စွန့်ဦးတီထွင်သူတွေ စွဲမြဲစွာ လုပ်ဆောင်ကြတဲ့ အမူအကျင့် (၇) ခု
**********************************************************
စီးပွားရေး လုပ်ငန်းရှင်တွေ သိသင့်တာတွေ တင်ပေးပါဦးလို့ ကျွန်တော့်ကို တစ်ချို့တွေ ပြောကြပါတယ်။
အကယ်၍ ကိုယ်က အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သိသင့်သိထိုက်တဲ့အရာတွေက အများကြီး ရှိပါတယ်။
အဲဒီအတွက် လေ့လာသင်ယူတာကို ဘယ်တော့မှ ရပ်တန့်လို့ မရပါဘူး။
စဉ်းစားကြည့်ပါ။
အောင်မြင်မှု ရရှိကြသော လုပ်ငန်းတစ်ခုကို ခေါင်းဆောင်နေတဲ့ စွန့်ဦးတီထွင်သူများဟာ ကမ္ဘာကြီးကို နည်းလမ်း အမျိုးမျိုးနဲ့ စေ့စပ်သေချာသော တိုးတက်မှုတွေ ဖြစ်စေပါတယ်။ သူတို့တွေဟာ စီးပွားရေးလုပ်ငန်းတွေကို ကြီးထွားစေတယ် ၊ ဆန်းသစ်တီထွင်မှုတွေကို လှုံ့ဆော်ပေးတယ် ၊ အားလုံး ပါဝင်ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းတွေ ဖန်တီးပေးတယ်။
ဒီလိုနည်းလမ်းတွေနဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်တယ် ဆိုတဲ့ကိစ္စကို သင်တကယ်ကို စိတ်ဝင်စားတယ်ဆိုရင် အောင်မြင်တဲ့ စွန့်ဦးတီထွင်သူ တစ်ယောက် ဖြစ်လာနိုင်တယ် ဆိုတာကို သင်လက်ခံမှာပါ။ ဒါပေမယ့် ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုတော့ ရှိပါတယ်။ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်ဖို့ဆိုတာ တစ်စုံတစ်ဦးက ဖန်တီးပြီးသား အရာတစ်ခုကို အချိန်ကုန်ခံပြီး ထပ်မံဖန်တီးဖို့ ကြိုးစားမနေသင့်ပါဘူး။
အခြားသူတွေ လုပ်ထားတာကို နမူနာယူပြီး ကိုယ်နဲ့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် ပြန်လည်ပြောင်းလဲတာဟာ အောင်မြင်တဲ့ ဦးဆောင်သူတိုင်း စဉ်းစားသင့်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
ကိုယ်ပိုင် စီးပွားရေး တစ်ခု စတင်တော့မယ်ဆိုရင် ဦးဆောင်သူတွေ၊ စွန့်ဦးတီထွင်သူတွေ ၊ ကိုယ့်ကြိုးစားမှုနဲ့ကိုယ် အောင်မြင် ချမ်းသာလာတဲ့ သူတွေ အားလုံး ကျင့်သုံးကြတဲ့ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ (specific disciplines) ရှိဖို့ လိုအပ်ပါတယ်။
ဒီ စည်းကမ်းတွေကို စတင် သတ်မှတ်နိုင်ဖို့အတွက် အမြန်ဆုံး နည်းလမ်းကတော့ စွန့်ဦးတီထွင်သူ တစ်ယောက်လို တွေးခေါ်တတ်ဖို့ပါပဲ။ အဲ့ဒီထဲက သင်စတင်မွေးမြူဖို့ လိုအပ်တဲ့ အရေးအကြီးဆုံး အမူအကျင့် (habit) ၂ ခု ကတော့ Speed နဲ့ Flexibility ပဲ ဖြစ်ပါတယ်။
Speed ကတော့ အခွင့်အရေးတွေ ၊ ပြဿနာတွေကို တုံ့ဆိုင်းမနေဘဲ မြန်မြန် ရှေ့တိုးဖို့ကို ဆိုလိုတာပါ။
