ဟိုသွားရင် ဟိုဟာဖြစ်မယ် ဒီသွားရင်
ဒီဟာဟာဖြစ်မယ် စိတ်မချဘူး အန္တရာယ်များတယ်
ဆိုတဲ့ မိဘတွေရဲ့ စိတ်ပူမှုတွေကြောင့်
ဘယ်ခရီးမှမထွက်ဖူးခဲ့ဘူး ...
အသက်ကြီးလာတော့
ကိုယ်မရောက်ဖူးတဲ့ တစ်နေရာရာကိုရောက်ရင်
ကိုယ့်ဘာသာကိုယ် Confidence မရှိဘူး
မရောက်ဖူးတဲ့နေရာရောက်ရင် တစ်ခုခုကြောက်နေသလိုလိုခံစားချက်ဖြစ်နေရော ...
ပြန်ခံမပြောနဲ့ ငရဲကြီးမယ် ခြေရာမတိုင်းနဲ့ဆိုတဲ့
ဆုံးမမှုတွေကြောင့် သင်တန်းတွေ အလုပ်ခွင်တွေမှာ
ပြန်မပြောရဲတော့ဘူး ။
ကိုယ်မှန်နေတာသိလည်း ခေါင်းငုံ့ခံတတ်လာတယ်
မှားနေတာသိလည်း ပြန်မပြောရဲဘူး
မသိတာလည်း မမေးရဲတော့ဘူး ...
တစ်ခုခုလုပ်မယ်ဆို အရင်ကြိုပြီး မဖြစ်နိုင်ဘူး
အန္တရာယ်များတယ် စိတ်မချဘူးဆိုတာတွေကြောင့်
တစ်ယောက်တည်းဆိုဘာမှမလုပ်ရဲတော့ဘူး ...
ဆုံးဖြတ်ချက်ချစရာရှိရင်တောင် အမေ့ကိုမေးလိုက်ဦးမယ် အဖေ့ကိုမေးလိုက်ဦးမယ်ပဲ ပြန်ဖြေတတ်လာတယ်
ကိုယ်လုပ်ရင် မှားမယ်ပဲစိတ်ကထင်နေတယ် ...
ကျွန်တော်တို့ရဲ့ သိတတ်မှုတွေအောက်မှာ
ပျောက်ဆုံးသွားတဲ့ လိုချင်တာတွေ ...
နာခံမှုတွေအောက်မှာ ပျောက်ဆုံးသွားတဲ့ ဝါသနာတွေ .
စိတ်မဆင်းရဲစေချင်တဲ့စိတ်နောက်ကွယ်က
ရင်းနှီးလိုက်ရတဲ့ နှလုံးသားတွေ ...
ဟုတ်ကဲ့ဆိုတဲ့ နောက်ကွယ်က မျက်ရည်တွေ ...
မိဘတွေမသိခဲ့ပေမယ့်
ကျွန်တော်တို့ မိဘတွေကို သိပ်ချစ်ပါတယ် ...
Cr/Admin
No comments:
Post a Comment