#အဆင်ပြေမဲ့နည်းလေးအသုံးပြုနိုင်ရန်ဖြစ်ပါတယ်…
+++++++++++++++++++++++++%
#ထမနဲ_အလွယ်နည်း.
****************
*လွယ်ကူပြီး အချိန်အကြာကြီး ထိုးစ၇ာမလိုပဲ စားလို့ ကောင်းတဲ့ ထမနဲ ထိုးနည်းပါ။
*အိစံကတော့ ကောက်ညှင်းအမည်းနဲ့ လုပ်တဲ့ ထမနဲ ကိုကြိုက်တော့ ကောက်ညှင်းအမည်းကိုပဲသုံးထားပါတယ်။ ကောက်ညှင်းအမည်းနဲ့ ဆိုတော့ နှမ်းကိုလဲ အဖြူကိုပဲ သုံးထားပါတယ်။ ဒီ နည်းက အမ၀မ်းကွဲ တယောက် ကသင်ပေးထားတာပါ။
#ပါဝင်သောပစ္စည်းများ..
၁။ *ကောက်ညှင်းအမည်း (သို့ ) အဖြူ - ဆန်ချိန်ခွက် ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ ဆန်ချိန်ခွက်)
၂။ *နှမ်းအဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
(ကောက်ညှင်း အဖြူကို သုံးလျှင် နှမ်း အမည်း ထမင်းစားဇွန်း ၁ ဇွန်း နှင့် နှမ်းအဖြူ ထမင်းစားဇွန်း ၁ ဇွန်း)
၃။ *အုံးသီး အဖတ်- ၁ ခွက် (သို့ ) လက်တဆုပ်စာ
၎။ *မြေပဲ - ခွက် တ ၀က်
၅။ *ဂျင်း - လက်တဆစ်
၆။ *ဆီ - ခွက် လေးပုံ သုံးပုံ
၇။ *ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
#ပြုလုပ်နည်း...
၁။ *ဂျင်းကို အချောင်းလေးများဖြစ်အောင် လှီးထားပါ။ မြေပဲ တ၀က်ကို ထောင်းထားပါ။ (အ၇မ်းညက်စ၇ာမလိုပါ။) နောက်ထပ် မြေပဲ တ၀က်ကို အလုံးကွဲ၇ုံ ပဲ ထောင်းပါ။
၂။ *ကောက်ညှင်း အမည်းကို ပေါင်းအိုးထဲမှာ ထည့်ရ်ျေ၇အမှတ် ၄ မှာထားပြီး ထမင်းချက်တဲ့ အတိုင်းချက်ပါ။ ကောက်ညှင်းကျက်လျှင် ၁၅ မိနစ် ခန့် အဖုံးမဖွင့်ပဲ နှပ်ထားပါ။ (ရေနည်းနည်း ကျန်နေတတ်ပါတယ်။)
၃။ *ထမနဲ ထိုးမည့် ဒယ်အိုးထဲ တွင် ဆီထည့်ရ်ျ ဆီ ကျက် လာလျှင် အုံးသီးဖတ် များထည့်ကြော်ပါ။ အနီေ၇ာင် သန်းလာလျှင် အုံးသီးဖတ်များကို ဆယ်ထားပါ။
၎။ *အုံးသီးဖတ် ကြော်ထားသော ဆီထဲကို ဂျင်း ထည့်ပါ။ ဂျင်း အနံ မွှေးလာလျှင် ချက်ထားသော ကောက်ညှင်းများကို ထည့်ပါ။ ထမင်းအိုးထဲ မှာ ရေအနည်းငယ် ကျန်နေခဲ့ လျှင် အဲေ၇ကိုပါထည့်ရ်ျ လုံးပါ။ ဆားထည့်ပါ။ ၅ မိနစ်လောက် လုံးပြီးလျှင် အနည်းငယ် ညက်အောင်ထောင်းထားသော မြေပဲများကိုထည့်ပါ။ ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ရေခြောက်ပြီး ကောက်ညှင်း များ လုံးလာပြီး ဆီပြန်လာသည်အထိ ထိုးပါ။
၅။ *ရေခြောက်ပြီး ကောက်ညှင်းများလုံးလာလျှင် နှမ်း၊ အလုံးကွဲ၇ုံထောင်းထားသောမြေပဲ နှင့် ကြော်ထားသော အုံးသီးဖတ် တ၀က်ကို ထည့်ရ်ျ မွှေပါ။ အကုန် နှံ့ လျှင် မီးဖိုပေါ်မှ ချပါ။
၆။ *ပန်းကန်ထဲတွင်ထမနဲ ကို ထည့် ချန်ထားသော အုံးသီးဖတ်ကြော်ကို အပေါ်က ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
(၁ ခွက်= 1 Cup= 240 ml, ထမင်းစားဇွန်း = 1 Tablespoon = 15ml, လက်ဖက်၇ည်ဇွန်း= 1 Teaspoon = 5 ml)
Credit: Ei San's Homemade Inspiration
#ထမနဲ...(နောက်တစ်နည်း)
*********************
*ကောင်ညှင်းဆန်နို့ဆီဘူး၂ဘူးကိုရေ၆နာရီလောက်စိမ်ပီးဇကာနဲ့စစ်ထားပါ..
