YAMAHA DT Series အကြောင်းတစေ့တစောင်း
အားလုံးသိကြတဲ့အတိုင်း DT ဆိုတာနဲ့မြန်မာဆိုင်ကယ်လောကမှာမသိသူမရှိသလောက်နာမည်ကြီးသလို သူရို့ ဆီမှာလည်း အရမ်းကို
အောင်မြင်ခဲ့တဲ့ Dual purpose street legal ဆိုင်ကယ်တစ်မျိုးဖြစ်ပါတယ်...
Dual purpose ဆိုတာက လမ်းကြမ်း off road လည်းမောင်းလို့ရသလိုလမ်းမ on road တွေမှာလည်းမောင်းလို့ရတဲ့ ဆိုင်ကယ်အမျိုးအစားတစ်ခုပါ...street legal ဆိုတာက လမ်းများပေါ်တွင်တရားဝင်မောင်းနှင်ခွင့်
ရှိသော လို့ အဓိပ္ပါယ် ရပါတယ်...street legal ဖြစ်အောင်....
ရှေ့ မီးကြီး...နောက်မီး...ရှေ့ နောက် signal မီးများ...နောက်ကြည့်မှန်...
Standard emission ဖြစ်တဲ့ CO2 ထုတ်လွှတ်မှု...Licence plate holder...
စတဲ့အချက်များပြည့်စုံရပါတယ်...
1960 ဝန်းကျင် မော်တော်ဆိုင်ကယ်များစတင်ခေတ်စားချိန်မှာ Off road လမ်းကြမ်းမောင်း ဆိုင်ကယ်ဆိုပြီး သက်သက်မှတ်မှတ် ဘယ်
ကုမ္ပဏီ ကမှမထုတ်ခဲ့ကြပါဘူး...အဲ့တုန်းက Husqvarna (ဟာစကွာဗားနား)
လို ဆွီဒင် ကုမ္ပဏီ တစ်ခုလောက်ပဲ off road ဆိုင်ကယ်တွေ ထုတ်ပါတယ်...
ဒါပေမယ့် ဈေးအရမ်းကြီးပြီး ခိုင်ခံ့မှုသိပ်မရှိပါဘူး...အဲ့ခေတ်တုန်းက
ဆိုင်ကယ်သမားတွေဟာ ရိုးရိုးဆိုင်ကယ်တစ်စီးကိုဝယ်ပြီး off road အတွက်
Modified ပြန်လုပ်ရပါတယ်...off road တာယာတွေတပ်ဆင်တာ...
Exhaust ပြောင်းကို ဖုန်တွေသဲတွေမဝင်နိုင်အောင် အပေါ်မှာတပ်ဆင်တာ...
frame ကိုခိုင်ခံ့အောင်ထပ်ပိုးတာ...စသဖြင့် ငွေကြေးထပ်ပြီး အကုန်အကျခံရပါတယ်...
အဲ့လို ဘီးတွေကိုScramblers တွေလို့ခေါ်ကြပါတယ်...
အဲ...1968 မှာတော့ ဂျပန် ကုမ္ပဏီ, YAMAHA က DT 1
ဆိုတဲ့ off road ဆိုင်ကယ်ကို စတင်ထုတ်လုပ်ပါတယ်...
DT ဆိုတာက Dirty Track or Dirt Trail ကို ကိုယ်စားပြုပါတယ်...
ညစ်ပတ်ပေရေသော လမ်းကြောင်းလေး ပေါ့ဗျာ...
အဲ့မှာ DT 1 က တစ် ကမ္ဘာလုံး အထူးသဖြင့် America ရဲ့ ဆိုင်ကယ်
လောကကိုတစ်ခေတ်ဆန်းစေခဲ့ပါတယ်...MX လို့ခေါ်တဲ့ Motocross
Off Road လမ်းကြမ်းမောင်း ဆိုင်ကယ်ဆိုပြီး class တစ်ခုထွက်ပေါ်
လာစေခဲ့ပါတယ်...စထုတ်ထုတ်ချင်းမှာ unit ပေါင်း
12,000 ရောင်းရတဲ့ DT 1 ဟာ engine displacement 250cc,2 stroke,
Air cooled only ,manual speed 5 ချက်နဲ့ ရှေ့ နောက် drum brake တွေဖြစ်ပြီးတော့...
