လူချမ်းသာတစ်ယောက်က သူ့အမှိုက်ပုံးမှာ
အမှိုက်လာကောက်တဲ့ လူဆင်းရဲကို ကြည့်ပြီး
"ငါမဆင်းရဲသေးတာ ဘုရားကျေးဇူး" လို့ပြော
တယ်။
လူဆင်းရဲက ဘေးဘီကြည့်လိုက်တဲ့အခါ
အဝတ်မပါဘဲ ပြေးလွှားနေတဲ့သူကို ကြည့်ုပြီး
"ငါမရူးသေးတာ ဘုရားကျေးဇူး" လို့ ပြောတယ်။
အရူးက ဖြတ်သွားတဲ့လူနာတင်ကားကို
ကြည့်ုပြီး "ငါ လူမမာ မဖြစ်သေးတာ
ဘုရားကျေးဇူးပဲ" လို့ ပြောတယ်။
ဆေးရုံပေါ်က လူမမာက တွန်းလှည်းနဲ့
တင်သွားတဲ့ လူသေအလောင်းကို ကြည့်ုပြီး
"ငါမသေသေးတာ ဘုရားတန်ခိုးပဲ" လို့ ပြောတယ်။
ဘဝဆိုတာ ဘာလဲ။ သုံးနေရာသွားကြည့်ရမယ်။
(၁) ဆေးရုံ (၂) ထောင် (၃) သုဿန်
ဆေးရုံမှာက ကျန်းမာရေးဆိုတာထက်
လှပတာ မရှိဘူးဆိုတာ သိလိမ့်မယ်။
ထောင်မှာက လွတ်လပ်မှုရဲ့ တန်ဖိုးကို
နားလည်မယ်။
သုဿန်မှာတော့ ဘဝမှာမြဲတာ ဘာမှမရှိဘူး
ဆိုတာ သဘောပေါက်လာမယ်။
ဒီနေ့နင်းထားတဲ့ မြေကြီးက
နက်ဖြန်မှာ ငါတို့ခေါင်မိုး ဖြစ်မှာပဲ။
ဘာမှမပါဘဲ မွေးလာကြ။
ဘာမှ မယူနိုင်ပဲ ပြန်သွားကြ။
ဘဝမှာ အသက်ရှင်တုန်း ဘာမာန်မာနမှ
မထားဖို့ ဆင်ခြင်ရမယ်။
မွေးစတုန်းက ကလေးလေးဆိုပြီး
အချစ်ခံရတယ်။
သေသွားရင်လည်း သေရှာပြီဆိုပြီး
ချစ်ကြတယ်။
ဒီကြားထဲမှာ လူမမုန်းအောင် နေတတ်ဖို့
နေတတ်အောင် နေဖို့ အရေးအကြီးဆုံး။
ဘဝဆိုတာ ခရီးစဉ်တစ်ခုပဲ။
တစ်ခုခက်တာက မြေပုံပါမလာတာပဲ။
ကိုယ့်ဘာသာကိုယ် လမ်းရှာ
လမ်းဖောက် လျှောက်ကြရမယ်။
လမ်းမမှား ချော်မလဲ မယိမ်းယိုင်ဖို့က
အမြင်မှန် အသိမှန် ဝီရိယမှန်ဖို့ပဲ။
#creditဟိန်းလတ်
No comments:
Post a Comment