Tuesday, July 9, 2019

🍯ပျားရည်က ဘာကြောင့် ချိုတာလဲ?

🍯ပျားရည်က ဘာကြောင့် ချိုတာလဲ?
=========================
💁🏻‍♀️အတိုဆုံးအဖြေကတော့ ပျားရည်ရရှိတဲ့ အပင်လေးတွေရဲ့ ၀တ်ရည်မှာ သကြားဓာတ်ပါဝင်တဲ့အတွက် ဖြစ်ပါတယ်လို့ပဲဆိုရမှာပါ။ ပျားလေးတွေဟာ အပင်လေးတွေရဲ့ ၀တ်ရည်တွေကို စုဆောင်းပြီး ချိုမြိန်တဲ့ ရွှေဝါရောင်အရည်ဖြစ်တဲ့ ပျားရည်အဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ်။

🌳အပင်လေးတွေရဲ့ အပွင့်တွေ၊ အရွက်တွေ၊ ရိုးတံတွေမှာ ပါဝင်တဲ့ ၀တ်ရည်ထုတ်ပေးနိုင်တဲ့ အပင်ရဲ့ Gland (Nectaries) ကတဆင့် ပန်းဝတ်ရည် (Nectar) တွေဖြစ်စေပြီး ပျားလေးတွေကို ဆွဲဆောင်တာဖြစ်ပါတယ်။ အပင်တွေဟာ Photosynthesis ဖြစ်စဉ်အရ သကြားဓာတ်ပါဝင်တဲ့ ပန်းဝတ်ရည်ဖြစ်အောင် လုပ်ဆောင်တာဖြစ်ပါတယ်။ 

🌻ပန်းဝတ်ရည်မှာတော့ ရေဓာတ်နဲ့ သကြားဓာတ် (Glucose & Fructose) တို့ အဓိကပါဝင်ပါတယ်။ သကြားဓာတ်အနေနဲ့ ၄၅ ကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပြီး အခြားသော Proteins, Salts, Essential Oils တွေလည်းပါဝင်ပါတယ်။

🐝ပျားလေးတွေစုဆောင်းတဲ့ ပန်းဝတ်ရည်အမျိုးအစားပေါ်မူတည်ပြီး သကြားဓာတ်ပါဝင်မှုကွဲပြားခြားနားနိုင်ပါတယ်။ ဒါ့အပြင် အပင်လေးတွေပေါက်ရောက်တဲ့ မြေဆီလွှာ၊ အပင်ကြီးထွားမှုနှုန်း၊ ပတ်ဝန်းကျင်အခြေအနေတွေပေါ်မှာမူတည်ပြီးလည်း ပန်းဝတ်ရည်မှာပါဝင်တဲ့ သကြားဓာတ်ရာခိုင်နှုန်းဟာ ပြောင်းလဲနိုင်ပါတယ်။ ပျားလေးတွေ စုဆောင်းတဲ့ ပန်းဝတ်ရည်အမျိုးအစားပေါ်မူတည်ပြီး ပျားရည်ရဲ့ အရောင်၊ အနံ့၊ အရသာ၊ သကြားပါဝင်မှုနှုန်းတွေဟာ ကွဲပြားခြားနားနိုင်တာဖြစ်ပါတယ်။

#imhoney #naturalpurehoney #honey #premiumproduct #sweet


No comments:

Post a Comment