မြင်းကောင်ရေ 18 ကောင်ထွက်ပြီး ပေါင် 270 ကျော်လေးပါတယ်...
သူ့ခေတ်သူ့အခါတော့ ဆရာကြီးပေါ့...1968 ကနေ 1985 အထိထုတ်ခဲ့ပါတယ်...
YAMAHA ကုမ္ပဏီ ဟာ DT series တွေကို engine
displacement 50cc ကနေ 400cc အထိထုတ်ခဲ့ပြီး နာမည်အကြီးဆုံး
ကတော့ DT125 ပဲဖြစ်ပါတယ်...DT 125 ကို 1974 မှ 2008,euro emissions
စံနှုန်းအရ လေထုညစ်ညမ်းစေတဲ့ 2 stroke small engines တွေဖျက်သိမ်း
တဲ့အထိထုတ်လုပ်ခဲ့ပါတယ်...125cc,2 stroke,air and liquid cooled,manual
speed 6 ချက်,စောစောပိုင်း မော်ဒယ်တွေမှာ drum brake နဲ့ နောက်ပိုင်း
မှာတော့ disc brake တွေဖြစ်လာပါတယ်...မြင်းကောင်ရေကို 6000 RPM မှာ
16 ကောင်ကျော်ကျော်ထုတ်ပေးနိုင်ပြီး 260 ပေါင် ပဲလေးလံပါတယ်...
မြန်မာနိုင်ငံကို သင်္ဘောသား ခေတ်ဖြစ်တဲ့ 1980 ဝန်းကျင်
မှာ အလုံးအရင်းနဲ့ဝင်ရောက်လာပါတယ်...အဲ့တုန်းက Japan domestic
ဂျပန်ပြည်တွင်းသုံး ပစ္စည်းမှန်သမျှ ဒို လို့ခေါ်တဲ့ခေတ်မို့ DT125 လည်း
ဒို လို့အမည်တွင်သွားပါတယ်...လျှပ်စစ်ပစ္စည်းဆိုင်ထဲဝင်ပြီး "ကျွန်တော့်
ကို ကာလာ ၁၄ လက်မ ဒို လေးတစ်လုံးလောက်ပြပါ" ဆိုရင် တီဗွီပဲ...
COMO ဖြစ်ဖြစ် NATIONAL ဖြစ်ဖြစ်ပေါ့..."ဒို one door လေးပြပါ" ဆိုရင်
အဲ့ဒါ ရေခဲသေတ္တာ..."ကျွန်တော့်ကို ဒို ကောက်ကြီး ပြပါ"ဆိုရင်
သေချာတယ်...အဲ့ဒါ Rebel ပဲ...ကား ကိုတော့ ကားလို့ခေါ်စရာနာမည်
ရှိနေတာကိုးဗျ..နောက်ပိုင်းတော့ အခြားပစ္စည်းတွေက brand new တွေ
ဝင်လာတော့ ဒို ဆိုတဲ့အခေါ်အဝေါ်ပျောက်သွားပြီး DT125 မှာပဲကျန်ခဲ့
တော့တယ်...
2004 နဲ့နောက်ပိုင်း မှာဝင်လာတဲ့ DT တွေက
Electronic starter ပါလာတော့ R start လို့ ခေါ်ကြပြန်ရော...
DT125R က learner bike အမျိုးအစားမှာ အခုထိကို နံပါတ် ၁ ပဲဗျ...
သူရို့ ဆီမှာတော့ အခုမှဆိုင်ကယ်စီး စသင်တဲ့သူတွေစီးတဲ့ learner
ဆိုင်ကယ်ပေါ့...ကျွန်တော်တို့ဆီမှာတော့ အားလုံးသိကြတဲ့အတိုင်း
Advanced level ဆိုင်ကယ် ဘီးကြီး ပေါ့ဗျာ...အဓိက ဈေးကွက်က
Australia နိုင်ငံဗျ...သူရို့ က DT125R ကို Learner အသိအမှတ်ပြု
ထားတယ်...YAMAHA ကလည်းဘယ်ရမလဲ အလုံးအဝင်းနဲ့ကို
ထုတ်ပြီးတင်ပို့တော့တာပေါ့...အရှေ့တောင်အာရှ...America နဲ့ Australia
တောင် အာဖရိက,Europe စတဲ့နိုင်ငံတွေကိုတင်ပို့ခဲ့ပါတယ်...
