Monday, July 8, 2019

သားသမီးများကို ငရဲ​ပေးတဲ့ မိဘဆိုတာတကယ်​ရှိပါသလား

သားသမီးများကို
ငရဲ​ပေးတဲ့ မိဘဆိုတာတကယ်​ရှိပါသလား
_______________________________________

သားသမီးများကို
ငရဲ​ပေးတဲ့မိဘဆိုတာ တကယ်​ရှိပါတယ်

(၁) `အပြစ်​တင်​လွန်းတဲ့မိဘ´

ဘာလုပ်​လုပ်
အပြစ်​တင်​​နေတတ်​တာ
တနည်းဆိုရရင်​ 
လောဘကြီးမိကြတာပါ

အသုံးမကျဘူးဆိုတဲ့ 
ဘောင်​ထဲသွတ်​သွင်းတာ သားသမီးက တကယ်​အသုံးမကျတာဖြစ်​ချင်​ဖြစ်​မယ်

ဒါ​ပေမဲ့
အသုံးမကျတာကိုပဲ 
ဖောက်​မြင်​​နေတတ်​တာ

ဒါကိုကြားရဖန်​များလာတဲ့အခါ ​ဒေါသကမိဘကိုပြန်​ခံ​ပြောတတ်​ဖို့
စတင်​လာတယ်
________________________________________
(၂) `ဘက်​လိုက်​တာ´

သားသမီးချင်းတူတူ
ငါ့သမီး​/သား​လေး
ဘက်​လိုက်​ဆက်​ဆံတတ်​တာ

ဘက်​လိုက်​တတ်​တဲ့
မိဘ​တွေရဲ့ သားသမီး​တွေဟာ
မစည်းလုံးကြတာများတယ်

မိဘက​သွေးခွဲထားလို့ပါ
`နင်​ကညံ့တယ်​ နင်​က​တော်​တယ်´
ဆိုပြီးကွာလတီခွဲလိုက်​တဲ့
ကုန်​ပစ္စည်း​တွေဟာ
ဘယ်​​တော့မှ​ဈေးနှုန်းညှိမရကြ​တော့ဘူး

ဘက်​လိုက်​မှုက
မ​လေးစားမှုကို အစပျိုးပါတယ်
အချင်းချင်းမနာလိုစိတ်​က​နေ
အမုန်းတရားပွားများလာတယ်

က​လေးဘဝကတည်းက
အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး

မိဘ​တွေသာမရှိကြ​တော့ရင်
ဒီ​မောင်​နှမ​တွေဟာ
ပက်​သက်​စရာ လုံးဝကိုမရှိ​တော့တဲ့
လူ​​​တွေဖြစ်​​နေကြပါလိမ့်​မယ်
__________________________________________
(၃) ဆဲဆိုလွန်းတာ

နေ့စဉ်​ အဆဲခံရတဲ့လူဟာ
မခံချင်​စိတ်​​ကြောင့်​​ ​ဒေါသများမယ်

ပြန်​​ပြောမိရင်​​တော့
မိဘကိုခံ​ပြောသလိုဖြစ်​တယ်

ငရဲကြီး​​မယ်​ ဒုက္ခ​ရောက်​မှ​ ​အေးမယ်
ခွေးဖြစ်​မှာဆိုတဲ့ကျိန်​စာဆန်​ဆန်
စကား​တွေဟာအရမ်းဆိုးပါတယ်

ကောင်း​ကောင်းမွန်​မွန်​​ ​ပြောပြီးခိုင်းလို့
ရနိုင်​​ပေမယ့် ​ဆဲ​ရေးပြီးမှလုပ်​မယ်

ထင်​တဲ့အ​တွေးနဲ့ခို​င်းတာဟာ
ဆိုးဝါးလွန်းပါတယ်
_________________________________________
(၄) `သားသမီး
အိမ်​​ထောင်​​​ရေးကိစ္စကို စွက်​ဖက်​တာ´

`နင့်​ ​ယောက်​ကျားကဘယ်​လို´
`နင်​ယူထားတဲ့ မိန်းမကဘယ်​လို´
ဆိုတာမျိုးမ​ပြောသင့်​ပါဘူး

သားသမီးရဲ့
ရွေးချယ်​မှုကို​လဲ​လေးစားရပါမယ်

သူ​တောင်​ ​သူ့ဘဝကိုသူ
နေတတ်​လို့​နေ​နေတာပါ

သားသမီးက
သူ့အိမ်​​ထောင်​နဲ့ပက်​သက်​ပြီးကူညီပါလို့
မ​ပြောမချင်း ဝင်​ပါစရာမလိုတာပါ

ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်ဆိုတဲ့ အယူအဆဟာမှားပါတယ်

ကိုယ့်​သားသမီးအ​ကြောင်းသိတယ်ဆိုတာ
ကလေးဘဝမှာပဲဖြစ်​ပါလိမ့်​မယ်

က​လေးဘဝမှာသာ
မိဘနဲ့တစ်​​နေကုန်​ရှိ​နေလို့သူတို့
အကျင့်​​လေး​တွေသိ​နေကြရတာ

သူတို့်​အရွယ်​​ရောက်​တဲ့အခါ
မိဘနဲ့​​နေချိန်​နည်း​လေ မိဘက
သားသမီးစိတ်​ကို မသိရ​လေဆိုတာ
ကိုသတိထားသင့်​ပါတယ်

သားသမီးဆိုတာ မိဘကို
အစစအရာရာ​ပြောပြချင်​တဲ့
အရွယ်​ဆိုတာ အသက်​​လေးငါးဆယ်​နှစ်
အရွယ်​မှာပဲရှိတယ်

