပုံစံ အားစိုက်လုပ်တယ်။ အွန်လိုင်းပေါ်မှာ သေချာ ရှာတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကနေလည်း စုံစမ်းတယ်။ အလုပ်တစ်ခုတွေ့ လျှင် အဲ့ဒီအလုပ်နဲ့ ကိုက်ညီမယ့် cover letter၊ CV form ကို သေချာရေးတယ်။

တကယ့် ၀င်ငွေရတဲ့အလုပ်တစ်ခုလို အားစိုက်လုပ်ကြလေ့ရှိတယ်။ ကိုယ်လျှောက်မယ့် company ရဲ့ အချက်အလက်တွေကိုလည်း စနစ်တကျလေ့လာစုဆောင်းတတ်ကြတယ်။

၂။ သူ တို့ ဟာ မိတ်ဆွေအသိုင်းအ၀ိုင်းချဲ့ ထွင်မှုမှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်။

အခုနောက်ပိုင်း အလုပ်တော်တော်များများမှာ အယင်က အလုပ်တွဲလုပ်ဖူးသူ၊ အကြောင်းသိသူတွေကို ဦးစားပေးခန့် တာတွေ့ ရတယ်။ ဒါကလည်း နားလည်လို့ ရပါတယ်။ အကြောင်းသိတဲ့သူ၊ တွဲလုပ်ဖူးတဲ့သူဆိုတော့ လုပ်ငန်းမှာ ပိုပြီးအဆင်ပြေတာပေါ့။

အလုပ်ရှာတော်တဲ့သူတွေဟာ သူတို့ ရဲ့ အသိုင်းအ၀ိုင်းကို ကျယ်ကျယ်ပြန့် ပြန့် ချဲ့ ထွင်ထားတဲ့အတွက် သူတို့ အလုပ်ရှာတဲ့ အချိန်မှာ သူတို့ ကို အလုပ်ပေးချင်တဲ့သူ၊ အလုပ်နဲ့ ဆက်သွယ်ပေးမယ့်သူတွေ များလာတယ်။

သူတို့ အလုပ်ရှာရာမှာလည်း မိတ်ဆွေအသိုင်းအ၀ိုင်းအဆက်အသွယ်တွေက တဆင့်ရှာဖွေတာကို ဦးစားပေးကြတယ်။

၃။သူတို့  ဘာလိုချင်တယ်ဆိုတာကို သူတို့ ဖာသာ သိတယ်။

အလုပ်ရှာတာဟာ ပိုက်ဆံလိုချင်လို့ လား၊ ကိုယ့်ရဲ့ career အတွက်လား၊ အတွေ့ အကြုံရချင်လို့ လားဆိုတာကို ကိုယ်တိုင်နားလည်တယ်။ အဲ့ဒါပေါ်မူတည်ပြီး ကိုက်ညီမယ့် အလုပ်ကိုရှာတယ်။

ဥပမာ အလုပ်ရှာနေတာဟာ ကိုယ့်ရဲ့ career လှဖို့ ၊ ဒါပေမယ့် လျှောက်လိုက်တဲ့အလုပ်ဟာ career အတွက် အကျိုးမပြုဘူးဆိုလျှင် အလကားပဲ၊

၎။ သူတို့ ဟာ social media တွေကို ကောင်းကောင်းအသုံးချတယ်။

အခုနောက်ပိုင်း အလုပ်ခေါ်စာတွေဟာ social media တွေပေါ်မှာပိုများလာတယ်။ facebook မှာလည်းခေါ်သလို linkedin မှာလည်း ခေါ်တာတွေများလာတယ်။

အလုပ်ရှင်တွေကိုယ်တိုင်လည်း ၀န်ထမ်းတွေကို social media တွေပေါ်မှာ လေ့လာ အကဲဖြတ်လာကြတယ်။ linkedin အသုံးပြုသူတော်တော်များများ သိမှာပါ။ အခုနောက်ပိုင်း head hunter တွေ၊ recruitment expert တွေဟာ သင့်ရဲ့ linkined account ကို ၀င်ရောက်ကြည့်ရှုခြင်း၊ သင့်တော်သော အလုပ်တွေ့ လျှင် ဆက်သွယ်ခြင်းများ လုပ်ဆောင်လာတာတွေ့ ရတယ်။

