Friday, July 12, 2019

Sales နဲ့  Marketing ရဲ့ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိစေနိုင်မဲ့  ပုံပြင်တစ်ပုဒ်

Sales နဲ့  Marketing ရဲ့ကွာခြားချက်ကို
ရှင်းရှင်းလင်းလင်း သိစေနိုင်မဲ့  ပုံပြင်တစ်ပုဒ်
===========================

ဟောင်ကောင်မှာ ရှိတဲ့ ဖိနပ် ထုတ် လုပ် တဲ့ သူက South Pacific မှာ ရှိတဲ့ ကျွန်းတစ် ကျွန်း ကို သူထုတ် တဲ့ ဖိနပ် တွေ ရောင်းဖို့  စဉ်းစားတယ်…
.
အဲ့ဒါနဲ့ ပထမဦးဆုံး အနေနဲ့ Order ကောက်တဲ့ သူတစ်ယောက်ကို အဲဒီကျွန်းကိုလွှတ်လိုက်တယ်… အဲဒီကျွန်းမှာ ဘယ်သူတွေ သူ့ ဖိနပ် ၀ယ် မလဲ ဆိုတာ သိအောင်ပေါ့ … ဒီလိုနဲ့ ပဲ Order ကောက်တဲ့ သူက ပြန်အကြောင်းကြားတယ် “ ဒီ ကျွန်းမှာ ရှိတဲ့ သူတွေ က ဖိနပ်မစီး ဘူး ဗျ ၊ အဲဒီ တော့ ဒီ မှာ ဖိနပ်ရောင်းဖို့ အဆင်မပြေ နိုင်ဘူး “ တဲ့။ သူ ဆိုလိုတာက ဈေးကွက် မရှိဘူးပေါ့။
.
#Sales♦ ♦

ဒီ လိုနဲ့ ဖိ နပ် ထုတ်တဲ့ သူ က Sales တစ်ယောက် ကို အဲဒီကျွန်း ကိုပဲ ထပ်လွတ် ပြန် တယ်၊ ဒီ တစ် ခါတော့ Sales Person က ဘာ ပြောလဲ ဆိုတော့ “ ဒီမှာလူ တစ်ယောက်မှ ဖိ နပ်မ စီး သေး ဘူး ၊ အဲဒီတော့ ကျွန်တော် တို့ အတွက် ခွင် ကောင်းပဲဗျ၊ တော်တော် ရောင်းရမယ် “ တဲ့။ သူဆိုလိုတာက Potential ရှိတဲ့ Market ရှိတယ်ပေါ့။
.
#Marketing♦ ♦

ဒီလိုနဲ့ နောက် ဆုံး တစ်ခေါက်ကျတော့  ဖိ နပ်ထုတ်တဲ့ သူက Professional Marketer တစ် ယောက် ကို ထပ်လွတ်လိုက်ပြန်တယ် ..

ဒီ တစ်ခါတော့ Marketer က ‘ ဒီ မှာ ရှိတဲ့ လူတွေ က ဖိနပ်မ၀တ်ဖူး ဗျ ၊
ဒီတော့ သူ တို့ ခြေ ထောက်တွေက ထိရာခိုက် ရာတွေ နဲ့ ပေါ့ဗျာ ၊ ကျွန်တော်
သူတို့ ရဲ့ အကြီး အကဲကို ကျွန်တော် တို့ ရဲ့ ဖိ နပ်တွေ နဲ
ကာကွယ်လို့ ရမဲ့ အကြောင်းပြောပြီးပြီ ဗျ ၊ သူစိတ် ၀င် စားသွားတယ် ပြီးတော့ 
ဒီ ကလူ ၇၀ ရာခိုင်နှုန်းလောက်က ဖိ နပ်တစ် ရံ ငွေ 10$ လောက်နဲ့ ဝယ်မယ်လို့  သူခန့် မှန်း တယ်ဗျ။

ဒီတော့ ကျွန်တော် တို့ အနေ နဲ့  ပထမနှစ် မှာ ဖိနပ် အရံ ၅၀၀၀ လောက် ရောင်း ရလောက်တယ်။ ဖိနပ်တွေ ကို ကျွန်းကနေ ဒီ အထိ သယ်လာတာ တာရယ် ဖြန့် ချီ တာရယ် က အရင်း ကြီးပဲ ကို တစ်ရံ 6$ လောက် ကျမယ်ဆိုတော့ ပထမနှစ် မှာတင် အမြတ် $20000 လောက် ရနိုင်တယ်.. ဒီတော့ ကျွန်တော် တို့ ရင်းနီး မြှုပ်နှံ မှု ကနေ ပြန်ရမဲ့ Percent က 20% လောက်ရှိပြီလေ…

ပုံမှန် 15% လောက်ပဲ ပြန်ရ တာဆိုတော့  ဒီ တစ် ခု ကျွန်တော် တို့ စသင့်နေပြီ လို့ ထင်တယ် … ဒါတောင် နောက် နောင် ရလာမဲ့ အမြတ်တွေ မပါသေးဘူးနော်…..
A-Z Marketing
..

No comments:

Post a Comment