Friday, July 12, 2019

#စေတနာကျင့်စဉ်#

စေတနာကောင်းမှ ကံကောင်းမည်
စေတနာသည် အလွန်တန်ခိုးအစွမ်းထက် လှပေသည်
စေတနာကောင်း၍ ကံကောင်းသူများရှိသလို
စေတနာဆုတ်၍ ကံယုတ်သူများလည်းရှိကြသည်

စေတနာသည် ကံနှင့်ဆက်သွယ်နေကြောင်းကို
မြတ်စွာဘုရားမှ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။
ဟူ၍ဟောကြားခဲ့ပါသည်။

ယခုဘဝ စေတနာထက်သန်သော ဒါနမျိုးစေ့သည်
သဒ္ဓါတရားထက်သန်မူ အတိုင်းအတာအရ
ဘဝမဆိုင်းပဲ ယခုဘဝတွင် လက်ငင်းအကျိုးပေး ပါမည်။

မရှိလို့မလှု မလှူလို့မရှိ မဖြစ်ရအောင်
ရှိသမျှထဲမှ ရဲရဲသာလှူပေးပါ။ သဒ္ဓါတရားသည် ထပ်ချပ်မကွာ လိုက်ပါလာပါလိမ့်မည်။

အနည်းအများ အကြီးအသေး အဓိကမဟုတ်ပါ။
လှိုက်လှိုက်လှဲလှဲ ဖြူစင် မွန်မြတ် စေတနာသည်သာ အဓိကဖြစ်သည်။

ကာလဒါနခေါ် အချိန်အခါအခွင့်အလမ်း ကြုံကြိုက် လာသော အလှူဒါန မျိုးကိုမတုန့်ဆိုင်းပဲ ရက်ရောစွာ စွန့်လှူပါ။ ချက်ချင်းပြန်အကျိုးပေးပါသည်။

အနှေးနှင့်အမြန် အနည်းအများ အတိတ်ကံ အကျိုးပေးအရ ကွာခြားချင်ကွာခြားပါမည်။

စေတနာ အကျိုးပေး ရောင်ပြန်ဟပ်၍ မုချခံစားရ ပါမည်။

#စေတနာကျင့်စဉ်#
*************

ယခုကျင့်စဉ်သည် လွယ်ကူပေမဲ့ မလုပ်ဖြစ်ကြပါ။
စေတနာ မေတ္တာ သဒ္ဓါ ရှေ့ထား၍ မမေ့မလျှော့ ရဲရဲဝံ့ဝံ့ရက်ရက်ရောရော ကြိုးစားအားထုတ်ကြပါရန်

(1)သင်လက်ထဲသို့ရောက်ရှိသော ဝင်ငွေ၏
၁၀ ရာခိုင်နူံးကို မိမိထက်ဆင်းရဲ ချို့တဲ့သူများ ဝေငှပေးကမ်းကျွေးမွေး ကူညီဒါနပြုပါ။

(2)မိမိလက်ဝယ် ဝင်ငွေ တစ်ရာကျပ်ရရှိလျှင်
တစ်ဆယ်ဖိုး မိမိထက်ချို့တဲ့သူများကို စားစရာ ကျွေးကျွေး ငွေပဲပေးပေး စွန့်ကျဲလိုက်ပါ။

သူတို့ ဝမ်းသာအရ စားသောက်ကြရသကဲ့သို့ ကျွန်ပ်မှာလည်း ထာဝစဉ် ပြည့်စုံချမ်းသာပါစေ ဟု မေတ္တာပို့ပါ။

ဥပမာ ကားခငွေ တစ်ကျပ်ပေးရသည်ဟု သဘော မထားပဲ ဤငွေတစ်ကျပ်သည်ကားသမား နေ့စဉ် အချိုးကျ ရရှိသော ငွေတွင်ပါဝင်၍ သူတို့မိသားစု
စားဝတ်နေရေးအတွက် အထောက်ကူဖြစ်ပါစေ ဟု ဆုတောင်းမေတ္တာ ပို့သပေးပါ။
ဈေးဝယ်သည်မှ အစ လဖ္ကက်ရည်ဆိုင် အဆုံး
ဤသို့ ဆုတောင်း မေတ္တာ ပို့သပါ။

(3)မိမိငွေကို တစ်ကျပ်မှတစ်ရာ တစ်ထောင်ထိ ပေးကမ်းသုံးစွဲတိုင်း ဤငွေရသူသည် လိုအင်ဆန္ဒ ပြည့်ဝစွာဖြင့် ဝယ်ယူစားသောက်ခြင်းဖြင့် ကိုယ်စိတ် နှစ်ပါး ချမ်းသာပါစေ ဟု မေတ္တာ ပို့သပေးပါ။

(4)မိမိအိပ်ထဲမှ ငွေကိုထုတ်၍ သုံးစွဲပေးကမ်းချိန် တိုင်း သင်နှင့်အတူ အခြားငွေအများထောင်
သောင်းသိန်းချီ ခေါ်လာခဲ့ပါ ဟုသာ ဆုတောင်းပေး လိုက်ပါ။

ဥပမာ ထီထိုးလျှင် ငွေစက္ကူကိုကိုင်၍  သင်နှင့်အတူ ငွေသိန်းပေါင်းများစွာ ပြန်လာခဲ့ပါ။
အကယ်၍ ကျန်ပ်ထံ အခုပြန်မလာခဲ့သော်
စေတနာကောင်း ပေးကမ်းစွန့်ကျဲမည့်သူများထံ
ငွေအဖော်များခေါ်သွားပေးပါ။
ထီပေါက်သူများ ဝမ်းသာအားရ ပျော်ရွှင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သပါ။

(5)ငွေစက္ကူ အကြီးဆုံး တစ်ရွက်ကို တြိဂံပုံ စံချိုး၍  သရဏဂုံ သုံးပါး ကိုးခေါက်ရွတ်၍ ပိုက်ဆံအိပ် အင်္ကျီ အိပ်တွင်း အမြဲဆောင်ထားပါ။
ထိုငွေကို လုံးဝ မသုံးပါနှင့် ငွေအဖော်များနှင့် အတူရှိပါစေ။
အဖော်ရှိမှ ငွေလာမည် အဖော်ရှိမှ ငွေမြဲမည်။

ငွေများကို မပေးမကမ်း မလှူရက် ကျစ်ကျစ်ပါအောင် သိမ်းဆည်းထားသူတို့သည်
ဆက်လက်မဝင်ပဲ ငွေတန့် သွားတတ်ပါသည်။

ထို့ကြောင့်စီးပွားတတ်လာပြီဆိုလျှင် များများလှူ
များများပေးကမ်းစွန့်ကြဲနိုင်မှ ပိုမို၍ စီးပွားတတ်လာ ကြပေမည်။

ထို့ကြောင့် သူ့စေတနာအတိုင်း အကျိုးပေးတာပေါ့
ဟူသောစကား လူအများပြောဆိုကြခြင်းဖြစ်သည်။

ကံဆိုသည်မှာ စေတနာပင်ဖြစ်သည်။

စေတန ကောင်းမှ ကံကောင်းမည်။
***************************

  လိုအင် ဆန္ဒ ဟူသမျှ ပြည့်ဝကြပါစေ ။

No comments:

Post a Comment