Wednesday, July 17, 2019

မြွေပါလည်း ဆုံး သားလည်း ဆုံး

မြွေပါလည်း ဆုံး သားလည်း ဆုံး
======================

တခါတုန်းက ခဝါသည်
လင်မယား နှစ်ယောက်ရှိတယ်
သူတို့မှာ လမ်းလျှောက်တတ်စ
သားငယ်လေးနဲ့ အတူ အလွန်လိမ်မာပြီး
လူစကားကို နားလည်တဲ့ မြွေပါ
တစ်ကောင်လည်း ရှိသတဲ့။

တစ်နေ့မှာ တော့..
လျော်ထည်တွေကိုနေမဝင်မှီပြန်အပ်နိုင်ဖို့
မြစ်ဆိပ်ကို ခပ်စောစောလေး
ထွက်လာခဲ့ကြတယ်

အိမ်ကမထွက်ခွာမှီ
ကလေးထိန်း ဂျူတီ ကျတဲ့ မြွေပါလေးကို
မှာရှာသည်က....

ငါတို့ အလုပ်သွားတော့မယ်
ကလေးကို ပုခက်မှာထားခဲ့တယ်
ကောင်းကောင်းလည်း
ဂရုစိုက်ထားဦးနော် ပြန်လာမှ
နို့နဲ့ပေါက်ပေါက် ကျွေးမယ်ပေါ့ စသည်ဖြင့်
မှာခဲ့ပြီး ထွက်သွားကြတယ်

နေ့တိုင်းလည်း ဒီလိုပဲ
ထားခဲ့နေကျမို့စိတ်ပူစရာလဲ မရှိပါဘူး

မြွေပါလည်းကလေးကို
ဘေးနားက စောင့်ရှောက်ပေးနေသတဲ့ ။

နေ့လည်လောက်ကျ
ပြဿနာ က စတတ်.ပါလေရောဗျာ

''ကလေးက ရေဇလုံထဲမှာ
ရေချိုးနေတုန်း အခြား အမျိုးမတူတဲ့
မြွေပွေးတစ်ကောင်က ရေဇလုံနားကပ်လာပြီး
ရေသောက်ဖို့လုပ်တာပေါ့

"အဲ့ဒီမှာ မြွေပါ က...
 "ဟျောင့်....  သားရီး
မင်းဘွ မပျက်ချင်ရင် ကလေးနဲ့
မင်း ခပ်ဝေးဝေးကို ဒိုးလိုက် ဆိုတော့
မြွေပွေးက ၊ မြွေပါကိုလည်း မြင်ရော
လန့်သွားတာပေါ့

မြွေမျိုးပေါင်းများစွာထဲမှာ
မြွေပါ ဆိုတာက အားလုံးကိုနိုင်တဲ့ ဘုရင်လေ
အဲ့တော့ သူ့ကို ကြောက်ရတာပေါ့

"ဒါနဲ့ မြွေပွေးလည်း...
ဟုတ်... ဟုတ်ကဲ့ သွားမှာပါ ကွီးပါရယ်..
ဒါမဲ့ ညေးး ရေမသောက်ရတာ
၎ ရက်လောက် ရှိနေပြီ အလွန်ကို
ရေငတ်နေတာမို့ ဒီတစ်ကြိမ်တော့
သောက်ခွင့်ပေးပါ ဗျာ

"ကလေးကို လုံးဝ မကိုက်ပါဘူး
စိတ်ချပါ မျက်နှာငယ်လေးနဲ့ တောင်းတောင်း
ပန်ပန် ပြောနေတော့

"မြွေပါ လည်း မြွေပွေးကို
သနားသွားတယ် အေး... အာ့ဆွင့် လဲ
ကလေးကိုမကိုက်ဘူးလို့ ဂတိပေး ဆိုတော့
ပေးပါတယ် ကွီးပါရယ်
ကွီးမြွေပါ ကျေးဇူးကိုလဲ ဒီတစ်သက်
အမှတ်ရနေမှာပါ ပြောပြီး