*အုန်းသီးတလုံကိုပါးပါးလေးတေလှီး
ပီးဆီနဲ့ကြွပ်အောင်ကြော်ထားပါ....
*ကြက်သွန်ဖြူ၁၀သားခန့်အခွံခွာထားပါ(ဥတလုံး)..
.
*ဂျင်း၅ကျပ်သားခန့်ပါးပါးလှီးထားပါ..
*မြေပဲဗူးတဝက်လှော်ထားပါအခွံချွတ်ထားပါ....
*ဆီကိုတော၃၀သားခန့်သုံးထားပါတယ်...
*နှမ်းမဲဗူးတဝက်ကိုမွှေးအော်လှော်ထားပါ....
*ပထမဦးဆုံးထိုးမဲ့ဒယ်အိုးထဲရေစစ်ထားတဲ့ကောက်ညှင်းတေထည့်ပီးနီညိုရောင်သန်းလာအောင်လှော်ပါတယ်...
*ဆီ၂၀သာကိုဒယ်အိုးထဲထည့်ပီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပီးလှော်ထားတဲ့ကောက်ညှင်းတေထည့်ကာသမအောင်ရောကြော်ပါ...
*ဆားထမင်းစားဇွန်းတဇွန်းထည့်ပါ..ရေ၁လီတာခန့်ကောက်ညှင်းမြုတ်အောင်ထည့်ပီးအဖုံးအုပ်ပီးနှပ်ပေးပါ..မကြာမကြာအပေါ်အောက်လှန်ပေးပါ...
*ကောက်ညှင်းနှပ်ရင်မြေပဲနှမ်းအုန်းသီးကြော်တို့ကိုထည့်ရောမွှေပီးသမအောင်ယောင်မနဲ့ထိုးမွှေပေးပါ..ကျန်တဲ့ဆီ၁၀သားကိုထပ်ထည့်ပီးမွှေပေးပါ..
ပုံထဲကအတိုင်ဖြစ်လာရင်မီးပိတ်အအေးခံပီးစားဖို့အသင့်ဖြစ်ပါပီရှင်
ပေးပို့သူ - Yamin Swe
အမှတ်စဉ် - ၄၁
Fancooking #shareyourrecipes
My food myanmar
============================
#ထမနဲထိုးနည်း...
************
*ထမနဲ အချိုး
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင့်ကမ်းလာ
တဲ့အချိုးဖြစ်သလို
ဆရာမကြီးခင်ခင်ထူးရဲ.မအိမ်ကံဝတ္ထု ထဲမှာလည်းဖော်ပြထားတာတွေ.ရ
ပါတယ် ( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄)ပြည်
(၂ )မြေပဲ.......................(၈၀) ကျပ်သား..
(၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိဿာ
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား..
(၆) ဆား.........................(၇) ကျပ်သား.
