အိမ်ထောင်သည် ယောကျာင်္းတို့ သိကောင်းစရာ...
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ကိုယ်ယူထားတဲ့ ဇနီးမယား ကိုယ်ရရှိထားတဲ့ သားသမီထက် မိဘကို ပိုပြီးဂရုစိုက် ချစ်ခင်တဲ့ ယောင်္ကျားတစ်ယောက်ကို အများအမြင်မှာ သားလိမ္မာ တစ်ယောက်လို့ ထင်ကြမှာပါ။
တကယ်တော့. . .မိဘထက် အားကိုးပြီး ယောင်္ကျားဖြစ်သူ မျက်နှာ တစ်ရွာထင်မှတ် ပေါင်းဖက်ခဲ့တဲ့ ဇနီးမယားကို လင်ဝတ္တရားနဲ့အညီ ချစ်ခင်စောင့်ရှောက်ဖို့ လိုပါတယ်။
တစ်ချို့မိဘတွေ အထူးသဖြင့် အမေဖြစ်သူက ကိုယ်တိုင်လည်း သမီးမွေးထားပါရဲ့နဲ့ သမီးချင်းကိုယ်ချင်း မစာနာတတ်ကြတာတွေ ရှိတယ်။
သမီးယူထားတဲ့ ယောင်္ကျား ( သမက်)ဖြစ်သူက သူတို့သမီးကို ဂရုမစိုက် မိဘဆွေမျိုးတွေကိုသာ အရေးတယူပြုနေမည် ဆိုပါက ကာယကံရှင်တွေ ကျေနပ်ကြမယ် မထင်ပါဘူး။
အိမ်ထောင်ကျပြီးဇနီးသားသမီးတွေနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့ သားဖြစ်သူကို မငဲ့ညာ မိဘ ညီအကို မောင်နှမတွေရဲ့ပြဿနာ ဝန်ထုပ်ဝန်ပိုးတွေကို တာဝန်ယူ ဖြေရှင်းခိုင်းနေတာ သင့်တော်ပါရဲ့လား စဉ်းစားကြည့်သင့်ပါတယ်။
အထူးသဖြင့် မောင်တစ်ထမ်း မယ်တစ်ရွက် အေးအတူ ပူအမျှ ရွှေဘုံပေါ်မစံရချင် နေပါစေ ထမင်းရည်အပူ အတူတူသောက်ပြီး ပေါင်းဖက်နေတဲ့ ဇနီးမယားထက် ငါ့မိဘ ငါ့ညီ ငါ့အကို ငါ့အမဆိုတဲ့အတ္တတွေနဲ့ ငါမွေးထားတဲ့သားရဲ့ လစာ ငါတို့ပဲ ရသင့်တယ်လို့ ထင်မှတ်ထားတဲ့ မိသားစုတွေ ကြားက အိမ်ထောင်ရှင်မများဟာ သနားစရာပါ။
တစ်ချို့ယောင်္ကျားတွေ အိမ်ထောင်ရေးဖောက်ပြန်လို့ လူမှုရေးရှုပ်လို့ အိမ်ထောင်ကွဲရတာတွေ ရှိသလို မိသားစုတွေကြောင့် ပြိုကွဲရတဲ့ အိမ်ထောင်ဖက်တွေလည်း ရှိကြပါတယ်။
မိန်းမကောင်းမှန်ရင် ပန်းတစ်ပွင့် ပန်ဆိုသလို ဘယ်မိန်းမမှ ကိုယ့်ခင်ပွန်း ကိုယ့်အိမ်ထောင်နဲ့ မကွဲကွာ ချင်ကြပါဘူး။ အကြောင်း အမျိုးမျိုးကြောင့်သာ မဖြစ်ချင်ပဲ ဖြစ်လာရတတ်တာမို့ ကိုယ့် မိသားစုလေး မပြိုကွဲအောင် အိမ်ရှင်မတွေ သတိဆောင်ကြပါ။
အမျိုးသားတွေအနေနဲ့ ကိုယ့်ဇနီးရဲ့ စိတ်ခံစားမှုကို ဖြည့်တွက် နားလည်ပေးသင့်ပါတယ်။ အိမ်ထောင်ရှင်ဘဝဆိုတာ မိဘအိမ်မှာ နေထိုင်စဉ်ဘဝနဲ့ စိတ်ရောကိုယ်ပါ အလွန်ကွာခြား ပင်ပန်းဆင်းရဲ ကြရတာမို့ ခင်ပွန်းဖြစ်သူနဲ့ နှစ်ဖက်မိသားစုများက စာနာ နားလည် ဖြည့်ဆည်းပေးနိုင်ကြမှသာ အိမ်ရှင်မဟာ စိတ်ချမ်းသာကိုယ်ကျန်းမာစွာ မိသားစုတာဝန်တွေကို ပျော်ရွှင်ချမ်းမြေ့စွာ စီမံဆောင်ရွက်နိုင်မှာပါ။
အိမ်ရှင်မတိုင်း နေကောင်းကြည်လင် စိတ်ပျော်ရွှင်ပြီး
အိမ်ထောင်ရေး သာယာဖြောင့်ဖြူး ကြပါစေ. . .။
ကိုယ့်စိတ်ကူး ကိုယ့်ခံယူချက်ကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ မည်သူ့ကိုမှ မရည်ရွယ်ပါ။
Thi Ha🇲🇲
No comments:
Post a Comment