အဲ့မှာ ဆယ်ကျော်သက်တွေစီးတဲ့ Learner bike မို့ 1988 ကစပြီး
Output power ကို restriction လုပ်ပစ်လိုက်တယ်...
တကယ်တော့ 2 stroke 125cc အင်ဂျင်က HP 30 လောက်ထိကို
ထုတ်ပေးနိုင်တာဗျ...အခုခေတ် KTM 2 stroke 125 ကိုကြည့်ရင်သိနိုင်ပါ
တယ်...ဆယ်ကျော်သက် learners တွေက မြင်းကောင်ရေ 30 ဆို
သိပ်ပြီးတော့ control လုပ်နိုင်မှာမဟုတ်ဘူးလေ...restriction လုပ်လိုက်
တော့ HP က 16,17,18 ကောင်လောက်ပဲထွက်တော့တယ်...
RPM ပါ ကန့်သတ်လိုက်တယ် 7500 RPM ကမကျော်ဘူး...
YAMAHA ရဲ့ ကိုယ်ပိုင် နည်းပညာ Y.P.V.S ...
(Yamaha Power Valve System)...(မြန်မာအခေါ်ဘားဘူး)
နဲ့ အထွက်ပါဝါကို ကန့်သတ်လိုက်တယ်...
1988 နဲ့နောက်ပိုင်း ပိုပြီး restriction လုပ်လုပ်လာ
ခဲ့တာ နောက်ဆုံး 2008 DT125MX အထိတိုင်အောင်ပဲ...
အဲ့ဒါကြောင့် 1988 to 1990s ဝန်းကျင် DT တွေက အဆွဲအရုန်းပိုကောင်း
ကြတာဗျ...1982 to 1988 ဘီးတွေက ပိုဆွဲတယ်... အဲ့2 Stroke 125cc က
ထွက်လာတဲ့ ပါဝါက unpredictable ဖြစ်တယ်...လုံးဝခန့်မှန်းလို့မရဘူး...
Off road မှာဆို စလစ်ဖြစ်တာတွေ ရွှံ့ဗွက်လမ်းတွေမှာ ထိန်းမရတာတွေ
ရှိခဲ့လို့ နောက်ပိုင်းကို restriction လုပ်ပစ်လိုက်တာ...DT Series တွေမှာ DT50,DT80,DT100,DT125,DT125R,DT124RE,DT175,DT200R,
DT230Lanza,DT350,DT360,DT400B အထိထုတ်ခဲ့ပြီး အဲ့ထဲမှာ
နာမည်ကြီးတာက 125 series တွေရယ်...DT200R နဲ့DT230Lanza တွေပါပဲ..
DT125 ကို 1970 ကနေ 1982 အထိထုတ်ပြီးတော့
Air cool only နဲ့ ရှေ့ နောက်Drum brake တွေပဲသုံးခဲ့ပါတယ် HP က
14 ကောင်ပဲထွက်ပါတယ်...1983 မှ 1987 အထိကို DT125LC လို့ခေါ်ပါတယ်...LC က
Liquid cooled ပါ...1988 မှ 2004 အထိကို DT125R လို့ခေါ်ပါတယ်...R က
Road ကို ကိုယ်စားပြုပါတယ်...2004 မှ 2008 အထိကို DT125RE လို့ခေါ်ပါ
တယ်...E က Electric starter ကို ကိုယ်စားပြုပါတယ်...1988 ကနေ နောက်ဆုံး
2008 အထိကို 2 stroke Single cylinder , Bore 56mm,Stroke 50mm, Liquid cooled ,
124cc,CDIမီးကူးစနစ်,Carburetor operating,Gear 6 ချက်,chain drive,
YPVS fully restriction နဲ့ အထွက်ပါဝါကို 16.2 HP အထိသာကန့်သတ်လိုက်ပါ
တယ်,tyre က Dual purpose tyres တွေကိုအသုံးပြုပါတယ်... 265 ပေါင်ပဲလေးလံတယ် ...အဲ...ထူးခြားတာတစ်ခုရှိသေးတယ် အဲ့ဒါ DT125X ပဲဗျ... street eXtreme ပေါ့ဗျာ...
