ခေတ်သမီးများ
++++++++++
တရားဝင် လက်မှတ်ထိုးပေါင်းသင်းပြီး
ကွာရှင်းတာတွေ့ရရင် တစ်လင်ကွာလို့
ပြောလို့ရသေးတယ် အမေ
တိတ်တိတ်ပုန်းခိုးတိုက်နေကြတဲ့ ကြက်များ
လင်မရခင် အထပ်ထပ်အခါခါကွဲခဲ့သော
ယောကျာ်းများ တရားရုံးမလိုဘူး အသိသက်သေမလိုဘူး
ဟော်တယ်ကောင်းကောင်းနဲ့ အခန်းလုံလုံရှိရင်ရပြီ
အချစ်တစ်ခုကို လွယ်လွယ်ယူတတ်
လွယ်လွယ်ပေးတတ်ကြတဲ့ ဘဝများ
]]စွယ် စုံ
လမ်းပေါ်မရှောင်ပန်းခြံမရှောင် လူမြင်ကွင်းမရှောင် kissingပေးခံနေကြသောခေတ်သမီးများ
ရထားပေါ်မရှောင် လိုင်းကားပေါ်မရှောင်
သရုပ်ပျက်နေကြသော ခေတ်သမီးများ
အလိုလိုက်တိုင်းရမ္မက်ထနေကြသော ကျား(နွား)များ
တာဝန်မယူရဲကြသော ကျား(နွား)များ နောက်လူ
တံပိုးထမ်းရထမ်းရ အရင်ထွန်တုန်းတင်ချင်ကြသော
(နွား)များနဲ့ တဏှာရောယှက်နေသော ခေတ်သမီးများက
ပေါ်ပေါ်တင်တင် ပေါင်တံတွေလှန်ပြ
ခေတ်ကိုက ခေတ်သမီးတွေဖျက်နေသော ခေတ်
အပျိုတွေရှားပါးလာသောခေတ်
အရှက်တရားတွေရှားပါးလာသောခေတ်
ယဉ်ကျေးမူတွေ ယိုယွင်းလာသော ခေတ်
sexyတွေနဲ့ ခုတုန်းလုပ်နေကြသော အချစ်
အိမ်ကအမေတွေရင်လေးနေရသောခေတ်
သမိုင်းဟောင်းပြန်ပြောပြဖို့တောင် မသင့်လျှော်သောခေတ်
ကိုယ့်ချက်တွင်းကို ကိုယ်ကိုတိုင်နက်မနက်လှန်ပြနေသောခေတ်
ပေါင်တံဖွေးဖွေးမှဝမ်းဗိုက်သားဖွေးဖွေးအထိလှန်ပြနေသော ခေတ်
အိမ်ကဝတ်ပြီးထွက်လာသော ထမိန်ရှည်နဲ့ ရင်ဖုံးအကျီ င်္ဟာ အပြင်toiletထဲမှာ စကဒ်တိုတိုကို ပြန်လဲနေကြသော ခေတ်
ခေတ်ကိုမှီချင်ကြလို့
ကိုယ်တိုင်ပရောဂသွင်းနေကြသော ခေတ်သမီးများ
လက်မောင်း တင်ပါး ပုခုံးသားနဲ့ ရင်ညွှန့် နေရာအသီးသီးမှာ
ခေတ်မှီချင်ကြသော တက်တူးများ
ရုပ်ရှင်ရုံထဲရုပ်ရှင်တွေမမြင်ကြတဲ့အထိ မှောင်ရိပ်ခိုချင်ကြသောခေတ်သမီးများ
အလွဲများနဲ့ယိုယွင်းပျက်စီးနေသော ယဉ်ကျေးမူများ
အမွေတွေမပေးပဲ ခံယူနေကြသော ပြည်ပယဉ်ကျေးမူများ
ခေတ်သမီးများ ဘဝအဆက်ဆက်မှသည် ရမ္မက်အထပ်ထပ်
ခံယူနေကြ တဏှာများနှင့်တစ်ဦးနှင့်တစ်ဦး ချစ်သူဖြစ်ကြရုံနဲ့
sexy feelခံယူနေကြသော သာယာမူများ
နောက်ဆုံး သာသနာ စေတီပုထိုးများအထိ
ခေတ်မှီချင်ကြသော ခေတ်သမီးများ
ရမ္မက်အဆက်ဆက်မှသည် ဘဝအဆက်ဆက်ပျက်ယွင်းချင်
ကြသော ခေတ်သမီးများ ဤခေတ်သမီးများ မပြုပြင်သ၍
နှောင်းခေတ်သမီးများ ပိုခေတ်မှီချင်ကြမည်ထင်ရဲ....။ ။
ဒီမိုး ဆွေ
photo ; onile
No comments:
Post a Comment