ကုမ္ပဏီကြီးတွေ တော်တော်များများဟာ ဖြည်းဖြည်းချင်းဆီပဲ ရှေ့တိုးကြတယ်။ ဒါပေမယ့် စွန့်ဦးတီထွင်သူတွေကတော့ speed ကို ကောင်းကောင်း အသုံးချကြတယ်။ မလိုအပ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ထင်ရတဲ့ ယနေ့ ကမ္ဘာကြီးမှာ အချိန်တွေ အများကြီး ပေးပြီး လုပ်ရတဲ့ အလုပ်တွေ အတွက်တော့ အချိန်ဟာ ရွှေထက် ပိုပြီး တန်ဖိုးကြီးလာပါတယ်။ ဘယ်လိုဈေးကွက်မျိုးပဲ ဖြစ်နေပါစေ ဆုံးဖြတ်ချက် မြန်မြန်ချနိုင်လေလေ ၊ strategies တွေ နည်းလမ်းတကျ ရေးဆွဲနိုင်လေလေ ၊ ဈေးကွက်ကို မြန်မြန်ရောက်လေလေ သင့်အတွက် အကျိုးပိုရှိလေလေပါပဲ။
Flexibility ကတော့ အကြိမ်ကြိမ် အခါခါ ကြိုးစားပြီး မအောင်မြင်ရင် အခြားတစ်ခုကို ကြိုးစားကြည့်ဖို့ကို ဆိုလိုတာပါ။
သင့်လုပ်ငန်းအတွက် သင်ကြိုးစားနေတဲ့ အရာ တော်တော်များများဟာ ပထမဆုံးအကြိမ်မှာ အောင်မြင်မှု ရလေ့မရှိပါဘူး။ ဒုတိယ အကြိမ် ၊ တတိယ အကြိမ်တွေမှာတောင် မအောင်မြင်ကြပါဘူး။ Dwight D. Eisenhower က “ တိုက်ပွဲအတွက် ပြင်ဆင်တဲ့ နေရာမှာ plan တွေဟာ အမြဲတမ်း အသုံးမ၀င်ဘူးဆိုတာကို တွေ့ရှိရတယ်။ ဒါပေမယ့် planning ကတော့ အရမ်းကို အရေးကြီးတဲ့ အရာဖြစ်ပြီး planning မရှိဘဲ သင်ဘာကိုမှ စီစဉ်ညွှန်ကြားနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဒါကြောင့် သင့် plan တွေအားလုံးဟာ တစ်နည်းနည်းကြောင့် ဖြစ်မလာဘူးဆိုရင် plan တွေ ဆက်ဆွဲပါ။ အားတက်သရော ကြိုးပမ်းပါ။ ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံဆိုတာဟာ အကောင်းဆုံး ဆရာဖြစ်လို့ပါပဲ။
စွန့်ဦးတီထွင်သူတွေ အားလုံး စွဲမြဲစွာ လုပ်ဆောင်ကြတဲ့ နောက်ထပ် အမူအကျင့် (၇) ခု ရှိပါသေးတယ်။
Increasing Productiviy – ကျွန်တော် Coach လုပ်ပေးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ သိရတဲ့ အချို့အချက်တွေဟာ လုပ်ပုံကိုင်ပုံ စနစ်မကျတာရယ်၊ ၀န်ထမ်းတွေ အရည်အသွေး မပြည့်ဝတာတွေကြောင့် ထုတ်လုပ်မှု စွမ်းအား နှေးကွေးနေတာတွေဖြစ်ပါတယ်။ ကုန်ကျစရိတ် နည်းနည်းနဲ့ အလုပ်တွေများများလုပ်နိုင်ပြီး အကျိုးအမြတ် ပိုရမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ ဒါဟာ သင့်လုပ်ငန်းတိုးတက်ဖို့နဲ့ အမြတ်အစွန်းတွေ ပိုပြီး တက်လာဖို့ကို အထောက်အကူပြုစေပါလိမ့်မယ်။
Customer Satisfication – သင့်ဖောက်သည်တွေက ကျေနပ်ပျော်ရွှင်ပြီး သင့်ကုန်ပစ္စည်းကို ထပ်မံဝယ်ယူကာ သူ့မိတ်ဆွေတွေကိုလည်း သင့်ကုန်ပစ္စည်း အကြောင်း ပြောပြတာမျိုး ဖြစ်စေချင်တယ် မဟုတ်လား။ သင့်ဖောက်သည်တွေကို သေသေချာချာ ဂရုစိုက်ပါ။ အကယ်၍ သင်ဂရုမစိုက်ဘူးဆိုရင် သင့်ပြိုင်ဖက်တွေက ဂရုစိုက်ပြီး သင့်ဖောက်သည်တွေကို ဆွဲခေါ်သွားလိမ့်မယ်။
