Tuesday, July 2, 2019

သက်​ငယ်​မုဒိန်း

#သက်ငယ်မုဒိမ်းမှု....

မိသားစုတစ်ခုမှာမေမေတွေကော၊ဖေဖေတွေကောစားဝတ်နေရေးအပြင်၊လူမှုရေးကိစ္စ၊မိသားစုကိစ္စတွေနဲ့အလုပ်များကြပါတယ်။အရမ်းစိတ်ပူတတ်ပြီး၊ဗဟုသုတရှိတဲ့မိဘတစ်ချို့တောင်ကလေးငယ်ကိုမျက်စိအောက်မှာထားပြီးအချိန်ပြည့်စောင့်
ကြည့်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်။မိနစ်ပိုင်းလေးသတိ
မထားလိုက်မိချိန်မှာ၊ဘယ်သူနဲ့ထားခဲ့တာပဲစိတ်ချရလောက်
ပါတယ်လို့ထင်ပြီးထားလိုက်ချိန်ခဏလေးမှာပဲဒီလိုအဖြစ်ဆိုး
တွေကြုံတွေ့ရတတ်ပါတယ်..။

အထူးသဖြင့်အပြင်ကသူစိမ်းတွေထက်၊အိမ်နားနီးချင်း၊ဆွေမျိုး၊မျက်နှာသိတွေကပိုပြီးတောင်အန္တရာယ်ပေးနိုင်ကြပါတယ်။ကလေးသဘာဝဆော့ကသားဖို့သာစိတ်ထဲရှိတာကြောင့်
မိမိတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကိုလာရောက်ထိတွေ့ခံရတဲ့
အခါချက်ချင်းသဘောပေါက်နိုင်စွမ်းမရှိသလို၊မိဘဘိုးဘွား
ကိုပြန်တိုင်ပြီးပြောပြဖို့ဆိုတာကလည်း..

#ကလေးကိုယ်တိုင်ကလည်လည်ဝယ်ဝယ်နဲ့ပြောတတ်ဆိုတတ်လဲရှိရပါတယ်။
#ပြောပြရင်ကလေးကိုယုံကြည်ပေးမဲ့၊ကလေးရဲ့စကားကိုအ
ချိန်ပေးနားထောင်ပေးမဲ့မိဘဆွေမျိုးတစ်ယောက်ယောက်က
အနားမှာရှိနေဖို့လဲလိုအပ်ပါတယ်။

မေမေတို့အနေနဲ့ ဒီလူကတော့သိက္ခာကြီးသူပဲ၊ဒီလူကတော့
ဆွေမျိုးသားရင်းပဲ၊ဒီလူကတော့ဘယ်သူပဲ၊မဖြစ်လောက်ပါဘူးဆိုပြီးမိမိရဲ့ကလေးကိုယုံကြည်စွာအပ်နှံ့ထားခဲ့ခြင်းမှ
အထူးရှောင်ကြဉ်သင့်ပါတယ်။အမျိုးသမီးချင်းမို့ကလေးအပ်
ထားမယ်ဆိုခဲ့ရင်တောင်ဘယ်လောက်စိတ်ချယုံကြည်ရမလဲ
တောင်စဉ်းစားသင့်ပါသေးတယ်။အမျိုးသမီးချင်းယုံကြည်လို့
အိမ်လည်သွားတဲ့အခါ အိမ်ရှင်အမျိုးသမီးကမိမိခင်ပွန်းနဲ့ယပေါင်းပြီးမုဒိမ်းကျင့်တဲ့အဖြစ်မျိုးတွေအခြားသောနိုင်ငံတွေမှာရှိ
ခဲ့ဖူးပါတယ်။ကျွန်မတို့ငယ်စဉ်ကတော့မိဘတွေဟာသားသမီးကိုညအိပ်၊ညနေဘယ်သူနဲ့မှ၊ဘယ်သူ့အိမ်မှ
မထည့်ပါဘူး။ကျွန်မတို့မိသားစုအသိုင်းအဝိုင်းဟာဘာသာ
ရေးနဲ့ဆက်နွယ်သောအသိုင်းအဝိုင်းကြီးတစ်ခုမှာကျွန်မ
ကြီးပြင်းခဲ့ရတာကြောင့် sexual  abuse မရှိခဲ့ရလောက်ဘူး
လို့မထင်လိုက်ပါနဲ့။ကျွန်မငယ်ငယ်ကတည်းကရန်ဖြစ်၊အင်
မတန်ဆိုးလွန်းလို့ဒီလိုမကြုံရလောက်ဘူးလို့လဲမထင်လိုက်
ပါနဲ့။ကျွန်မတို့ငယ်ငယ်က၊ပြောရရင်သိတတ်စအရွယ်ကတည်းကအိမ်မှာအဖော်တွေရှိပြီးစောင့်ရှောက်ပေးကြပေမဲ့
အမှန်တိုင်းပြောရရင်ကျွန်မအရွယ်ရောက်ပြီးနိုင်ငံရပ်ခြား
မှာတစ်ယောက်ထဲနေခဲ့တာစဉ်ကလောက်တောင် ဒီမှာနေခဲ့စဉ်ကလေးဘဝကလုံခြုံမှုမရခဲ့ပါဘူး။တစ်ဦးတည်းသောသမီး
လေးတွေအများစုမှာကြုံရတတ်တဲ့အဖော်မက်ခြင်းဟာ
ကြောက်စရာပြသနာတစ်ခုရဲ့အစလဲဖြစ်လာတတ်ပါတယ်။

