တိုင်းပြည်တစ်ခု
ကွယ်ပျောက်ချိန်
ရောက်တော့မယ် ဆိုရင်
နိမိတ်ဆိုးကြီး (၆) ခု
ပြလေ့ရှိတယ်တဲ့။
( ဆုတင် မှတ်စု )
ဝိုင်းဝန်းမပြုပြင်
မထိမ်းသိမ်းရင်
ဒုတိယနိမိတ်ကြီး (၃) ခု
ထပ်လာတတ်ပါတယ်တဲ့။
အဲဒါဆို
ပျက်ဖို့သေချာသလောက်ရှိပြီ။
နောက်ဆုံး
တတိယအဆင့်ဖြစ်တဲ့
နိမိတ်ဆိုးကြီးတစ်ခု
လာတာနဲ့ တပြိုင်နက်ထဲ
အဲဒီတိုင်းနိုင်ငံဟာ
ကွယ်ပျောက်သွားတယ်လို့
ဆိုပါတယ်။
( ပထမ နိမိတ်ဆိုကြီး (၆) ပါး )
၁။ မင်းဆိုးမင်းညစ်
သာသနာညစ်စေသော
မင်း အစိုးရအုပ်စိုးခြင်း
၂။ အထင်ကရ
ရဟန်းသံဃာတော်တို့ လူထွက်၍
အိမ်ယာထူထောင်ခြင်း၊
ကာမေသု ပြစ်မှုတို့ ကျူးလွန်ခြင်း။
၃။ ကလေးသူငယ်တို့က အစ
ကာမဂုဏ်မွေ့လျော်
ကျူးလွန်လာကြခြင်း။
၎။ တိုင်းပြည် နယ်စပ် အစုံ၌
သူပုန် သူကန်ထခြင်း။
၅။ စစ်သည်တော်နှင့်
သူပုန်သူကန်တို့
အဆင့်အတန်း တူမျှခြင်း။
၆။ သူတော်ကောင်းတို့
ဘေးသင့်ကြခြင်း။
( ဒုတိယ နမိတ်ဆိုးကြီး (၃) ပါး။ )
၁။ အမျိုးကောင်းသမီးတို့
ပြည့်တန်ဆာကဲ့သို့
ကာမဂုဏ်၌
ပွင့်လင်းကြကုန်ခြင်းနှင့်
အမျိုးကောင်းသားတို့
ယောင်္ကျားစိတ်သွင်ပြင်ပျောက်
မိန်းမစိတ် ပေါက်သူများ
ပေါများလာခြင်း။
၂။ သူဖုန်းတောင်းစားသူတို့နှင့်
အခြားသောလူတန်းစားတို့
နေထိုင်ပုံ တူလာခြင်း။
၃။ တစ်ပါးသော
တိုင်းနိုင်ငံတို့အပေါ်တွင်
ပိုမိုချစ်ခင် ယုံကြည်
အားကိုးလာခြင်း
( နောက်ဆုံးပြသောနမိတ်ဆိုးကြီး )
တိုင်းနိုင်ငံ၌
သူတော်ကောင်းနှင့်
ရဟန်းသံဃာတို့
ကင်းမဲ့ခြင်း
မူရင်းပိုင်ရှင်ကိုလေးစားပါတယ် Crd:
No comments:
Post a Comment