(၇) ချင်း..........................(၁၅) ကျပ်သား
#ထမနဲမထိုးခင်...
*ကောက်ညှင်းဆန်တွေကိုရေဆေးပြီးအနည်းဆုံး (၃) နာရီခန်.ကြိုတင်ရေစိမ်ထားရပါမယ်...။
*မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်နေအောင်သန်.စင်ပါ ။ ၂ ခြမ်းကွဲသွား
အောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။
(အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )
*နှမ်းတွေကိုလည်း သန်.စင်ပြီး(လိုအပ်ပါက) လှော်ထားပါ။
*အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ(၃) နာရီလောက်ဇကာနှင့်ဖြန်.လှန်းထားပါ။
*ချင်းတွေကိုအခွံခွါ ရေဆေးပြီး..မျှင်မျှင်လေးတွေလှီးပါ။
*ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။
*ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရအောင်ကြော်ပြီးဆီစစ်ထားပါ ။
*ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ.မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့ကောက်ညှင်းဆန်တွေထည့်ပေါင်းကာ...သစ်သားယောင်းမအရှည်နှင့်မွှေပေးပါ ( ကြော်ချင်ဟန်ပြု ပါ )
*ဆီနဲ.တွေ.ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ...ဆားဖြင့်အရသာသွင်းပါ ၊
*ကောက်ညှင်းဆန်အထက် ရေ လက် ၂ ဆစ်ခန်.ထည့်ပြီး..စကောကြီးကြီးများကိုလက်ကိုင်ကွင်းတပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။
*ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်ယောင်းမနဲ.နှံ..အောင်မွှေပေးရပါမယ်..။
*ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကိုလျှော့ချပြီး...ငှက်ပျောဖက်အုပ်အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်...။
*ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို.နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်ပြီးမွှေသူ၂ဦးရဲ.ယောင်းမအရင်းကနေကိုင်ပြီးကောက်ညှင်းတွေကိုပွတ်ချေပေးရပါတယ်( ထိုအလယ်လူနေရာကိုထမနဲကျွမ်းကျင်သူအိုးသူကြီးများတာဝန်ယူတာများပါတယ် )
*ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ..ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။
(မှတ်ချက်)ကျွန်တော့်ငယ်ဘ၀နှစ်စဉ်အိမ်မှာထမနဲ ထိုးတော့..မိုးဗြဲဒယ်ကြီးတွေတည်ဖို. မြေကြီးကို တွင်းတူးပြီး အုတ်နီခဲများနဲ.ခနောက်ဆိုင်ပြုလုပ်ကာမီးဖို(ယာယီပြုလုပ်တတ်ပါတယ် )
*ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့်လူပင်ပန်းမှုကိုသက်သာစေသလို လေတိုက်နှုန်းတွေကြောင့်မီးညွန်.
တွေမလှုပ်ရှားစေပဲထိရောက်တဲ့အပူရှိန်ကိုရရှိစေတယ်လို.ဆိုပါတယ်
*နယ်တဲ.အချိန်လည်းထိုကြွင်းမျိုးမှာပြုလုပ်လေ့ရှိပါတယ်။
အားနဲ.အင်နဲ.ပြုလုပ်( နယ်တဲ့အချိန်မှာလည်းဒယ်အိုးဖင်ငြိမ်ပြီးမွှေသူရော၊ကြိတ်ချေသူကိုပါ သက်သာစေသလို မုန်.ကိုလည်းမိမိလိုချင်တဲ့အနေအထားရောက်တယ်လို. ထမနဲအိုးသူကြီးများထံမှမှတ်သားဖူးပါတယ်..။
#ထမနဲထိုးနည်းကဗျာ
*************
*ထမနဲ ထိုးရန်ဖို.. စာချိုးလို.မှာခဲ့မယ်...
*တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း( ဂျင်း) က သုံးဆယ်
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို.
နှမ်းမပြတ်ဤနည်းနှယ်
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို.ရယ်
အားသစ်လို.ထိုး ...။
( အမည်မသိ )
KokoPwar
Photo credit
မေတ္တာဖြင့်…
No comments:
Post a Comment