ဒါကြောင့် သင့်ရဲ့ social media account ဟာ professional ပီသဖို့ လိုပါတယ်။ဒါအပြင် သင်ရဲ့ မိတ်ဆွေအသိုင်းအ၀ိုင်းနယ်ပယ်ကို social media တွေပေါ်မှာလည်း ချဲ့ ထွင်ထားသင့်တယ်။

၅။ သူတို့ မှာ Plan B ရှိတယ်။

အလုပ်ရှာဖွေခြင်းမှာ တိကျတဲ့ ဗျူဟာ ချမှတ်ထားဖို့ လိုတယ်။ အကယ်လို့ များ တစ်ခုခုဖြစ်ခဲ့လျှင် သင့်မှာ Plan B ဆိုတာရှိဖို့ လိုတယ်။

ဥပမာ သင်လုပ်ချင်တဲ့အလုပ်က သင်ရှာတဲ့အချိန်မှာ မရှိဘူးဆိုပါစို့ ။ အဲ့ဒီအချိန်မှာ သင့်မှာ ၀င်ငွေကလည်း မရှိတော့ဘူး။ အဲ့ဒါဆို ဘာလုပ်မလဲ။

Plan B အနေနဲ့ သင်နဲ့ လည်း အဆင်ပြေမယ့် အလုပ်တစ်ခုကို ၀င်လုပ်ထားလိုက်မယ်။ ဒါပေမယ့် ဒါဟာ သင်ရဲ့ best choice တော့မဟုတ်ဘူး။ အဲ့ဒီလိုလုပ်နေယင်းနဲ့ သင်လိုချင်တဲ့အလုပ်ခေါ်တာကို စောင့်နေလို့ ရပါတယ်။ သင်အတွက် ၀င်ငွေတစ်ခုလည်း ရှိနေတာပေါ့။

၆။ သူတို့ ဟာ ငြင်းခံရခြင်းကို လက်ခံနိုင်တယ်။

အချို့ လူတွေဟာ အချို့ အလုပ်တွေကို လိုချင်လျက်နဲ့ မလျှောက်ကြဘူး။ ဘာလို့ လည်းဆိုတော့ ငြင်းခံရမှာဆိုးလို့ တဲ့။

သင်ဒီအလုပ်ကို လိုချင်တယ်ဆိုလျှင် လျှောက်သင့်ပါတယ။် လျှောက်ရမှာ ကိုယ့်တာဝန်ပါ။ အဲ့လိုလျှောက်လိုက်လို့ ပထမဦးဆုံး ရမယ့်အကျိုးကျေးဇူးကတော့ သင် စိတ်ပေါ့သွားမှာပါ။ ငါလိုချင်တဲ့အလုပ်ကို လျှောက်လိုက်ရပြီဆိုပြီး စိတ်ပေါ့သွားလိမ့်မယ်။

နောက်ကောင်းကျိုးတစ်ခုကတော့ သင့်ရဲ့ CV ကို စမ်းသပ်ကြည့်ခြင်းပါ။ အကယ်လို့ သင့်ကို အင်တာဗျုးမခေါ်လျှင် ဒါသင့် CV ဒါမှမဟုတ် သင့်ရဲ့ အတွေ့ အကြုံနုသေးလို့ ပါပဲ။

နောက်တစ်ဆင့် အင်တာဗျူးပါပြီဆိုလျှင်တော့ သင့်ဟာ ဒီအလုပ်အတွက် သင့်တော်တဲ့ အတွေ့ အကြုံတွေရှိထားပြီ၊ သင့်ရဲ့ CV ဟာလည်း လူတွေကို ဆွဲဆောင်မှု ရှိပြီဆိုတာ သိနိုင်ပါပြီ။

နောက်တဆင့်ကတော့ အင်တာဗျူးပေါ့။ အင်တာဗျူးပါတယ်ဆိုလျှင် သင့်အတွက် အတွေ့ အကြုံရပါပြီ။

ဒါကြောင့် အလုပ်တစ်ခုကို သဘောကျလျှင် လျှောက်ကြည့်ပါ။ ငြင်းခံရမှာကို မကြောက်ပါနဲ့ ။