Profitability – ကုမ္ပဏီတွေ အများစုဟာ bottom line မှာရှိတဲ့ တကယ့် အကျိုးအမြတ် (net profit) တွေထက် top line တွေက စုစုပေါင်း ရောင်းအား (gross sale) ကိုပဲ focus ထားကြတယ်။ တကယ့်တကယ်တန်းမှာ နောက်ဆုံးရတဲ့ Profit ကို အာရုံစိုက်ဖို့လိုပါတယ်။ ကုန်ကျစရိတ်တွေ သိပ်များနေရင် သင့်ကြိုးစားသလောက် အရာထင်မှာ မဟုတ်ပါဘူး။
Quality – ဖောက်သည်တွေက ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုကိုပဲ ၀ယ်ယူတာပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကုန်ပစ္စည်းဟာ ပြိုင်ဘက် ထွက်ကုန်တွေထက် ပိုကောင်းတဲ့ အရည်အသွေးကို သူတို့တွေ ခံစားမိလို့ ဖြစ်ပါတယ်။ အရည်အသွေးမကောင်းတဲ့ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ သင့် ဖောက်သည်တွေကို ဆွဲဆောင်ထားနိုင်မှာ မဟုတ်ဘူး။
People Building – ထုတ်ကုန်တွေ ၊ အကျိုးအမြတ်တွေ ၊ ရောင်းအားတွေ ၊ စိတ်ကျေနပ်မှုတွေ အားလုံးဟာ သင့်ရဲ့ ၀န်ထမ်းတွေဆီက လာတာဖြစ်ပါတယ်။ သင့်ရဲ့ ၀န်ထမ်းတွေ ရွေးချယ်နိုင်မှု စွမ်းရည် ၊ သူတို့ကို စိတ်အားတက်ကြွအောင် လှုံ့ဆော်နိုင်မှု စွမ်းရည်တွေဟာ သင့်အောင်မြင်မှု အတွက် တကယ့် မရှိမဖြစ်ပါပဲ။ သင့်လုပ်ငန်းကို မတည်ဆောက်ခင် လူတွေကို တည်ဆောက်ပါ။ သူတို့က သင့်လုပ်ငန်းကို ဆက်ပြီး တည်ဆောက်ပါလိမ့်မယ်။
Organizational Development – သင့်လုပ်ငန်းကို စနစ်တကျ စီစဉ်ညွှန်ကြားဖို့ ၊ တိုးတက်မှုတွေ ရှိလာအောင် ပြန်လည် စီစဉ်ဖို့ နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေခြင်းဟာ သင်တောင့်တ မျှော်လင့်တဲ့ ရလဒ်တွေကို ရလာတဲ့အထိ ပိုပိုပြီး ထိရောက်စွာ လုပ်ဆောင်ပေးပါလိမ့်မယ်။
Continuous Innovation – ဒီနေ့ ရောင်းလိုက်ရတဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေရဲ့ ၈၀% ဟာ ၅နှစ်အတွင်း ဒါမှမဟုတ် ဒီ့ထက်စောပြီး အသုံးမ၀င်ဖြစ်လာကာ ခေတ်ကုန်သွားပါ လိမ့်မယ်။ သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို အသစ် ဖန်တီးမှုတွေနဲ့ စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှိနေအောင် လုပ်ရပါမယ်။
အခုဖော်ပြသွားတာတွေဟာ ကမ္ဘာပေါ်မှာ နာမည်ကျော်ကြားတဲ့ Business Coach တစ်ဦးဖြစ်တဲ့ Brian Tracy မျှဝေထားတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
သင့်လုပ်ငန်းအောင်မြင်မှုဟာ သင့် ကိုယ်သွေးကိုယ်သွေးနဲ့ ခေါင်းဆောင်မှုအပေါ်မှာ မူတည်ပါတယ်။
အခြားသူတွေကို မပြောင်းလဲခင် သင်အရင် ပြောင်းလဲပါ။
သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်မိတ်ဆွေတွေအတွက်လည်း မျှဝေလိုက်ပါ။
Credit
No comments:
Post a Comment