Thursday, July 11, 2019

သတိရပါ•••

#သတိရပါ•••
________________
 
သင်••တက္ကသိုလ်ရောက်တဲ့အခါ
ဒါတွေကို သတိရပါ•••

ဆံပင်တွေမလိုအပ်ဘဲ ဖြောင့်ချင်တဲ့အခါ
အလုပ်တွေများပြီး ခေါင်တောင်မဖြီးဖြစ်တဲ့ အိမ်ကအမေ့ကို
သတိရပါ•••

သူငယ်ချင်းတွေနဲ့ ဘီယာသောက်မယ့်အခါ
ငွေတွေချွေတာနေရလို့ လဖက်ရည်တောင်ပုံမှန်မသောက်တော့တဲ့
အိမ်က အဖေ့ကို သတိရပါ•••

အပြင်တွေလျှောက်လည်ချင်တဲ့အခါ
ခုထိ ရွှေတိဂုံဘုရားကို မဖူး ဖူးသေးတဲ့
အဖေနဲ့အမေ့ကို  သတိရပါ•••

ရည်းစားထားချင်လာတဲ့အခါ
အမေ စိတ်ချမယ်နော် လို့မှာလိုက်တဲ့
အိမ်က စကားကို သတိရပါ•••

ကြုံတုန်းမိန်းကလေးတွေကို အပျော်တွဲချင်တဲ့အခါ
မကြာခင် တက္ကသိုလ်ရောက်တော့မယ့်
အိမ်က ညီမကို သတိရပါ•••

ငွေကုန်မယ့် အပေါက်တွေတွေ့တဲ့အခါ
သည်ငွေလေးရဖို့ နွားနဲ့အတူရုန်းပြီးစုခဲ့ရတဲ့
အိမ်က အဖေ့ကို သတိရပါ•••

ကိုယ်မြို့မဟုတ်လို့ ကဲလိုက်မယ်လို့တွေးမိတဲ့အခါ
ကိုယ့်ကိုကိုယ် မြန်မာမိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို
သတိရပါ•••

သင် တက္ကသိုလ်ရောက်တဲ့အခါ
တဒင်္ဂ ပျော်ရွှင်မှုတွေထက်
သင့်ကို ဘွဲ့ရပညာတတ်ဖြစ်စေချင်နေသော
ရွာက မိဘတွေကို အမြဲသတိရပါ•••။         ။

                                   မေတ္တာ များစွာဖြင့်

                                               #Crdဆန်းသူရိန်(ခရမ်းကျွန်း)

No comments:

Post a Comment