ရေဇလုံ အနား မှာ
ဒူးလေးတုတ်ပြီး ရေသောက်တာပေါ့
(စတာ,ဒူးမှမပါပဲ..😂)

ကလေးကလဲ ရေထဲမှာ
ရေဆော့ရင်းနဲ့ မြွေပွေးကိုမြင်သွားတယ်
သူလဲ စပ်စပ်စုစု မြွေပွေးခေါင်းကို
ဆတ်ကနဲ့ လှမ်းကိုင်ခါ ရှိသေးတယ်

"ဒေါက်' ဆို မှီရာ ပြန်ပေါက်လိုက်တာ
ကလေးလည်း ခေါက်ဆို ၊ ပြာကနဲအဆိပ်တတ်ပြီး
တခါတည်း သေဆုံးသွားတော့တယ်

မြွေပွေး ဆိုတဲ့အမျိုးက
သူ့ကိုမထိမိရင် လုံးဝ စောင်ဂရုစိုက်ဘူး
ထိလိုက်ပြီဟေ့ ဆိုရင်တော့
အသေဆော်ပြီပဲ ..

"မြွေပါလည်း ဒေါသတွေ အလိပ်လိုက်
ထွက်ပြီပေါ့ . ...(ဘာပြောကောင်းမလဲ)

 ဟျောင်.! ဂျင်းကောင်...

မင်းပြောတော့ မကိုက်ဖူးဆို
လိပုလို့ ကလေးကို ကိုက်တာလား
ငိုးးမသား သေပေတော့ ဆိုပြီး

မြွေပွေးပေါ် ဟိုဖက် ဒီဖက်
ခုန်ပေါက်ပြီး ကိုက်ပြိုက်တာ မြွေပွေးလေး
အပိုင်းအပိုင်းပြတ်ပြီး
အနိစ္စ ရောက်သွားသတဲ့ ။

ညနေကျ မိဘတွေ ပြန်လာပြီ
ကလေးလည်း မမြင် ဘယ်သွားဆော့နေလဲပေါ့
စိတ်ပူပူနဲ့ လိုက်ရှာလိုက်တော့
ရေဇလုံနားမှာ ကလေးလေးက သေလို့...

အဖေဖြစ်သူကစိတ်တိုသွားပြီး
ဟိတ်ကောင် မြွေပါ မင်းက ငါ့သားကို
ကိုက်တယ်ပေါ့ ငါ့ကလေး သေသလို
မင်းလည်း သေရမယ် ပြောပြီး

တခါတည်း ရိုက်သတ်လိုက်တာ
မြွေပါလေးလဲ ဆန့် ငင် ဆန့်ငင်နဲ့
သေဆုံးသွားပြန်သတဲ့...

ပြီးတော့မှ ကလေးအနားကို
ကြည့်လိုက်တော့ မြွေပါ လေး ကိုက်ထားတဲ့
မြွေပွေး အသေကို တွေ့ရသတဲ့

အဲ့တော့မှ မြွေပွေးကိုက်လို့သာ
ငါ့သားလေး သေရပြီး
မြွေပွေးကိုလဲ မြွေပါက ပြန်ကိုက်
သတ်လိုက်တာကိုး လို့ သဘော
ပေါက်သွားတော့ သတဲ့ ။

သြော် ငါ့အဖြစ်က
''မြွေပါလဲဆုံး သားလဲဆုံး'' ရပါပေါ့လား...
ဆိုသည်မှ အစပြု၍

#မြွေပါလဲဆုံးသားလဲဆုံး ဆိုသည့်
ဤစကားပုံ ကို
ပေါ်ပေါက်လာခဲ့တော့သည်။

မှတ်ချက် - မြွေပါ ကို မြွေပါး ဟူ၍လည်း
အချို့က အသံထွက်ပါသည် ။

#wa_than ☔
Credit

No comments:

Post a Comment