ဒါကိုက​လေးလိုပဲ အကုန်​သိချင်
အကုန်​​ဖြေရှင်း​ပေးချင်​တယ်​ဆိုရင်​​တော့
တကယ်​ဖြစ်​လာရင်​​တောင်​ မိဘကိုမတိုင်​ပင်​ ကြ​တော့တာများပါတယ်

`ငါ​ပြောသားပဲ´ဆိုတဲ့
စကား​နောက်​က အပြစ်​တင်​မှု​တွေဟာ
ပြဿနာကို​ဖြေရှင်းဖို့​ ​ဝေးကွာ​စေတာ
သားသမီး​တွေကရိပ်​စားမိကြပါတယ်

သားသမီးအ​ကြောင်း
တကယ်​သာသိရင်​ ဒါမျိုးမလုပ်​သင့့်တာကို
သိကိုသိထားရမယ်
__________________________________________
(၅) `သားသမီးကို
ပြောဆိုဆက်​ဆံပုံ မှားတာ´

အချို့ မိဘ​တွေရှိပါတယ်
ပြင်​ပမှာ​တော့ လူငယ်​လူကြီး​မ​ရွေးကို
အရမ်းအ​လေးထားဆက်​ဆံတတ်​ပါတယ်

ပြောရရင်​ လူ​တွေအ​ပေါ်​လေးစားမှုရှိတာ​ပေါ့
သားသမီးကိုကျ အဲ့လိုမလုပ်​နိုင်​ကြပါဘူး

သားသမီးဆိုတာ ငယ်​နိုင်​လိုဖြစ်​​နေ​တော့
စိတ်​အလိုမကျ တိုင်းသားသမီးကို
နှိမ်​​နေတတ်​တာမျိုးပါ

စေတနာစကား​ပေမယ့်​..
အ​ပြောမတတ်ရင်နားခါးတာလူ့သဘာဝပါ

အပြင်​ပန်းကမှတ်​မထား​ချင်​ရင်​​နေမယ်
စိတ်​ခံစားချက်​က​တော့
မိဘ​ကငါ​ပြောတိုင်း
မ​ကောင်းမြင်​တယ်​ဆိုပြီး 
ဒေါသကြီး​နေတတ်​တဲ့
သားသမီး​တွေရှိလာရတာပါ

စိတ်​ဆိုတာအမြဲကြည်​သာမ​နေပါဘူး

အမြဲနားပူ​အောင်
နေ့စဉ်​ဆုံးမစကားဆို​မ​နေမိပါ​​စေနဲ့

သူ​နေ့စဉ်​လုပ်​တာ​တွေ
မှတ်​ထားပြီး တစ်​ပတ်​တစ်​ခါ
တစ်​လတစ်​ခါ​လောက်​သာ
စားပွဲဝိုင်းမှာအေးအေးဆေးဆေးပဲ
ဆုံးမစကား တစ်​ခွန်းချင်း​ပြောသင့်​ပါတယ်

တစ်​ပတ်​တစ်​ခါမို့
ဆုံးမရတာ စိတ်​လဲရှည်​တယ်

သားသမီးအ​နေနဲ့လည်း
မိဘက ချက်​ကျလက်​ကျ​ပြော​တော့
ငြင်းရခက်​တယ်

သူ့အမှားကိုဆင်​ခြင်​နိုင်​တယ်
`ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန်​အကျိုးသက်​​ရောက်​ပါတယ်

ဘာလို့လဲဆို​တော့ သားသမီးဆိုတာလူသားမို့
ဒေါသထွက်​ရင်​အရွဲ့တိုက်​တတ်​လို့ပါ

အဆင်​မ​ပြေမှု​တွေကို
သူတို့လဲမလိုလားကြပါဘူး

ဒါ​ပေမဲ့ ငြင်းဆန်​မရရင်​တော့
မိဘနဲ့ထိပ်​တိုက်​ရင်​ဆိုင်​ခြင်းထက်
အ​ဝေးကို ​ပြေးသွားလိုက်​တာ
အကုသိုလ်​အနည်းဆုံး အ​ဆင်​​ပြေဆုံးလို့
ထင်မြင်ယူဆ​​လာကြပါတယ်

မိဘနဲ့ အဆင်​မ​ပြေတဲ့
သားသမီးဟာ သူ့ဖာသာရပ်​တည်​​နေရတဲ့အခါမှာလဲအဆင်​​ပြေဘို့ဆိုတာမလွယ်​ကူပါဘူး

အဆင်​​ပြေ​ပြေ မ​ပြေ​ပြေ မိဘမသိ​ပါစေနဲ့
အဆင်​​ပြေတယ်​ပဲ​ပြောလိုက်​ပါ

တွေးပူ​နေတတ်​တဲ့မိဘကိုလည်း
စိတ်​မပင်​ပန်း​စေသလို အကုသိုလ်​လဲနည်း
စေပါတယ်

တတ်​နိုင်​ရင်​အ​ဝေးက​နေ
ထောက်​ပံ့ခြင်းကိုလုပ်​လို့ရပါတယ်

အနီးမှာပဲ​ ​နေမယ်​ဆိုလဲမိဘနဲ့
အဆင်​​ပြေ​အောင်​နည်းလမ်းရှာပြီး
စိတ်​​လျော့ကြပါ

မိဘဆိုတာ အဖိုးတန်​ပါတယ်
ဒါ​ပေမယ့်​...
သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်​ဖိုးနဲ့ သူရှိတယ်​ဆိုတာ

မိဘများအထူးသတိထားကြည့်​ကြပြီး
မိဘနဲ့သားသမီးများ
ဆက်​ဆံ​ရေးဟာလဲပိုအဆင်​​ပြေကြမှာပါ
________________________________________

Credit

No comments:

Post a Comment