DT125RE နဲ့အကုန်အတူတူပဲ starterပါတယ်...tyre ကို On Road တွေတပ်ထားတယ်...
Supermoto စတိုင်လ်ပေါ့ဗျာ...ရှေ့ တာယာ 120mm နဲ့ နောက်တာယာက 140mm ရှိပါတယ်...
2004 ကနေ2008 အထိထုတ်ခဲ့တယ်...ဒီမှာတော့ရှားပါတယ်...
DT200R ကို 1980s မှာ စတင်စမ်းသတ်ထုတ်လုပ်ပြီး
1990s ကနေ 2000s ခုနှစ်တွေအထိထုတ်လုပ်ခဲ့တယ်...
2 stroke,Liquid cooled,195cc,Manual Speed 6 ချက်နဲ့ DT200R တွေကို
USA ဈေးကွက်ကိုလုံးဝမဖြန့်ပဲ...အာရှ...Europe...Australia...Canada နဲ့
Africa ဈေးကွက်ကိုဖြန့်ချီခဲ့ပါတယ်...8500RPM မှာ 33 HP ထွက်တဲ့
DT200R ဟာ 235 ပေါင်ပဲလေးလံပြီး138Km/h ကို 14 seconds နဲ့အရောက်
speed တင်နိုင်ပါတယ်...DT200R ရဲ့ ထူးခြားမှုက Engine ထဲမှာ Lub oil ကို
injector နဲ့ဖြန်းတာပဲဗျ...အသံလည်းသိပ်မထွက်လို့ stealth bike
လို့လည်းခေါ်ကြတယ်...အဲ့ DT200R ကိုပဲ DT200WR လို့
နာမည်ပြောင်းပြီး Canada ဈေးကွက်ကိုဖြန့်ခဲ့ပါသေးတယ်...
အဲ့ DT200WR က အဖြူရောင်များတယ်ဗျ...
DT200WR နဲ့ DT200R ကွာခြားချက်က WR မှာ cylinder ရဲ့ Exhaust port အပို
ပါလာပြီး..DT200R မှာ Lub oil injector ပါလာတာပဲဗျ...HP 35 ကောင်ထွက်တယ်
RPM 9000မှာ... WR ရဲ့ အဓိပ္ပါယ်ကWide Ratio ပါ...Gear wide ratio ဖြစ်တယ်...
Gear တစ်ခုနဲ့တစ်ခု ရှည်တာပေါ့ဗျာ...***(ဒီနေရာမှာ 2007 က စထုတ်တဲ့
4 stroke WR250 series တွေနဲ့မမှားကြပါနဲ့...DT200WR 2stroke နဲ့ WR250R,F
4 stroke တွေနဲ့ခဏခဏမှား ကြလို့ပါ...ဒီကောင်က 2008 မှာ 2stroke တွေ
ဖျက်သိမ်းလိုက်ပြီးတော့DT ရဲ့အသက်ကို ဆက်တဲ့အနေနဲ့ Dual purpose,trail bikes
တွေအဖြစ်နဲ့အခုထိတိုင်ဆက်ထုတ်နေတဲ့ 4 stroke တွေပါ...)*** နောက်ထပ် WR200
ဆိုတာရှိသေးတယ်ဗျ...DT200WR ကိုပဲ သံဆီတိုင်ကီနေရာမှာ plastic ဆီတိုင်ကီ
အစားထိုးပြီး ကျန်တဲ့ features တွေလျှော့,weight လျှော့ပြီး MX racingဆိုင်ကယ်လို
ထုတ်ခဲ့သေးတယ်...အဲ့ကောင်ကတော်တော်လေးကိုမြန်တယ်ဗျ..
