#ကိုယ့်အစွမ်းကို ကိုယ်ယုံကြည်အောင်လေ့ကျင့်နည်း
၁။ငါမှန်းထားသောရည်ရွယ်ချက်အတိုင်းပြည့်စုံအောင်
ဆောင်ရွက်နိုင်သောအစွမ်းသတ္တိသည် ငါ၌အမှန်ရှိသည်။
ထို့ကြောင့်၎င်းရည်ရွယ်ချက်အတိုင်းပြည့်စုံအောင်မနေ
မနားကြိုးစား၍ဇွဲကောင်းကောင်းနှင့်ငါဆောင်ရွက်ရမည်။
မပြည့်စုံမချင်းဆောင်ရွက်ရန် ငါ ယခုသစ္စာပြုမည်။
၂။ငါ၏ရည်ရွယ်ချက်ကြောင့် ငါ၏အစွမ်းသတ္တိများ
ထွက်ပေါ်လာ၍ ရည်ရွယ်ချက်အတိုင်းပြည့်စုံလိမ့်မည်
ဟုငါသိသည်။ထို့ကြောင့် ရည်ရွယ်ချက်အတိုင်းပြည့်စုံ
သောတနေ့တွင် ဘယ်လိုလူတစ်ယောက်ဖြစ်လာပါလိမ့်
မည်ဟု စိတ်ထဲ၌ ထင်ထင်ရှားရှား မြင်ရအောင်နေ့တိုင်း
နာရီဝက်ကျ ငါစိတ်ကူး၍ကြည့်မည်။
၃။ငါ၏ ဆန္ဒအစွမ်းကြောင့် ငါ၏ ရည်ရွယ်ချက်ပြည့်စုံ
စေဖို့ နည်းလမ်းတစ်ခုခု ပေါ်ပေါက်လာရမည်ဟု ငါသိသည်။ထို့ကြောင့် ငါ၏ သတ္တိကို ငါတိုး၍ယုံကြည်
အားကိုးလာအောင်နေ့တိုင်း ၁၀ မိနစ် လေ့ကျင့်ပေးမည်။
၎။ငါ၏ရည်ရွယ်ချက်ကို သေချာစွာရေးသားဖော်ပြ
ထားပြီးပြီ။ထိုရည်ရွယ်ချက်အတိုင်း ပြည့်စုံလိမ့်မည်
ဟုစိတ်ချ ယုံကြည်ခြင်း မရှိသေးသမျှ ကာလပတ်လုံး
ဆက်လက်၍ငါကြိုးစားမည်။
၅။ မှန်ကန်ခြင်း၊တည့်မတ်ခြင်းတို့အပေါ်၌ အခြေခံ
မပြုခဲ့လျှင် မည်သည့်စည်းစိမ်မျိုး၊မည်သည့်အခြေ
အနေမျိုးမှမတည်တံ့နိုင်ကြောင်း ငါကောင်းကောင်း
သိသည်။ထို့ကြောင့် ပက်သက်သူများ အားလုံးအကျိုး
မများစေသော အမှုကိစ္စမျိုးကို ငါမဆောင်ရွက်။
ငါကသူတပါးအကျိုးကို လိုလိုချင်ချင်သယ်ပိုးဆောင်
ရွက်ပေးခြင်းအားဖြင့် ငါ့အကျိုးကို သူတပါးသယ်ပိုး
ဆောင်ရွက်ပေးစေမည်။သူတစ်ပါးအပေါ်၌ ဖြူစင်သန့်
ရှင်းသောစိတ်ထားမျိုးမထားလျှင် ငါ့အကြံအစည်
အထမမြောက်နိုင်ကြောင်း ငါ သိသောကြောင့် သူတစ်
ပါးကို မုန်းတီးခြင်း၊မနာလိုဝန်တိုခြင်း၊ငြူစူခြင်း၊တစ်
ကိုယ်ကောင်းကြံခြင်းစသော စိတ်ညစ်များကို ပယ်ထုတ်
၍မေတ္တာစိတ်ကိုသာပွားများပေးမည်။ ငါ့ ကိုယ်ကို
ဖြစ်စေ၊သူတစ်ပါးကိုဖြစ်စေ၊ ယုံကြည်စိတ်ချသောစိတ်
မျိုးထားခြင်းအားဖြင့် သူတစ်ပါးတို့ ကငါ့ကို ယုံကြည်
စိတ်ချအောင်ပြုလုပ်မည်။
အထက်ပါနည်းစနစ်ကိုရေးကူး၍အောက်၌လက်မှတ်
ထိုးပြီးလျှင် အာဂုဆောင်ထား၍တနေ့ တစ်ကြိမ်ကျ
အသံထုတ်၍ရွတ်ဆိုရမည်။ယင်းသို့ ရွတ်ဆိုစဉ်အခါ
ဖော်ပြပါအခြင်းအရာများသည် ငါ၏စိတ်ကူးဥာဏ်
နှင့်အပြုအမှုတို့ကို ပြုပြင်ပြောင်းလဲခြင်းဖြစ်၍
ငါ၏ ကိုယ့်အစွမ်းကို ကိုယ်ယုံကြည်ပြီး အထမြောက်
အောင်မြင်သောလူတစ်ယောက်ဖြစ်လာလိမ့်မည်ဟု
ကောင်းကောင်းယုံကြည်ရမည်။
#ရွှေဥဒေါင်း(အကြံဥာဏ်ဖြင့်+ကြီးပွားရေး)
No comments:
Post a Comment