#ဘယ်လိုတည်ဆောက်မလဲ?
**************************
ကျွန်းတုံးကြီးတစ်တုံးကို
အခေါင်းထွင်းပြီး
နွားစားခွက်လုပ်၍
ရသည်။ အချို့လူများ
လုပ်လည်းလုပ်သည်။
ထိုကျွန်းတုံးကိုပင်
ခုတ်ထစ်ဖြတ်ပိုင်း၍ထင်း
အဖြစ်အသုံးပြုလျှင်လည်း
ရသည်။ အချို့လည်း
တကယ်သုံးကြသည်။
သို့သော်ထိုကျွန်းတုံးကိုပင်
ခုတင်၊ဗီဒိုပြုလုပ်နိုင်သည်။
သလွန်ညောင်စောင်း
လုပ်နိုင်သည်။ ရာဇပလ္လင်
တည်ဆောက်လဲရသည်။
သင် ဘယ်လိုသုံးမည်လဲ?
ကျွန်းသစ်ဆိုလိုက်သည်နှင့်
တန်ဖိုးရှိပြီးသားဖြစ်သည်။
သူ့ကို သင်က ရာဇပလ္လင်
အဆင့်ထိရောက်အောင်
မြှင့်တင်ပေးမည်လား၊
လောင်စာပစ္စည်းအဆင့်ထိ
ကျအောင်နှိမ့်ချပစ်မည်လား၊
သင့်အပေါ်မူတည်ပါသည်။
ထိုနည်းတူ ... လူ။
အင်ကညင်ကြားထဲမှာ
ကျွန်းတစ်ပင်တန်ဖိုးရှိသလို၊
သတ္တ၀ါလောကထဲလူဟူ၍
မွေးဖွားလာပြီဆိုတည်းက
_____________________
#အဖိုးတန်ပြီးသားဖြစ်သည်။
_____________________
သို့သော်ကျွန်းတုံးချင်းအတူ
နွားစားခွက်ဖြစ်သူဖြစ်၊
ရာဇပလ္လင်ဖြစ်သူ
ဖြစ်ရသကဲ့သို့ပင်
မူလဇာတိသဘောအရ
အဖိုးတန်ပါသည်ဆိုသော
လူသတ္တ၀ါချင်းအတူတူ ...
နိမ့်ကျသူများရှိသလို
အထွတ်အထိပ်သို့ရောက်ရှိ
သွားသူတွေလည်းရှိသည်။
သင်ကောဘာဖြစ်ချင်သလဲ၊
ဘယ်လိုလူမျိုးဖြစ်ချင်သလဲ၊
သင့်အပေါ်မှာမူတည်သည်။
ကျွန်းတုံးကတော့သက်မဲ့
ဖြစ်သဖြင့် သူ့ဘ၀ကိုသူ
မဖန်တီးနိုင်၊ သူ့အနာဂတ်
သူမမှန်းမျှော်နိုင်ပေ။
သင့်ကသက်ရှိဖြစ်သည်။
ထိုပြင်လူဖြစ်သည်။ သင့်မှာ
သင့်အနာဂတ်ကို မျှော်မှန်း
နိုင်သောဉာဏ်ရည်ရှိသည်။
သင့်ဘ၀ကိုဖန်တီးနိုင်သော
စွမ်းအားတွေပါလာသည်။
သည်အရည်အချင်းတွေကို
စွမ်းအားတွေကိုအသုံးချကာ
သင့်ဘ၀ကို စိတ်တိုင်းကျ
တည်ဆောက်ခွင့်သင့်မှာ
ရှိနေသည်။ ဘယ်ဘ၀မျိုး
တည်ဆောက်မည်လဲ။
စိန်မှန်ကင်းဘ၀လား?
ထင်းဘ၀လား?
နွားစားခွက်လား?
သီဟာသနပလ္လင်လား?
No comments:
Post a Comment