ကိုယ့်ညီတွေ ညီမတွေကို သတိပေးရဦးမယ်နော်
facebook ပေါ်မှာပဲ ခင်တဲ့သူတွေနဲ့ ကြိုက်ကြမယ်
အဖြေပေးမယ် ရည်းစားစကားသွားပြောမယ်ဆိုရင်...
အရင်ဆုံးလေ တစ်ခေါက်လောက်တော့
အပြင်မှာ မြင်ဖူးအောင် လုပ်ထားကြဦးလေနော် ။
ဘာလို့လဲဆိုတော့ တချို့အကောင့်တွေဟာ
Facebook ပေါ်နဲ့ အပြင်မှာ တခြားစီဖြစ်နေတတ်လို့ပါ...
မယုံမရှိနဲ့နော် ဆိုလိုတာက
ဓာတ်ပုံတွေ ပို့စ်တွေကို
ကြည့်ပြီးတော့ပဲ ကြွေမနေနဲ့ဦးပေါ့
တချို့က အပြင်နဲ့အတွင်းဟာ လုံးဝကို တခြားစီပါပဲ ။
ပုံထဲမှာတုန်းက တော်တော်လှတဲ့ကောင်မလေးပေါ့
ကိုယ့်မှာ သူ့ပုံလေးတွေကြည့်ပြီး ကြွေလိုက်ရတာ
ဟော မထင်မှတ်ဘဲ အပြင်မှာလည်းဆုံရော
ကိုယ်ဖြင့် မှတ်တောင်မမှတ်မိဘူး အတော်ကွာတာ
မနည်းကို ပြူးပြဲပြီး ကြည့်ယူရတယ်...
တချို့က ပုံထဲမှာသာ ဓာတ်ပုံစားတယ်ခေါ်မလား
ဖြူဥပြီး ဖွေးတုန်းနေတာ ဟော အပြင်မှာကျ
မည်းကြုတ်ကြုတ်ကလေးရယ်...
တချို့ကျ ပုံထဲမှာတော့ မျက်နှာလေးက ဖွေးဥပြီး
ရွှန်းစိုဝင်းလဲ့နေတာ ဒါပေမဲ့ အပြင်မှာကျ
ညိုညစ်ညစ်နဲ့ ဝက်ခြံနဲ့ မတူဘူးပေါ့...
ခန္ဓာကိုယ်ဆိုလည်း ဒီလိုပဲ ကိုယ့်မှာတော့ အကိတ်လေး
အကိတ်လေးဆိုပြီး ပုံတွေ save လိုက် ဒေါင်းလိုက်ပေါ့
ဒါပေမဲ့ သင်းက အပြင်မှာလည်းတွေ့ရော ပိန်ခြောက်ပြီး
ပြားချပ်နေတာရယ် မသိရင် နောက်တစ်ယောက်လိုပဲ...
ဒါကလေ အသားအရောင်ခွဲခြားတာ နှိမ်တာ
မဟုတ်ဘူးနော် အတွင်းနဲ့ အပြင်ဟာ ကွာတတ်တယ်
ဆိုတာကို သတိချပ်စေချင်တာ...
ဟုတ်လား ကိုယ်ဆိုလည်း မည်းတာပဲလေ...
နောက်ပြီး အပြင်မှာ တခေါက်လောက် တွေ့စေချင်တာ
ဘာလို့လဲဆိုတော့ တချို့ကျ ခုနကပြောခဲ့တာနဲ့
ပြောင်းပြန်လေ...
Facebook ပေါ်က ပုံတွေ ကြည့်တုန်းက မလှဘူး
ဓာတ်ပုံမစားတာလား မရိုက်တတ်တာလား
အဖတ်မသုံးတာလားတော့ မသိဘူးပေါ့...
ဒါပေမဲ့ဗျာ အဲ့ကောင်မလေးတွေ အပြင်မှာကျ
လှလိုက်စမ်းဆိုတာ မှုံနေတာပဲ ငမ်းမိတာ ငမ်းမိတာ
ဆိုတာ မပြောနဲ့တော့ အဲ့ကျမှ သူ့အကောင့်ကို
ပြေးကြည့်ရတယ် မိုက်တာ...
အဲ့ဒါမျိုးတွေပေါ့ ဆိုတော့ အတွင်းနဲ့ အပြင်ဟာ မတူဘူး
အဲ့ဒီ အကောင့်ပိုင်ရှင်နဲ့ ဘာလိုလိုညာလိုလိုဖြစ်ဖို့
စိတ်ကူးနေပြီဆိုရင် အပြင်မှာတော့ တခေါက်
အနည်းဆုံး (အနည်းဆုံးနော် များလေ ကောင်းလေပေါ့)
အရင်တွေ့ကြည့်လိုက်ကြပါ ဒါမှ အဖြေမှန်ပေါ်မှာ...
