"စကားတွေလှိုင်နေအောင်ပြော...!
ခင်ဗျား ဝေါဟာရ အသစ် တစ်လုံး... နယ်ပယ် အသစ် တစ်ခု အကြောင်း... သိလာဖို့... တတ်လာဖို့ မရှိဘူး။
ဘာလို့လဲ သိလား။
ခင်ဗျား သိထားပြီးသား တွေထဲကပဲ ထုတ်ထုတ်ပြောနေတာကိုး။
သို့သော်... ခင်ဗျား ပြောတာလေးတွေကို တိတ်! ပတ်ဝန်းကျင်က စကားသံလေးတွေကို နားစွင့်လိုက်ရုံနဲ့....
ဒီနားစွင့်မှုကြောင့်... အသစ် အသစ်တွေ ထပ်သိလာဖို့... မိမိ ဗဟုသုတ နယ်ပယ် ပိုမို ကျယ်ပြန့်လာဖို့ ရှိတယ်... မိတ်ဆွေ။"
အစွန်းရောက် ဘုန်းတော်ကြီး တလိုင်းလားမား ရဲ့ စကားလေးတစ်ခုပါ။
ဟုတ်ပါတယ်။ တလိုင်းလားမားဟာ အစွန်းရောက် ဘုန်းတော်ကြီး တစ်ပါး ဖြစ်တယ်။
တိတိကျကျ ပြောရရင် ဂရုဏာ အစွန်းရောက်ဝါဒီ တစ်ယောက်လို့ ပြောရမယ့် အလွန်ချစ်စရာ ကောင်းသော တိဗက် မဟာယန ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးပါ။
သူဟာ ဘယ်လောက်တောင် ဂရုဏာ အစွန်းရောက်သလဲ ဆိုရင် သူ့အမြင်မှာ အဖြူ အမည်းတွေ မရှိဘူး။ ကလေးနဲ့ လူကြီးတွေ မရှိဘူး။ ယောက်ျားတွေ မိန်းမတွေ နားမလည်ဘူး။ ဘာသာမရွေး လူမျိုးမကြည့် အားလုံးကို တန်းတူ ချစ်ခင် မေတ္တာထားတတ်တဲ့ ရှာမှရှား လူသား တစ်ယောက်ပါ၊
ဒီလူသားဟာ ဒီကနေ့ ဂျူလိုင် ၆ ရက်နေ့မှာ သက်တော် ၈၄ နှစ်ထဲ ဝင်ရောက်လာခဲ့ပါပြီ။ နောက်ထပ် ကမ္ဘာမြေပေါ်မှာ ဘယ်လောက်ကြာကြာ ဆက်လက်ပြီး မေတ္တာတွေ ဂရုဏာတွေကို ဖြန့်ဝေနေဦးမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမယ့် ဒီကနေ့မှာတော့ သက်တော် ၈၄ နှစ် ပြည့်ခဲ့ပါပြီ။
ဆုတောင်းတိုင်းသာ ပြည့်မယ် ဆိုရင်တော့ သူလို လူမျိုး ထာဝရ ရှင်သန်နေပါစေ လို့သာ ဆုတောင်းပေးလိုက်ချင်ပါတယ်။
#kyawnge
No comments:
Post a Comment