Tuesday, July 9, 2019

နို့ဆီရဲ့ သမိုင်းကြောင်း

နို့ဆီရဲ့ သမိုင်းကြောင်း 📜🚩

(၁၃) ရာစုရဲ့ ခရီးသည်ကြီး မာကိုပိုလိုရဲ့ မှတ်တမ်းတွေအရတော့ သူနဲ့ 'တာတာလူမျိုး'တွေ တွေ့ဆုံခဲ့တဲ့အချိန်မှာ တာတာလူမျိုးတွေက နို့ဆီကို ပြုလုပ်တတ်နေပါပြီတဲ့။ တာတာလူမျိုးတွေ ခရီးသွားရင် တစ်ယောက်စီကို နွားနို့နဲ့ပြုလုပ်ထားတဲ့ နို့ဆီအနှစ် (10) ပေါင်ခန့် သယ်ဆောင်သွားကြပြီး ရေနဲ့ပြန်ဖျော်ကာ သောက်သုံးစရာအဖြစ် အသုံးပြုကြတယ်လို့ သူ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီအချက်အလက်အရ (၁၃) ရာစုမှာကတည်းက နို့ဆီပေါ်ပေါက်နေပြီလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့လည်း အဲ့ဒီနို့ဆီတွေဟာ တာရှည်မခံသေးပါဘူး။ ကြာရှည်မခံတဲ့ပြဿနာ အချဉ်ပေါက်တဲ့ပြဿနာတွေ ရှိခဲ့ပါတယ်။

ယနေ့ခေတ် အသုံးပြုနေကြတဲ့ နို့ဆီဘူးတွေကိုတော့ 1853 မှာ အမေရိကန်နိုင်ငံသား Gail Borden Jr. က တီထွင်ခဲ့ပါတယ်။ သူက နွားနို့တွေဟာ ထိန်းသိမ်းဖို့ခက်ခဲပြီး အချိန်ခဏအတွင်းမှာပဲ အချဉ်ပေါက်မှုတွေ ဖြစ်ပွားတာကြောင့် နို့ဆီအဖြစ်နဲ့ ကြာရှည်စွာ သိမ်းဆည်းထားနိုင်ဖို့ စတင်ဆောင်ရွက်ခဲ့တာပါ။

ဒါပေမဲ့လည်း တီထွင်သူတို့ရဲ့ ထုံးစံအတော်များများအတိုင်း သူရဲ့ ပထမနဲ့ ဒုတိယ စက်ရုံတွေဟာ အရှုံးတွေနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ တတိယမြောက် စက်ရုံကို Jeremiah Milbank ဆိုသူနဲ့ ပူးပေါင်းတည်ထောင်ပြီးနောက်မှာမှ ကြာရှည်ခံပြီး သိမ်းဆည်းထားလို့ရတဲ့၊ အအေးခန်းထဲ အမြဲတမ်းထည့်ထားစရာမလိုတဲ့ နို့ဆီဘူးတွေကို ထုတ်လုပ်ဖြန့်ချိနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး နို့ဆီဘူးကို လူသားတို့ နှစ်ခြိုက်စွာစားသုံးခဲ့တာဟာ ယနေ့ခေတ်အထိပါပဲ။


No comments:

Post a Comment