ဒါဆိုမိဘတွေအပြစ်လား..?
ဂရုမစိုက်ကြဘူးလား..?
သတိမထားမိကြဘူးလား..?

အထက်ကကျွန်မပြောခဲ့သလိုပါပဲ။မဖြစ်လောက်ပါဘူးလို့
သူတို့ရဲ့စိတ်ချယုံကြည်ခြင်းနဲ့သူတို့ရဲ့မအားလပ်ခြင်းရဲ့
(ကလေးတစ်ယောက်ကိုအချိန်ပြည့်စောင့်ရှောက်နိုင်ဖို့
သိပ်ခက်ခဲပါတယ်)ကာလတိုလေးမှာအချိန်မရွေးလိင်ပိုင်း
ဆိုင်ရာနှောင့်ယှက်ခံရမှုဖြစ်ပွားနိုင်ပါတယ်။ကြောက်စရာ
အကောင်းဆုံးကတော့အင်မတန်နီးစပ်သောဆွေမျိုးသား
ချင်းများကထိခိုက်စော်ကားမှုလုပ်ချင်ရင်အလွယ်ဆုံးပဲဖြစ်
ပါတယ်။နေရာတိုင်းမှာကလေးငယ်များကိုလိင်ပိုင်းဆိုင်ရာ
အမြတ်ထုတ်တတ်သူများဟာ ပုံစံမျိုးစုံနဲ့လူ့အဖွဲ့အစည်းထဲ
မှာရှိနေတယ်ဆိုတာ မေမေတို့သတိပြုကြပါ။

ဒါကြောင့်မေမေတို့ကိုသိပ်မကောင်းပေမဲ့ စိတ်ချရလောက်
တဲ့အကြံတစ်ခုပေးရရင်တော့
#မိမိမှလွဲပီးဘယ်သူ့ကိုမှမယုံကြည်ပါနဲ့။လူတိုင်းကိုသံသယ
မျက်စိနဲ့ကြည့်လို့မသင့်တော်ပေမဲ့မိမိရင်သွေးကိုမည်သူနှင့်
မှစိတ်ချလက်ချမထားခဲ့ပါနဲ့။ကလေးကိုအချိန်ပေးပါ။နေ့စဉ်
ကြုံတွေ့မှုကိုအချိန်ပေးမေးမြန်းပါ။ဒီထက်ပွင့်လင်းစွာပြော
ရရင်တော့မိမိကလေးရဲ့ခန္ဓာကိုယ်နာကျင်ပြောင်းလဲမှုတစ်ခုခုကိုပြောရင်ချက်ချင်းသတိပြုမိပါစေ..။

ပန်းပွင့်တိုင်းစိတ်ချမ်းသာစွာအန္တရာယ်ကင်းစွာပွင့်လန်း
နိုင်ပါစေ..။

Credit

No comments:

Post a Comment