(မှတ်ချက်။ ကိုယ်တိုင်တော့ နားလည်ဖို့ လိုပါတယ်။ ဒီအလုပ်ဟာ သင့်အရည်အချင်းအတွေ့ အကြုံနဲ့ လျှောက်သင့်လား မလျှောက်သင့်ဖူးလားဆိုတာကို နားလည်ရပါမယ်)

၇။ ကိုယ့်ကို ကို အရောင်းမြှင့်တင်ပါ။

သင့်ကိုယ်သင် အလုပ်ရှင်တွေနဲ့ တွေ့ တဲ့အခါမှ ရောင်းမြှင့်တင်ဖို့ လိုပါတယ်။ အရောင်းမြှင့်တင်တယ်ဆိုတာ လိုက်ပြီး အလုပ်လိုချင်တယ် ပြောတာမဟုတ်ပါ။

သင့်မှာ ဘယ်လို အရည်အချင်းတွေ၊ ဘယ်လို အတွေ့ အကြုံတွေ ရှိတယ်ဆိုတာကို အလုပ်ရှင်တွေ သိအောင် လုပ်ပါ။ သင့်ရဲ အရည်အချင်းတွေကို ပေါ်လွင်အောင်ပြပါ။

ဒါဆိုလျှင် သင် သူတို့ ဆီမှာ အလုပ်မလျှောက်တောင် သူတို့ က သင့်ဆီကို ချည်းကပ်လာပါလိမ့်မယ်။

၈။ သူတို့ မှာ ဦးတည်ထားတဲ့ target company တွေ ရှိတယ်။

သူတို့ တွေဟာ တွေ့ တဲ့အလုပ်တိုင်းလိုက်မလျှောက်ပါဘူး။ ဘယ်အလုပ်ဆိုလျှင်တော့ ကိုယ့်ကို သိလောက်တယ်၊ ဘယ်အလုပ်ဆိုလျှင်တော့ ကိုယ့် CV ကိုကြည့်ပြီး အင်တာဗျူးခေါ်ကို ခေါ်ရမယ်ဆိုတာကို သိပါတယ်။ အဲ့လို အလုပ်တွေကို ဦးတည်ပြီးလျှောက်လေ့ ရှိပါတယ်။

၉။ သူတို့ ဟာ အကူအညီတောင်းဖို့ ဝန်မလေးပါဘူး။

သူတို့ တွေဟာ ကိုယ်တိုင်အလုပ်ရှာရာမှာ မရနိုင်လို့ ရှိလျှင် အခြားသူကို အကူအညီတောင်းဖို့ ဝန်မလေးပါဘူး။ အကူအညီတောင်းတယ်ဆိုရာမှာ ကိုယ်အလုပ်ရှာနေတယ်ဆိုတာကို သူတို့ သိအောင်၊ သူတို့ အသိုင်းအ၀ိုင်းအတွင်း ဆက်သွယ်ပေးနိုင်အောင် အကူအညီတောင်းတာပါ။ အတင်းကာရော အလုပ်ခန့် အောင် ပြောတာမဟုတ်ပါဘူး။

၁၀။ သူတို့ ဟာ ကောင်းစွာပြင်ဆင်ထားကြတယ်။

သူတို့ တွေဟာ အင်တာဗျူး မခေါ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားကြတယ်။ လျှောက်ထားတဲ့အလုပ်ကိုကြည့်ပြီး မေးခွန်းတွေ၊ အဖြေတွေ ကြိုစဉ်းစားထားကြတယ်။ အလုပ်အကြောင်းသိတဲ့သူတွေကို ဆက်သွယ်မေးမြန်းထားကြတယ်။

အဲ့လိုနည်းတွေနဲ့ ကိုယ့်ဖက်က လုပ်နိုင်တာရှိလျှင် ရှိသလို ပြင်ဆင်ထားကြလေ့ရှိပါတယ်။

ဒါတွေကတော့ အလုပ်ရှာတော်တဲ့ သူတွေရဲ့  လျှို့ ဝှက်ချက်တွေပါပဲ။ အခြားအချက်တွေလည်းရှိဦးမှာပါ။ စာဖတ်သူတွေမှာ ရှိယင်လည်း အခြားသူတွေ သိအောင် ပြောပြပေးပါဦး။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit

No comments:

Post a Comment