ဒါပေမယ့်. ကြာရှည်တော့မခံဘူး...
DT230Lanza ကိုတော့ 1990s ဝန်းကျင်မှာပဲ DT200 ရဲ့
ဒီဇိုင်းကိုအခြေခံပြီးစတင်ထုတ်လုပ်ခဲ့ပါတယ်...2000s ခုနှစ်အထိပေါ့...
224cc,66.8mm bore နဲ့ 64mm stroke ရှိတဲ့ Lanza အင်ဂျင်ဟာ Over
Square slightly ဖြစ်ပါတယ်...liquid cooled,ရှေ့နောက် disc brake တွေ
နဲ့ Lanza ဟာ ပေါင် 267 ပေါင် လောက်ပဲလေးပါတယ်...RPM 8500 မှာ
မြင်းကောင်ရေ 40 အထိထုတ်ပေးနိုင်ပါတယ်...အလွန်ထူးခြားတာ
တစ်ခုက Lanza မှာ Traction Control System ပါ ပါတယ်...
အခုခေတ် ဘီးတွေလို computerize မဟုတ်ပါဘူး...CDI ကတစ်ဆင့်
ထိန်းချုပ်တာပါ...ရွှံ့ဗွက်ထူတဲ့လမ်းကြောင်းမှာမောင်းနေရင် အကွေ့တွေ
မှာ ရုတ်တရပ် အနောက်ဘီးက စလစ်ဖြစ်ပြီး အရမ်းလည်ပတ်ခဲ့ရင် CDI က
ပလပ်ကို မီးပေးတဲ့ timing,(ignition timing ပေါ့ဗျာ) ကို နောက်ကျအောင်ထိန်း
ချုပ်ပြီး အင်ဂျင် RPM ကို လျှော့ချလိုက်တာပါ...ပြီးမှ Loadဝင်တဲ့အခါ CDI က
ပလပ်ကို ပုံမှန် timing နဲ့signal ပြန်ပေးပြီး အင်ဂျင်ကို ဆက်ပြီး
လည်ပတ်စေတာပါ...သူ့ခေတ်သူ့အခါကတော့ ဆရာကြီးပေါ့ဗျာ...
အခုနောက်ပိုင်းတော့ Yamaha က 2 stroke ကို MX
Racing မှာပဲ သုံးတော့တယ်...YZ125,YZ250 တွေပေါ့...Carburetor နဲ့ဆို
ပေမယ့်...လေထုညစ်ညမ်းမှုမရှိသလောက်နည်းပါးသွားပြီးဖြစ်ပါတယ်...
Honda ကတော့ ရှင်းတယ် Europe နဲ့ ညှိမှာဆိုးလို့ 2 stroke တွေကိုလုံးဝကို
မထုတ်တော့တာ...လက်ရှိ 2 stroke တွေထုတ်နေတဲ့ ကုမ္ပဏီ တွေရှိပါတယ်...
KTM,Gas Gas,Beta, Husaberg (ဟူဆာဘက်ခ်) နဲ့ Husqvarna တို့လို
ကုမ္ပဏီ တွေပေါ့...ဒါပေမယ့် နည်းပညာတွေကသိပ်ကောင်းသွားပြီး...
2 stroke ကိုပဲ Fuel injection နဲ့ဖြစ်လာပြီး exhaust တွေမှာလည်း အလွန်
ကောင်းတဲ့ CO2 convertor တွေအသုံးပြုလာကြတော့ လေထုညစ်ညမ်းမှု
မရှိတော့ဘူးပေါ့ဗျာ...သူရို့ ကတော့ ဆက်ထုတ်ဖို့အစီအစဉ်ရှိပါသေးတယ်...
ဘာလို့လဲဆိုတော့ 2 stroke ဆိုင်ကယ်တွေက အလေးချိန်ပေါ့ပါးပြီး
Output power ကောင်းကြတယ်...Aluminium frame တွေနဲ့တွဲထုတ်လိုက်
တော့ free style,stunt သမားတွေအကြိုက်...MX racers တွေအကြိုက်ဖြစ်
နေတာပေါ့ဗျာ...
crd to original uploader
No comments:
Post a Comment