ယောက်ျားတွေလည်း အဲ့လိုပဲနော်
တချို့ဆို Facebook ပေါ်မှာ မသိရင် အရပ်က
ခြောက်ပေလောက်ရှိတယ် ဒါပေမဲ့ အပြင်မှာကျ
ငါးပေသုံးမပြည့်လို့ ဟိုကျောင်းတက်မရ
ဒီကျောင်းလျှောက်မရ ဆိုတာမျိုးတွေ ရှိတယ်...
တချို့ကျတော့လည်း မသိရင် သူဌေးတွေလိုပဲ
ဘားရောက်နေရတာနဲ့ ကားမောင်းနေရတာနဲ့
ချက်ကင်တွေ တင်ကြတာ
ဒါပေမဲ့ အပြင်မှာသွားကြည့်
ဘားဆိုတာလည်း ကုန်းလိုက်ဆင်းနေတာ
ကားဆိုတာကလည်း ထည့်မောင်းစရာဆီတို့
ဆက်စရာဖုန်းဘေလ်တို့တောင် အနိုင်နိုင်ဖြစ်နေကြတဲ့
ကောင်တွေက ဒုနဲ့ဒေး တချို့ကိုပဲပြောတာနော်
အကုန်လုံးနဲ့ မဆိုင်ဘူး...
အဲ့ဒါကိုမှ ပို့စ်တွေကိုကြည့်ပြီး အဟုတ်မှတ် တွဲလိုက်လို့က
လက်ခံနိုင်ရင်တော်သေး လက်မခံနိုင်ရင်ကျ
မှန်းချက်နဲ့ နှမ်းထွက်နဲ့ မကိုက်သလိုဖြစ်သွားမှာပါ...
ပြောချင်တာကလေ တင်တဲ့သူတွေကလည်း
တချို့က တမင်တင်တာမဟုတ်ဘူးနော်
သူ့ဘာသာသူ ပုံမှန်ပဲတင်တာ
ဒါပေမဲ့ အဲ့ဒါကိုမြင်ပြီး
ခံစားတဲ့သူတွေကျတော့ အမြင်တစ်ခုတည်းနဲ့ကြည့်ပြီး
ဆုံးဖြတ်တာဖြစ်တဲ့အတွက် တကယ့်အပြင်နဲ့
ကွာနေတာကို သတိမထားမိကြတော့ဘူးပေါ့...
အဲ့ဒီမှာပဲ တက်တက်စင်အောင် လွှဲကုန်ကြတော့တာ
တကယ်တော့ တင်တဲ့သူကလည်း သူ့ဘာသာသူ
ဘယ်လိုတင်တင်လေ သူလည်းမမှားဘူးရယ်...
ဒါပေမဲ့ ဘာကိုလျှာဝင်ရှည်ချင်တာလဲဆိုတော့
ကိုယ်ကဇာတ်လမ်းစတော့မယ်ဆိုရင်ပေါ့လေ
အပြင်နဲ့ အတွင်းနဲ့ ကွာနေနိုင်တယ်ဆိုတာကို
သိထားပြီးတော့မှ ချင့်ချိန်စေချင်တာပေါ့...
ဂဃနဏသိအောင် ဘယ်သူလဲ ဘယ်ဝါလဲ
ဘာလုပ်တာလဲ အပြင်မှာ ဘယ်လိုပုံလဲ ဘယ်လိုစိတ်လဲ
ဘယ်လိုစရိုက်လဲ ဘယ်လိုရုပ်လဲ ဘယ်ကလဲ စသဖြင့်
သိထားတော့ မမှားဘူးပေါ့ ဟုတ်တယ်မလား...
အပြင်မှာ တခါမှမမြင်ဖူးဘဲ အကောင့်ကိုကြည့်ပြီး
ရည်းစားစကားတွေပြော အဖြေတွေပေး ဆိုလို့ကတော့
စုပ်လည်းဆူး စားလည်းရူးဆိုတာမျိုး ဖြစ်သွားမှာပါ
တချို့ချွင်းချက်တွေတော့လည်း ရှာမှာပေါ့လေ ထား...
ဒီတော့ဗျာ အပြင်မှာသိတော့ ပိုကောင်းတာပေါ့
ကိုယ်က အပြင်လူနဲ့ ကြိုက်ကြ တွဲကြ ညားကြမှာလေ
Facebook ပေါ်က အကောင့်နဲ့ပဲ နှစ်ပါးသွားမှာမှ
မဟုတ်တာ နော့...Wai Phyo Maung
No comments:
Post a Comment